Tuesday, December 8, 2015
" မရပ်မနား လျှပ်စစ်အားနဲ့သွားမယ့် အီလွန်မတ်စ် - Elon Musk ”
“ မရပ်မနား လျှပ်စစ်အားနဲ့သွားမယ့် အီလွန်မတ်စ် - Elon Musk ” အပိုင်း ( ၁ ) ”
.
“ ကျွန်တော့အလုပ်တွေမှာ တစ်ခြားရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာထည့်ဝင်ဖို့ မခေါ်လိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ရှာထားတဲ့ငွေတွေကိုပြန်ရင်းထားတဲ့အလုပ်တွေဟာ အချိန်မရွေး ကျရှူံးသွားနိုင်လို့ပါပဲ ”
.
အီလွန်မတ်စ်
CEO of Tesla Motors, SpaceX, SolarCity, Hyperloop
.
နယ်ခြားအတွေ့အကြုံဆောင်းပါးရေးတဲ့ကျွန်တော်ဟာ ကမ္ဘာ့နာမည်ကြီးလူတစ်ဦးတစ်ယောက်ရဲ့အထ္ထုပတ္ထိကိုရေးဖို့ မကြာခဏလက်တွန့်တတ်ပါတယ်။ ဘာသာပြန်ရတာရယ်၊ သမိုင်းဖြစ်စဉ်ဖြစ်နေတာကြောင့်ရယ်၊ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်မရတာကြောင့်ရယ် ခပ်ကင်းကင်းနေခဲ့တယ်။ ဒါပေမယ့် အမေရိကန်သတင်းစာတွေမှာ သူ့အကြောင်းက ခဏခဏဖတ်ရတယ်။ နောက်ဆုံး အမေရိကန်ရုပ်ရှင်လောက ဟောလီဝုဒ်က မင်းသားတွေကိုကျော်ပြီး မိန်းကလေးများအတွက်ဆွဲဆောင်မှုအရှိဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကိုလွန်လွန်ကျူးကျူးရေးလာတော့ ပိုနောက်ဆုတ်မိတယ်။
.
အခု အင်တာဗျူးတစ်ခုက သူ့ရဲ့စကားကိုကြားမိပြီး အင်မတန်လေးစားသွားတယ်။ ဒါနဲ့ပဲ မနေနိုင်မထိုင်နိုင် သူဘယ်လိုလူလဲဆိုတာ လေ့လာမိတယ်၊ ရှာဖတ်ကြည့်တယ်၊ သူ့တင်ပြချက်တွေလေ့လာကြည့်တယ်၊ အင်တာဗျူးတွေနားထောင်ကြည့်တယ်။ နောက်ဆုံးမှာ မြန်မာလူငယ်တွေ အထူးသဖြင့် နည်းပညာတတ်ကျွမ်းတဲ့မြန်မာလူငယ်တွေ စံပြနမူနာယူအားကျစေဖို့ ကျွန်တော့လက်ချောင်းလေးများကို စေခိုင်းမိလိုက်ပါတော့တယ်။
.
.
ငယ်နာမယ် အီလွန်မတ်စ် - Elon Musk ။ ( ၁၉၇၁ ) ဂျွန်လမှာမွေးတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ အီလွန်မတ်စ် ကို တောင်အာဖရိကတိုက်သား လျှပ်စစ်မက္ကင်းနစ်အင်ဂျင်နီယာ ဖခင် နဲ့  ကနေဒါမော်ဒယ်လ် မိခင်တို့ကနေ တောင်အာဖရိကမှာ မွေးဖွားခဲ့တယ်။ သူ့မှာ ညီငယ် ကင်ဘယ် - Kimbal နဲ့ ညီမလေး တော့စကာ - Tosca တို့ရှိတယ်။ ( ၁၉၈ဝ ) ခုနှစ် မိဘနှစ်ပါးကွာရှင်းပြတ်စဲကြတဲ့ကာလမှာတော့ အီလွန်မတ်စ် ဟာ ဗြိတိန်နိုင်ငံသူ အဖွားလက်ထဲမှာ ကြီးပြင်းခဲ့ပါတယ်။
Monday, December 7, 2015
တရုတ်နိုင်ငံမှာ သဘာဝဓါတ်ငွေ့ကို ပလပ်စတစ်အိပ်နဲ့ထည့်လို့သယ်
.
တကယ်မပြောမရှိနဲ့ကွယ် .. တရုတ်နိုင်ငံမှာ သဘာဝဓါတ်ငွေ့ကို ပလပ်စတစ်အိပ်နဲ့ထည့်လို့သယ်နေပါတယ်။
.
" ဒေါင်းရင်း - Dongying မြို့ " ဟာ တရုတ်နိုင်ငံမှာ ဒုတိယအကြီးဆုံးရေနံမြေပါ။ နိုင်ငံအရှေ့ပိုင်းက ရှန်ဒေါင်းစက်မှုဇုံကအပြန်မှာ ( ၆ ) မီတာရှည်တဲ့ ပလပ်စတစ်အိတ်အရှည်ထဲကို သဘာဝဓါတ်ငွေ့ကို မှုတ်သွင်းသယ်ဆောင်လာတာကို ခရီးသွားများက ဓါတ်ပုံရိုက်ခဲ့တာပါ။
.
သာမန်လမ်းပေါ်မှာ ပေါက်ကွဲတတ်တဲ့ဓါတ်ငွေ့ကို အခုလိုသယ်လာတာဟာ ကားလမ်းလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတယ်လို့ ဖြတ်သွားဖြတ်လာသူများက အပြစ်တင်ဝေဖန်နေကြပါတယ်။
.
ပုံမှာတော့ ( ၂ဝ၁၅ ) ဒီဇင်ဘာလ ( ၆ ) ရက်နေ့က အမျိုးသမီးတစ်ယောက်က သဘာဝဓါတ်ငွေ့သယ်ဆောင်ဖို့ ပလပ်စတစ်အိတ်နဲ့ထုတ်ပိုးနေပုံ နဲ့ သူမရဲ့ ( ၃ ) ဘီး ထွေလာပေါ်မှာတင်သွားပုံကို တွေ့မြင်နိုင်ပါတယ်။
.
သတင်းတို ။ ။ Ref: Ecns.cn
.
ခင်လျက်
.
12-07-2015
Friday, November 27, 2015
ပြင်သစ်နိုင်ငံသားကလေးငယ်လေးရဲ့ရိုးသားနူးညံ့တဲ့အမြင်
.
ပြင်သစ် ဘက်တာကလန်အကြမ်းဖက်မှုဖြစ်ပြီးနောက်တစ်ရက် ပဲရစ်မြို့မှာမီးထွန်းဆုတောင်းပွဲတွေကျင်းပနေတုန်း ပြင်သစ်သတင်းဋ္ဌာနတစ်ခုက ဒေသခံပြင်သစ်ကလေးငယ်တစ်ယောက်ကို အင်တာဗျူးခဲ့ပါတယ်။
.
အတိုက်ခိုက်ခံရတဲ့ ပြင်သစ်လူမျိုးတွေဟာ ဘဝကိုဘယ်လိုဆက်လက်ရပ်တည်ရမလဲဆိုတဲ့အပေါ် ဝေခွဲမရဖြစ်နေသူတွေရှိသလို မေတ္တာတရားရှေ့ထားပြီး အကြမ်းဖက်မှုကို ငြိမ်းချမ်းရေးနဲ့တုံ့ပြန်ပုံလေးက အဲဒီတွေ့ဆုံခန်းကို ကြည့်ရသူတိုင်းတဲ့နှလုံးသားကို ဆွဲငင်ယူသွားတာချည်းပါပဲ။
.
.
ပထမတွေ့ဆုံတဲ့ ပြင်သစ်သားအဖကိုတွေ့ရာမှာ “ ဒီလိုလုပ်နေရုံနဲ့မလုံလောက်ဘူး - It is not enough ” လို့ ခံယူသူရှိသလို နောက်ထပ်အမေးခံရတဲ့ သားငယ်လေးရဲ့ဖြေပုံက ပကတိရိုးသားမှု နဲ့ အမှန်ကိုမြင်နိုင်မှုကို တွေ့ရမှာပါ။
.
ဒါပေမယ့် ဒီလိုအဖြစ်အပျက်တွေကို မိဘတွေက မျက်စိရှေ့တင်ကြုံရတဲ့ မိမိသားသမီးတွေကို “ လူဆိုးတွေဘယ်တော့မှမနိုင်ဘူး - The bad guy will not win ” ဆိုတာ နားလည်အောင် ဘယ်လိုရှင်းပြမလဲဆိုတာကတော့ လူမျိုးနဲ့မဆိုင်ပဲ လူသားဆန်မှုနဲ့သာ သက်ဆိုင်တာကို ရိုးရှင်းစွာတွေ့ရမှာဖြစ်ပါတယ်။
.
.
သတင်းထောက်။           ။ အခုတိုက်ခိုက်မှုတွေဖြစ်ပြီးတော့ သားတို့ ဘယ်လိုခံစားရသလဲ?
.
ကလေးငယ်။          ။ သားတို့ အထူးသတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ သားတို့အိမ်ပြောင်းမှဖြစ်တော့မယ်။
.
ကလေးအဖေ။          ။ အိုး မဟုတ်သေးဘူး သားရဲ့။ ပါပါးတို့ အိမ်ပြောင်းသွားစရာမလိုဘူး။ ပြင်သစ်က ပါပါးတို့အိမ်ပဲလေ။
.
.
ကလေးငယ်။          ။ ဒါပေမယ့် သူတို့က လူဆိုးတွေလေ ပါပါးရဲ့။
.
ကလေးအဖေ။         ။ ဟုတ်ပါတယ်။ လူဆိုးတွေဆိုတာ နေရာတိုင်းမှာရှိတယ်။ တကယ်ဆိုးတဲ့လူတွေလည်း နေရာတိုင်းမှာရှိတယ် သားရဲ့။
Wednesday, November 25, 2015
လိုင်ဖိုင်နည်းပညာနဲ့ဖလန်းဖလန်းထရတော့မလား ?
.
တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ဒီနေ့သုံးနေတဲ့ ဝိုင်ဖိုင် - Wi-Fi ထက် အဆ ( ၁ဝဝ ) သာတဲ့ အမြန်နှုန်းနဲ့ ကြိုးမဲ့အင်တာနက်သုံးလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အရင် ( ၁၅ ) နှစ်က ပန်းသီးဖခင်ကြီး စတိဂျော့ - Steve Jobs က ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲတစ်ခုမှာ  အင်တာနက်သုံးနေရာကနေ လက်တော့ကွန်ပျူတာကိုမ,လိုက်တော့  ကြိုးမပါပဲ Wi-Fi (Wireless Fidelity) နည်းနဲ့ အင်တာနက်သုံးလို့ရတယ်ဆိုတာ သိခွင့်ရခဲ့တယ်။
.
အခုအသစ်စမ်းသပ်နေတဲ့ Li-Fi (Light Fidelity) သာတွင်ကျယ်ခဲ့ရင် အခန်းမီးဖွင့်လိုက်တာနဲ့  အဆပေါင်း ( ၁ဝဝ ) မြန်တဲ့ အင်တာနက်နဲ့ အွန်လိုင်းတက်နိုင်ပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်မှုအရ တစ်စက္ကန့်မှာ ( ၂၂၄ ) ဂစ်ဂါဘိုက်အမြန်နှုန်းကို ပို့လွှတ်နိုင်မှာပါ။ အရပ်သားစကားနဲ့နားလည်အောင်ပြောရရင် “ 224 GB per second speed ” ဆိုတာဟာ မျက်စိတစ်ချက်မှိတ်လိုက်တဲ့အချိန်ခဏလေးအတွင်းမှာ ရုပ်ရှင် ( ၁၈ ) ကား ဒေါင်းလော့ဒ် ဆွဲချနိုင်မှာဖြစ်ပါတယ်။
.
.
အခုဆိုရင် Li-Fi နည်းပညာဟာ ကျွန်တော်တို့ရဲ့လက်တွေ့ကမ္ဘာကို တံခါးလာခေါက်နေပါပြီ။ အက်စတိုးနီးယားနိုင်ငံက တာလင်မြို့ရဲ့ရုံးတစ်ခုမှာစမ်းသပ်တုန်းကတော့ လက်ရှိအသုံးပြုနေကျကြိုးမဲ့ဝိုင်ဖိုင်ထက် အဆ ( ၁ဝဝ ) မြန်တဲ့ တစ်စက္ကန့်ကို ( ၁) ဂစ်ဂါဘိုက်အထိ စမ်းသပ်နိုင်ခဲ့တယ်။
Wednesday, November 11, 2015
ခင်မင်လျက်
11-11-2015
Ref: Business Insider
Myanmar Unicode Version:
“ သေမယ်ဆိုတာသိတဲ့အချိန် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
လူဟာသေမျိုးဆိုတာကိုမေ့နေသူများက မာနထောင်လွှား လောဘများပြီး မောဟစေရာသွားနေကြနေချိန်မှာ သေမင်းရဲ့ရက်ချိန်းအတိအကျရပြီးတဲ့ နယူးဇီလန်ကျောင်းသားလေးရဲ့အဖြစ်က ကြားသူအပေါင်းကို မျက်ရည်မထိန်းနိုင်လောက်အောင် စိတ်ထိခိုက်စရာ ဖြစ်ခဲ့တယ်။ ပြည်ရည်ဂလင်းကင်ဆာ - Burkitt Lymphoma ရောဂါစွဲကပ်လို့ ရက်သတ္တပတ် ( ၂ ) ပတ်သာ အသက်ရှင်ခွင့်ရတော့မယ်ဆိုတာသိတဲ့အခါ သူဟာ မိန့်ခွန်းတစ်ခုကောက်ရေးပါတယ်။
ကျောင်းရဲ့ပညာရည်ချွန်ဆုပေးပွဲမှာ တွန်းလှည်းထိုင်ခုံလေးနဲ့စင်မြင့်ပေါ်မှာလိုက်ပါလာတဲ့ ( ၁၈ ) နှစ်အရွယ် ဂျိတ်ဘိုင်လီ - Jake Bailey ဟာ ဆရာဝန်က သူ့ရဲ့မရဏဘဝနိဂုံးအတွက် ရက်ချိန်းပေးလိုက်တဲ့နေ့မှာ ဒီမိန့်ခွန်းကိုရေးခဲ့တာဖြစ်ပါတယ်။ ကျင်းပဆဲကျောင်းအစီအစဉ်ကြားမှာ သူ့ရဲ့ကြေကွဲဖွယ်ရာအသံကို မိုက်ခရိုဖုန်းကနေတစ်ဆင့် တစ်ကျောင်းလုံးကြားခွင့်ရခဲ့ပါတယ်။ သူ့မိန့်ခွန်းအပြည့်အစုံမှာ ..
“ ကျွန်တော်မိန့်ခွန်းတစ်ခုရေးခဲ့တယ် .. ဒီညလိုပြောခွင့်မရခင် တစ်ပတ်အလိုကပေါ့။ သူတို့ကပြောတယ် .. ကျွန်တော့မှာကင်ဆာရှိနေပြီ တဲ့ ”
" နောက် ( ၃ ) ပတ်အတွင်း ဆေးကုသမှုတစ်ခုခုမရရှိဘူးဆိုရင် လူငယ်လေး .. မင်း အသက်ဆက်မရှင်နိုင်ဘူး လို့ သူတို့က ဆက်ပြောတယ် "
" ပြီးတော့ ဒီည ဒီနေရာမှာ စကားပြောဖို့ ကျွန်တော့ကိုပေးမသွားနိုင်ဘူး တဲ့"
" ဒါပေမယ့် ကံကောင်းထောက်မစွာ .. အဲဒီမိန့်ခွန်းဟာ နောက်ဘာဖြစ်မလဲဆိုတာကိုရေးထားတာမဟုတ်ပဲ လွန်ခဲ့တဲ့ အံ့ဩဖွယ်ရာနှစ်အပိုင်းအခြား အကြောင်းဖြစ်နေပါတယ်။ သူငယ်ချင်းတို့က ကျွန်တော့ကို ဆေးရုံအိပ်ယာကုတင်ပေါ်မှာ နောက်ထပ်မိန့်ခွန်းတစ်ခုမရေးစေချင်ဘူး မဟုတ်လား "
" လောကကြီးမှာ ဘယ်သူမှ အသက်ရှင်မသေပဲ ဘဝထဲကထွက်သွားနိုင်သူဆိုတာမရှိပါဘူး။ ဒါကြောင့် သူရသတ္တိ ပြည့်စုံပါစေ။ ဂရုဏာတရား ရှိပါစေ။ သူငယ်ချင်းတို့ရရှိနေတဲ့အခွင့်အရေးကို ကျေးဇူးတင်တတ်ပါစေ "
" ဒီလိုအခွင့်အရေးမျိုးကို မိမိရှေ့ကလျှောက်သွားသူတွေထံကနေ သင်ယူပါ။ ဘေးကကပ်လျက်လျှောက်နေသူတွေထံကနေ သင်ယူပါ။ ကြီးပွားတိုးတက်ဖို့ဆက်လုပ်ရင်း ပိုကောင်းတဲ့ဘဝတွေကို တိုးမြှင့်ဖို့ ကျွန်တော်ကိုယ်တိုင် နဲ့ သူငယ်ချင်းတို့ကို စိမ်ခေါ်ချင်တယ် "
" တစ်ကယ့်အနာဂါတ်က ကျွန်တော်တို့လက်ထဲမှာရှိတယ်။ ရေရှည်မက်ရမယ့်အိပ်မက်တွေကို မေ့လိုက်ပါ။ အနီးကပ်ပန်းတိုင်ကို စိတ်အားထက်သန်မှုအပြည့်နဲ့ ဦးတည်ကြိုးစားကြပါ။ အနုစိတ်မျှော်မှန်းချက်တွေ ချမှတ်ပါ။ လိုချင်တပ်မက်မှုနဲ့အလုပ်လုပ်ပါ။ ကိုယ့်ရှေ့မှာရှိတဲ့အရာတွေကို ဂုဏ်ယူတတ်ပါစေ။ ဘယ်နေရာမှာအဆုံးသတ်သွားမယ့်ဘဝလည်းဆိုတာ ကျွန်တော်တို့မသိရပါဘူး။ ဘယ်အချိန်လည်းဆိုတာကိုလည်း မသိနိုင်ပါဘူး "
" ကျွန်တော်တို့ထဲကတစ်ချို့ဟာ လမ်းမှန်ပေါ်ပြန်ရောက်လာဖို့ အခွင့်မကြုံနိုင်တော့ဘူး။ တစ်ချို့ကိုတော့ တီဗီဖန်သားပြင်ပေါ်မှာ တွေ့ရမယ်။ တစ်ချို့ကို စာစောင်တွေပေါ်မှာ မြင်ရမယ်။ တစ်ချို့များကိုတော့ ထောင်ထဲအထိလိုက်တွေ့ရမယ် "
" ဒါပေမယ့်ဗျာ .. သူငယ်ချင်းတွေနဲ့အတူတူ တစ်ယောက်ချင်းစီ အတူတူကြီးပြင်းခွင့်ရခဲ့တာကို ဝမ်းသာလိုက်တာ။ ဒီနေရာကနေ ဘယ်ကိုသွားရမယ်ဆိုတာ ကျွန်တော်မသိတော့ဘူး။ သူငယ်ချင်းတို့ရော ဘယ်ရောက်သွားမယ်ဆိုတာ မသိနိုင်ဘူး "
" ဒါပေမယ့် ဘဝခရီးလမ်းကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ဒါ့အပြင် ကျွန်တော့ရဲ့ဘဝသေးသေးလေးမှာ ပါဝင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘယ်နေရာသွားသွား ဘာတွေကိုလုပ်လုပ် ပြန်ဆုံတိုင်း သူငယ်ချင်းတွေ ဆက်ဖြစ်ချင်ပါတယ် "
ဂျိတ်ဘိုင်လီရဲ့စကားအဆုံးမှာ ပရိသတ်အားလုံးဟာ တိတ်ဆိတ်လွန်းနေပြီး ငိုရှိုက်သံသဲ့သဲ့လေးကိုသာ ကြားနေရပါတော့တယ်။
ခင်မင်လျက်
11-11-2015
Ref: Business Insider
.
“ သေမယ်ဆိုတာသိတဲ့အချိန် ” စာမူသည် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ( ၉ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၄ ) ၊ အမှတ် ( ၁၈ ) ၊ စာမျက်နှာ ( ၁၁ ) တွင် ဖော်ပြပါရှိသည်။ Download Link : http://www.mediafire.com/download/m92iy88ofbci2m4/NetGuide+Vol.4%2C+No.18.pdf
Tuesday, November 3, 2015
“ လခကောင်းတဲ့ အမေရိကားရဲ့ကောလိပ်မေဂျာ ( ၂၅ ) ခု ” [2015]
.
ကျောင်းသားတစ်ယောက်အတွက် လစာဘယ်လောက်ရမယ်ဆိုပြီးရည်ရွယ်ပြီးတက်ရတဲ့မေဂျာရယ်လို့ အမေရိကားမှာ မရှိပါဘူး။ ဒါပေမယ့် စိတ်ဆန္ဒ၊ စိတ်ပါဝင်စားမှု နဲ့ ပင်ကိုယ်စွမ်းရည်တို့ပေါ်မူတည်ပြီး အနာဂါတ်ဘဝအတွက် ရေရေရာရာရှိတဲ့အလုပ်ကိုရဖို့ကတော့ မပါမဖြစ်ထည့်တွက်ရမယ့် မက်လုံးဖြစ်ပါတယ်။
.
ဒါကြောင့် ဘယ်လိုဒီဂရီယူရင် ကျောင်းမြန်မြန်ပြီးသလဲဆိုတာကို ကျောင်းသားတွေခွဲခြားတတ်လာကြတယ်။ အဲဒီလိုဟာကွက်ကိုဖြည့်ဖို့အကြံရသူကတော့ ပေးစကေး - PayScale ဆိုတဲ့ ဒေတာအဖွဲ့က စာရင်းပြုစုပေးထားပါတယ်။ အောက်မှာ အမြင့်ဆုံးလခကနေ ပုံမှန်အဆင့်အထိ ဖော်ပြထားတာပါ။ လက်ရှိကမ္ဘာမှာ အလုပ်အကိုင်နာမည် နဲ့ ခေါ်ဆိုပုံတွေကိုလေ့လာနိုင်အောင် မြန်မာဘာသာကို မပြန်ဆိုတော့ပဲ အင်္ဂလိပ်ဘာသာနဲ့ ကူးယူဖော်ပြပေးလိုက်ပါတယ်။
.
.
.
25. Management Information Systems (MIS)
.
Median starting pay: $56,300
Median mid-career pay: $95,500
% change from starting to mid-career: +52%
Friday, October 30, 2015
ကြောက်မက်ဖွယ်ရာ Apple ရဲ့ ချမ်းသာချက် ( ၁၁ ) ချက်
.
.
Apple ဟာ အမေရိကားမှာတော့ အကြီးမားဆုံးကုန်သွယ်မှုကိုပိုင်ဆိုင်တဲ့ကုမ္ပဏီစာရင်းပေါက်နေပါပြီ။ ချမ်းသာမှုကိုတွက်ချက်တဲ့နေရာမှာ အများပိုင်အစုရှယ်ယာများအားလုံးကိုပေါင်းတွက်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏကို ကျွန်တော်တို့ခေါင်းထဲဝင်အောင် လွယ်လွယ်နဲ့ထည့်ဖို့ခက်နေပါလိမ့်မယ် ။
.
စဉ်းစားကြည့်ပါဦး ..  ပန်းသီးကုမ္ပဏီရဲ့ပိုင်ဆိုင်မှု ဒေါ်လာသန်းပေါင်း ( ၆၇၃ဝဝဝ ) ဆိုတော့ဗျာ .. တွက်ရချက်ရတာ တော်တော်လေးလက်ဝင်ပါတယ်။ Apple ဟာ ထိပ်သီး IBM ကို ကျော်တက်ပြီး နည်းပညာကုမ္ပဏီအားလုံးရဲ့ အောင်မြင်မှုသရဖူကို ဆောင်းထားနေပါပြီ။
.
ဒါကြောင့် အင်မတန်ကြီးမားလာတဲ့ ပန်းသီးကုမ္ပဏီရဲ့ဓနအင်အားကိုတိုင်းတာဖို့ရာ အံ့မခန်းအချက်အလက်ပေါင်း ( ၁၁ ) ခု နဲ့ Business Insider သတင်းစာကြီးက အသေးစိတ်သရုပ်ခွဲပြထားပုံက ဒီလိုပါ။
Saturday, October 24, 2015
“ နေထိုင်စားရိတ် ( ၉ဝ% ) သက်သာသွားတဲ့ Google ရဲ့ဆော့ဝဲလ်အင်ဂျင်နီယာ "
.
ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရှိ နာမယ်ကြီး Google ကုမ္ပဏီမှာ ဆော့ဝဲလ်အင်ဂျင်နီယာလုပ်နေတဲ့ဝန်ထမ်းတစ်ဦးဟာ သူ့တက်မယ့်ကောလိပ်အဆောင်အတွက် အပါ့မင့်အခန်းတစ်ခုကို မငှားခဲ့ပါဘူး။ ( ၁၂၈ ) စတုရန်းပေအကျယ်ရှိတဲ့ လေးထောင့်ပုံးကားတစ်စီးသာလျှင် သူ့ရဲ့နားခိုရာဖြစ်ခဲ့ပါတယ်။
.
လွန်ခဲ့တဲ့ ( ၅ ) လတုန်းက အမေရိကန်ရဲ့အနောက်ဘက်ခြမ်းကနေ တစ်လမ်းသွားလေယာဉ်လက်မှတ်ကိုဝယ်ပြီး သူ့မိသားစုနဲ့မက်ဆာချူးဆက်ပြည်နယ်ကို အပြီးနှုတ်ဆက်ခဲ့တယ်။ ဒေါ်လာ ( ၁ဝဝဝဝ ) ပေးပြီးဝယ်လိုက်တဲ့ အိမ်ယာအသစ်ကတော့ ( ၂ဝဝ၆ ) ခုနှစ်မော်ဒယ်လ် ဖို့ကုမ္ပဏီထုတ် ထရပ်ကားတစ်စီးပါပဲ။
.
.
ပတ်ဝန်းကျင်အသစ်ကလူတွေကပြောကြတယ် “ ကျွန်တော်စိတ်သိပ်မမှန်ဘူး .. တဲ့။ သူတို့မမှားပါဘူး ” လို့ သူ့ရဲ့လုံခြုံရေးအရ မျိုးရိုးနာမည် နဲ့ သူ့ဓါတ်ပုံကိုလျို့ဝှက်ထားတဲ့ ဘရန်ဒန် - Brandon က Business Insider သတင်းစာကြီးကို ပြောပြပါတယ်။ သူဟာ လွတ်လပ်စွာနေတတ်သူပါ။
.
“ တစ်ခုခုလုပ်မယ်လို့ ကျွန်တော်ပြောလိုက်တိုင်း ဘယ်လိုအစီအစဉ်တွေနဲ့ဇယားကွက်တွေချထားတယ်ဆိုတာကို ကျွန်တော်မိသားစုက အမြဲယုံကြည်ပေးခဲ့တယ်။ လုပ်ရပ်အရတကယ်ရူးချင်ရူးနေလိမ့်မယ် .. နောက်ဆုံးမှာ ကျွန်တော့ကိုယ်ကျွန်တော်ထိန်းကျောင်းနိုင်လိမ့်မယ်လို့ မိသားစုကအမြဲယုံကြည်နေပါတယ် ” ဒါကို ဘရန်ဒန်ပြောသွားတာပါ။
Thursday, October 8, 2015
Dislike လို့ နာမယ်မပေးတဲ့ မာ့ခ် ရဲ့ Reactions
.
လူအများက ကာလကြာရှည်တောင်းဆိုလာခဲ့တဲ့ မြန်မာလို “ မနှစ်သက်ပါ ” လို့ အဓိပ္ပာယ်ရတဲ့ “ Dislike Button ” ခလုတ်အုပ်စုကို Facebook က အိုင်ယာလန် နဲ့ စပိန်နိုင်ငံတို့မှာ စမ်းသပ်ထုတ်လွှင့်လိုက်တယ်လို့ သိရပါတယ်။
.
မကြာသေးခင်ကကျင်းပခဲ့တဲ့ Facebook ရဲ့ Townhall Q&A တွေ့ဆုံပွဲ အမေးအဖြေကဏ္ဍမှာ မာ့ခ်ဇက်ဂါဘတ် - Mark Zuckerberg က “ ပို့စ်တစ်ခုအပေါ်မှာ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာ လူအများကို ပိုကောင်းအောင်ထုတ်ဖော်ပြသနိုင်ဖို့ အချိန်များစွာယူပြီးစဉ်းစားနေပါတယ် ”  လို့ ပြောခဲ့ပါတယ်။ သူကဆက်ပြီး …
.
“ ကျွန်တော့ကို Dislike ခလုတ်ထွင်ပေးဖို့တောင်းဆိုထားတာ အတော်ကြာခဲ့ပြီ။ အချိန်ကာလတိုင်းဟာ ကောင်းတဲ့အကြောင်းချည်း ဖြစ်နေတာမဟုတ်ဘူးလေ။ တခါတလေကျတော့ ကိုယ့်ဘက်က သနားကြင်နာတယ်၊ စာနာမိတယ်ဆိုတာကို ပြောချင်ကြတယ်။ အဲဒီလိုအချိန်တွေမှာ Like လုပ်ရတာ သိပ်မကောင်းဘူးလို့လည်း ပြောကြတယ် ”
.
“ ကိုယ့်ရဲ့အရေးကြီးတဲ့အချိန်တွေကို သာမန်အချိန်တွေထက် အရေးပါကြောင်း မျှဝေချင်တဲ့အခါမှာသုံးဖို့ Like ထက် ဖော်ပြမှုပိုဆီလျော်တဲ့ နည်းလမ်းတစ်ခုတော့ရှိမှရတော့မယ်ဆိုတာ ကျွန်တော်တို့ အကြိတ်အနယ်စဉ်းစားခဲ့တယ် ”
.
“ ဒီနေ့မှာတော့ Reactions ဆိုတာကို ကျွန်တော်တို့စမ်းသပ်လွှတ်တင်ထားတယ်။ Like ခလုတ်ထက် ဖော်ပြမှုပိုကောင်းတဲ့ ခလုတ်တစ်ခုလို့ပြောလို့ရတယ် ”
Tuesday, September 29, 2015
.
.
ရဲတိုင်လို့ကတော့
.
.
.
.
.
.
.
.
.
.
.
.
09-29-2015
.
.
.
.
Myanmar Unicode Version:
.
.
“ ပြေးစရာမြေမရှိတဲ့မိသားစု ”
မြန်မာမှုပြုသူ - ကိုညီညီ ( တောင်ကြီး )
.
ဘဂ္ဂဒက် မှာ မလုံခြုံဘူးဗျာ..။ ကျွန်တော်တို့မိသားစုမှာတော့ အမြဲကြောက်နေရတယ်။
.
တစ်ရက်မှာ ဖုန်းထဲကို မက်ဆေ့ ဝင်လာတယ်။ အဲဒီထဲမှာ ..
ငါတို့ကို ပိုက်ဆံပေးပါ။
မပေးရင် မင်းတို့အိမ်ကို မီးရှို့ပစ်မယ်။
ရဲတိုင်လို့ကတော့
မင်းတို့အသက်တွေဖက်နဲ့ထုတ်ထား ” လို့ ရေးထားတယ်လေ။
.
ကျွန်တော်တို့ဘယ်သူ့ကိုမှမပြောရဲသလို ဘာမှမရှိတဲ့ လူဆင်းရဲတွေပါ။ အသိုင်းအဝိုင်းကောင်းတဲ့ သူငယ်ချင်းဆိုတာလည်း ကျွန်တော်တို့ဆီမှာ ရှိတာမဟုတ်ဘူး။ အစိုးရမင်းများနဲ့ ထိမိစပ်မိသူတွေထဲမှာ ကျွန်တော်တို့မိသားစု မပါဘူး။
.
.
ဖုန်းထဲက မက်ဆေ့တွေက နေ့တိုင်းလာနေတယ်။ ကျွန်တော်တို့ ကြောက်လွန်းလို့ ညညဆို အိပ်လို့မပျော်တော့ဘူး။ မိသားစုစားရဖို့တောင် အနိုင်နိုင် သူတို့တောင်းတာကိုပေးရအောင်လည်း ပိုက်ဆံကမှ မရှိတာ။
.
ဒါကြောင့် ‘‘‘  ‘ ဒီကောင်တွေ လာလိမ်ချင်တာပဲဖြစ်ရမယ်။ တကယ် ဘာမှ မလုပ်လောက်ပါဘူး ’  ’’’ ထင်ပြီး ဒီအတ်ိုင်းပဲ နေလိုက်တယ်။ နောက်ပိုင်း တစ်ညမှာအိပ်ယာကနိုးလာတော့ ဟာ … ကျွန်တော်တို့အိမ်ကို မီးစွဲနေပြီ ..။ လူတွေ နဲ့ ကလေးတွေအပါခေါ်ပြီး အသက်လုပြီးပြေးခဲ့ရတယ်။
.
.
အိမ်မီးလောင်ပြီး နောက်တစ်ရက်လည်းကျရော ဖုန်းထဲကို မက်ဆေ့ထပ်ဝင်လာတယ် ..
ငါတို့တောင်းတဲ့ပိုက်ဆံကိုပေးပါ။
ဒီတစ်ခေါက်မှ မပေးရင်တော့
မင်းတို့ တကယ်သေပြီ ” တဲ့။
.
တကယ်လုပ်တယ်ဆိုတာ သိသွားတဲ့ ကျွန်တော်ဟာ “ မကြာခင် ငွေပေးပါ့မယ် ” လို့ မက်ဆေ့ ပြန်လိုက်တယ်။ ချက်ချင်းပဲ ကျွန်တော်တို့ပိုင်တဲ့ ဟိုကျန် ဒီကျန်လေးတွေရောင်းပြီး အဲဒီနေရာကနေ မိသားစု စွန့်ခွာခဲ့တယ်။
.
ဘဂ္ဂဒက်မှာသေရမှာထက်စာရင် ပလတ်စတစ်လှေပေါ်မှာသေရတာမှ တော်ပါဦးမယ်။
( လက်စ်ဗို့စ်မြို့၊ ဂရိနိုင်ငံ )
.
.
ဒီကျွန်းကိုရောက်တော့ လူတွေက အရမ်းကူညီတယ်။
ကမ်းကပ်တယ်ဆိုရင်ပဲ အစားအသောက်ပေးတဲ့သူကပေး၊
ကူညီပွေ့ဖက်သူကဖက် နဲ့။
တရားဟောဆရာတစ်ယောက်ဆိုရင်
သူထိုင်တဲ့ကော်ဇောလေးပေးပြီးတော့
စကားတစ်ခွန်းဟောကြားတယ် ..
ငါတို့ဟာ တူညီတဲ့ဘုရားတစ်ဆူတည်းကို ကိုးကွယ်ကြတယ် ” တဲ့။
( လက်စ်ဗို့စ်မြို့၊ ဂရိနိုင်ငံ )
.
ခင်မင်ခြင်းများစွာဖြင့်
.
09-29-2015
.
Ref: Humans of New York - September 29th, 2015
Sunday, September 27, 2015
မိုဟာမက်လက်ထဲက ဒေါ်လာ ( ၅ဝ )
.
မယုံနိုင်လောက်အောင် အခက်အခဲတွေများလှတဲ့ ပင်လယ်ကူးဒုက္ခသည်တွေရဲ့အဖြစ်မှန်ဘဝတွေကိုဆက်တိုက်ရေးဖို့ ( ၂ဝ၁၄ ) နွေရာသီပို့စ်လေးနဲ့ စတင်လိုက်ပါတယ်။
.
သူ့နာမည်က မိုဟာမက်ပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်နဲ့အီရတ်က ကဒ်ဒစ်စတန် မှာ ဆုံခဲ့ဖူးသူပေါ့။ အဲဒီတုန်းက ဆီးရီးယားစစ်ကြောင့်ထွက်ပြေးလာပြီး ကျွန်တော်တည်းတဲ့ဟော်တယ်မှာ မိုဟာမက်က စာရေးအလုပ် လုပ်နေတာပါ။ စစ်စဖြစ်တယ်ဆိုရင်ပဲ သူဟာ ဒမားစကတ်စ်တက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာတက်နေခဲ့တယ်။ ဒါကြောင့် သူ့အင်္ဂလိပ်စာကို အကောင်းဆုံးနီးပါးပြောနိုင်သူဆိုတာ သိသာတယ်။ ISIS တွေပေါ်လာလို့ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို လူတွေ့မေးမြန်းဖို့ သူက စကားပြန်လုပ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ သဘောတူခဲ့ကြတယ်။
.
.
အောက်မှာ မိုဟာမက်ပြောပြတဲ့အကြောင်းတွေနဲ့ဆက်စပ်ပြီး မကြာခင်အချိန်ကာလအတွင်းမှာ စာရွက်စာတမ်းအတုတွေနဲ့ ဗြိတိန်နိုင်ငံကို သူရောက်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်မိတယ်။ အခုလို သူ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ ကံကောင်းထောက်မစွာ သူနဲ့ကျွန်တော် အဆက်အသွယ်ပြန်ရခဲ့တယ်လေ။ အခုလည်း စကားပြန်အလုပ်ကို သူဆက်လုပ်ပေးမယ်ပြောတယ်။ ဒါပေမယ့် သူပြောပြတဲ့သူ့ဇာတ်လမ်းတွေက မခံစားနိုင်လောက်အောင် ရင်နင့်ရတဲ့အဖြစ်မှန်တွေပါ။
.
Brandon Stanton: Humans of New York
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပိုင်း ( ၁ / ၆ )
.
စစ်က တော်တော်ဆိုးလာတာဗျ။ ဆီးရီးယားကခွာပြီးတော့ ဒီကိုရောက်လာတဲ့အချိန် ကျွန်တော့လက်ထဲမှာ ဒေါ်လာ ( ၅ဝ ) ပဲရှိတော့တယ် .. ပိုက်ဆံလုံးဝပြတ်သွားတဲ့အထိပါပဲ။ ကျွန်တော်လမ်းမှာ လူတစ်ယောက်နဲ့တွေ့တယ်။ သူအိမ်ကို ကျွန်တော့ကိုခေါ်သွားတယ်။ အစားအသောက်ကျွေးတယ် .. နေစရာနေရာပေးတယ်။ တစ်ရက်ကို ( ၁၁ ) နာရီကြာ ခြေတိုအောင်အလုပ်ပတ်ရှာရင်း ပြန်အိပ်ဖို့ပဲတတ်နိုင်တဲ့ကျွန်တော်ဟာ သူ့အိမ်မှာနေရာတာ ရှက်လည်းရှက်သလို အားလည်းနာလာတယ်။
Saturday, September 26, 2015
.
.
.
.
.
.
.
.
.
.
.
09-26-2015
.
.
.
.
Myanmar Unicode Version:
.
.
“ အင်ဂျလီနာဂျိုလီသမီးရဲ့အဖြေ ”
ပြီးခဲ့တဲ့ ( ၄ ၊ ၅ ) ရက်လောက်က သမီးရဲ့ကျောင်းက မူကြိုဆရာမ ဖုန်းဆက်လာတယ်။
အခုနောက်ပိုင်းရက်တွေမှာ ကျွန်မသမီးရဲ့နေ့လည်စာ ကျောင်းကို ဘာလို့မထည့်ပေးလာတာလဲ ” လို့မေးတယ်။
.
ကျွန်မစိတ်ရှုတ်သွားတယ်။
.
ဖုန်းချလိုက်ပြီး သမီးကိုမေးတယ် “ သူ့နေ့လည်စာဘယ်ရောက်ရောက်သွားသလဲလို့ ” ပေါ့..။
.
သမီးသူငယ်ချင်း ကက်သီရဲ့အမေက ဆေးရုံတက်နေရလို့ သူ့ကိုဘာအစားအသောက်မှ မလုပ်ပေးနိုင်တာ တစ်ပတ်ကျော်နေပြီ ”
.
အဲဒါ သမီးရဲ့ နေ့လည်စာကို သူ့ကိုနည်းနည်းပေးလိုက်တာပါ ”
.
အဲဒီစကားလေးက ကျွန်မရဲ့နှလုံးသားကို ပွတ်တိုက်သွားတာပေါ့ရှင်..။
.
.
ပုံမှာပါတဲ့စာ ။။။။ ---- ။။။။ I realized there was a lot I did not KNOW ABOUT THE WORLD. I decided to educate myself.
.
.
ခင်မင်ခြင်းများစွာဖြင့်
.
09-26-2015
.
Ref: Angelina Jolie Page (Hollywood Actress / UNICEF Ambassador)
Tuesday, September 22, 2015
သိပ်မုန်းတတ်တဲ့ဆရာ
.
.
.
.
.
.
.
.
“ ကျွန်တော်လေ စိတ်ကူးလိုက်တာနဲ့ စတိတ်ရှိုးထဲရောက်သွားသလိုပဲ အသံတွေက ရှယ် မိုက် ..” ဆိုပဲ..။
.
.
.
.
.
09-22-2015
.
.
.
.
Myanmar Unicode Version:
.
.
“ သိပ်မုန်းတတ်တဲ့ဆရာ ”
မြန်မာမှုပြုသူ - ကိုညီညီ ( တောင်ကြီး )
.
ကျူပ်က ဆေးရှူပြောင်းတွေကို သိပ်မုန်းတာ..။ ဒီပိုက်စုတ်တွေက တစ်ကယ့်ဆေးဝါးအကြီးစားတွေထက်ဆိုးတာ သိကြရဲ့လား?
.
ကျုပ်ဗျာ .. အထက်တန်းကျောင်းမှာ ဆရာလုပ်လာတာ နှစ်အစိတ် ရှိပြီ။ ဒီဆေးခြောက်ရှူတဲ့ပြောင်းက ကျုပ်ရဲ့ကျောင်းသားတွေကို လုပ်ချသွားလိုက်တာ သိပ်ဆိုးတာပဲ။
.
ကလေးတွေဟာ အိမ်စာတွေတင်ဖို့ပျက်ကွက်လာတယ် .. မပြီးကြတော့ဘူး။ သူတို့ ဆေးစ,ကိုင် ကတည်းက ဘာကိစ္စကိုမှ စိတ်ဝင်စားတယ်ဆိုတာ မရှိတော့ဘူး။ လေ့လာစူးစမ်းမှုလည်း တော်တော့ကို နည်းလာတယ်။
.
ဒါမျိုးမြင်ရတာ ခဏ ခဏပဲ။ ဒါနဲ့ပဲ လူတွေကပြောကြသေးတယ် .. ဘာတဲ့ .. “ ဆေးခြောက်ရှူရင်စိတ်ကူးပိုကောင်းတယ်တို့ .. ဘာတို့ ” ဆိုတာတွေဟာ .. အဲဒါ .. အလကားပြောတာ။
.
ကျူပ်တွေ့တွေ့နေရတာကတော့ ဆေးခြောက်ကြောင့် လူငယ်တွေရဲ့စိတ်ကို ပိုကျဉ်းကျပ်စေတယ်။ အခန်းကျဉ်းလေးမှာထည့်ထားတဲ့အတိုင်း ဆေးကပို့ပေးလိုက်တဲ့ အရည်မရ အဖတ်မရ ယာယီနန်းတော်ထဲမှာ လက်လှမ်းမမှီပဲ ပြန်ပြုတ်ကျကုန်တယ်။
.
ပြီးတော့ သူတို့ကပြောတယ် “ ကျွန်တော်ဗျာ .. ဟိုး .. ပင်လယ်ကမ်းစပ်ကြီးမှာ တစ်ယောက်ထဲ ညိမ့်နေတာ .. ” ဒါမှမဟုတ် ..
.
ကျွန်တော်လေ စိတ်ကူးလိုက်တာနဲ့ စတိတ်ရှိူးထဲရောက်သွားသလိုပဲ အသံတွေက ရှယ် မိုက် ..” ဆိုပဲ..။
.
ဒီလိုနဲ့ ဒီကျောင်းသားက သူငယ်ချင်းရွေးတော့ ဘယ်လိုရွေးတယ်မှတ်သလဲ? သူ့လို ဆေးခြောက်စွဲနေသူကိုပဲ ပြန်ရွေးတာ .. ဘယ်လောက်ရင်နာစရာကောင်းသလဲ .. စဉ်းစားသာကြည့်ကြပါတော့။
.
ကလေးတွေပဲ .. စမ်းကြည့်တာနေမှာပေါ့ ” လို့ လူကြီးတွေက ကာကွယ်ပြီးပြောတာကို ကျုပ်အရမ်းမုန်းတယ်။ သူတို့က အဖြစ်မှန်မှ မသိကြတာ။
.
အမှန်က ကျုပ်တွေ့ဖူးသမျှထဲမှာ ဆေးခြောက်စွဲလို့ မှိန်းမောပြီး ဘာကိုမှ တီထွင်-ဆန်းသစ်-ဆင့်ပွား-စမ်းလုပ် တတ်တဲ့ Experimenting ဆိုတာမျိုးတွေ သူတို့ ဘာဆိုဘာမှ မလုပ်တတ်ကြတော့ဘူးဗျ .. သိကြရဲ့လား..။
.
ခင်မင်ခြင်းများစွာဖြင့်
.
09-22-2015
.
Ref: September 21th, 2015: Humans of New York
Thursday, September 3, 2015
အမေရိကန်သမ္မတကတောင်အားကျခဲ့ရတဲ့ အီရန်က ကလေးငယ်
.
“ ဒီနေ့က ကျွန်တော့သား ( ၁ဝ ) နှစ်ပြည့်တဲ့မွေးနေ့ပေါ့။ သူက သိပ်ခံစားတတ်တာ..။ သူများရဲ့ပြသနာတွေဆိုလည်း သိပ်ဖြေရှင်းပေးချင်တယ်လေ ”
.
“ တစ်ခါက ( ၅ ) နှစ်သားအရွယ်မှာ ကျွန်တော်နဲ့အတူ သားက စတိုးဆိုင်ကိုဈေးဝယ်ဖို့လိုက်လာတယ်။ အဲဒီမှာ မက်မွန်သီး လတ်လတ်ဆတ်ဆတ်ရလို့ ( ၂ ) ပေါင် ဝယ်လိုက်တယ်။ ပြီးတော့ အဲဒီမက်မွန်သီးအိတ်ကို သူ့ကိုသယ်ခိုင်းခဲ့တယ် ”
.
“ သူက တစ်လမ်းလုံး ကျွန်တော့နောက်ခပ်လှမ်းလှမ်းကနေ လိုက်လာနေခဲ့တယ်။ ခဏလေးကြာတော့ မက်မွန်သီးအိတ်ကို ကျွန်တော့ကိုပေးဖို့ လှည့်တောင်းလိုက်တယ် ” ။ သူက ချက်ချင်းပဲ …
.
“ ပေးစရာမရှိတော့ဘူး .. သူများတွေကိုဝေပေးလို့ကုန်ပြီ ” တဲ့လေ။ ကျွန်တော်သိလိုက်တယ် .. လူသားချင်းစာနာတတ်တဲ့လူသားတစ်ယောက်ကို ကျွန်တော်မြေတောင်မြှောက်ခွင့်ရခဲ့ပြီ ဆိုတာကိုပါ။
.
( ထိဘရစ်မြို့၊ အီရန်နိုင်ငံ )
.
.
အဲဒီစာကိုဖတ်ပြီး Humans of New York Page ရဲ့ ပို့စ်အောက်မှာ အမေရိကန်သမ္မတ အိုဘားမားက ….
.
..
“ သိပ်အားကျဖို့ကောင်းတဲ့ဇာတ်လမ်းလေးပဲ။ ကျေနပ်စရာအကောင်းဆုံးစွမ်းဆောင်မှုနဲ့အတူ မိဘတစ်ယောက်အနေနဲ့ ခင်များလုပ်ပေးနိုင်တာကတော့ ကိုယ့်ကလေးဟာ သူ့လုပ်ရပ်အပေါ်မှာ သူဘာလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့အချိန်မှာ တန်ဖိုးထားတတ်အောင် ကြည့်တတ်ဖို့ပါပဲ ”
.
“ ဒီကလေးက ကျုပ်ရင်ကိုဆို့နှစ်စွာ ခံစားရစေတယ် ”
.
“ သူတစ်ပါးကိုကူညီတတ်တဲ့ ဒီသူငယ်လေးရဲ့ဆန္ဒစိတ်ရင်း မပျောက်ဆုံးပါစေနဲ့လို့ ကျုပ်မျှော်လင့်တယ် ”
.
“ သူနဲ့သူ့လိုကလေးတွေအတွက် သူတို့ဖြစ်ချင်တဲ့ကမ္ဘာလေးမှာ နေရာတစ်ခုရဖို့အတွက်ကို တတ်နိုင်သလောက်လုပ်ပေးရင်း ကျုပ် ဆက်တိုက်လုပ်ဆောင်သွားမယ် ”
.
“ အကယ်၍ ဒီသူငယ်လေးနဲ့သာတွေ့ခွင့်ရမယ်ဆိုရင် မက်မွန်သီး ( ၁ ) လုံးလောက် သိမ်းထားပေးရင် သိပ်ကောင်းမှာပဲ ” လို့ Comment ဝင်ရေးသွားပါတယ်။
.
.
09-03-2015
Ref: Humans of New York – September 3rd, 2015,  the White House
.
" အမေရိကန်သမ္မတကတောင်အားကျခဲ့ရတဲ့ အီရန်က ကလေးငယ် " စာမူသည် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ( ၁၉) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၄ ) ၊ အမှတ် ( ၂ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။