![]() |
| ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး ) |
.
.
Apple
ဟာ အေမရိကားမွာေတာ႕ အၾကီးမားဆံုးကုန္သြယ္မႈကိုပိုင္ဆိုင္တဲ႕ကုမၸဏီစာရင္းေပါက္ေနပါျပီ။
ခ်မ္းသာမႈကိုတြက္ခ်က္တဲ႕ေနရာမွာ အမ်ားပိုင္အစုရွယ္ယာမ်ားအားလံုးကိုေပါင္းတြက္ၾကတာ ျဖစ္ပါတယ္။
ဒါေပမယ္႕ ဒီပမာဏကို ကြ်န္ေတာ္တုိ႕ေခါင္းထဲဝင္ေအာင္ လြယ္လြယ္နဲ႕ထည္႕ဖို႕ခက္ေနပါလိမ္႕မယ္
။
.
စဥ္းစားၾကည္႕ပါဦး
.. ပန္းသီးကုမၸဏီရဲ႕ပိုင္ဆိုင္မႈ ေဒၚလာသန္းေပါင္း
( ၆၇၃ဝဝဝ ) ဆိုေတာ႕ဗ်ာ .. တြက္ရခ်က္ရတာ ေတာ္ေတာ္ေလးလက္ဝင္ပါတယ္။ Apple ဟာ ထိပ္သီး
IBM ကုိ ေက်ာ္တက္ျပီး နည္းပညာကုမၸဏီအားလံုးရဲ႕ ေအာင္ျမင္မႈသရဖူကုိ ေဆာင္းထားေနပါျပီ။
.
ဒါေၾကာင္႕
အင္မတန္ၾကီးမားလာတဲ႕ ပန္းသီးကုမၸဏီရဲ႕ဓနအင္အားကိုတုိင္းတာဖို႕ရာ အံ႕မခန္းအခ်က္အလက္ေပါင္း
( ၁၁ ) ခု နဲ႕ Business Insider သတင္းစာၾကီးက အေသးစိတ္သရုပ္ခြဲျပထားပံုက ဒီလုိပါ။
.
.
.
၁..
Apple ရဲ႕ လက္ထဲရွိေငြသားဟာ ေဒၚလာ ( ၂ဝ၆ဝဝဝ ) သန္း ဆိုေတာ႕ လူဦးေရ ( ၃၁၆ ) သန္းရွိတဲ႕အေမရိကန္ေတြကို
တစ္ဦးကုိ ( ၆၅၁ ) ေဒၚလာ ခြဲေဝေပးလို႕ရပါတယ္။ ဒီေငြဟာ တစ္ဦးခ်င္းစီအတြက္ iPhone (16
GB) တစ္လံုးဝယ္ႏုိင္တဲ႕ပမာဏျဖစ္ေနပါတယ္။
.
.
၂..
Apple ရဲ႕ လက္ထဲရွိေငြသားဟာ Gulfstream G650 ကိုယ္ပုိင္ဇိမ္ခံေလယာဥ္ ( ၃၁၆၉ ) စီးဝယ္လို႕ရတဲ႕အျပင္
ေလယာဥ္ဆီထည္႕ဖို႕ေငြမ်ားစြာပိုပါေသးတယ္။
.
.
၃..
ျပီးခဲ႕တဲ႕ ( ၄ ) လ ဘ႑ာႏွစ္မွာ Macs ကြန္ပ်ဴတာအလံုးေပါင္း ( ၅.၇၁ ) သန္းေရာင္းရပါတယ္။
အဲဒီကြန္ပ်ဴတာေတြဟာ မင္နီဆိုးတာျပည္နယ္ရွိလူေတြကုိ တစ္ေယာက္ ( ၁ ) လံုး ေဝေပးလို႕ရတဲ႕အေရအတြက္ျဖစ္ပါတယ္။
.
.
၄..
( ၂ဝ၁၄ ) ဘ႑ာႏွစ္အျမတ္ေငြ ေဒၚလာသန္းေပါင္း ( ၃၉၅ဝဝ ) ရခဲ႕တယ္။ အဲဒီေငြနဲ႕သာဆိုရင္ နည္းပညာကုမၸဏီေတြျဖစ္တဲ႕
Snapchat ၊ Pinterest နဲ႕ Airbnb ကုမၸဏီအားလံုးကို တစ္ထုိင္တည္းဝယ္ယူႏုိင္ပါတယ္။ ဒါ႕အျပင္
ေငြပုိေငြလွ်ံဘီလ်ံေဒၚလာေတြလည္း က်န္ဦးမွာျဖစ္ပါတယ္။
.
.
၅..
Apple မွာ အေမရိကန္ဘ႑ာေရးဝန္ၾကီး႒ာနထက္ပိုလွ်ံၾကြယ္ဝတဲ႕ေငြသားလက္ဝယ္ရွိေနပါတယ္။
.
.
၆..
ျပီးခဲ႕တဲ႕ ( ၄ ) လ ဘ႑ာႏွစ္မွာ iPhone အလံုးေရ ( ၄၈.ဝ၅ ) သန္း ေရာင္းခ်ခဲ႕ရတယ္။ အဲဒီလက္ကိုင္ဖုန္းေတြကို
စပိန္ႏုိင္ငံက လူဦးေရကို လူေစ႕ေဝေပးရင္ေတာင္ မကုန္ႏုိင္ပါဘူး။
.
.
၇..
ျပီးခဲ႕တဲ႕ ( ၄ ) လ ဘ႑ာႏွစ္မွာ Apple ဟာ iPad အလံုးေပါင္း ( ၉.၈၈ ) သန္း ကုန္ေအာင္ေရာင္းႏုိင္ခဲ႕တယ္။
အဲဒါေတြကုိ Apple ရဲ႕ဝန္ထမ္းေတြကိုေဝေပးလိုက္ရင္ တစ္ဦးကုိ ( ၁ဝ၆ ) လံုး ရႏုိင္ေစပါတယ္။
.
.
၈..
ေနာက္ဆံုးထြက္လာတဲ႕အစီရင္ခံစာအရ Apple ရဲ႕ ပိုင္ဆိုင္မႈဟာ ေဒၚလာ ( ၂၃၃၇ဝဝ ) သန္း ျဖစ္ျပီး
ႏွစ္စဥ္အျမတ္ေငြက ေဒၚလာ ( ၅၃၄ဝဝ ) သန္း ျဖစ္တယ္လို႕ သိရတယ္။ အဲဒီဇယားအရ Apple ကုမၸဏီဟာ
( ၁ ) ပတ္ ကို အျမတ္ေငြ ေဒၚလာသန္း ( ၁ဝဝဝ ) ရေနတဲ႕သေဘာပါ။
.
.
၉..
ျပီးခဲ႕တဲ႕ ( ၄ ) လ ဘ႑ာႏွစ္မွာ Apple ရဲ႕ ပိုင္ဆိုင္မႈဟာ ေဒၚလာ ( ၅၁၅ဝဝ ) သန္း လို႕ေျပာပါတယ္။
အဲဒီေငြပမာဏဟာ ေကာ္စတာရီကာႏုိင္ငံတစ္ခုလံုးရဲ႕ စီးပြားေရးထက္ ပုိမ်ားေနပါေသးတယ္။
.
.
၁ဝ..
လြန္ခဲ႕တဲ႕ႏွစ္ ရုရွားႏုိင္ငံရဲ႕စေတာ႕ရွယ္ယာေစ်းကြက္ထက္ကို Apple ကုမၸဏီက ပိုတန္ေၾကးရွိေနပါတယ္။
.
.
၁၁..
ယခုႏွစ္ေစာေစာပိုင္းမွာ Apple က iOS ထုတ္ကုန္ေပါင္း ( ၁ ) ဘီလ်ံေက်ာ္ေရာင္းခဲ႕ရတယ္လို႕ေျပာပါတယ္။
အဲဒီအေရအတြက္ကို အိႏိၵယႏုိင္ငံသားေတြကို တစ္ဦးလွ်င္ ( ၁ ) ခုက်စီ ေဝေပးလို႕ရမွာပါ။
ဒါမွမဟုတ္ မ်ားမ်ားေဝခ်င္ရင္ေတာ႕ ယူေကႏုိင္ငံသားေတြကုိ တစ္ဦးကို ( ၁၅ ) ခု က်စီ ခြဲေဝႏုိင္မွာျဖစ္တဲ႕အေၾကာင္း
တင္ျပလိုက္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-30-2015
.
Ref:
Business Insider
.
.
“ ကြောက်မက်ဖွယ်ရာ Apple
ရဲ့ ချမ်းသာချက် ( ၁၁ ) ချက် ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
Apple
ဟာ အမေရိကားမှာတော့ အကြီးမားဆုံးကုန်သွယ်မှုကိုပိုင်ဆိုင်တဲ့ကုမ္ပဏီစာရင်းပေါက်နေပါပြီ။
ချမ်းသာမှုကိုတွက်ချက်တဲ့နေရာမှာ အများပိုင်အစုရှယ်ယာများအားလုံးကိုပေါင်းတွက်ကြတာ
ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏကို ကျွန်တော်တို့ခေါင်းထဲဝင်အောင် လွယ်လွယ်နဲ့ထည့်ဖို့ခက်နေပါလိမ့်မယ်
။
.
စဉ်းစားကြည့်ပါဦး
.. ပန်းသီးကုမ္ပဏီရဲ့ပိုင်ဆိုင်မှု ဒေါ်လာသန်းပေါင်း
( ၆၇၃ဝဝဝ ) ဆိုတော့ဗျာ .. တွက်ရချက်ရတာ တော်တော်လေးလက်ဝင်ပါတယ်။ Apple ဟာ ထိပ်သီး
IBM ကို ကျော်တက်ပြီး နည်းပညာကုမ္ပဏီအားလုံးရဲ့ အောင်မြင်မှုသရဖူကို ဆောင်းထားနေပါပြီ။
.
ဒါကြောင့်
အင်မတန်ကြီးမားလာတဲ့ ပန်းသီးကုမ္ပဏီရဲ့ဓနအင်အားကိုတိုင်းတာဖို့ရာ အံ့မခန်းအချက်အလက်ပေါင်း
( ၁၁ ) ခု နဲ့ Business Insider သတင်းစာကြီးက အသေးစိတ်သရုပ်ခွဲပြထားပုံက ဒီလိုပါ။
.
.
.
၁..
Apple ရဲ့ လက်ထဲရှိငွေသားဟာ ဒေါ်လာ ( ၂ဝ၆ဝဝဝ ) သန်း ဆိုတော့ လူဦးရေ ( ၃၁၆ ) သန်းရှိတဲ့အမေရိကန်တွေကို
တစ်ဦးကို ( ၆၅၁ ) ဒေါ်လာ ခွဲဝေပေးလို့ရပါတယ်။ ဒီငွေဟာ တစ်ဦးချင်းစီအတွက် iPhone
(16 GB) တစ်လုံးဝယ်နိုင်တဲ့ပမာဏဖြစ်နေပါတယ်။
.
.
၂..
Apple ရဲ့ လက်ထဲရှိငွေသားဟာ Gulfstream G650 ကိုယ်ပိုင်ဇိမ်ခံလေယာဉ် ( ၃၁၆၉ ) စီးဝယ်လို့ရတဲ့အပြင်
လေယာဉ်ဆီထည့်ဖို့ငွေများစွာပိုပါသေးတယ်။
.
.
၃..
ပြီးခဲ့တဲ့ ( ၄ ) လ ဘဏ္ဍာနှစ်မှာ Macs ကွန်ပျူတာအလုံးပေါင်း ( ၅.၇၁ ) သန်းရောင်းရပါတယ်။
အဲဒီကွန်ပျူတာတွေဟာ မင်နီဆိုးတာပြည်နယ်ရှိလူတွေကို တစ်ယောက် ( ၁ ) လုံး ဝေပေးလို့ရတဲ့အရေအတွက်ဖြစ်ပါတယ်။
.
.
၄..
( ၂ဝ၁၄ ) ဘဏ္ဍာနှစ်အမြတ်ငွေ ဒေါ်လာသန်းပေါင်း ( ၃၉၅ဝဝ ) ရခဲ့တယ်။ အဲဒီငွေနဲ့သာဆိုရင်
နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Snapchat ၊ Pinterest နဲ့ Airbnb ကုမ္ပဏီအားလုံးကို တစ်ထိုင်တည်းဝယ်ယူနိုင်ပါတယ်။
ဒါ့အပြင် ငွေပိုငွေလျှံဘီလျံဒေါ်လာတွေလည်း ကျန်ဦးမှာဖြစ်ပါတယ်။
.
.
၅..
Apple မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနထက်ပိုလျှံကြွယ်ဝတဲ့ငွေသားလက်ဝယ်ရှိနေပါတယ်။
.
.
၆..
ပြီးခဲ့တဲ့ ( ၄ ) လ ဘဏ္ဍာနှစ်မှာ iPhone အလုံးရေ ( ၄၈.ဝ၅ ) သန်း ရောင်းချခဲ့ရတယ်။ အဲဒီလက်ကိုင်ဖုန်းတွေကို
စပိန်နိုင်ငံက လူဦးရေကို လူစေ့ဝေပေးရင်တောင် မကုန်နိုင်ပါဘူး။
.
.
၇..
ပြီးခဲ့တဲ့ ( ၄ ) လ ဘဏ္ဍာနှစ်မှာ Apple ဟာ iPad အလုံးပေါင်း ( ၉.၈၈ ) သန်း ကုန်အောင်ရောင်းနိုင်ခဲ့တယ်။
အဲဒါတွေကို Apple ရဲ့ဝန်ထမ်းတွေကိုဝေပေးလိုက်ရင် တစ်ဦးကို ( ၁ဝ၆ ) လုံး ရနိုင်စေပါတယ်။
.
.
၈..
နောက်ဆုံးထွက်လာတဲ့အစီရင်ခံစာအရ Apple ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ( ၂၃၃၇ဝဝ ) သန်း
ဖြစ်ပြီး နှစ်စဉ်အမြတ်ငွေက ဒေါ်လာ ( ၅၃၄ဝဝ ) သန်း ဖြစ်တယ်လို့ သိရတယ်။ အဲဒီဇယားအရ
Apple ကုမ္ပဏီဟာ ( ၁ ) ပတ် ကို အမြတ်ငွေ ဒေါ်လာသန်း ( ၁ဝဝဝ ) ရနေတဲ့သဘောပါ။
.
.
၉..
ပြီးခဲ့တဲ့ ( ၄ ) လ ဘဏ္ဍာနှစ်မှာ Apple ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ( ၅၁၅ဝဝ ) သန်း
လို့ပြောပါတယ်။ အဲဒီငွေပမာဏဟာ ကော်စတာရီကာနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးထက် ပိုများနေပါသေးတယ်။
.
.
၁ဝ..
လွန်ခဲ့တဲ့နှစ် ရုရှားနိုင်ငံရဲ့စတော့ရှယ်ယာဈေးကွက်ထက်ကို Apple ကုမ္ပဏီက ပိုတန်ကြေးရှိနေပါတယ်။
.
.
၁၁..
ယခုနှစ်စောစောပိုင်းမှာ Apple က iOS ထုတ်ကုန်ပေါင်း ( ၁ ) ဘီလျံကျော်ရောင်းခဲ့ရတယ်လို့ပြောပါတယ်။
အဲဒီအရေအတွက်ကို အိန္ဒိယနိုင်ငံသားတွေကို တစ်ဦးလျှင် ( ၁ ) ခုကျစီ ဝေပေးလို့ရမှာပါ။
ဒါမှမဟုတ် များများဝေချင်ရင်တော့ ယူကေနိုင်ငံသားတွေကို တစ်ဦးကို ( ၁၅ ) ခု ကျစီ ခွဲဝေနိုင်မှာဖြစ်တဲ့အကြောင်း
တင်ပြလိုက်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-30-2015
.
Ref:
Business Insider

No comments:
Post a Comment