“ မရပ္မနား လ်ွပ္စစ္အားနဲ႕သြားမယ္႕
အီလြန္မတ္စ္ - Elon Musk ” အပိုင္း ( ၁ ) ”
ေဆာင္းပါးရွင္
- ကိုညီညီ ( ေတာင္ၾကီး )
.
“
ကြ်န္ေတာ႕အလုပ္ေတြမွာ တစ္ျခားရင္းႏွီးျမွဳပ္ႏွံသူေတြကုိ ရွယ္ယာထည္႕ဝင္ဖို႕ မေခၚလုိပါဘူး။
ဘာျဖစ္လို႕လည္းဆိုေတာ႕ ကြ်န္ေတာ္ရွာထားတဲ႕ေငြေတြကိုျပန္ရင္းထားတဲ႕အလုပ္ေတြဟာ အခ်ိန္မေရြး
က်ရွံဴးသြားႏုိင္လို႕ပါပဲ ”
.
အီလြန္မတ္စ္
CEO
of Tesla Motors, SpaceX, SolarCity, Hyperloop
.
နယ္ျခားအေတြ႕အၾကံဳေဆာင္းပါးေရးတဲ႕ကြ်န္ေတာ္ဟာ
ကမၻာ႕နာမည္ၾကီးလူတစ္ဦးတစ္ေယာက္ရဲ႕အထၳဳပတၳိကုိေရးဖို႕ မၾကာခဏလက္တြန္႕တတ္ပါတယ္္။ ဘာသာျပန္ရတာရယ္၊
သမိုင္းျဖစ္စဥ္ျဖစ္ေနတာေၾကာင္႕ရယ္၊ အေၾကာင္းအရာေတြကို လြတ္လြတ္လပ္လပ္ေရးခြင္႕မရတာေၾကာင္႕ရယ္
ခပ္ကင္းကင္းေနခဲ႕တယ္။ ဒါေပမယ္႕ အေမရိကန္သတင္းစာေတြမွာ သူ႕အေၾကာင္းက ခဏခဏဖတ္ရတယ္။ ေနာက္ဆံုး
အေမရိကန္ရုပ္ရွင္ေလာက ေဟာလီဝုဒ္က မင္းသားေတြကုိေက်ာ္ျပီး မိန္းကေလးမ်ားအတြက္ဆြဲေဆာင္မႈအရွိဆံုး
ဆုိတဲ႕ ဂုဏ္ပုဒ္ကိုလြန္လြန္က်ဴးက်ဴးေရးလာေတာ႕ ပိုေနာက္ဆုတ္မိတယ္။
.
အခု
အင္တာဗ်ဴးတစ္ခုက သူ႕ရဲ႕စကားကိုၾကားမိျပီး အင္မတန္ေလးစားသြားတယ္။ ဒါနဲ႕ပဲ မေနႏုိင္မထိုင္ႏုိင္
သူဘယ္လုိလူလဲဆုိတာ ေလ႕လာမိတယ္၊ ရွာဖတ္ၾကည္႕တယ္၊ သူ႕တင္ျပခ်က္ေတြေလ႕လာၾကည္႕တယ္၊ အင္တာဗ်ဴးေတြနားေထာင္ၾကည္႕တယ္။
ေနာက္ဆံုးမွာ ျမန္မာလူငယ္ေတြ အထူးသျဖင္႕ နည္းပညာတတ္ကြ်မ္းတဲ႕ျမန္မာလူငယ္ေတြ စံျပနမူနာယူအားက်ေစဖုိ႕
ကြ်န္ေတာ႕လက္ေခ်ာင္းေလးမ်ားကို ေစခုိင္းမိလုိက္ပါေတာ႕တယ္။
.
.
ငယ္နာမယ္
အီလြန္မတ္စ္ - Elon Musk ။ ( ၁၉၇၁ ) ဂြ်န္လမွာေမြးတယ္။ လက္ရွိမွာ အေမရိကန္ႏုိင္ငံသားအျဖစ္ခံယူထားသူ
အီလြန္မတ္စ္ ကုိ ေတာင္အာဖရိကတုိက္သား လွ်ပ္စစ္မကၠင္းနစ္အင္ဂ်င္နီယာ ဖခင္ နဲ႕ ကေနဒါေမာ္ဒယ္လ္ မိခင္တို႕ကေန ေတာင္အာဖရိကမွာ ေမြးဖြားခဲ႕တယ္။
သူ႕မွာ ညီငယ္ ကင္ဘယ္ - Kimbal နဲ႕ ညီမေလး ေတာ႕စကာ - Tosca တုိ႕ရွိတယ္။ ( ၁၉၈ဝ ) ခုႏွစ္
မိဘႏွစ္ပါးကြာရွင္းျပတ္စဲၾကတဲ႕ကာလမွာေတာ႕ အီလြန္မတ္စ္ ဟာ ျဗိတိန္ႏုိင္ငံသူ အဖြားလက္ထဲမွာ
ၾကီးျပင္းခဲ႕ပါတယ္။
.
အသက္
( ၁ဝ ) ႏွစ္အရြယ္မွာ Commodore VIC-20 ရဲ႕ တြက္ခ်က္မႈအေျခခံကုိေတြ႕ခဲ႕ျပီး ကြန္ပ်ဴတာပရိုဂရမ္ေရးသြင္းျခင္းကို
စတင္သင္ယူခဲ႕ျပီး ေနာက္ ( ၂ ) ႏွစ္အၾကာမွာ ခိုင္းေစခ်က္ - Code တစ္ခုကို ေဒၚလာ ( ၅ဝဝ
) နဲ႕ ေရာင္းခ်ႏုိင္ခဲ႕တယ္။ သူ႕ရဲ႕ Blastar ဆုိတဲ႕ ဗီဒီယုိဂိမ္းေဆာ႕ဝဲလ္ ကို “ PC
and Office Technology ” မဂၢဇင္း က ဝယ္ယူသြားခဲ႕တယ္။
.
အီလြန္မတ္စ္
ရဲ႕ ငယ္စဥ္ဘဝမွာ အျမဲလိုလို အႏုိင္က်င္႕ခံခဲ႕ရတယ္။ လူငယ္တစ္စုရဲ႕ အုပ္စုလိုက္မတရားရိုက္ႏွက္တာကိုခံရျပီး
အီလြန္မာတ္စ္ ေဆးရံုေရာက္ခဲ႕ဖူးတယ္။ အီလြန္မတ္စ္ ဟာ ပထမမွာ အဂၤလိပ္ ပုဂၢလိကေက်ာင္းမွာ
တက္ခဲ႕တယ္။ ေနာက္ပုိင္း ( ၁၉၈၉ ) ခုႏွစ္မွာ ကေနဒါကိုေျပာင္းခဲ႕ေတာ႕ အေမရဲ႕ႏုိင္ငံသားကိုလုိက္ျပီး
အသက္ ( ၁၈ ) ႏွစ္ျပည္႕တဲ႕အခါမွာ ကေနဒီယမ္တစ္ေယာက္ျဖစ္လာခဲ႕တယ္။
.
.
ပင္ဆန္ေဗးနီးယားတကၠသုိလ္ကိုမေျပာင္းခင္
ကေနဒါက ကြင္းတကၠသိုလ္မွာ စတက္ခဲ႕ေတာ႕ အီလြန္မတ္စ္ ဟာ ( ၁၉ ) ႏွစ္သား အရြယ္ပါ။
Undergraduate ( ၂ ) ႏွစ္တက္ျပီးတာနဲ႕ အေမရိကန္ကိုေျပာင္းေရႊ႕တက္ေရာက္ခဲ႕တဲ႕ အီလြန္မတ္စ္
ဟာ ရူပေဗဒဘာသာရပ္နဲ႕ Bsc ဘြဲ႕ရလာတယ္။ တြဲဘက္ယူႏုိင္ခဲ႕တဲ႕ဘြဲ႕ကေတာ႕ ဝါတန္တကၠသိုလ္ကေပးတဲ႕
စီးပြားေရး Bsc ျဖစ္ပါတယ္္။ ( ၁၉၉၅ ) ခုႏွစ္မွာ
ကယ္လီဖိုးနီးယားျပည္နယ္ကိုေျပာင္းျပီး နာမည္ၾကီးစတင္းဖို႕ဒ္တကၠသိုလ္ကို တက္ေရာက္ခဲ႕တယ္။
.
ရည္ရြယ္ခ်က္ကေတာ႕
သူတက္ထားတဲ႕ အသံုးခ်ရူပေဗဒဘာသာအတြက္္ ေဒါက္တာဘြဲ႕ယူဖို႕ပါ။ ဒါေပမယ္႕ တက္ျပီး ( ၂ ) ရက္အၾကာမွာ သင္တန္းကထြက္ျပီး
သူဝါသနာပါတဲ႕ အင္တာနက္၊ ျပန္လည္အသံုးခ်စြမ္းအင္ - Renewable Energy နဲ႕ စၾကာဝဠာ -
Outer Space တုိ႕အတြက္ လုပ္ငန္းစခဲ႕တယ္။ ( ၂ဝဝ၂ ) ခုႏွစ္မွာ အေမရိကန္ႏုိင္ငံသားတစ္ေယာက္ျဖစ္လာခဲ႕တယ္။
.
.
ရည္မွန္းခ်က္အတိုင္း
လုပ္ငန္းစခဲ႕တဲ႕ အီလြန္မာတ္စ္ ဟာ သူ႕ညီ ကင္ဘယ္ နဲ႕တြဲျပီး ေဆာ႕ဝဲလ္ကုမၸဏီ Zip2 ကုိတည္ေထာင္တဲ႕အခါ
သူ႕အေဖရဲ႕ေငြ ေဒၚလာ ( ၂၈ဝဝဝ ) ယူသံုးခဲ႕တယ္။ သူ႕ေခတ္သူ႕အခါမွာ အေမရိကန္သတင္းစာေတြက
အေလးထားရတဲ႕ အင္တာနက္လမ္းျပကုမၸဏီအျဖစ္ လူသိမ်ားလာတယ္။ နယူးေယာက္တိုင္းမ္ နဲ႕ ရွီကာဂုိထရုိင္ဗြ်မ္း
တုိ႕နဲ႕ ကန္ထရုိက္လုပ္ငန္းေတြလုပ္ကိုင္ခြင္႕ရခဲ႕တယ္။ ( ၁၉၉၉ ) ခုႏွစ္မွာ ကြန္ပက္ -
Compaq ကြန္ပ်ဴတာကုမၸဏီက Zip2 ကုိ ေဒၚလာ ( ၃ဝ၇ ) သန္း နဲ႕ ဝယ္လိုက္တဲ႕အခ်ိန္ ( ၇%
) နဲ႕ ညီမွ်တဲ႕ အခ်ိဳးက်ေဒၚလာ ( ၂၂ ) သန္းဟာ အီလြန္မာတ္စ္ လက္ထဲကိုေရာက္လာပါတယ္။
.
(
၁၉၉၉ ) ခုႏွစ္ မတ္လအေရာက္မွာ အီလြန္မတ္စ္ ဟာ X.com ကုမၸဏီကို ထပ္ေထာင္ျပန္တယ္။ အီးေမးလ္ကေနတစ္ဆင္႕
ေငြေပးေငြယူလုပ္လုိ႕ရတဲ႕ ဘ႑ာေရးကိုင္တြယ္မႈကုမၸဏီအျဖစ္ အြန္လုိင္းကုမၸဏီကုိ Zip2 ေရာင္းလိုက္တဲ႕ေငြထဲက
ေဒၚလာ ( ၁ဝ ) သန္း ကို ထည္႕ဝင္မတည္ခဲ႕တယ္္။ ေမာင္းႏွင္ခ်ိန္တစ္ႏွစ္ေက်ာ္လာတဲ႕အခါ
X.com ဟာ Confinity ဆိုတဲ႕ကုမၸဏီနဲ႕ပူးေပါင္းဖုိ႕ အေၾကာင္းေပၚလာတယ္္။
.
.
တဖန္
Confinity ကုမၸဏီမွာ အြန္လိုင္းကေနေငြလႊဲေျပာင္းေပးတဲ႕ ေပးပဲလ္ - PayPal ဆုိတဲ႕လုပ္ငန္းက
လက္တက္ခြဲတစ္ခုအေနနဲ႕ ရွိေနျပန္တယ္။ ေပါင္းစပ္ကုမၸဏီစုၾကီးကုိဦးစီးတဲ႕ အီလြန္မတ္စ္
ဟာ လုပ္ငန္းအားလံုးကို PayPal ေပၚမွာပံုျပီးအာရံုစိုက္ခဲ႕သလို ( ၂ဝဝ၁ ) ခုႏွစ္မွာ ကုမၸဏီကုိ
PayPal အျဖစ္ အသြင္သစ္ခံယူခဲ႕တယ္။ PayPal ရဲ႕ ကနဦးဝန္ေဆာင္မႈအရ သံုးစြဲသူေတြအခ်င္းခ်င္းလႊဲေျပာင္းတဲ႕ေငြေတြကို
သူတုိ႕ရဲ႕ဘဏ္ေတြထဲ ထည္႕သြင္းရတဲ႕အလုပ္ကုိလုပ္ေပးပါတယ္။
.
မိုက္ခရုိေဆာ႕ဖ္ဝင္းဒိုးေဆာ႕ဝဲလ္
ရဲ႕ေအာက္မွာ PayPal ေဆာ႕ဝဲလ္ကို မတည္ေဆာက္လုိသူ အီလြန္မာတ္စ္ ကုိ ဘုတ္အဖြဲ႕ဝင္ေတြက
PayPal ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ကေန ( ၂ဝဝ၂ ) ခုႏွစ္မွာ ျဖဳတ္ခ်ခဲ႕တယ္။ ဒါေပမယ္႕
အြန္လိုင္းေလလံကုမၸဏီ အီးေဘး - eBay က PayPal ကုိ ေဒၚလာသန္း ( ၁၅ဝဝ ) နဲ႕ဝယ္လိုက္တဲ႕အခ်ိန္မွာေတာ႕
အီလြန္မတ္စ္ ရဲ႕လက္ထဲမွာ ေဒၚလာ ( ၁၆၅ ) သန္း ေရာက္လာျပန္ပါျပီ။ အရင္ကတည္းက ရွယ္ယာအမ်ားစုပိုင္တဲ႕
အီလြန္မာတ္စ္ ဟာ PayPal ရဲ႕ ( ၁၁.၇% ) ေသာ အစုရွယ္ယာေတြကုိ ပိုင္ဆိုင္ခဲ႕တယ္။
.
အပိုင္း
( ၂ ) ဆက္ရန္
.
အပိုင္းအားလံုးတင္ျပီးသြားတဲ႕အခါ
Facebook Note နဲ႕ အျပည္႕ျပန္တင္ပါ႕မယ္။
.
ခင္လ်က္
.
12-08-2015
.
Ref:
Wiki, Business Insider
.
.
.
Myanmar
Unicode Version:
.
.
“
မရပ်မနား လျှပ်စစ်အားနဲ့သွားမယ့် အီလွန်မတ်စ် - Elon Musk ” အပိုင်း ( ၁ ) ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
“ ကျွန်တော့အလုပ်တွေမှာ တစ်ခြားရင်းနှီးမြှုပ်နှံသူတွေကို
ရှယ်ယာထည့်ဝင်ဖို့ မခေါ်လိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ရှာထားတဲ့ငွေတွေကိုပြန်ရင်းထားတဲ့အလုပ်တွေဟာ
အချိန်မရွေး ကျရှူံးသွားနိုင်လို့ပါပဲ ”
.
အီလွန်မတ်စ်
CEO
of Tesla Motors, SpaceX, SolarCity, Hyperloop
.
နယ်ခြားအတွေ့အကြုံဆောင်းပါးရေးတဲ့ကျွန်တော်ဟာ
ကမ္ဘာ့နာမည်ကြီးလူတစ်ဦးတစ်ယောက်ရဲ့အထ္ထုပတ္ထိကိုရေးဖို့ မကြာခဏလက်တွန့်တတ်ပါတယ်။ ဘာသာပြန်ရတာရယ်၊
သမိုင်းဖြစ်စဉ်ဖြစ်နေတာကြောင့်ရယ်၊ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်ရေးခွင့်မရတာကြောင့်ရယ်
ခပ်ကင်းကင်းနေခဲ့တယ်။ ဒါပေမယ့် အမေရိကန်သတင်းစာတွေမှာ သူ့အကြောင်းက ခဏခဏဖတ်ရတယ်။ နောက်ဆုံး
အမေရိကန်ရုပ်ရှင်လောက ဟောလီဝုဒ်က မင်းသားတွေကိုကျော်ပြီး မိန်းကလေးများအတွက်ဆွဲဆောင်မှုအရှိဆုံး
ဆိုတဲ့ ဂုဏ်ပုဒ်ကိုလွန်လွန်ကျူးကျူးရေးလာတော့ ပိုနောက်ဆုတ်မိတယ်။
.
အခု
အင်တာဗျူးတစ်ခုက သူ့ရဲ့စကားကိုကြားမိပြီး အင်မတန်လေးစားသွားတယ်။ ဒါနဲ့ပဲ မနေနိုင်မထိုင်နိုင်
သူဘယ်လိုလူလဲဆိုတာ လေ့လာမိတယ်၊ ရှာဖတ်ကြည့်တယ်၊ သူ့တင်ပြချက်တွေလေ့လာကြည့်တယ်၊ အင်တာဗျူးတွေနားထောင်ကြည့်တယ်။
နောက်ဆုံးမှာ မြန်မာလူငယ်တွေ အထူးသဖြင့် နည်းပညာတတ်ကျွမ်းတဲ့မြန်မာလူငယ်တွေ စံပြနမူနာယူအားကျစေဖို့
ကျွန်တော့လက်ချောင်းလေးများကို စေခိုင်းမိလိုက်ပါတော့တယ်။
.
.
ငယ်နာမယ်
အီလွန်မတ်စ် - Elon Musk ။ ( ၁၉၇၁ ) ဂျွန်လမှာမွေးတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ
အီလွန်မတ်စ် ကို တောင်အာဖရိကတိုက်သား လျှပ်စစ်မက္ကင်းနစ်အင်ဂျင်နီယာ ဖခင် နဲ့ ကနေဒါမော်ဒယ်လ် မိခင်တို့ကနေ တောင်အာဖရိကမှာ မွေးဖွားခဲ့တယ်။
သူ့မှာ ညီငယ် ကင်ဘယ် - Kimbal နဲ့ ညီမလေး တော့စကာ - Tosca တို့ရှိတယ်။ ( ၁၉၈ဝ ) ခုနှစ်
မိဘနှစ်ပါးကွာရှင်းပြတ်စဲကြတဲ့ကာလမှာတော့ အီလွန်မတ်စ် ဟာ ဗြိတိန်နိုင်ငံသူ အဖွားလက်ထဲမှာ
ကြီးပြင်းခဲ့ပါတယ်။
.
အသက်
( ၁ဝ ) နှစ်အရွယ်မှာ Commodore VIC-20 ရဲ့ တွက်ချက်မှုအခြေခံကိုတွေ့ခဲ့ပြီး ကွန်ပျူတာပရိုဂရမ်ရေးသွင်းခြင်းကို
စတင်သင်ယူခဲ့ပြီး နောက် ( ၂ ) နှစ်အကြာမှာ ခိုင်းစေချက် - Code တစ်ခုကို ဒေါ်လာ ( ၅ဝဝ
) နဲ့ ရောင်းချနိုင်ခဲ့တယ်။ သူ့ရဲ့ Blastar ဆိုတဲ့ ဗီဒီယိုဂိမ်းဆော့ဝဲလ် ကို “ PC
and Office Technology ” မဂ္ဂဇင်း က ဝယ်ယူသွားခဲ့တယ်။
.
အီလွန်မတ်စ်
ရဲ့ ငယ်စဉ်ဘဝမှာ အမြဲလိုလို အနိုင်ကျင့်ခံခဲ့ရတယ်။ လူငယ်တစ်စုရဲ့ အုပ်စုလိုက်မတရားရိုက်နှက်တာကိုခံရပြီး
အီလွန်မာတ်စ် ဆေးရုံရောက်ခဲ့ဖူးတယ်။ အီလွန်မတ်စ် ဟာ ပထမမှာ အင်္ဂလိပ် ပုဂ္ဂလိကကျောင်းမှာ
တက်ခဲ့တယ်။ နောက်ပိုင်း ( ၁၉၈၉ ) ခုနှစ်မှာ ကနေဒါကိုပြောင်းခဲ့တော့ အမေရဲ့နိုင်ငံသားကိုလိုက်ပြီး
အသက် ( ၁၈ ) နှစ်ပြည့်တဲ့အခါမှာ ကနေဒီယမ်တစ်ယောက်ဖြစ်လာခဲ့တယ်။
.
.
ပင်ဆန်ဗေးနီးယားတက္ကသိုလ်ကိုမပြောင်းခင်
ကနေဒါက ကွင်းတက္ကသိုလ်မှာ စတက်ခဲ့တော့ အီလွန်မတ်စ် ဟာ ( ၁၉ ) နှစ်သား အရွယ်ပါ။
Undergraduate ( ၂ ) နှစ်တက်ပြီးတာနဲ့ အမေရိကန်ကိုပြောင်းရွှေ့တက်ရောက်ခဲ့တဲ့ အီလွန်မတ်စ်
ဟာ ရူပဗေဒဘာသာရပ်နဲ့ Bsc ဘွဲ့ရလာတယ်။ တွဲဘက်ယူနိုင်ခဲ့တဲ့ဘွဲ့ကတော့ ဝါတန်တက္ကသိုလ်ကပေးတဲ့ စီးပွားရေး Bsc ဖြစ်ပါတယ်။ ( ၁၉၉၅ ) ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ကိုပြောင်းပြီး
နာမည်ကြီးစတင်းဖို့ဒ်တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။
.
ရည်ရွယ်ချက်ကတော့
သူတက်ထားတဲ့ အသုံးချရူပဗေဒဘာသာအတွက် ဒေါက်တာဘွဲ့ယူဖို့ပါ။ ဒါပေမယ့် တက်ပြီး ( ၂ ) ရက်အကြာမှာ သင်တန်းကထွက်ပြီး
သူဝါသနာပါတဲ့ အင်တာနက်၊ ပြန်လည်အသုံးချစွမ်းအင် - Renewable Energy နဲ့ စကြာဝဠာ -
Outer Space တို့အတွက် လုပ်ငန်းစခဲ့တယ်။ ( ၂ဝဝ၂ ) ခုနှစ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်လာခဲ့တယ်။
.
.
ရည်မှန်းချက်အတိုင်း
လုပ်ငန်းစခဲ့တဲ့ အီလွန်မာတ်စ် ဟာ သူ့ညီ ကင်ဘယ် နဲ့တွဲပြီး ဆော့ဝဲလ်ကုမ္ပဏီ Zip2 ကိုတည်ထောင်တဲ့အခါ
သူ့အဖေရဲ့ငွေ ဒေါ်လာ ( ၂၈ဝဝဝ ) ယူသုံးခဲ့တယ်။ သူ့ခေတ်သူ့အခါမှာ အမေရိကန်သတင်းစာတွေက
အလေးထားရတဲ့ အင်တာနက်လမ်းပြကုမ္ပဏီအဖြစ် လူသိများလာတယ်။ နယူးယောက်တိုင်းမ် နဲ့ ရှီကာဂိုထရိုင်ဗျွမ်း
တို့နဲ့ ကန်ထရိုက်လုပ်ငန်းတွေလုပ်ကိုင်ခွင့်ရခဲ့တယ်။ ( ၁၉၉၉ ) ခုနှစ်မှာ ကွန်ပက် -
Compaq ကွန်ပျူတာကုမ္ပဏီက Zip2 ကို ဒေါ်လာ ( ၃ဝ၇ ) သန်း နဲ့ ဝယ်လိုက်တဲ့အချိန် ( ၇%
) နဲ့ ညီမျှတဲ့ အချိုးကျဒေါ်လာ ( ၂၂ ) သန်းဟာ အီလွန်မာတ်စ် လက်ထဲကိုရောက်လာပါတယ်။
.
(
၁၉၉၉ ) ခုနှစ် မတ်လအရောက်မှာ အီလွန်မတ်စ် ဟာ X.com ကုမ္ပဏီကို ထပ်ထောင်ပြန်တယ်။ အီးမေးလ်ကနေတစ်ဆင့်
ငွေပေးငွေယူလုပ်လို့ရတဲ့ ဘဏ္ဍာရေးကိုင်တွယ်မှုကုမ္ပဏီအဖြစ် အွန်လိုင်းကုမ္ပဏီကို
Zip2 ရောင်းလိုက်တဲ့ငွေထဲက ဒေါ်လာ ( ၁ဝ ) သန်း ကို ထည့်ဝင်မတည်ခဲ့တယ်။ မောင်းနှင်ချိန်တစ်နှစ်ကျော်လာတဲ့အခါ
X.com ဟာ Confinity ဆိုတဲ့ကုမ္ပဏီနဲ့ပူးပေါင်းဖို့ အကြောင်းပေါ်လာတယ်။
.
.
တဖန်
Confinity ကုမ္ပဏီမှာ အွန်လိုင်းကနေငွေလွှဲပြောင်းပေးတဲ့ ပေးပဲလ် - PayPal ဆိုတဲ့လုပ်ငန်းက
လက်တက်ခွဲတစ်ခုအနေနဲ့ ရှိနေပြန်တယ်။ ပေါင်းစပ်ကုမ္ပဏီစုကြီးကိုဦးစီးတဲ့ အီလွန်မတ်စ်
ဟာ လုပ်ငန်းအားလုံးကို PayPal ပေါ်မှာပုံပြီးအာရုံစိုက်ခဲ့သလို ( ၂ဝဝ၁ ) ခုနှစ်မှာ
ကုမ္ပဏီကို PayPal အဖြစ် အသွင်သစ်ခံယူခဲ့တယ်။ PayPal ရဲ့ ကနဦးဝန်ဆောင်မှုအရ သုံးစွဲသူတွေအချင်းချင်းလွှဲပြောင်းတဲ့ငွေတွေကို
သူတို့ရဲ့ဘဏ်တွေထဲ ထည့်သွင်းရတဲ့အလုပ်ကိုလုပ်ပေးပါတယ်။
.
မိုက်ခရိုဆော့ဖ်ဝင်းဒိုးဆော့ဝဲလ်
ရဲ့အောက်မှာ PayPal ဆော့ဝဲလ်ကို မတည်ဆောက်လိုသူ အီလွန်မာတ်စ် ကို ဘုတ်အဖွဲ့ဝင်တွေက
PayPal ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်ကနေ ( ၂ဝဝ၂ ) ခုနှစ်မှာ ဖြုတ်ချခဲ့တယ်။ ဒါပေမယ့်
အွန်လိုင်းလေလံကုမ္ပဏီ အီးဘေး - eBay က PayPal ကို ဒေါ်လာသန်း ( ၁၅ဝဝ ) နဲ့ဝယ်လိုက်တဲ့အချိန်မှာတော့
အီလွန်မတ်စ် ရဲ့လက်ထဲမှာ ဒေါ်လာ ( ၁၆၅ ) သန်း ရောက်လာပြန်ပါပြီ။ အရင်ကတည်းက ရှယ်ယာအများစုပိုင်တဲ့
အီလွန်မာတ်စ် ဟာ PayPal ရဲ့ ( ၁၁.၇% ) သော အစုရှယ်ယာတွေကို ပိုင်ဆိုင်ခဲ့တယ်။
.
အပိုင်း
( ၂ ) ဆက်ရန်
.
အပိုင်းအားလုံးတင်ပြီးသွားတဲ့အခါ
Facebook Note နဲ့ အပြည့်ပြန်တင်ပါ့မယ်။
.
ခင်လျက်
.
12-08-2015
.
Ref:
Wiki, Business Insider
.
" မရပ္မနား လ်ွပ္စစ္အားနဲ႕သြားမယ္႕ အီလြန္မတ္စ္ - Elon Musk ။ ၁ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၁၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၉ ) ၊ စာမ်က္ႏွာ ( ၁၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/xwy9k0hgcg3kz68/NetGuide+Vol.4%2C+No.19.pdf
.
“ မရပ္မနား လ်ွပ္စစ္အားနဲ႕သြားမယ္႕
အီလြန္မတ္စ္ - Elon Musk ” အပိုင္း ( ၂ ) ”
ေဆာင္းပါးရွင္
- ကိုညီညီ ( ေတာင္ၾကီး )
.
(
၂ဝဝ၁ ) ခုႏွစ္မွာ အီလြန္မတ္စ္ ဟာ “ အဂၤါျဂိဳဟ္မွစမ္းေရစီမံကိန္း - Mars Oasis ” ကုိ
ဖြင္႕ထုတ္လာျပန္တယ္။ ဒီစမ္းသပ္မႈအရ အဂၤါျဂိဳဟ္ေပၚမွာ စိမ္းလန္းစုိေျပတဲ႕သဘာဝအသီးအရြက္ေတြစိုက္ပ်ိဳးေနထုိင္ဖို႕
နဲ႕ သုေတသနလုပ္ေဆာင္ဖို႕ေတြပါဝင္တယ္။ အေႏွးနဲ႕အျမန္အေကာင္အထည္ေဖာ္ဖို႕ အီလြန္မာတ္စ္
ဟာ ( ၂ဝဝ၁ ) ခုႏွစ္မွာ အာကာသအေထာက္အပံ႕ပစၥည္းကြ်မ္းက်င္သူ ဂ်င္ကင္ထရယ္ - Jim
Cantrell နဲ႕ ေကာလိပ္တုန္းကသူငယ္ခ်င္း အယ္ဒီးယုိရက္စီ - Adeo Ressi လိုက္ပါျပီး ရုရွားႏုိင္ငံ
ေမာ္စကိုျမိဳ႕ကို ခရီးထြက္ခဲ႕တယ္။ သြားရတဲ႕ရည္ရြယ္ခ်က္ကေတာ႕ အျပန္ျပန္အလွန္လွန္ျပင္ျပီးသံုးေနတဲ႕
ရုရွားလုပ္ Dnepr-1 အာကာသယာဥ္ကို သြားဝယ္တာပါ။ ရက္အနည္းငယ္အတြင္းေဆြးေႏြးမႈမေအာင္ျမင္ခဲ႕လုိ႕
အီလြန္မာတ္စ္ တို႕အဖြဲ႕ဟာ လက္ခ်ည္းဗလာ အေမရိကန္ကို ျပန္ခဲ႕ၾကရတယ္။
.
ေနာက္တစ္ၾကိမ္
ရုရွားႏုိင္ငံကို ဒုံးပ်ံအဝယ္ထြက္တဲ႕အခါမွာေတာ႕ သူတုိ႕ခ်ည္းတင္မဟုတ္ေတာ႕ပဲ စီအုိင္ေအ
နဲ႕ နာဆာအာကာသစခန္းက ကြ်မ္းက်င္သူမ်ားလုိက္ပါလာတယ္။ လိုခ်င္တဲ႕ ဒံုပ်ံ ICBMs ( ၃ )
စင္း ေတြ႕တဲ႕အခါ ရုရွားထုတ္လုပ္သူဘက္က တစ္စင္းကို အေမရိကန္ေဒၚလာ ( ၈ ) သန္း ေတာင္းပါေတာ႕တယ္။
ေစ်းသိပ္ၾကီးတယ္လို႕ သံုးသပ္မိတဲ႕ အီလြန္မာတ္စ္ ဟာ အစည္းအေဝးခန္းမထဲကေန ထထြက္လာျပီး
အေမရိကန္ကို တန္းျပန္လာတယ္။ အဲဒီမွာတင္ သူအေတြးတစ္ခုရခဲ႕တယ္ … “ ငါလိုခ်င္တဲ႕ ဒံုးယာဥ္ကိုရဖုိ႕
အေမရိကန္မွာ တန္ဖိုးသက္သာတဲ႕ဒံုးစက္ရံုတည္ေဆာက္ရမယ္ ” ဆိုတာပါပဲ။
.
.
ပထမဦးဆံုး
SpaceX မွာ ရင္းႏွီးျမွဳပ္ႏွံသူ စတိဂ်ယ္ဗက္ဆန္ - Steve Jurvetson ေျပာတာက ဒံုးပ်ံတည္ေဆာက္ဖို႕
ကုန္ၾကမ္းေတြကိုစုလိုက္ရင္ ရုရွားကေတာင္းတဲ႕ေစ်းရဲ႕ ( ၃ % ) ပဲ ကုန္က်မယ္ဆုိတာကို အီလြန္မာတ္စ္
က တြက္ျပတယ္ တဲ႕။ သူကြ်မ္းက်င္တဲ႕ေဆာ႕ဝဲလ္ပညာ နဲ႕ စက္ရံုပုိင္းဆိုင္ရာတြက္ခ်က္မႈေတြကုိေပါင္းစပ္လုိက္ရင္
အမွန္တစ္ကယ္ SpaceX ကုိ ေမာင္းႏွင္ဖို႕ ( ၁ဝ ပံု ၁ ပံု ) ပဲ ကုန္က်မယ္႕အျပင္ ရင္းႏွီးျမွဳပ္ႏွံေငြရဲ႕ ( ၇ဝ% ) နဲ႕ လုပ္ငန္းတစ္ခုလံုးကို
လည္ပတ္ႏုိင္မယ္ဆိုတာ အီလြန္မာတ္စ္ သိလုိက္တယ္။ ဒီလိုနဲ႕ သူဟာ အာကာသမွာလူေနႏုိင္ဖို႕
- True Spacefaring Civilization ေရရွည္စီမံကိန္းကို တည္ေထာက္မိလ်က္သား ျဖစ္သြားပါေတာ႕တယ္။
.
အီလြန္မာတ္စ္
ရဲ႕ ကနဦးရေငြထဲက ေဒၚလာသန္း ( ၁ဝဝ ) နဲ႕ SpaceX ကုမၸဏီကုိ ( ၂ဝဝ၂ ) ခုႏွစ္မွာ စတင္ခဲ႕တယ္။
ကုမၸဏီရဲ႕ ပထမဦးဆံုးမိတ္ဆက္ႏုိင္ခဲ႕တဲ႕ အာကာသယာဥ္ေတြက Falcon 1 နဲ႕ Falcon 9 တို႕
ျဖစ္ပါတယ္။ ( ၇ ) ႏွစ္ၾကာတဲ႕အခါ SpaceX ဟာ Falcon 1 ကုိ ကမၻာပတ္လမ္းေၾကာင္းထဲလႊတ္တင္ႏုိင္တဲ႕
အရည္စြမ္းအင္သံုး ပထမဦးဆံုး ပုဂၢလိကရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီျဖစ္လာတယ္။ ေနာက္ထပ္တီထြင္ဆန္းသစ္မႈေတြလုပ္ျပီးတဲ႕အခါ
( ၂ဝ၁၂ ) ခုႏွစ္ ေမလ ( ၂၅ ) ရက္ေန႕မွာ စြယ္စံုသံုး Dragon အာကာသယာဥ္ကိုလႊတ္တင္ျပီး
ပထမဦးဆံုးပုဂၢလိကပိုင္အေနနဲ႕ အျပည္ျပည္ဆုိင္ရာအာကာသယာဥ္စခန္းကို ခ်ိတ္ဆက္ျပႏုိင္ခဲ႕တယ္။
.
.
(
၂ဝဝ၆ ) ခုႏွစ္တုန္းကရခဲ႕တဲ႕ နာဆာ ရဲ႕ ကန္ထရိုက္အရ ေဒၚလာသန္း ( ၁၆ဝဝ ) နဲ႕ အနားယူေတာ႕မယ္႕
အေမရိကန္အာကာသအေျခစိုက္စခန္း - US Space Shuttle ကုိ အစားထုိးခဲ႕တယ္။ ဒီလိုနဲ႕
SpaceX ဟာ ကမၻာေပၚမွာအၾကီးဆံုးပုဂၢလိကဒုံးပ်ံထုတ္လုပ္သူျဖစ္လာသလို ဒုံးပ်ံမွာသံုးတဲ႕အရည္အေသြးျပည္႕ေမာ္တာထုတ္လုပ္ျခင္းကိုပါ
ပုိင္ဆုိင္လာတယ္။
.
SpaceX
ဟာ ( ၂ ) ႏွစ္အတြင္း တည္႕မတ္စြာထပ်ံႏုိင္တဲ႕ေမာ္တာ - Merlin 1D အလံုး ( ၁ဝဝ ) ေက်ာ္ကို
ထုတ္လုပ္လာႏုိင္တယ္။ Merlin 1D ေမာ္တာတစ္လံုးဟာ ေဒါင္လုိက္အေနအထားကေန အိမ္စီးကား အစင္း
( ၄ဝ ) ကို ေျမျပင္ကေန အသာေလးမတက္ႏိုင္တဲ႕စြမ္းရည္ရွိတယ္။ ဒါေၾကာင္႕ Merlin 1D ေမာ္တာ
( ၉ ) လံုးထည္႕သြင္းတည္ေဆာက္ထားတဲ႕ Falcon 9 ဒံုးပ်ံရဲ႕စြမ္းပကားကို အလြယ္တကူမွန္းဆၾကည္႕ႏုိင္ပါတယ္။
.
.
ဒီေနရာမွာေတာ႕
အီလြန္မာတ္စ္ ရဲ႕ “ သူဘာေၾကာင္႕ အာကာသလူေနစခန္းတည္ေဆာက္ခ်င္တာလဲ ” ဆုိတာကို အဂၤလိပ္ဘာသာနဲ႕ေဖာ္ျပလိုက္ခ်င္ပါတယ္။ တစ္ခ်ိဳ႕စကားေတြက
ဘာသာျပန္တာထက္ မူရင္းစကားေတြက အရာရာကို ျပည္႕စံုစြာေျပာသြားႏုိင္လို႕ပါ။
“An asteroid or a super volcano could
destroy us, and we face risks the dinosaurs never saw: an engineered virus,
inadvertent creation of a micro black hole, catastrophic global warming or some
as-yet-unknown technology could spell the end of us. Humankind evolved over
millions of years, but in the last sixty years atomic weaponry created the
potential to extinguish ourselves. Sooner or later, we must expand life beyond
this green and blue ball—or go extinct”
.
အီလြန္မာတ္စ္
က လူသားေတြအာကာသထဲသြားေရာက္ဖို႕စားရိတ္ကုိ ( ၁ဝ ပံု ၁ ပံု ) ေလွ်ာ႕ခ်ခ်င္တာပါ။ ( ၂ဝ၁၁
) က အင္တာဗ်ဴးတစ္ခုမွာ “ လာမယ္႕ ( ၁ဝ ) ႏွစ္ နဲ႕ အႏွစ္ ( ၂ဝ ) ၾကားမွာ လူသားေတြကို
အဂၤါျဂိဳလ္ေပၚအေရာက္ ပို႕ခ်င္တယ္။ သကၠရာဇ္ ( ၂ဝ၄ဝ ) ေရာက္တဲ႕အခါ လူ ( ၈ဝဝဝဝ ) ကို ပို႕ျပီးသားျဖစ္ေနခ်င္တယ္
” လုိ႕ ေျပာသြားပါတယ္။
.
အပိုင္း
( ၃ ) ဆက္ပါမည္။
.
ခင္လ်က္
.
12-10-2015
.
Ref:
Wiki, Business Insider
.
.
.
Myanmar
Unicode Version:
.
.
“
မရပ်မနား လျှပ်စစ်အားနဲ့သွားမယ့် အီလွန်မတ်စ် - Elon Musk ” အပိုင်း ( ၂ ) ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
(
၂ဝဝ၁ ) ခုနှစ်မှာ အီလွန်မတ်စ် ဟာ “ အင်္ဂါဂြိုဟ်မှစမ်းရေစီမံကိန်း - Mars Oasis ” ကို
ဖွင့်ထုတ်လာပြန်တယ်။ ဒီစမ်းသပ်မှုအရ အင်္ဂါဂြိုဟ်ပေါ်မှာ စိမ်းလန်းစိုပြေတဲ့သဘာဝအသီးအရွက်တွေစိုက်ပျိုးနေထိုင်ဖို့
နဲ့ သုတေသနလုပ်ဆောင်ဖို့တွေပါဝင်တယ်။ အနှေးနဲ့အမြန်အကောင်အထည်ဖော်ဖို့ အီလွန်မာတ်စ်
ဟာ ( ၂ဝဝ၁ ) ခုနှစ်မှာ အာကာသအထောက်အပံ့ပစ္စည်းကျွမ်းကျင်သူ ဂျင်ကင်ထရယ် - Jim
Cantrell နဲ့ ကောလိပ်တုန်းကသူငယ်ချင်း အယ်ဒီးယိုရက်စီ - Adeo Ressi လိုက်ပါပြီး ရုရှားနိုင်ငံ
မော်စကိုမြို့ကို ခရီးထွက်ခဲ့တယ်။ သွားရတဲ့ရည်ရွယ်ချက်ကတော့ အပြန်ပြန်အလှန်လှန်ပြင်ပြီးသုံးနေတဲ့
ရုရှားလုပ် Dnepr-1 အာကာသယာဉ်ကို သွားဝယ်တာပါ။ ရက်အနည်းငယ်အတွင်းဆွေးနွေးမှုမအောင်မြင်ခဲ့လို့
အီလွန်မာတ်စ် တို့အဖွဲ့ဟာ လက်ချည်းဗလာ အမေရိကန်ကို ပြန်ခဲ့ကြရတယ်။
.
နောက်တစ်ကြိမ်
ရုရှားနိုင်ငံကို ဒုံးပျံအဝယ်ထွက်တဲ့အခါမှာတော့ သူတို့ချည်းတင်မဟုတ်တော့ပဲ စီအိုင်အေ
နဲ့ နာဆာအာကာသစခန်းက ကျွမ်းကျင်သူများလိုက်ပါလာတယ်။ လိုချင်တဲ့ ဒုံပျံ ICBMs ( ၃ )
စင်း တွေ့တဲ့အခါ ရုရှားထုတ်လုပ်သူဘက်က တစ်စင်းကို အမေရိကန်ဒေါ်လာ ( ၈ ) သန်း တောင်းပါတော့တယ်။
ဈေးသိပ်ကြီးတယ်လို့ သုံးသပ်မိတဲ့ အီလွန်မာတ်စ် ဟာ အစည်းအဝေးခန်းမထဲကနေ ထထွက်လာပြီး
အမေရိကန်ကို တန်းပြန်လာတယ်။ အဲဒီမှာတင် သူအတွေးတစ်ခုရခဲ့တယ် … “ ငါလိုချင်တဲ့ ဒုံးယာဉ်ကိုရဖို့
အမေရိကန်မှာ တန်ဖိုးသက်သာတဲ့ဒုံးစက်ရုံတည်ဆောက်ရမယ် ” ဆိုတာပါပဲ။
.
.
ပထမဦးဆုံး
SpaceX မှာ ရင်းနှီးမြှုပ်နှံသူ စတိဂျယ်ဗက်ဆန် - Steve Jurvetson ပြောတာက ဒုံးပျံတည်ဆောက်ဖို့
ကုန်ကြမ်းတွေကိုစုလိုက်ရင် ရုရှားကတောင်းတဲ့ဈေးရဲ့ ( ၃ % ) ပဲ ကုန်ကျမယ်ဆိုတာကို အီလွန်မာတ်စ်
က တွက်ပြတယ် တဲ့။ သူကျွမ်းကျင်တဲ့ဆော့ဝဲလ်ပညာ နဲ့ စက်ရုံပိုင်းဆိုင်ရာတွက်ချက်မှုတွေကိုပေါင်းစပ်လိုက်ရင်
အမှန်တစ်ကယ် SpaceX ကို မောင်းနှင်ဖို့ ( ၁ဝ ပုံ ၁ ပုံ ) ပဲ ကုန်ကျမယ့်အပြင် ရင်းနှီးမြှုပ်နှံငွေရဲ့ ( ၇ဝ% ) နဲ့ လုပ်ငန်းတစ်ခုလုံးကို
လည်ပတ်နိုင်မယ်ဆိုတာ အီလွန်မာတ်စ် သိလိုက်တယ်။ ဒီလိုနဲ့ သူဟာ အာကာသမှာလူနေနိုင်ဖို့
- True Spacefaring Civilization ရေရှည်စီမံကိန်းကို တည်ထောက်မိလျက်သား ဖြစ်သွားပါတော့တယ်။
.
အီလွန်မာတ်စ်
ရဲ့ ကနဦးရငွေထဲက ဒေါ်လာသန်း ( ၁ဝဝ ) နဲ့ SpaceX ကုမ္ပဏီကို ( ၂ဝဝ၂ ) ခုနှစ်မှာ စတင်ခဲ့တယ်။
ကုမ္ပဏီရဲ့ ပထမဦးဆုံးမိတ်ဆက်နိုင်ခဲ့တဲ့ အာကာသယာဉ်တွေက Falcon 1 နဲ့ Falcon 9 တို့
ဖြစ်ပါတယ်။ ( ၇ ) နှစ်ကြာတဲ့အခါ SpaceX ဟာ Falcon 1 ကို ကမ္ဘာပတ်လမ်းကြောင်းထဲလွှတ်တင်နိုင်တဲ့
အရည်စွမ်းအင်သုံး ပထမဦးဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်လာတယ်။ နောက်ထပ်တီထွင်ဆန်းသစ်မှုတွေလုပ်ပြီးတဲ့အခါ
( ၂ဝ၁၂ ) ခုနှစ် မေလ ( ၂၅ ) ရက်နေ့မှာ စွယ်စုံသုံး Dragon အာကာသယာဉ်ကိုလွှတ်တင်ပြီး
ပထမဦးဆုံးပုဂ္ဂလိကပိုင်အနေနဲ့ အပြည်ပြည်ဆိုင်ရာအာကာသယာဉ်စခန်းကို ချိတ်ဆက်ပြနိုင်ခဲ့တယ်။
.
.
(
၂ဝဝ၆ ) ခုနှစ်တုန်းကရခဲ့တဲ့ နာဆာ ရဲ့ ကန်ထရိုက်အရ ဒေါ်လာသန်း ( ၁၆ဝဝ ) နဲ့ အနားယူတော့မယ့်
အမေရိကန်အာကာသအခြေစိုက်စခန်း - US Space Shuttle ကို အစားထိုးခဲ့တယ်။ ဒီလိုနဲ့
SpaceX ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးပုဂ္ဂလိကဒုံးပျံထုတ်လုပ်သူဖြစ်လာသလို ဒုံးပျံမှာသုံးတဲ့အရည်အသွေးပြည့်မော်တာထုတ်လုပ်ခြင်းကိုပါ
ပိုင်ဆိုင်လာတယ်။
.
SpaceX
ဟာ ( ၂ ) နှစ်အတွင်း တည့်မတ်စွာထပျံနိုင်တဲ့မော်တာ - Merlin 1D အလုံး ( ၁ဝဝ ) ကျော်ကို
ထုတ်လုပ်လာနိုင်တယ်။ Merlin 1D မော်တာတစ်လုံးဟာ ဒေါင်လိုက်အနေအထားကနေ အိမ်စီးကား အစင်း
( ၄ဝ ) ကို မြေပြင်ကနေ အသာလေးမတက်နိုင်တဲ့စွမ်းရည်ရှိတယ်။ ဒါကြောင့် Merlin 1D မော်တာ
( ၉ ) လုံးထည့်သွင်းတည်ဆောက်ထားတဲ့ Falcon 9 ဒုံးပျံရဲ့စွမ်းပကားကို အလွယ်တကူမှန်းဆကြည့်နိုင်ပါတယ်။
.
.
ဒီနေရာမှာတော့
အီလွန်မာတ်စ် ရဲ့ “ သူဘာကြောင့် အာကာသလူနေစခန်းတည်ဆောက်ချင်တာလဲ ” ဆိုတာကို အင်္ဂလိပ်ဘာသာနဲ့ဖော်ပြလိုက်ချင်ပါတယ်။
တစ်ချို့စကားတွေက ဘာသာပြန်တာထက် မူရင်းစကားတွေက အရာရာကို ပြည့်စုံစွာပြောသွားနိုင်လို့ပါ။
“An asteroid or a super volcano
could destroy us, and we face risks the dinosaurs never saw: an engineered
virus, inadvertent creation of a micro black hole, catastrophic global warming
or some as-yet-unknown technology could spell the end of us. Humankind evolved
over millions of years, but in the last sixty years atomic weaponry created the
potential to extinguish ourselves. Sooner or later, we must expand life beyond
this green and blue ball—or go extinct”
.
အီလွန်မာတ်စ်
က လူသားတွေအာကာသထဲသွားရောက်ဖို့စားရိတ်ကို ( ၁ဝ ပုံ ၁ ပုံ ) လျှော့ချချင်တာပါ။ ( ၂ဝ၁၁
) က အင်တာဗျူးတစ်ခုမှာ “ လာမယ့် ( ၁ဝ ) နှစ် နဲ့ အနှစ် ( ၂ဝ ) ကြားမှာ လူသားတွေကို
အင်္ဂါဂြိုလ်ပေါ်အရောက် ပို့ချင်တယ်။ သက္ကရာဇ် ( ၂ဝ၄ဝ ) ရောက်တဲ့အခါ လူ ( ၈ဝဝဝဝ ) ကို
ပို့ပြီးသားဖြစ်နေချင်တယ် ” လို့ ပြောသွားပါတယ်။
.
အပိုင်း
( ၃ ) ဆက်ပါမည်။
.
ခင်လျက်
.
12-10-2015
.
Ref:
Wiki, Business Insider
.
.
“ မရပ္မနား လ်ွပ္စစ္အားနဲ႕သြားမယ္႕ အီလြန္မတ္စ္ - Elon Musk ” အပိုင္း ( ၂ ) ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၂၃ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂ဝ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ http://www.mediafire.com/download/ga9ed86vedoy4z9/NetGuide+Vol.4%2C+No.20.pdf.
“ မရပ္မနား လ်ွပ္စစ္အားနဲ႕သြားမယ္႕
အီလြန္မတ္စ္ - Elon Musk ” အျပီးသတ္ အပိုင္း ( ၃ ) ”
ေဆာင္းပါးရွင္
- ကိုညီညီ ( ေတာင္ၾကီး )
.
မာတင္အယ္ဘာဟာ႕ဒ္
- Martin Eberhard နဲ႕ မာ႕တာပင္းနင္း - Marc Tarpenning တုိ႕ ( ၂ဝဝ၃ ) ခုႏွစ္မွာ စေထာင္ခဲ႕တဲ႕
Series A ကားကုမၸဏီကုိ အီလြန္မတ္စ္ စတင္ပတ္သက္ခဲ႕တာက ( ၂ဝဝ၄ ) ခုႏွစ္ ဒါရုိက္တာဘုတ္အဖြဲ႕ဝင္ဥကၠ႒အေနနဲ႕ျဖစ္ပါတယ္။ ဒါေပမယ္႕ ေန႕တုိင္း ရံုးတက္၊ ရံုးဆင္း၊ ညႊန္ၾကားခ်က္ေတြေပးတဲ႕အဆင္႕နဲ႕ေတာ႕မဟုတ္ပါဘူး။
( ၂ဝဝ၈ ) ခုႏွစ္ အေမရိကန္ဘ႑ာေရးအၾကပ္အတည္းျဖစ္တဲ႕အခါ အခုလက္ရွိ တက္စလာေမာ္တာ - Tesla Motors ကုမၸဏီမွာယူထားတဲ႕ အမႈေဆာင္အရာရွိခ်ဳပ္
- CEO ရာထူးကုိလက္ခံျပီး တစ္ဖက္မွာေတာ႕ ကုန္ပစၥည္းဗိသုကာ - Product Architect ပညာရွင္အေနနဲ႕ပါ
Tesla ကုိ ကိုင္တြယ္ခဲ႕တယ္။
.
အီလြန္မတ္စ္
ဟာ ( ၃၁ ) ႏုိင္ငံမွာ အစင္းေရ ( ၂၅ဝဝ ) ေရာင္းရတဲ႕ Tesla Roadster ကား နဲ႕ Tesla ကုမၸဏီရဲ႕အဖြင္႕ပိတ္ကားကုိ
လွစ္ျပခဲ႕တယ္။ ( ၂ဝ၁၂ ) ခုႏွစ္မွာ Model S ထုတ္ႏုိင္ခဲ႕ျပီး ေနာက္ပိုင္းမွာ အိမ္စီးကား
SUV နဲ႕ ေပါင္မုန္႕ဗင္ကားကို ( ၂ဝ၁၅ ) ခုႏွစ္အထိ ဆိုင္းေရႊ႕ထုတ္လုပ္ခဲ႕ျပန္တယ္။ ဒိုင္မလာ
- Daimler ကုမၸဏီကုိ Smart EV ၊ Mercedes B-Class Electric Drive နဲ႕ Mercedes A Class ေတြစတဲ႕ သူ႕ရဲ႕လွ်ပ္စစ္ဓါတ္အားသံုးကားေမာ္တာေတြ
ေရာင္းခ်ခဲ႕သလုိ ဂ်ပန္တိုယိုတာကားကုမၸဏီ ရဲ႕ RAV4 EV လ်ွပ္စစ္ကားမွာသံုးတဲ႕ေမာ္တာကိုလည္း
Tesla Motors ကေနဝယ္သံုးေအာင္ အီလြန္မတ္စ္ လုပ္ေဆာင္ႏုိင္ခဲ႕တယ္။ ဒါ႕အျပင္အထူးျခားဆံုးကေတာ႕
ကားကုမၸဏီ ( ၂ ) ခုစလံုးကို Tesla Motors မွာ ႏွစ္ရွည္ရင္းႏွီးျမွဳပ္ႏွံသူမ်ားအျဖစ္
စည္းရံုးပါဝင္ေစခဲ႕တာျဖစ္ပါတယ္။
.
.
အီလြန္မတ္စ္
ဟာ ေဒၚလာ ( ၃ဝဝဝဝ ) ေလာက္တန္ေၾကးရွိတဲ႕ လွ်ပ္စစ္ကားေမာ္တာေတြကုိထုတ္ျပီး ကာဗြန္ထုတ္လႊတ္မႈေလွ်ာ႕ခ်ဖို႕ဖိအားေပးခံေနရတဲ႕
ကားကုမၸဏီေတြကို လွည္႔ပတ္ေရာင္းခ်ဖို႕ စိတ္ကူးရခဲ႕တယ္။ ဒီလုိ နည္းပညာအျမင္႕စားသံုး
ပင္မစြမ္းအင္ေမာ္တာ - Advanced Vehicle Powertrain ေတြထုတ္လာႏိုင္တဲ႕ အီလြန္မတ္စ္ ကို
ကနဦးကားဖခင္ၾကီး ဟင္နရီဖို႕ဒ္ နဲ႕ တင္စားျခင္းခံရတဲ႕အထိ ဂုဏ္သတင္းေမႊးလာခဲ႕တယ္။
.
အခုလို
လွ်ပ္စစ္ကားေတြတရစပ္ထုတ္ႏုိင္ဖို႕ဆိုရင္ အျမန္ဓါတ္အားသြင္းစင္ - Supercharger
Station ေတြ မ်ားမ်ားတည္ေဆာက္ဖို႕လိုတယ္လုိ႕ ( ၂ဝ၁၃ ) ခုႏွစ္ အင္တာဗ်ဴးမွာ အီလြန္မတ္စ္
က ေျပာခဲ႕တယ္။ အခုအခါမွာ အီလြန္မတ္စ္ ဟာ Tesla Motors ရွယ္ယာရဲ႕ ( ၃၂% ) ကုိ ပိုင္ဆိုင္ထားတယ္။
ဒါကို ( ၂ဝ၁၃ ) စာရင္းအရ ေငြပမာဏဖြဲ႕ၾကည္႕လုိက္ရင္ ေဒၚလာသန္းေပါင္း ( ၁၈ဝဝဝ ) ရွိပါတယ္။
.
အရင္
( ၂ဝ၁၂ ) ခုႏွစ္တုန္းက လုပ္ခလစာ ေဒၚလာ ( ၇၈.၂ ) သန္း ယူခဲ႕လုိ႕ ကမၻာမွာေစ်းအၾကီးဆံုးစီအီးအိုစာရင္းထဲ
ဝင္ခဲ႕ေသးတယ္။ ေနာက္ပိုင္း ( ၂ဝ၁၄ ) ခုႏွစ္မွာ ပန္းသီးဖခင္ၾကီး စတိဗ္ေဂ်ာ႕ နဲ႕ တစ္ျခားနာမည္ၾကီးမ်ားနည္းတူ
လခကုိ ( ၁ ) ေဒၚလာသာယူခဲ႕တဲ႕အတြက္ အီလြန္မတ္စ္ ရဲ႕ပိုင္ဆိုင္မႈကို သူ႕ရဲ႕စေတာ႕အသြားအလာ
နဲ႕ ဆုေၾကးေငြေတြကေနသာ တြက္ခ်က္ႏုိင္ေတာ႕မွာျဖစ္ပါတယ္။
.
.
Tesla
Motors ရဲ႕ လွ်ပ္စစ္နည္းပညာေတြကို ေကာင္းမြန္စြာထုတ္လုပ္မယ္႕ မည္သည္႕ကားကုမၸဏီကုိမဆို
သူ႕ရဲ႕မူပိုင္ခြင္႕သံုစြဲခြင္႕ျပဳမယ္ လုိ႕ အီလြန္မာတ္စ္ က ( ၂ဝ၁၄ ) ခုႏွစ္မွာ ေၾကျငာခဲ႕တယ္။
အေၾကာင္းကေတာ႕ လွ်ပ္စစ္ကားထုတ္လုပ္မႈဟာ ကာဗြန္ေလာင္ကြ်မ္းမႈ ( ၁% ) ထက္နည္းတဲ႕ မီးခုိးတိတ္ေမာ္ေတာ္ယာဥ္လုပ္ငန္းျဖစ္လို႕ပါပဲ။
သူေျပာခဲ႕တဲ႕နည္းပညာအျမင္႕စားအသံုးအႏႈန္းမ်ားကို မူရင္းအဂၤလိပ္ဘာသာနဲ႕ ဖတ္ၾကည္႕ႏုိင္ပါတယ္။
.
“The unfortunate reality is electric car
programs (or programs for any vehicle that doesn't burn hydrocarbons) at the
major manufacturers are small to non-existent, constituting an average of far
less than 1% of their total vehicle sales"
.
.
ဆိုလာစီးတီး - SolarCity ကုိ မူလယူဆခ်က္အၾကံဥာဏ္ေတြအေကာင္အထည္ေပၚဖို႕
လင္ဒန္ - Lyndon နဲ႕ ပီတာရုိက္ဗ္ - Peter Rive တုိ႕ တစ္ဝမ္းကြဲေတြနဲ႕အတူ ( ၂ဝဝ၆ ) ခုႏွစ္မွာ
တည္ေထာင္ခဲ႕တယ္။ SolarCity
ရဲ႕ ရွယ္ယာအမ်ားစုကုိ အီလြန္မတ္စ္
က ထိန္းထားျပီး အေမရိကန္မွာ ဒုတိယအၾကီးမားဆံုးေနေရာင္ျခည္သံုးစြမ္းအင္ကုမၸဏီအျဖစ္ ရပ္တည္ေနပါတယ္။
.
SoalrCity
နဲ႕ Tesla Motors တုိ႕ရဲ႕အဓိကေစ႕ေဆာ္တဲ႕အရင္းခံအေၾကာင္းတရားကေတာ႕ ကမၻာၾကီးပူေႏြးလာမႈေလွ်ာ႕ခ်ေရး
ျဖစ္ပါတယ္။ ဒါေၾကာင္႕ ( ၂ဝ၁၂ ) တုန္းကေျပာခဲ႕တဲ႕ အီလြန္မတ္စ္ ရဲ႕ စကားနဲ႕အညီ လ်ွပ္စစ္ေခါင္မုိး
နဲ႕ လွ်ပ္စစ္ဓါတ္အားသံုးေမာင္းႏွင္ေရးယာဥ္တို႕ကို ( ၂ဝ၁၃ ) မွာ အထေျမာက္ခဲ႕တယ္။
.
(
၂ဝ၁၄ ) ခုႏွစ္ ဇြန္လမွာ နယူးေယာက္ျပည္နယ္ ဘပ္ဖလုိျမိဳ႕မွာ SolarCity စက္ရံုတည္ခဲ႕တယ္။
သူ႕စက္ရံုက အေမရိကန္မွာရွိျပီးသား ဆိုလာျပားစက္ရံုထက္ ( ၃ ) ဆၾကီးပါတယ္။ ဒီစက္ရံုဟာ
တစ္ခုတည္းနဲ႕ရပ္တည္ႏုိင္တဲ႕ ကမၻာေပၚမွာအၾကီးဆံုး ဆိုလာျပားစက္ရံုျဖစ္ရမယ္ လို႕ အီလြန္မတ္စ္
ရည္မွန္းထားတယ္။ ေနာင္ႏွစ္ေတြမွာ သူ႕ထက္္ၾကီးတဲ႕စက္ရံုေတြ အလ်ိဳလ်ိဳေပၚလာဖို႕ ေမွ်ာ္လင္႕ထားတဲ႕အေၾကာင္းလည္း
ထပ္ေျပာပါတယ္။
.
.
(
၂ဝ၁၃ ) ခုႏွစ္မွာ ေလာ႕စ္အိန္းဂ်လိစ္ျမိဳ႕ နဲ႕ ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသကို အခ်ိန္တုိအတြင္းသြားႏုိင္မယ္႕
ရထားလမ္းဆန္ဆန္က်ည္ဆံလမ္း - Hyperloop ကို အဆိုျပဳတင္သြင္းခဲ႕တယ္။ Tesla Motors နဲ႕
SpaceX ေတြမွာ ( ၉ ) လခန္႕တာဝန္ထမ္းေဆာင္္ေနခဲ႕တဲ႕ ဒါဇင္နဲ႕ခ်ီတဲ႕ အင္ဂ်င္နီယာေတြကို
Hyperloop အတြက္ အေျခခံေတြးေခၚမႈေတြနဲ႕ ေဖာင္ေဒးရွင္းခ်ျပီး ဒီဇိုင္းဆြဲခိုင္းခဲ႕တယ္။
.
မိုင္
( ၃၅ဝ ) ခရီးကို အထူးစီမံထားတဲ႕ပိုက္လံုးထဲကစီးနင္းလိုက္ပါသြားရင္ ( ၃၅ ) မိနစ္နဲ႕ေရာက္ႏုိင္မယ္႕
က်ည္ဆံရထားစီမံကိန္းအရ ေလယာဥ္ထက္ေတာင္ ျမန္ဦးမွာပါ။ သူအဆိုတင္တဲ႕အတိုင္း အေကာင္အထည္ေပၚခဲ႕ရင္
စတင္ရင္းႏွီးျမႈပ္ႏွံမႈၾကီးေပေသာ္ျငားလည္း စီးနင္းသူအမ်ားျပည္သူအတြက္ လိုရာခရီးကုိသြားရတာ
ေစ်းအလြန္သက္သာလာမွာ ျဖစ္ပါတယ္။
.
ေရပိုက္ေခါင္းထဲကို
တစ္ဖက္ကေနေလစုတ္ထုတ္လိုက္တဲ႕အခါ ပြတ္အားမဲ႕တြန္းအားကုိယူျပီး တစ္ဖက္ကေန ေနာက္တစ္ဖက္ကို
အျမန္ေရာက္ေစတဲ႕နည္းဟာ စြမ္းအင္စားသံုးမႈလည္း နည္းပါးပါတယ္။ Hyperloop ဟာ ဒီယူဆခ်က္ေပၚမွာ
အေျခခံထားတာျဖစ္ပါတယ္။ အီလြန္မတ္စ္ ရဲ႕ တြက္ခ်က္မႈအရ အစီအစဥ္တစ္ခုလံုးအတြက္ ေဒၚလာ
( ၆ ) ဘီလ်ံ ကုန္က်ပါမယ္။ ေက်ာင္းသားေတြ နဲ႕ ကုမၸဏီေတြ စီမံကိန္းအတြက္ဆက္လက္လုပ္ေဆာင္ႏုိင္ဖို႕
( ၅ ) မုိင္ရွည္တဲ႕ Hyperloop ေျပးလမ္းတစ္ခုကို တကၠဆက္ျပည္နယ္မွာ တည္ေဆာက္မယ္လို႕ အီလြန္မတ္စ္
က ( ၂ဝ၁၅ ) ခုႏွစ္ ဇန္နဝါရီလမွာ ေၾကျငာခဲ႕တယ္။
.
.
အီလြန္မတ္စ္
ဟာ ကမၻာၾကီးပူေႏြးမႈေလ်ာ႕ခ်ဖို႕ အေမရိကန္အစိုးရကို တိုက္တြန္းခဲ႕တယ္။ ဒါ႕အျပင္ ကာဗြန္အခြန္ေကာက္ခံဖို႕ကိုလည္း
တြန္းအားေပးေနတယ္။ ဒါေတြအားလံုးဟာ အစုိးရရဲ႕ပြင္႕လင္းတဲ႕ေစ်းကြက္စီးပြားေရးအရ အေကာင္အထည္ေဖာ္ဖို႕ခက္ခဲတယ္ဆုိတာလည္း
သူသိပါတယ္။ ဒါေၾကာင္႕ အစိုးရရဲ႕ ပူးေပါင္းေဆာင္ရြက္မႈမရွိပဲနဲ႕ ဒါေတြက မေအာင္ျမင္ႏုိင္ဘူးဆိုတာ
သူအျမဲေျပာတယ္။
.
ဒါ႕အျပင္
စက္ရံုေတြက စြန္႕႔ပစ္တဲ႕ ဆိုးျပစ္ျဖစ္ကာဗြန္ေတြဟာ ကမၻာၾကီးကိုအသက္တုိေစလိမ္႕မယ္ဆ္ိုတာ
အားအားရွိ သူထုတ္ေဖာ္ေျပာဆုိေနတဲ႕အထဲမွာ တစ္ခုအပါအဝင္ပါ။ ဒါေၾကာင္႕ သူ႕ရဲ႕ ပတ္ဝန္းက်င္အက်ိဳးျပဳ
ကာဗြန္ကင္းမဲ႕ထုတ္ကုန္စက္ရံုေတြျဖစ္တဲ႕ Tesla Motors နဲ႕ SolarCity တုိ႕အေပၚမွာ အစုိးရရဲ႕အေထာက္အပံ႕အမ်ားၾကီးလိုအပ္တဲ႕အေၾကာင္း
ထင္ျမင္ခ်က္ေပးတယ္။
.
.
ဒါေၾကာင္႕
.. လွ်ပ္စစ္နဲ႕ေမာင္းတဲ႕ကားတစ္ေခတ္ဆုိတာလည္း မျဖစ္မေနျဖစ္လာရမယ္။
ဒါေၾကာင္႕
.. ေနေရာင္ျခည္သံုး အလင္း နဲ႕ လွ်ပ္စစ္ဓါတ္ရမယ္႕ေခါင္မိုးေအာက္မွာ စြမ္းအင္ကိုေခြ်တာသံုးစြဲႏုိင္ရမယ္။
ဒါေၾကာင္႕
.. ကမၻာမျပိဳ ျပိဳခဲ႕သည္ရွိေသာ္ အဂၤါျဂိဳဟ္အထိတက္လွမ္းႏုိင္ရမယ္ဆိုတဲ႕ အာဂစြန္႕ဦးလုပ္ငန္းတီထြင္သူ
အီလြန္မတ္စ္ကိုအေၾကာင္းျပဳျပီး နည္းပညာတတ္ကြ်မ္းတဲ႕ ျမန္မာ႕စြန္႕ဦးလူငယ္မ်ားအတြက္
စံနမူနာျပဳ အတုယူ ၾကိဳးစားလမ္းစရွာႏုိင္ရန္ ရွာေဖြတင္ျပေရးသားလိုက္ရပါတယ္။
.
ခင္လ်က္
.
12-12-2015
.
Ref:
Wiki, Business Insider
.
.
.
Myanmar
Unicode Version:
.
.
“
မရပ်မနား လျှပ်စစ်အားနဲ့သွားမယ့် အီလွန်မတ်စ် - Elon Musk ” အပြီးသတ် အပိုင်း ( ၃
) ”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
မာတင်အယ်ဘာဟာ့ဒ်
- Martin Eberhard နဲ့ မာ့တာပင်းနင်း - Marc Tarpenning တို့ ( ၂ဝဝ၃ ) ခုနှစ်မှာ စထောင်ခဲ့တဲ့
Series A ကားကုမ္ပဏီကို အီလွန်မတ်စ် စတင်ပတ်သက်ခဲ့တာက ( ၂ဝဝ၄ ) ခုနှစ် ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဥက္ကဋ္ဌအနေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် နေ့တိုင်း ရုံးတက်၊ ရုံးဆင်း၊ ညွှန်ကြားချက်တွေပေးတဲ့အဆင့်နဲ့တော့မဟုတ်ပါဘူး။
( ၂ဝဝ၈ ) ခုနှစ် အမေရိကန်ဘဏ္ဍာရေးအကြပ်အတည်းဖြစ်တဲ့အခါ အခုလက်ရှိ တက်စလာမော်တာ - Tesla Motors ကုမ္ပဏီမှာယူထားတဲ့ အမှုဆောင်အရာရှိချုပ်
- CEO ရာထူးကိုလက်ခံပြီး တစ်ဖက်မှာတော့ ကုန်ပစ္စည်းဗိသုကာ - Product Architect ပညာရှင်အနေနဲ့ပါ
Tesla ကို ကိုင်တွယ်ခဲ့တယ်။
.
အီလွန်မတ်စ်
ဟာ ( ၃၁ ) နိုင်ငံမှာ အစင်းရေ ( ၂၅ဝဝ ) ရောင်းရတဲ့ Tesla Roadster ကား နဲ့ Tesla ကုမ္ပဏီရဲ့အဖွင့်ပိတ်ကားကို
လှစ်ပြခဲ့တယ်။ ( ၂ဝ၁၂ ) ခုနှစ်မှာ Model S ထုတ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ အိမ်စီးကား
SUV နဲ့ ပေါင်မုန့်ဗင်ကားကို ( ၂ဝ၁၅ ) ခုနှစ်အထိ ဆိုင်းရွှေ့ထုတ်လုပ်ခဲ့ပြန်တယ်။ ဒိုင်မလာ
- Daimler ကုမ္ပဏီကို Smart EV ၊ Mercedes B-Class Electric Drive နဲ့ Mercedes A Class တွေစတဲ့ သူ့ရဲ့လျှပ်စစ်ဓါတ်အားသုံးကားမော်တာတွေ
ရောင်းချခဲ့သလို ဂျပန်တိုယိုတာကားကုမ္ပဏီ ရဲ့ RAV4 EV လျှပ်စစ်ကားမှာသုံးတဲ့မော်တာကိုလည်း
Tesla Motors ကနေဝယ်သုံးအောင် အီလွန်မတ်စ် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါ့အပြင်အထူးခြားဆုံးကတော့
ကားကုမ္ပဏီ ( ၂ ) ခုစလုံးကို Tesla Motors မှာ နှစ်ရှည်ရင်းနှီးမြှုပ်နှံသူများအဖြစ်
စည်းရုံးပါဝင်စေခဲ့တာဖြစ်ပါတယ်။
.
.
အီလွန်မတ်စ်
ဟာ ဒေါ်လာ ( ၃ဝဝဝဝ ) လောက်တန်ကြေးရှိတဲ့ လျှပ်စစ်ကားမော်တာတွေကိုထုတ်ပြီး ကာဗွန်ထုတ်လွှတ်မှုလျှော့ချဖို့ဖိအားပေးခံနေရတဲ့
ကားကုမ္ပဏီတွေကို လှည့်ပတ်ရောင်းချဖို့ စိတ်ကူးရခဲ့တယ်။ ဒီလို နည်းပညာအမြင့်စားသုံး
ပင်မစွမ်းအင်မော်တာ - Advanced Vehicle Powertrain တွေထုတ်လာနိုင်တဲ့ အီလွန်မတ်စ် ကို
ကနဦးကားဖခင်ကြီး ဟင်နရီဖို့ဒ် နဲ့ တင်စားခြင်းခံရတဲ့အထိ ဂုဏ်သတင်းမွှေးလာခဲ့တယ်။
.
အခုလို
လျှပ်စစ်ကားတွေတရစပ်ထုတ်နိုင်ဖို့ဆိုရင် အမြန်ဓါတ်အားသွင်းစင် - Supercharger
Station တွေ များများတည်ဆောက်ဖို့လိုတယ်လို့ ( ၂ဝ၁၃ ) ခုနှစ် အင်တာဗျူးမှာ အီလွန်မတ်စ်
က ပြောခဲ့တယ်။ အခုအခါမှာ အီလွန်မတ်စ် ဟာ Tesla Motors ရှယ်ယာရဲ့ ( ၃၂% ) ကို ပိုင်ဆိုင်ထားတယ်။
ဒါကို ( ၂ဝ၁၃ ) စာရင်းအရ ငွေပမာဏဖွဲ့ကြည့်လိုက်ရင် ဒေါ်လာသန်းပေါင်း ( ၁၈ဝဝဝ ) ရှိပါတယ်။
.
အရင်
( ၂ဝ၁၂ ) ခုနှစ်တုန်းက လုပ်ခလစာ ဒေါ်လာ ( ၇၈.၂ ) သန်း ယူခဲ့လို့ ကမ္ဘာမှာဈေးအကြီးဆုံးစီအီးအိုစာရင်းထဲ
ဝင်ခဲ့သေးတယ်။ နောက်ပိုင်း ( ၂ဝ၁၄ ) ခုနှစ်မှာ ပန်းသီးဖခင်ကြီး စတိဗ်ဂျော့ နဲ့ တစ်ခြားနာမည်ကြီးများနည်းတူ
လခကို ( ၁ ) ဒေါ်လာသာယူခဲ့တဲ့အတွက် အီလွန်မတ်စ် ရဲ့ပိုင်ဆိုင်မှုကို သူ့ရဲ့စတော့အသွားအလာ
နဲ့ ဆုကြေးငွေတွေကနေသာ တွက်ချက်နိုင်တော့မှာဖြစ်ပါတယ်။
.
.
Tesla
Motors ရဲ့ လျှပ်စစ်နည်းပညာတွေကို ကောင်းမွန်စွာထုတ်လုပ်မယ့် မည်သည့်ကားကုမ္ပဏီကိုမဆို
သူ့ရဲ့မူပိုင်ခွင့်သုံစွဲခွင့်ပြုမယ် လို့ အီလွန်မာတ်စ် က ( ၂ဝ၁၄ ) ခုနှစ်မှာ ကြေငြာခဲ့တယ်။
အကြောင်းကတော့ လျှပ်စစ်ကားထုတ်လုပ်မှုဟာ ကာဗွန်လောင်ကျွမ်းမှု ( ၁% ) ထက်နည်းတဲ့ မီးခိုးတိတ်မော်တော်ယာဉ်လုပ်ငန်းဖြစ်လို့ပါပဲ။
သူပြောခဲ့တဲ့နည်းပညာအမြင့်စားအသုံးအနှုန်းများကို မူရင်းအင်္ဂလိပ်ဘာသာနဲ့ ဖတ်ကြည့်နိုင်ပါတယ်။
.
“The unfortunate reality is
electric car programs (or programs for any vehicle that doesn't burn
hydrocarbons) at the major manufacturers are small to non-existent,
constituting an average of far less than 1% of their total vehicle sales"
.
.
ဆိုလာစီးတီး
- SolarCity ကို မူလယူဆချက်အကြံဥာဏ်တွေအကောင်အထည်ပေါ်ဖို့ လင်ဒန် - Lyndon နဲ့ ပီတာရိုက်ဗ်
- Peter Rive တို့ တစ်ဝမ်းကွဲတွေနဲ့အတူ ( ၂ဝဝ၆ ) ခုနှစ်မှာ တည်ထောင်ခဲ့တယ်။
SolarCity ရဲ့ ရှယ်ယာအများစုကို အီလွန်မတ်စ် က ထိန်းထားပြီး အမေရိကန်မှာ ဒုတိယအကြီးမားဆုံးနေရောင်ခြည်သုံးစွမ်းအင်ကုမ္ပဏီအဖြစ်
ရပ်တည်နေပါတယ်။
.
SoalrCity
နဲ့ Tesla Motors တို့ရဲ့အဓိကစေ့ဆော်တဲ့အရင်းခံအကြောင်းတရားကတော့ ကမ္ဘာကြီးပူနွေးလာမှုလျှော့ချရေး
ဖြစ်ပါတယ်။ ဒါကြောင့် ( ၂ဝ၁၂ ) တုန်းကပြောခဲ့တဲ့ အီလွန်မတ်စ် ရဲ့ စကားနဲ့အညီ လျှပ်စစ်ခေါင်မိုး
နဲ့ လျှပ်စစ်ဓါတ်အားသုံးမောင်းနှင်ရေးယာဉ်တို့ကို ( ၂ဝ၁၃ ) မှာ အထမြောက်ခဲ့တယ်။
.
(
၂ဝ၁၄ ) ခုနှစ် ဇွန်လမှာ နယူးယောက်ပြည်နယ် ဘပ်ဖလိုမြို့မှာ SolarCity စက်ရုံတည်ခဲ့တယ်။
သူ့စက်ရုံက အမေရိကန်မှာရှိပြီးသား ဆိုလာပြားစက်ရုံထက် ( ၃ ) ဆကြီးပါတယ်။ ဒီစက်ရုံဟာ
တစ်ခုတည်းနဲ့ရပ်တည်နိုင်တဲ့ ကမ္ဘာပေါ်မှာအကြီးဆုံး ဆိုလာပြားစက်ရုံဖြစ်ရမယ် လို့ အီလွန်မတ်စ်
ရည်မှန်းထားတယ်။ နောင်နှစ်တွေမှာ သူ့ထက်ကြီးတဲ့စက်ရုံတွေ အလျိုလျိုပေါ်လာဖို့ မျှော်လင့်ထားတဲ့အကြောင်းလည်း
ထပ်ပြောပါတယ်။
.
.
(
၂ဝ၁၃ ) ခုနှစ်မှာ လော့စ်အိန်းဂျလိစ်မြို့ နဲ့ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသကို အချိန်တိုအတွင်းသွားနိုင်မယ့်
ရထားလမ်းဆန်ဆန်ကျည်ဆံလမ်း - Hyperloop ကို အဆိုပြုတင်သွင်းခဲ့တယ်။ Tesla Motors နဲ့
SpaceX တွေမှာ ( ၉ ) လခန့်တာဝန်ထမ်းဆောင်နေခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေကို
Hyperloop အတွက် အခြေခံတွေးခေါ်မှုတွေနဲ့ ဖောင်ဒေးရှင်းချပြီး ဒီဇိုင်းဆွဲခိုင်းခဲ့တယ်။
.
မိုင်
( ၃၅ဝ ) ခရီးကို အထူးစီမံထားတဲ့ပိုက်လုံးထဲကစီးနင်းလိုက်ပါသွားရင် ( ၃၅ ) မိနစ်နဲ့ရောက်နိုင်မယ့်
ကျည်ဆံရထားစီမံကိန်းအရ လေယာဉ်ထက်တောင် မြန်ဦးမှာပါ။ သူအဆိုတင်တဲ့အတိုင်း အကောင်အထည်ပေါ်ခဲ့ရင်
စတင်ရင်းနှီးမြှုပ်နှံမှုကြီးပေသော်ငြားလည်း စီးနင်းသူအများပြည်သူအတွက် လိုရာခရီးကိုသွားရတာ
ဈေးအလွန်သက်သာလာမှာ ဖြစ်ပါတယ်။
.
ရေပိုက်ခေါင်းထဲကို
တစ်ဖက်ကနေလေစုတ်ထုတ်လိုက်တဲ့အခါ ပွတ်အားမဲ့တွန်းအားကိုယူပြီး တစ်ဖက်ကနေ နောက်တစ်ဖက်ကို
အမြန်ရောက်စေတဲ့နည်းဟာ စွမ်းအင်စားသုံးမှုလည်း နည်းပါးပါတယ်။ Hyperloop ဟာ ဒီယူဆချက်ပေါ်မှာ
အခြေခံထားတာဖြစ်ပါတယ်။ အီလွန်မတ်စ် ရဲ့ တွက်ချက်မှုအရ အစီအစဉ်တစ်ခုလုံးအတွက် ဒေါ်လာ
( ၆ ) ဘီလျံ ကုန်ကျပါမယ်။ ကျောင်းသားတွေ နဲ့ ကုမ္ပဏီတွေ စီမံကိန်းအတွက်ဆက်လက်လုပ်ဆောင်နိုင်ဖို့
( ၅ ) မိုင်ရှည်တဲ့ Hyperloop ပြေးလမ်းတစ်ခုကို တက္ကဆက်ပြည်နယ်မှာ တည်ဆောက်မယ်လို့
အီလွန်မတ်စ် က ( ၂ဝ၁၅ ) ခုနှစ် ဇန်နဝါရီလမှာ ကြေငြာခဲ့တယ်။
.
.
အီလွန်မတ်စ်
ဟာ ကမ္ဘာကြီးပူနွေးမှုလျော့ချဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့တယ်။ ဒါ့အပြင် ကာဗွန်အခွန်ကောက်ခံဖို့ကိုလည်း
တွန်းအားပေးနေတယ်။ ဒါတွေအားလုံးဟာ အစိုးရရဲ့ပွင့်လင်းတဲ့ဈေးကွက်စီးပွားရေးအရ အကောင်အထည်ဖော်ဖို့ခက်ခဲတယ်ဆိုတာလည်း
သူသိပါတယ်။ ဒါကြောင့် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိပဲနဲ့ ဒါတွေက မအောင်မြင်နိုင်ဘူးဆိုတာ
သူအမြဲပြောတယ်။
.
ဒါ့အပြင်
စက်ရုံတွေက စွန့်ပစ်တဲ့ ဆိုးပြစ်ဖြစ်ကာဗွန်တွေဟာ ကမ္ဘာကြီးကိုအသက်တိုစေလိမ့်မယ်ဆ်ိုတာ
အားအားရှိ သူထုတ်ဖော်ပြောဆိုနေတဲ့အထဲမှာ တစ်ခုအပါအဝင်ပါ။ ဒါကြောင့် သူ့ရဲ့ ပတ်ဝန်းကျင်အကျိုးပြု
ကာဗွန်ကင်းမဲ့ထုတ်ကုန်စက်ရုံတွေဖြစ်တဲ့ Tesla Motors နဲ့ SolarCity တို့အပေါ်မှာ အစိုးရရဲ့အထောက်အပံ့အများကြီးလိုအပ်တဲ့အကြောင်း
ထင်မြင်ချက်ပေးတယ်။
.
.
ဒါကြောင့်
.. လျှပ်စစ်နဲ့မောင်းတဲ့ကားတစ်ခေတ်ဆိုတာလည်း မဖြစ်မနေဖြစ်လာရမယ်။
ဒါကြောင့်
.. နေရောင်ခြည်သုံး အလင်း နဲ့ လျှပ်စစ်ဓါတ်ရမယ့်ခေါင်မိုးအောက်မှာ စွမ်းအင်ကိုချွေတာသုံးစွဲနိုင်ရမယ်။
ဒါကြောင့်
.. ကမ္ဘာမပြို ပြိုခဲ့သည်ရှိသော် အင်္ဂါဂြိုဟ်အထိတက်လှမ်းနိုင်ရမယ်ဆိုတဲ့ အာဂစွန့်ဦးလုပ်ငန်းတီထွင်သူ
အီလွန်မတ်စ်ကိုအကြောင်းပြုပြီး နည်းပညာတတ်ကျွမ်းတဲ့ မြန်မာ့စွန့်ဦးလူငယ်များအတွက် စံနမူနာပြု
အတုယူ ကြိုးစားလမ်းစရှာနိုင်ရန် ရှာဖွေတင်ပြရေးသားလိုက်ရပါတယ်။
.
ခင်လျက်
.
12-12-2015
.
Ref:
Wiki, Business Insider
.
“ မရပ္မနား လ်ွပ္စစ္အားနဲ႕သြားမယ္႕ အီလြန္မတ္စ္ - Elon Musk ” အပိုင္း ( ၃ ) ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၃ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၁ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/f99393z13zuw6ve/NetGuide_Vol.4%2C_No.21.pdf 









No comments:
Post a Comment