Saturday, October 24, 2015

“ ေနထုိင္စားရိတ္ ( ၉ဝ% ) သက္သာသြားတဲ႕ Google ရဲ႕ေဆာ႕ဝဲလ္အင္ဂ်င္နီယာ "

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသရွိ နာမယ္ၾကီး Google ကုမၸဏီမွာ ေဆာ႕ဝဲလ္အင္ဂ်င္နီယာလုပ္ေနတဲ႕ဝန္ထမ္းတစ္ဦးဟာ သူ႕တက္မယ္႕ေကာလိပ္အေဆာင္အတြက္ အပါ႕မင္႕အခန္းတစ္ခုကို မငွားခဲ႕ပါဘူး။ ( ၁၂၈ ) စတုရန္းေပအက်ယ္ရွိတဲ႕ ေလးေထာင္႕ပံုးကားတစ္စီးသာလွ်င္ သူ႕ရဲ႕နားခိုရာျဖစ္ခဲ႕ပါတယ္။
.
လြန္ခဲ႕တဲ႕ ( ၅ ) လတုန္းက အေမရိကန္ရဲ႕အေနာက္ဘက္ျခမ္းကေန တစ္လမ္းသြားေလယာဥ္လက္မွတ္ကိုဝယ္ျပီး သူ႕မိသားစုနဲ႕မက္ဆာခ်ဴးဆက္ျပည္နယ္ကို အျပီးႏႈတ္ဆက္ခဲ႕တယ္။ ေဒၚလာ ( ၁ဝဝဝဝ ) ေပးျပီးဝယ္လုိက္တဲ႕ အိမ္ယာအသစ္ကေတာ႕ ( ၂ဝဝ၆ ) ခုႏွစ္ေမာ္ဒယ္လ္ ဖို႕ကုမၸဏီထုတ္ ထရပ္ကားတစ္စီးပါပဲ။
.
.
ပတ္ဝန္းက်င္အသစ္ကလူေတြကေျပာၾကတယ္ “ ကြ်န္ေတာ္စိတ္သိပ္မမွန္ဘူး .. တဲ႕။ သူတုိ႕မမွားပါဘူး ” လို႕ သူ႕ရဲ႕လံုျခံဳေရးအရ မ်ိဳးရုိးနာမည္ နဲ႕ သူ႕ဓါတ္ပံုကိုလ်ိဳ႕ဝွက္ထားတဲ႕ ဘရန္ဒန္ - Brandon က Business Insider သတင္းစာၾကီးကုိ ေျပာျပပါတယ္။ သူဟာ လြတ္လပ္စြာေနတတ္သူပါ။
.
“ တစ္ခုခုလုပ္မယ္လို႕ ကြ်န္ေတာ္ေျပာလိုက္တိုင္း ဘယ္လိုအစီအစဥ္ေတြနဲ႕ဇယားကြက္ေတြခ်ထားတယ္ဆုိတာကို ကြ်န္ေတာ္မိသားစုက အျမဲယံုၾကည္ေပးခဲ႕တယ္။ လုပ္ရပ္အရတကယ္ရူးခ်င္ရူးေနလိမ္႕မယ္ .. ေနာက္ဆံုးမွာ ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ထိန္းေက်ာင္းႏုိင္လိမ္႕မယ္လုိ႕ မိသားစုကအျမဲယံုၾကည္ေနပါတယ္ ” ဒါကို ဘရန္ဒန္ေျပာသြားတာပါ။

.
.
ဒါေပမယ္႕ သူငယ္ခ်င္းေတြရဲ႕ေထာက္ခံခ်က္ကေတာ႕ ကမ္းကုန္တယ္ “ ငါတုိ႕ကို ကားေပၚတင္ေပးထားရင္ေတာင္ ေနရဲမွာမဟုတ္ဘူး။ ဒီလိုေနႏုိင္တာ အရမ္းမုိက္တယ္။ ဒီလိုေနႏုိင္တဲ႕စိတ္ဓါတ္နဲ႕လုပ္ရပ္ကိုခ်ီးက်ဴးပါတယ္ ” ဆိုတဲ႕ သူ႕သူငယ္ခ်င္းေတြရဲ႕အားေပးသံက ဘရန္ဒန္အတြက္ အားေဆးတစ္ခြက္မဟုတ္ပါလား..။
.
“ ကုိယ္တိုင္လည္း ဒီလို ပံုးကားေလးတစ္စီးထဲမွာေနႏုိင္တာ အံ႕ၾသတယ္။ လူေတြကို ကြ်န္ေတာ္ဘယ္လိုေတြးထားတယ္ဆိုတာကုိလည္းရွင္းျပလိုက္ေရာ သူတုိ႕က အတုိင္းမသိေထာက္ခံၾကတယ္ ” လုိ႕ ဘရန္ဒန္က ဆက္ေျပာပါတယ္။ တစ္လျပည္႕လို႕စာရင္းခ်ဳပ္လိုက္ေတာ႕ ( ၁၂၁ ) ေဒၚလာဆိုတဲ႕ ကားအာမခံေၾကးသာ ကုန္က်ပါတယ္။ ဒါေၾကာင္႕ ကုန္က်စားရိတ္အားလံုးရဲ႕ ( ၉ဝ% ) သက္သာသြားတာကုို အိမ္ငွားခေဒၚလာေထာင္ခ်ီေပးရတဲ႕သူငယ္ခ်င္းေတြက မနာလိုၾကဘူးေလ။
.
.
အမွန္က Economic Policy Institute ရဲ႕ထုတ္ျပန္ခ်က္အရ ဆန္ဖရန္စစၥကိုပင္လယ္ေအာ္ေဒသမွာ လူတစ္ဦးရပ္တည္ႏုိင္ဖုိ႕ကုန္က်စားရိတ္ဟာ တစ္လမွာ ( ၃၆၃၂ ) ေဒၚလာက်သင္႕ႏုိင္ျပီး တစ္ႏွစ္ဆိုရင္ ေဒၚလာ ( ၄ဝဝဝဝ ) ေက်ာ္ အနည္းဆံုးပါပဲ။ အဓိက အိမ္ငွားခက စားသြားတာျဖစ္ပါတယ္။
.
ျပီးခဲ႕တဲ႕ႏွစ္ ေႏြရာသီက ဘရန္ဒန္ဟာ Google ရံုးအနီးမွာ အမ်ားနဲ႕ေပါင္းစပ္ျပီးငွားေနေသးတယ္။ တစ္ရက္အိပ္ခ ( ၆၅ ) ေဒၚလာ အၾကမ္းဖ်င္းအားျဖင္႕ တစ္လ ေဒၚလာ ( ၂ဝဝဝ ) ေပးရတဲ႕အခါ သူစဥ္းစားမိပံုေလးက “ ညအိပ္ရရံုေလးသာသာအခန္းငယ္ေလးကို မိုးေလာက္ျမင္႕တဲ႕ေငြေတြပံုေပးျပီးေနရတာပါ။ ဒီေလာက္မ်ားတဲ႕ပမာဏကိုအလကားေပးလိုက္ဖို႕ဆိုတာ ေငြစကၠဴကုိမီးရွိဳ႕လုိက္ရသလိုပါပဲ။ အနာဂါတ္ရင္းႏွီးျမဳပ္ႏွံမႈအတြက္ဘာမွမရွိေတာ႕ဘူး။ ဒီေငြေတြကိုရင္းျပီး ကိုယ္႕ဘဝအတြက္ဘာမွမတည္ေဆာက္ႏုိင္ေတာ႕ဘူး။ ဒီအခ်က္က ကြ်န္ေတာ႕ကို ေရွ႕ေနာက္ခ်င္႕ခ်ိန္ဖို႕ အေတာ္ေလးခက္ခဲေစတယ္ ” လို႕ BI သတင္းစာကုိထပ္ေျပာပါတယ္။
.
.
သူ႕ရဲ႕တြက္ပံုခ်က္ပံုကမွန္တယ္လုိ႕ေျပာရမလား .. ဒီေနရာမွာေငြေတြမကုန္လိုက္ေတာ႕ သူ႕ရဲ႕ေကာလိပ္ေက်ာင္းစာသင္ေၾကြး - Student Loan Payment ေတြကို ေပးလာႏုိင္တယ္။ သူ႕အေျပာအရ ေၾကြးက်န္ ( ၂၂၄၃၄ ) ေဒၚလာကို ေနာက္ ( ၆ ) လ ဆိုရင္ အေက်ဆပ္သြားႏုိင္လိမ္႕မယ္လို႕သိရတယ္။
.
သူ႕ကားေပၚမွာ ကုတင္တစ္လံုး၊ အက်ီၤခ်ိတ္စင္တစ္ခု၊ အဝတ္လဲခန္းကားထားတာတစ္ခု ဒါပဲပါတယ္။ လ်ွပ္စစ္ဓါတ္သံုးဖို႕အတြက္ အားျပန္သြင္းရတဲ႕မီးအိမ္ေလးကိုသံုးတယ္။ အစားအေသာက္ကို Google Campus မွာ ေကြ်းတာကိုစားတယ္။ ေရကို အဲဒီမွာပဲခ်ိဳးတယ္။ လက္ေတာ႕ကို ကုမၸဏီမွာအားသြင္းတယ္။ လက္ကိုင္ဖုန္းကို Google က အလကားေပးတာသံုးတယ္။ ပံုးကားကိုလည္း Google ရဲ႕ဝန္းထဲက ပါကင္္မွာပဲရပ္တယ္။  
.
“ အခုေနလာတာ ( ၅ ) လရွိျပီ။ ဘယ္အေၾကာင္းေၾကာင္႕မွ ဒီျခိဳးျခံေခြ်တာေရးစီမံကိန္းကုိ ရပ္တန္႕သြားမွာမဟုတ္ပါဘူး ” လို႕ေျပာသြားသူကေတာ႕ အသက္ ( ၂၃ ) ႏွစ္သာရွိေသးတဲ႕ Google က ေဆာ႕ဝဲလ္အင္ဂ်င္နီယာေပါက္စေလး ဘရန္ဒန္ပဲျဖစ္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-24-2015
.
Ref: Business Insider
.
.
.
Myanmar Unicode Version:
.
.
“ နေထိုင်စားရိတ် ( ၉ဝ% ) သက်သာသွားတဲ့ Google ရဲ့ဆော့ဝဲလ်အင်ဂျင်နီယာ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသရှိ နာမယ်ကြီး Google ကုမ္ပဏီမှာ ဆော့ဝဲလ်အင်ဂျင်နီယာလုပ်နေတဲ့ဝန်ထမ်းတစ်ဦးဟာ သူ့တက်မယ့်ကောလိပ်အဆောင်အတွက် အပါ့မင့်အခန်းတစ်ခုကို မငှားခဲ့ပါဘူး။ ( ၁၂၈ ) စတုရန်းပေအကျယ်ရှိတဲ့ လေးထောင့်ပုံးကားတစ်စီးသာလျှင် သူ့ရဲ့နားခိုရာဖြစ်ခဲ့ပါတယ်။
.
လွန်ခဲ့တဲ့ ( ၅ ) လတုန်းက အမေရိကန်ရဲ့အနောက်ဘက်ခြမ်းကနေ တစ်လမ်းသွားလေယာဉ်လက်မှတ်ကိုဝယ်ပြီး သူ့မိသားစုနဲ့မက်ဆာချူးဆက်ပြည်နယ်ကို အပြီးနှုတ်ဆက်ခဲ့တယ်။ ဒေါ်လာ ( ၁ဝဝဝဝ ) ပေးပြီးဝယ်လိုက်တဲ့ အိမ်ယာအသစ်ကတော့ ( ၂ဝဝ၆ ) ခုနှစ်မော်ဒယ်လ် ဖို့ကုမ္ပဏီထုတ် ထရပ်ကားတစ်စီးပါပဲ။
.
.
ပတ်ဝန်းကျင်အသစ်ကလူတွေကပြောကြတယ် “ ကျွန်တော်စိတ်သိပ်မမှန်ဘူး .. တဲ့။ သူတို့မမှားပါဘူး ” လို့ သူ့ရဲ့လုံခြုံရေးအရ မျိုးရိုးနာမည် နဲ့ သူ့ဓါတ်ပုံကိုလျို့ဝှက်ထားတဲ့ ဘရန်ဒန် - Brandon က Business Insider သတင်းစာကြီးကို ပြောပြပါတယ်။ သူဟာ လွတ်လပ်စွာနေတတ်သူပါ။
.
တစ်ခုခုလုပ်မယ်လို့ ကျွန်တော်ပြောလိုက်တိုင်း ဘယ်လိုအစီအစဉ်တွေနဲ့ဇယားကွက်တွေချထားတယ်ဆိုတာကို ကျွန်တော်မိသားစုက အမြဲယုံကြည်ပေးခဲ့တယ်။ လုပ်ရပ်အရတကယ်ရူးချင်ရူးနေလိမ့်မယ် .. နောက်ဆုံးမှာ ကျွန်တော့ကိုယ်ကျွန်တော်ထိန်းကျောင်းနိုင်လိမ့်မယ်လို့ မိသားစုကအမြဲယုံကြည်နေပါတယ် ” ဒါကို ဘရန်ဒန်ပြောသွားတာပါ။
.
.
ဒါပေမယ့် သူငယ်ချင်းတွေရဲ့ထောက်ခံချက်ကတော့ ကမ်းကုန်တယ် “ ငါတို့ကို ကားပေါ်တင်ပေးထားရင်တောင် နေရဲမှာမဟုတ်ဘူး။ ဒီလိုနေနိုင်တာ အရမ်းမိုက်တယ်။ ဒီလိုနေနိုင်တဲ့စိတ်ဓါတ်နဲ့လုပ်ရပ်ကိုချီးကျူးပါတယ် ” ဆိုတဲ့ သူ့သူငယ်ချင်းတွေရဲ့အားပေးသံက ဘရန်ဒန်အတွက် အားဆေးတစ်ခွက်မဟုတ်ပါလား..။
.
ကိုယ်တိုင်လည်း ဒီလို ပုံးကားလေးတစ်စီးထဲမှာနေနိုင်တာ အံ့ဩတယ်။ လူတွေကို ကျွန်တော်ဘယ်လိုတွေးထားတယ်ဆိုတာကိုလည်းရှင်းပြလိုက်ရော သူတို့က အတိုင်းမသိထောက်ခံကြတယ် ” လို့ ဘရန်ဒန်က ဆက်ပြောပါတယ်။ တစ်လပြည့်လို့စာရင်းချုပ်လိုက်တော့ ( ၁၂၁ ) ဒေါ်လာဆိုတဲ့ ကားအာမခံကြေးသာ ကုန်ကျပါတယ်။ ဒါကြောင့် ကုန်ကျစားရိတ်အားလုံးရဲ့ ( ၉ဝ% ) သက်သာသွားတာကို အိမ်ငှားခဒေါ်လာထောင်ချီပေးရတဲ့သူငယ်ချင်းတွေက မနာလိုကြဘူးလေ။
.
.
အမှန်က Economic Policy Institute ရဲ့ထုတ်ပြန်ချက်အရ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ လူတစ်ဦးရပ်တည်နိုင်ဖို့ကုန်ကျစားရိတ်ဟာ တစ်လဟာ ( ၃၆၃၂ ) ဒေါ်လာကျသင့်နိုင်ပြီး တစ်နှစ်ဆိုရင် ဒေါ်လာ ( ၄ဝဝဝဝ ) ကျော် အနည်းဆုံးပါပဲ။ အဓိက အိမ်ငှားခက စားသွားတာဖြစ်ပါတယ်။
.
ပြီးခဲ့တဲ့နှစ်နွေရာသီက ဘရန်ဒန်ဟာ Google ရုံးအနီးမှာ အများနဲ့ပေါင်းစပ်ပြီးငှားနေသေးတယ်။ တစ်ရက်အိပ်ခ ( ၆၅ ) ဒေါ်လာ အကြမ်းဖျင်းအားဖြင့် တစ်လ ဒေါ်လာ ( ၂ဝဝဝ ) ပေးရတဲ့အခါ သူစဉ်းစားမိပုံလေးက “ ညအိပ်ရုံလေးသာသာအခန်းငယ်လေးကို မိုးလောက်မြင့်တဲ့ငွေတွေပုံပေးပြီးနေရတာပါ။ ဒီလောက်များတဲ့ပမာဏကိုအလကားပေးလိုက်ဖို့ဆိုတာ ငွေစက္ကူကိုမီးရှို့လိုက်ရသလိုပါပဲ။ အနာဂါတ်ရင်းနှီးမြုပ်နှံမှုအတွက်ဘာမှမရှိတော့ဘူး။ ဒီငွေတွေကိုရင်းပြီး ကိုယ့်ဘဝအတွက်ဘာမှမတည်ဆောက်နိုင်တော့ဘူး။ ဒီအချက်က ကျွန်တော့ကို ရှေ့နောက်ချင့်ချိန်ဖို့ အတော်လေးခက်ခဲစေတယ် ” လို့ BI သတင်းစာကိုထပ်ပြောပါတယ်။
.
.
သူ့ရဲ့တွက်ပုံချက်ပုံကမှန်တယ်လို့ပြောရမလား .. ဒီနေရာမှာငွေတွေမကုန်လိုက်တော့ သူ့ရဲ့ကောလိပ်ကျောင်းစာသင်ကြွေး - Student Loan Payment တွေကို ပေးလာနိုင်တယ်။ သူ့အပြောအရ ကြွေးကျန် ( ၂၂၄၃၄ ) ဒေါ်လာကို နောက် ( ၆ ) လ ဆိုရင် အကျေဆပ်သွားနိုင်လိမ့်မယ်လို့သိရတယ်။
.
သူ့ကားပေါ်မှာ ကုတင်တစ်လုံး၊ အကျီၤချိတ်စင်တစ်ခု၊ အဝတ်လဲခန်းကားထားတာတစ်ခု ဒါပဲပါတယ်။ လျှပ်စစ်ဓါတ်သုံးဖို့အတွက် အားပြန်သွင်းရတဲ့မီးအိမ်လေးကိုသုံးတယ်။ အစားအသောက်ကို Google Campus မှာ ကျွေးတာကိုစားတယ်။ ရေကို အဲဒီမှာပဲချိုးတယ်။ လက်တော့ကို ကုမ္ပဏီမှာအားသွင်းတယ်။ လက်ကိုင်ဖုန်းကို Google က အလကားပေးတာသုံးတယ်။ ပုံးကားကိုလည်း Google ရဲ့ဝန်းထဲက ပါကင်မှာပဲရပ်တယ်။ 
.
အခုနေလာတာ ( ၅ ) လရှိပြီ။ ဘယ်အကြောင်းကြောင့်မှ ဒီခြိုးခြံချွေတာရေးစီမံကိန်းကို ရပ်တန့်သွားမှာမဟုတ်ပါဘူး ” လို့ပြောသွားသူကတော့ အသက် ( ၂၃ ) နှစ်သာရှိသေးတဲ့ Google က ဆော့ဝဲလ်အင်ဂျင်နီယာပေါက်စလေး ဘရန်ဒန်ပဲဖြစ်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-24-2015
.
Ref: Business Insider
.
“ ေနထုိင္စားရိတ္ ( ၉ဝ% ) သက္သာသြားတဲ႕ Google ရဲ႕ေဆာ႕ဝဲလ္အင္ဂ်င္နီယာ " စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၁၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၉ ) ၊ စာမ်က္ႏွာ ( ၁၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/xwy9k0hgcg3kz68/NetGuide+Vol.4%2C+No.19.pdf



No comments:

Post a Comment