![]() |
| ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး ) |
.
ျပင္သစ္ ဘက္တာကလန္အၾကမ္းဖက္မႈျဖစ္ျပီးေနာက္တစ္ရက္
ပဲရစ္ျမိဳ႕မွာမီးထြန္းဆုေတာင္းပြဲေတြက်င္းပေနတုန္း ျပင္သစ္သတင္း႒ာနတစ္ခုက ေဒသခံျပင္သစ္ကေလးငယ္တစ္ေယာက္ကို
အင္တာဗ်ဴးခဲ႕ပါတယ္။
.
အတိုက္ခုိက္ခံရတဲ႕
ျပင္သစ္လူမ်ိဳးေတြဟာ ဘဝကိုဘယ္လုိဆက္လက္ရပ္တည္ရမလဲဆုိတဲ႕အေပၚ ေဝခြဲမရျဖစ္ေနသူေတြရွိသလို
ေမတၱာတရားေရွ႕ထားျပီး အၾကမ္းဖက္မႈကို ျငိမ္းခ်မ္းေရးနဲ႕တုံ႕ျပန္ပံုေလးက အဲဒီေတြ႕ဆံုခန္းကို
ၾကည္႕ရသူတိုင္းတဲ႕ႏွလံုးသားကုိ ဆြဲငင္ယူသြားတာခ်ည္းပါပဲ။
.
.
ပထမေတြ႕ဆံုတဲ႕
ျပင္သစ္သားအဖကိုေတြ႕ရာမွာ “ ဒီလုိလုပ္ေနရံုနဲ႕မလံုေလာက္ဘူး - It is not enough ” လို႕
ခံယူသူရွိသလို ေနာက္ထပ္အေမးခံရတဲ႕ သားငယ္ေလးရဲ႕ေျဖပံုက ပကတိရုိးသားမႈ နဲ႕ အမွန္ကုိျမင္ႏုိင္မႈကို
ေတြ႕ရမွာပါ။
.
ဒါေပမယ္႕
ဒီလိုအျဖစ္အပ်က္ေတြကို မိဘေတြက မ်က္စိေရွ႕တင္ၾကံဳရတဲ႕ မိမိသားသမီးေတြကို “ လူဆိုးေတြဘယ္ေတာ႕မွမႏုိင္ဘူး
- The bad guy will not win ” ဆိုတာ နားလည္ေအာင္ ဘယ္လိုရွင္းျပမလဲဆိုတာကေတာ႕ လူမ်ိဳးနဲ႕မဆိုင္ပဲ
လူသားဆန္မႈနဲ႕သာ သက္ဆုိင္တာကို ရိုးရွင္းစြာေတြ႕ရမွာျဖစ္ပါတယ္။
.
.
သတင္းေထာက္။ ။ အခုတိုက္ခုိက္မႈေတြျဖစ္ျပီးေတာ႕ သားတို႕
ဘယ္လုိခံစားရသလဲ?
.
ကေလးငယ္။ ။ သားတို႕ အထူးသတိထားရမယ္။ ဘာျဖစ္လုိ႕လည္းဆုိေတာ႕
သားတို႕အိမ္ေျပာင္းမွျဖစ္ေတာ႕မယ္။
.
ကေလးအေဖ။ ။ အိုး မဟုတ္ေသးဘူး သားရဲ႕။ ပါပါးတို႕ အိမ္ေျပာင္းသြားစရာမလုိဘူး။
ျပင္သစ္က ပါပါးတို႕အိမ္ပဲေလ။
.
.
ကေလးငယ္။ ။ ဒါေပမယ္႕ သူတို႕က လူဆိုးေတြေလ ပါပါးရဲ႕။
.
ကေလးအေဖ။ ။ ဟုတ္ပါတယ္။ လူဆိုးေတြဆုိတာ ေနရာတိုင္းမွာရွိတယ္။
တကယ္ဆိုးတဲ႕လူေတြလည္း ေနရာတိုင္းမွာရွိတယ္ သားရဲ႕။
.
.
ကေလးငယ္။ ။ ဒါေပမယ္႕ သူတို႕မွာ ေသနတ္ေတြရွိတယ္။ သူတုိ႕က
လူဆိုးေတြဆုိေတာ႕ သားတုိ႕ကုိ ပစ္လိမ္႕မယ္ ပါပါး။
.
ကေလးအေဖ။ ။ ရတယ္ေလ သား..။ သူတို႕မွာ ေသနတ္ေတြရွိသလုိ
ပါပါးတုိ႕မွာ ႏွင္းဆီပန္းေတြရွိတယ္ေလ။
.
.
ကေလးငယ္။ ။ ဒါေပမယ္႕ ႏွင္းဆီပန္းေတြက ဘာမွမလုပ္ဘူးေလ။
သူတုိ႕က .. သူတုိ႕က..။
.
ကေလးအေဖ။ ။ ဟုတ္တာေပါ႕။ ဟုိမွာၾကည္႕လိုက္ဦး။ ဟုိမွာ
လူတိုင္း ႏွင္းဆီပန္းေလးေတြ လာခ်သြားတယ္။ အဲဒါ လူသတ္တဲ႕ေသနတ္ေတြကုိ ျပန္တုိက္ဖို႕ပဲေပါ႕..။
.
.
ကေလးငယ္။ ။ ဒါေတြက ကာကြယ္ဖို႕လား?
.
ကေလးအေဖ။ ။ သိပ္ေသခ်ာတာေပါ႕ သားရယ္။
.
.
ကေလးငယ္။
။ ဒါဆို ဖေယာင္းတိုင္ေတြကေရာ?
.
ကေလးအေဖ။ ။ အဲဒါေတြက မေန႕က ေသဆံုးသြားသူေတြကို အမွတ္ရေစဖို႕
အလင္းေရာင္ေပးတာေပါ႕။
.
ကေလးငယ္။ ။ ေအာ္ .. ဟုတ္တာေပါ႕။
.
.
ကေလးငယ္။ ။ ဒါဆို ႏွင္းဆီပန္း နဲ႕ ဖေယာင္းတိုင္ေတြက
သားတို႕ကုိ ကာကြယ္ဖို႕လုပ္ေပးမွာေပါ႕ေနာ္?
.
ကေလးအေဖ။ ။ ဟုတ္ပါတယ္ သားရယ္။
.
.
သတင္းေထာက္။ ။ အခု သားေလး စိတ္သက္သာရာရသြားျပီလား -
Do you feel better now?
.
ကေလးငယ္။ ။ ဟုတ္ကဲ႕ .. သက္သာသြားပါျပီ။
.
.
ေတြ႕ဆံုခန္းက
တိုတိုေလးျဖစ္ေပမယ္႕ ၾကီးမားက်ယ္ျပန္႕လွတဲ႕ လူသားဆန္မႈ နဲ႕ သဘာဝေမတၱာတရားက ျပင္သစ္တစ္ႏုိ္င္ငံလံုးကို
လႊမ္းျခံဳသြားခဲ႕တယ္။ အမုန္းတရားကုိ လက္ခ်င္းတံု႕ျပန္ဖို႕ၾကိဳးစားေနတဲ႕ အၾကမ္းဖက္သမားေတြဟာ
သူတုိ႕ရဲ႕အားကုိးရာ အေမွာင္လႊမ္းဝရဇိန္လက္နက္ေတြနဲ႕ လူ႕အသက္ေတြကိုယူပင္ယူႏုိင္စြမ္းေသာ္ျငားလည္း
ႏွင္းဆီရနံ႕ေမႊးျပီး ဖေယာင္းတုိင္နံ႕သင္းေနတဲ႕ ဒီျပင္သစ္သားအဖတုိ႕ရဲ႕ႏွလံုးသားကုိ ဆြဲႏႈတ္ယူသြားႏုိင္မွာေတာ႕
မဟုတ္ပါဘူး။
.
ကြ်န္ေတာ္တုိ႕
ျမန္မာႏုိင္ငံသားေတြအတြက္ အမုန္းတရားကုိ ရန္ကုိရန္ခ်င္းမတုံ႕ျပန္ပဲ အေကာင္းဖက္ကေန အနစ္နာခံရႈျမင္တတ္တဲ႕
ေကာင္းမြန္တဲ႕ပကတိႏွလံုးသားရွိသူ အေဖနဲ႕သားတို႕ရဲ႕စိတ္ဓါတ္ေတြကို အတုယူႏုိင္ေအာင္ ဘာသာျပန္တင္ျပေပးလိုက္ပါတယ္။
.
ခင္မင္လ်က္
.
11-27-2015
.
Ref: Chonday.com,
abcNews.com
.
.
.
.
Myanmar
Unicode Version:
.
.
“ ပြင်သစ်နိုင်ငံသားကလေးငယ်လေးရဲ့ရိုးသားနူးညံ့တဲ့အမြင်
”
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
.
ပြင်သစ် ဘက်တာကလန်အကြမ်းဖက်မှုဖြစ်ပြီးနောက်တစ်ရက်
ပဲရစ်မြို့မှာမီးထွန်းဆုတောင်းပွဲတွေကျင်းပနေတုန်း ပြင်သစ်သတင်းဋ္ဌာနတစ်ခုက ဒေသခံပြင်သစ်ကလေးငယ်တစ်ယောက်ကို
အင်တာဗျူးခဲ့ပါတယ်။
.
အတိုက်ခိုက်ခံရတဲ့
ပြင်သစ်လူမျိုးတွေဟာ ဘဝကိုဘယ်လိုဆက်လက်ရပ်တည်ရမလဲဆိုတဲ့အပေါ် ဝေခွဲမရဖြစ်နေသူတွေရှိသလို
မေတ္တာတရားရှေ့ထားပြီး အကြမ်းဖက်မှုကို ငြိမ်းချမ်းရေးနဲ့တုံ့ပြန်ပုံလေးက အဲဒီတွေ့ဆုံခန်းကို
ကြည့်ရသူတိုင်းတဲ့နှလုံးသားကို ဆွဲငင်ယူသွားတာချည်းပါပဲ။
.
.
ပထမတွေ့ဆုံတဲ့
ပြင်သစ်သားအဖကိုတွေ့ရာမှာ “ ဒီလိုလုပ်နေရုံနဲ့မလုံလောက်ဘူး - It is not enough ” လို့
ခံယူသူရှိသလို နောက်ထပ်အမေးခံရတဲ့ သားငယ်လေးရဲ့ဖြေပုံက ပကတိရိုးသားမှု နဲ့ အမှန်ကိုမြင်နိုင်မှုကို
တွေ့ရမှာပါ။
.
ဒါပေမယ့်
ဒီလိုအဖြစ်အပျက်တွေကို မိဘတွေက မျက်စိရှေ့တင်ကြုံရတဲ့ မိမိသားသမီးတွေကို “ လူဆိုးတွေဘယ်တော့မှမနိုင်ဘူး
- The bad guy will not win ” ဆိုတာ နားလည်အောင် ဘယ်လိုရှင်းပြမလဲဆိုတာကတော့ လူမျိုးနဲ့မဆိုင်ပဲ
လူသားဆန်မှုနဲ့သာ သက်ဆိုင်တာကို ရိုးရှင်းစွာတွေ့ရမှာဖြစ်ပါတယ်။
.
.
သတင်းထောက်။ ။ အခုတိုက်ခိုက်မှုတွေဖြစ်ပြီးတော့ သားတို့
ဘယ်လိုခံစားရသလဲ?
.
ကလေးငယ်။ ။ သားတို့ အထူးသတိထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့
သားတို့အိမ်ပြောင်းမှဖြစ်တော့မယ်။
.
ကလေးအဖေ။ ။ အိုး မဟုတ်သေးဘူး သားရဲ့။ ပါပါးတို့ အိမ်ပြောင်းသွားစရာမလိုဘူး။
ပြင်သစ်က ပါပါးတို့အိမ်ပဲလေ။
.
.
ကလေးငယ်။ ။ ဒါပေမယ့် သူတို့က လူဆိုးတွေလေ ပါပါးရဲ့။
.
ကလေးအဖေ။ ။ ဟုတ်ပါတယ်။ လူဆိုးတွေဆိုတာ နေရာတိုင်းမှာရှိတယ်။
တကယ်ဆိုးတဲ့လူတွေလည်း နေရာတိုင်းမှာရှိတယ် သားရဲ့။
.
.
ကလေးငယ်။ ။ ဒါပေမယ့် သူတို့မှာ သေနတ်တွေရှိတယ်။ သူတို့က
လူဆိုးတွေဆိုတော့ သားတို့ကို ပစ်လိမ့်မယ် ပါပါး။
.
ကလေးအဖေ။ ။ ရတယ်လေ သား..။ သူတို့မှာ သေနတ်တွေရှိသလို
ပါပါးတို့မှာ နှင်းဆီပန်းတွေရှိတယ်လေ။
.
.
ကလေးငယ်။ ။ ဒါပေမယ့် နှင်းဆီပန်းတွေက ဘာမှမလုပ်ဘူးလေ။
သူတို့က .. သူတို့က..။
.
ကလေးအဖေ။ ။ ဟုတ်တာပေါ့။ ဟိုမှာကြည့်လိုက်ဦး။ ဟိုမှာ
လူတိုင်း နှင်းဆီပန်းလေးတွေ လာချသွားတယ်။ အဲဒါ လူသတ်တဲ့သေနတ်တွေကို ပြန်တိုက်ဖို့ပဲပေါ့..။
.
.
ကလေးငယ်။ ။ ဒါတွေက ကာကွယ်ဖို့လား?
.
ကလေးအဖေ။ ။ သိပ်သေချာတာပေါ့ သားရယ်။
.
.
ကလေးငယ်။ ။
ဒါဆို ဖယောင်းတိုင်တွေကရော?
.
ကလေးအဖေ။ ။ အဲဒါတွေက မနေ့က သေဆုံးသွားသူတွေကို အမှတ်ရစေဖို့
အလင်းရောင်ပေးတာပေါ့။
.
ကလေးငယ်။ ။ အော် .. ဟုတ်တာပေါ့။
.
.
ကလေးငယ်။ ။ ဒါဆို နှင်းဆီပန်း နဲ့ ဖယောင်းတိုင်တွေက
သားတို့ကို ကာကွယ်ဖို့လုပ်ပေးမှာပေါ့နော်?
.
ကလေးအဖေ။ ။ ဟုတ်ပါတယ် သားရယ်။
.
.
သတင်းထောက်။ ။ အခု သားလေး စိတ်သက်သာရာရသွားပြီလား -
Do you feel better now?
.
ကလေးငယ်။ ။ ဟုတ်ကဲ့ .. သက်သာသွားပါပြီ။
.
.
တွေ့ဆုံခန်းက
တိုတိုလေးဖြစ်ပေမယ့် ကြီးမားကျယ်ပြန့်လှတဲ့ လူသားဆန်မှု နဲ့ သဘာဝမေတ္တာတရားက ပြင်သစ်တစ်န်ိုင်ငံလုံးကို
လွှမ်းခြုံသွားခဲ့တယ်။ အမုန်းတရားကို လက်ချင်းတုံ့ပြန်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်သမားတွေဟာ
သူတို့ရဲ့အားကိုးရာ အမှောင်လွှမ်းဝရဇိန်လက်နက်တွေနဲ့ လူ့အသက်တွေကိုယူပင်ယူနိုင်စွမ်းသော်ငြားလည်း
နှင်းဆီရနံ့မွှေးပြီး ဖယောင်းတိုင်နံ့သင်းနေတဲ့ ဒီပြင်သစ်သားအဖတို့ရဲ့နှလုံးသားကို
ဆွဲနှုတ်ယူသွားနိုင်မှာတော့ မဟုတ်ပါဘူး။
.
ကျွန်တော်တို့
မြန်မာနိုင်ငံသားတွေအတွက် အမုန်းတရားကို ရန်ကိုရန်ချင်းမတုံ့ပြန်ပဲ အကောင်းဖက်ကနေ အနစ်နာခံရှုမြင်တတ်တဲ့
ကောင်းမွန်တဲ့ပကတိနှလုံးသားရှိသူ အဖေနဲ့သားတို့ရဲ့စိတ်ဓါတ်တွေကို အတုယူနိုင်အောင် ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။
.
ခင်မင်လျက်
.
11-27-2015
.
Ref:
Chonday.com, abcNews.com
.
http://www.chonday.com/Videos/parisreacgh3
.
.
“ ျပင္သစ္ႏိုင္ငံသားကေလးငယ္ေလးရဲ႕ရုိးသားႏူးညံ႕တဲ႕အျမင္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၂၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: https://app.box.com/s/aqqnrnwvqczzcy8xl3pop9e9uyczyl3d
.
.
“ ျပင္သစ္ႏိုင္ငံသားကေလးငယ္ေလးရဲ႕ရုိးသားႏူးညံ႕တဲ႕အျမင္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၂၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: https://app.box.com/s/aqqnrnwvqczzcy8xl3pop9e9uyczyl3d



No comments:
Post a Comment