![]() |
| ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
1.. ကျွန်းများပိုင်ရှင်
ဖိလစ်ပင်း
.
ဖိလစ်ပိုင်နိုင်ငံကို
ကျွန်းပေါင်း ( ၇၁ဝ၇ ) ကျွန်း နဲ့ ဖွဲ့စည်းထားပေမယ့် ( ၂ဝဝဝ ) ခန့်သော ကျွန်းမြေများပေါ်မှာသာ
စည်ပင်ဝပြောပါတယ်။
.
.
2.. လူဦးရေပွား
ဖိလစ်ပီးနိုးများ
.
ဖိလစ်ပိုင်နိုင်ငံဟာ
ကျွန်းသား - Islander တွေဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ နေထိုင်တဲ့ လူဦးရေ ( ၁ဝ၇
) သန်း ရှိပါတယ်။ များမများဆိုတာ ကမ္ဘာ့ရဲ့ ( ၁၃ ) နိုင်ငံမြောက် လူဦးရေအများဆုံးနိုင်ငံ
ဖြစ်နေတဲ့အချက်ကိုသာ ကြည့်ပါတော့။
.
.
3.. နိုင်ငံအမည်ပေးပုံက
.
ဖိလစ်ပိုင်နိုင်ငံဟာ
စပိန်ကိုလိုနီဘုရင်တစ်ပါးကို အထူးချီးမြှောက်မည့်ခေါ်ထားတဲ့ နာမယ်ပါ။ ဒုတိယမြောက် ဖိလစ်ဘုရင်
Philip II of Spain ရဲ့ ဘွဲ့တော်ကို အစွဲပြုပြီး ( ၁၅၄၃ ) ခုနှစ်မှာ မှည့်ခေါ်ခဲ့ပါတယ်။.
.
.
4.. သီချင်းကြိုက်တဲ့
ဖိလစ်ပီးနိုးတွေ
.
ကမ္ဘာမှာ ပထမဦးဆုံး
ကာရာအိုကီစက် မူပိုင်ခွင့်တင်ခဲ့သူဟာ ဖိလစ်ပီးနိုးတစ်ယောက်ဆိုရင် အံ့သြသွားမှာလား?
သူ့နာမည်က ဘာတိုဒဲရိုစရီးယို - Berto Del Rosario ဖြစ်ပါတယ်။
.
.
5.. မက်ခါတီမြို့တော်ရဲ့နာမယ်
.
လူဦးရေ
( ၆ ) သိန်းကျော် ပြွတ်သိပ်နေထိုင်ရတဲ့ မက်ခါတီမြို့ - Makati City ဟာ ကမ္ဘာ့ဆဲလ်ဖီးဓါတ်ပုံမြို့တော်
- Selfie Capital of the World လို့ အမည်တွင်ပါတယ်။
.
.
6.. ရှူးဖိနပ်ပဒေသာပင်
.
( ၁၉၈၆ )
ခုနှစ်မှာ တိုင်းပြည်ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သမ္မတဟောင်းမားကို့ကတော် အင်မင်ဒါ
မားကို့စ်ဟာ ဖိနပ်အရံပေါင်း ( ၁၂၂ဝ ) ချန်ရစ်ခဲ့တာကို မှတ်မိကြဦးမှာပါ။
.
.
7.. ဆန့်ကျင်ဖက်
နဲ့ အားယူတဲ့ ဖိလစ်ပိုင်
.
စစ်ဖြစ်ချိန်မှာ
နိုင်ငံတော်အလံကို ပြောင်းပြန်လွှင့်ထူတာ ကမ္ဘာမှာ ဖိလစ်ပိုင်နိုင်ငံ တစ်နိုင်ငံတည်းသာ
ရှိပါတယ်။ အပေါ်ကိုရောက်သွားတဲ့ အနီရောင်ဟာ “ သတ္တိ ” ကို ကိုယ်စားပြုပြီး ဒီအလံကိုမြင်လိုက်သူတိုင်း
မျိုးချစ်စိတ်ထကြွရှင်သန်စေတယ်လို့ ဖိလစ်ပီးနိုးတွေက ယုံကြည်ပါတယ်။
.
.
8.. စကားပြော
ထူးခြားတဲ့နိုင်ငံ
.
မယုံမရှိပါနဲ့..။
ဖိလစ်ပိုင်နိုင်ငံဟာ အင်္ဂလိပ်စကားပြောတဲ့ တတိယအကြီးဆုံးတိုင်းပြည် ဖြစ်ပါတယ်။
.
.
9.. ဖိလစ်ပီးနိုးတွေ
ဘယ်ကိုပြောင်းရွှေ့ငွေရှာကြသလဲ?
.
အမေရိကား
ပါ။ ဒါ့အပြင် အမေရိကားကို ဝင်ရောက်မှုအများဆုံးလူမျိုးထဲမှာ စတုတ္ထချိတ်ပါတယ်။ သူ့အထက်ကပ်လျက်မှာ
တရုတ်လူမျိုးရှိပြီး အပေါ်မှာ အိန္ဒိယန်းလူမျိုး နဲ့ ပထမအများဆုံးက မက္ကဆီကန်လူမျိုးတို့
ဖြစ်ကြပါတယ်။
.
.
ဆက်လက်လေ့လာနိုင်ပါစေ။
.
.
ရည်ညွှန်းကိုးကား
- Business Insider

No comments:
Post a Comment