Wednesday, November 25, 2015

လိုင္ဖုိင္နည္းပညာနဲ႕ဖလန္းဖလန္းထရေတာ႕မလား ?

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
တစ္ေန႕ေန႕မွာေတာ႕ ကြ်န္ေတာ္တို႕ဒီေန႕သံုးေနတဲ႕ ဝိုင္ဖိုင္ - Wi-Fi ထက္ အဆ ( ၁ဝဝ ) သာတဲ႕ အျမန္ႏႈန္းနဲ႕ ၾကိဳးမဲ႕အင္တာနက္သံုးလာႏုိင္မယ္လို႕ ေမွ်ာ္လင္႕ရပါတယ္။ အရင္ ( ၁၅ ) ႏွစ္က ပန္းသီးဖခင္ၾကီး စတိေဂ်ာ႕ - Steve Jobs က ကုန္ပစၥည္းအသစ္မိတ္ဆက္ပြဲတစ္ခုမွာ  အင္တာနက္သံုးေနရာကေန လက္ေတာ႕ကြန္ပ်ဴတာကိုမ,လိုက္ေတာ႕  ၾကိဳးမပါပဲ Wi-Fi (Wireless Fidelity) နည္းနဲ႕ အင္တာနက္သံုးလို႕ရတယ္ဆုိတာ သိခြင္႕ရခဲ႕တယ္။
.
အခုအသစ္စမ္းသပ္ေနတဲ႕ Li-Fi (Light Fidelity) သာတြင္က်ယ္ခဲ႕ရင္ အခန္းမီးဖြင္႕လိုက္တာနဲ႕  အဆေပါင္း ( ၁ဝဝ ) ျမန္တဲ႕ အင္တာနက္နဲ႕ အြန္လိုင္းတက္ႏုိင္ပါလိမ္႕မယ္။ သိပၸံပညာရွင္ေတြရဲ႕စမ္းသပ္မႈအရ တစ္စကၠန္႕မွာ ( ၂၂၄ ) ဂစ္ဂါဘိုက္အျမန္ႏႈန္းကို ပို႕လႊတ္ႏုိင္မွာပါ။ အရပ္သားစကားနဲ႕နားလည္ေအာင္ေျပာရရင္ “ 224 GB per second speed ” ဆိုတာဟာ မ်က္စိတစ္ခ်က္မွိတ္လိုက္တဲ႕အခ်ိန္္ခဏေလးအတြင္းမွာ ရုပ္ရွင္ ( ၁၈ ) ကား ေဒါင္းေလာ႕ဒ္ ဆြဲခ်ႏုိင္မွာျဖစ္ပါတယ္။
.
.
အခုဆိုရင္ Li-Fi နည္းပညာဟာ ကြ်န္ေတာ္တို႕ရဲ႕လက္ေတြ႕ကမၻာကို တံခါးလာေခါက္ေနပါျပီ။ အက္စတိုးနီးယားႏုိင္ငံက တာလင္ျမိဳ႕ရဲ႕ရံုးတစ္ခုမွာစမ္းသပ္တုန္းကေတာ႕ လက္ရွိအသံုးျပဳေနက်ၾကိဳးမဲ႕ဝုိင္ဖုိင္ထက္ အဆ ( ၁ဝဝ ) ျမန္တဲ႕ တစ္စကၠန္႕ကို ( ၁) ဂစ္ဂါဘိုက္အထိ စမ္းသပ္ႏုိင္ခဲ႕တယ္။

.
.
အကန္႕အသတ္ရွိတဲ႕ဝုိင္ဖုိင္
-----   -----   -----   -----
.
တစ္ကယ္လို႕မ်ား 56k modems ကုိမွတ္မိတယ္ဆုိရင္ ဝိုင္ဖိုင္ဟာ ေလထဲကရတဲ႕လက္ေဆာင္တစ္ခုလုိ အင္မတန္ျမန္လြန္းတဲ႕အင္တာနက္တစ္မ်ိဳးဆိုတာ မွတ္မိပါလိမ္႕မယ္။ အခုလို ဝုိင္ဖုိင္အင္တာနက္ရဲ႕ သံုးစြဲမႈသက္တမ္းၾကာလာတာနဲ႕အမွ် တစ္ေနရာနဲ႕တစ္ေနရာ အခ်က္အလက္ေတြပို႕လႊတ္တဲ႕ေနရာမွာ ဝုိင္ဖိုင္ကုိသာ ဒုိင္ေသသံုးဖို႕အတြက္ဆုိရင္ေတာ႕ စိမ္ေခၚမႈတစ္ခ်ိဳ႕က ေစာင္႕ၾကိဳေနပါတယ္။
.
( ၂ဝ၁၁ ) ခုႏွစ္မွာ သိပၸံပညာရွင္ ဟာရုိဟက္စ္ - Harald Haas ရဲ႕အေျပာအရ ဝုိင္ဖုိင္ေပၚမွာ လိုင္းၾကပ္တည္းမႈ နဲ႕ ေဒတာပုိ႕လႊတ္ရာမွာ လူေတြရဲ႕ ျမန္သထက္ျမန္ေအာင္အားထုတ္မႈေၾကာင္႕ ဝုိင္ဖိုင္အျမန္ႏႈန္းဟာ ဘားကုန္ဘားခန္း ဂိတ္ဆံုးအထိေရာက္လာတယ္လုိ႕ဆိုပါတယ္။ ေရဒီယုိလိႈင္းေပၚမွာ ေခါက္တုံ႕ေခါက္ျပန္ေျပးလႊားရတဲ႕ ဝိုင္ဖုိင္ဟာ ေဒတာအမ်ားၾကီးကို တစ္ၾကိမ္တည္းမွာ အျပီးတိုင္ေျပာင္းေရႊ႕ေနရတဲ႕ပံုစံပါ။
.
.
( ၂ဝ၁၉ ) ခုႏွစ္အေရာက္မွာ ကမၻာၾကီးဟာ ဝုိင္ဖုိင္ပို႕လႊတ္မႈေပါင္း ( 35 Quintillion Bytes ) ( ၃၅ x ၁ဝဝဝ ေနာက္မွ သံုည ၁၈ လံုး ) ရွိလာမယ္လို႕ ေထာက္ျပပါတယ္။ အေၾကာင္းကေတာ႕ ေရဒီယုိလိႈင္းေတြဟာ အဆက္မျပတ္သံုးစြဲေနရံုမက ေလးလံကြာေဝးစြာထုတ္လႊတ္ေနမႈေၾကာင္႕ ေဒတာေတြဟာ လုိင္းေကာင္းရာကုိရွာမရျဖစ္လာေနမယ္႕သေဘာဥပမာျဖစ္ပါတယ္။
.
ဒါေၾကာင္႕မုိ႕ ဝုိင္ဖုိင္အတြက္ လြတ္တဲ႕ေနရာသိပ္မက်န္ႏုိင္ေတာ႕ပါဘူး။ က်ဆင္းလာတဲ႕ ဝုိင္ဖိုင္ရဲ႕စြမ္းေဆာင္ရည္ဟာလည္း  ဒီျပသနာရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင္႕မို႕ ဝုိင္ဖိုင္ဟာ ျပီးျပည္႕စံုတဲ႕ အေထာက္အကူရ ေလာကနတ္အေျဖျဖစ္မလာႏုိင္ေတာ႕ပါဘူး။ တစ္ကယ္႕အထုိင္စက္ရဲ႕စြမ္းေဆာင္ရည္ဟာ ( ၅%) ေလာက္သာ အျပည္႕အဝလႈပ္ရွားႏုိင္ျပီး သူ႕ရဲ႕ပါဝါမ်ားစုဟာ တာဝါတုိင္ရဲ႕စက္ေတြကုိ ေအးျမဖို႕လုပ္ေဆာင္ရတာနဲ႕တင္ ကုန္ခမ္းသြားပါတယ္။
.
တစ္ဆက္တည္းမွာ ဒီလို မႏိုင္႕တႏုိင္ေဒတာေတြကုိ ကုန္းပိုးထားရတဲ႕ လိႈင္းအလ်ားမ်ားခင္မ်ာမွာလည္း လံုျခံဳေရးေဖာက္ဝင္မႈရဲ႕ဒဏ္ကုိ ေၾကာက္ေနရပါေတာ႕တယ္။ ဒါေၾကာင္႕ အရံအတားေတြျဖစ္တဲ႕ နံရံတုိ႕၊ တံခါးတို႕ကို ေက်ာ္ျဖတ္ရတဲ႕အခါ တစ္ဆင္႕ထက္တစ္ဆင္႕ လိုင္းက်လာတဲ႕ ၾကိဳးမဲ႕အင္တာနက္မွာေတာ႕ အားနည္းခ်က္ေတြ အျပည္႕နဲ႕ပါ။
.
.
အလင္းကုိစဥ္းစားၾကည္႕ရေအာင္
-----   -----   -----   -----   -----
.
အလင္းဟာ ေရဒီယုိလိႈင္းေတြလုိ အီလက္ထရုိသံလုိက္လိႈင္းေတြေပၚကေန ေရြ႕လ်ားပါတယ္။ ဒါေပမယ္႕ အလင္းရဲ႕ ေရာင္စဥ္လိႈင္းဟာ ေရဒီယိုလိႈင္းထက္ အဆ ( ၁ဝဝဝဝ ) ပုိၾကီးပါတယ္။ ဒါေၾကာင္႕ အလင္းနဲ႕သာ ေဒတာပုိ႕မယ္ဆုိရင္ အင္မတန္စြမ္းအားၾကီးမယ္ဆိုတာ ေသခ်ာသေလာက္ရွိပါတယ္။ ဒါနဲ႕တင္မကေသးပါဘူး  .. ေရဒီယုိလိႈင္းက လုိင္းတစ္လုိင္းကိုသယ္ေဆာင္ရင္း မခ်ိမဆန္႕ျဖစ္ေနခ်ိန္မွာ အလင္းလိႈင္းကေတာ႕ အဆက္မျပတ္ထမ္းထားႏိုင္မွာျဖစ္ပါတယ္။
.
Li-Fi ဟာ LED မီးလံုးေလးေတြနဲ႕ သူမတူတဲ႕အျမန္ႏႈန္းနဲ႕ ကြန္ပ်ဴတာအခ်က္အလက္ - Binary Code ေတြကုိ အဆက္မျပတ္ပို႕ႏုိင္ပါတယ္။ မီးခလုတ္ကို အဖြင္႕အပိတ္လုပ္တာနဲ႕တင္ မ်က္စိနဲ႕မျမင္ရတဲ႕ အလင္းတန္းေတြက လိုရာခရီးကိုေရာက္ျပီးသားျဖစ္ေနမွာပါ။ “ ကြ်န္ေတာ္တုိ႕လုပ္ရမွာက ေသးငယ္တဲ႕မုိက္ခရိုခ်စ္ပ္ တစ္ခုစီကုိ အခ်င္းခ်င္းဆက္သြယ္မယ္႕ကိရိယာေတြထဲထည္႕သြင္းရံုပါပဲ။ ဒီကေန အလင္းရဲ႕ေတာက္ပမႈ နဲ႕ ၾကိဳးမဲ႕အခ်က္အလက္ေတြက ပူးေပါင္းသြားမွာပါ ” ဒါက ဟာရုိဟက္စ္ ေျပာသြားတာျဖစ္ပါတယ္။ အမွန္ကေတာ႕ လုပ္ကိုင္စရာေတြက အဆင္သင္႕ျဖစ္ေနပါျပီ။ ကြ်န္ေတာ္တို႕မွာ အလင္းပို႕လႊတ္မယ္႕ မီးလံုးေတြလည္းရွိေနျပီ။ အနည္းငယ္လွည္႕ပတ္စမ္းသပ္ဖို႕ပဲက်န္ေတာ႕တာပါ။
.
.
ဝုိင္ဖုိင္ အဆံုးသတ္ေတာ႕မွာလား?
-----   -----   -----   -----   -----
.
Li-Fi သံုးလာႏုိင္ရံုနဲ႕ Wi-Fi ေခတ္ကုန္ေတာ႕မယ္ဆုိတာ မျဖစ္ႏုိင္ပါဘူး။ အနာဂါတ္ဆုိတာ ၾကိဳမျမင္ရေပမယ္႕ အလင္းမွာလည္း သူ႕ဟာနဲ႕သူ ေပ်ာ႕ကြက္က ရွိေနတာပါပဲ။ ဥပမာ - အလင္းက ေရဒီယုိလိႈင္းလို ထုထည္အတားအဆီး - Solid Objects ေတြကို ေဖာက္မသြားႏုိင္ဘူးေလ။ တစ္ကယ္လုိ႕ လိုင္ဖုိင္သံုးေနရင္း အခန္းထဲကေန ထထြက္သြားရင္ အင္တာနက္လိုင္းျပတ္ေတာက္သြားတာက စိတ္မေကာင္းစရာပါ။
.
ဒါေပမယ္႕ တင္းၾကပ္စိတ္ခ်ရတဲ႕ အင္တာနက္လံုျခံဳေရး - Internet Security အတြက္ကေတာ႕ လိုင္ဖုိင္နည္းပညာဟာ မဟာအခြင္႕အေရးပါ။ ဒါေၾကာင္႕မုိ႕ တစ္ကယ္႕လက္ေတြ႕မွာ ပုထုဇဥ္လူသားေတြရဲ႕ ျဖည္႕လို႕မျပည္႕ႏုိင္တဲ႕လိုအင္ဆႏၵေတြအရ Li-Fi နဲ႕ Wi-Fi ေပါင္းစပ္ထားတဲ႕ စပ္လိႈင္း - Hybrid အင္တာနက္ကိုသာ ေမ်ွာ္လင္႕မိပါေၾကာင္း ေရးသားလိုက္ရပါတယ္။
.
ခင္မက္လ်က္
.
11-25-2015
.
Ref: Business Insider &  iflscience.com/
.
.
.
Myanmar Unicode Version:
.
.
“ လိုင်ဖိုင်နည်းပညာနဲ့ဖလန်းဖလန်းထရတော့မလား ? ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ဒီနေ့သုံးနေတဲ့ ဝိုင်ဖိုင် - Wi-Fi ထက် အဆ ( ၁ဝဝ ) သာတဲ့ အမြန်နှုန်းနဲ့ ကြိုးမဲ့အင်တာနက်သုံးလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အရင် ( ၁၅ ) နှစ်က ပန်းသီးဖခင်ကြီး စတိဂျော့ - Steve Jobs က ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲတစ်ခုမှာ  အင်တာနက်သုံးနေရာကနေ လက်တော့ကွန်ပျူတာကိုမ,လိုက်တော့  ကြိုးမပါပဲ Wi-Fi (Wireless Fidelity) နည်းနဲ့ အင်တာနက်သုံးလို့ရတယ်ဆိုတာ သိခွင့်ရခဲ့တယ်။
.
အခုအသစ်စမ်းသပ်နေတဲ့ Li-Fi (Light Fidelity) သာတွင်ကျယ်ခဲ့ရင် အခန်းမီးဖွင့်လိုက်တာနဲ့  အဆပေါင်း ( ၁ဝဝ ) မြန်တဲ့ အင်တာနက်နဲ့ အွန်လိုင်းတက်နိုင်ပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်မှုအရ တစ်စက္ကန့်မှာ ( ၂၂၄ ) ဂစ်ဂါဘိုက်အမြန်နှုန်းကို ပို့လွှတ်နိုင်မှာပါ။ အရပ်သားစကားနဲ့နားလည်အောင်ပြောရရင် “ 224 GB per second speed ” ဆိုတာဟာ မျက်စိတစ်ချက်မှိတ်လိုက်တဲ့အချိန်ခဏလေးအတွင်းမှာ ရုပ်ရှင် ( ၁၈ ) ကား ဒေါင်းလော့ဒ် ဆွဲချနိုင်မှာဖြစ်ပါတယ်။
.
.
အခုဆိုရင် Li-Fi နည်းပညာဟာ ကျွန်တော်တို့ရဲ့လက်တွေ့ကမ္ဘာကို တံခါးလာခေါက်နေပါပြီ။ အက်စတိုးနီးယားနိုင်ငံက တာလင်မြို့ရဲ့ရုံးတစ်ခုမှာစမ်းသပ်တုန်းကတော့ လက်ရှိအသုံးပြုနေကျကြိုးမဲ့ဝိုင်ဖိုင်ထက် အဆ ( ၁ဝဝ ) မြန်တဲ့ တစ်စက္ကန့်ကို ( ၁) ဂစ်ဂါဘိုက်အထိ စမ်းသပ်နိုင်ခဲ့တယ်။
.
.
အကန့်အသတ်ရှိတဲ့ဝိုင်ဖိုင်
-----   -----   -----   -----
.
တစ်ကယ်လို့များ 56k modems ကိုမှတ်မိတယ်ဆိုရင် ဝိုင်ဖိုင်ဟာ လေထဲကရတဲ့လက်ဆောင်တစ်ခုလို အင်မတန်မြန်လွန်းတဲ့အင်တာနက်တစ်မျိုးဆိုတာ မှတ်မိပါလိမ့်မယ်။ အခုလို ဝိုင်ဖိုင်အင်တာနက်ရဲ့ သုံးစွဲမှုသက်တမ်းကြာလာတာနဲ့အမျှ တစ်နေရာနဲ့တစ်နေရာ အချက်အလက်တွေပို့လွှတ်တဲ့နေရာမှာ ဝိုင်ဖိုင်ကိုသာ ဒိုင်သေသုံးဖို့အတွက်ဆိုရင်တော့ စိမ်ခေါ်မှုတစ်ချို့က စောင့်ကြိုနေပါတယ်။
.
( ၂ဝ၁၁ ) ခုနှစ်မှာ သိပ္ပံပညာရှင် ဟာရိုဟက်စ် - Harald Haas ရဲ့အပြောအရ ဝိုင်ဖိုင်ပေါ်မှာ လိုင်းကြပ်တည်းမှု နဲ့ ဒေတာပို့လွှတ်ရာမှာ လူတွေရဲ့ မြန်သထက်မြန်အောင်အားထုတ်မှုကြောင့် ဝိုင်ဖိုင်အမြန်နှုန်းဟာ ဘားကုန်ဘားခန်း ဂိတ်ဆုံးအထိရောက်လာတယ်လို့ဆိုပါတယ်။ ရေဒီယိုလှိုင်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန်ပြေးလွှားရတဲ့ ဝိုင်ဖိုင်ဟာ ဒေတာအများကြီးကို တစ်ကြိမ်တည်းမှာ အပြီးတိုင်ပြောင်းရွှေ့နေရတဲ့ပုံစံပါ။
.
.
( ၂ဝ၁၉ ) ခုနှစ်အရောက်မှာ ကမ္ဘာကြီးဟာ ဝိုင်ဖိုင်ပို့လွှတ်မှုပေါင်း ( 35 Quintillion Bytes ) ( ၃၅ x ၁ဝဝဝ နောက်မှ သုံည ၁၈ လုံး ) ရှိလာမယ်လို့ ထောက်ပြပါတယ်။ အကြောင်းကတော့ ရေဒီယိုလှိုင်းတွေဟာ အဆက်မပြတ်သုံးစွဲနေရုံမက လေးလံကွာဝေးစွာထုတ်လွှတ်နေမှုကြောင့် ဒေတာတွေဟာ လိုင်းကောင်းရာကိုရှာမရဖြစ်လာနေမယ့်သဘောဥပမာဖြစ်ပါတယ်။
.
ဒါကြောင့်မို့ ဝိုင်ဖိုင်အတွက် လွတ်တဲ့နေရာသိပ်မကျန်နိုင်တော့ပါဘူး။ ကျဆင်းလာတဲ့ ဝိုင်ဖိုင်ရဲ့စွမ်းဆောင်ရည်ဟာလည်း  ဒီပြသနာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝိုင်ဖိုင်ဟာ ပြီးပြည့်စုံတဲ့ အထောက်အကူရ လောကနတ်အဖြေဖြစ်မလာနိုင်တော့ပါဘူး။ တစ်ကယ့်အထိုင်စက်ရဲ့စွမ်းဆောင်ရည်ဟာ ( ၅%) လောက်သာ အပြည့်အဝလှုပ်ရှားနိုင်ပြီး သူ့ရဲ့ပါဝါများစုဟာ တာဝါတိုင်ရဲ့စက်တွေကို အေးမြဖို့လုပ်ဆောင်ရတာနဲ့တင် ကုန်ခမ်းသွားပါတယ်။
.
တစ်ဆက်တည်းမှာ ဒီလို မနိုင့်တနိုင်ဒေတာတွေကို ကုန်းပိုးထားရတဲ့ လှိုင်းအလျားများခင်မျာမှာလည်း လုံခြုံရေးဖောက်ဝင်မှုရဲ့ဒဏ်ကို ကြောက်နေရပါတော့တယ်။ ဒါကြောင့် အရံအတားတွေဖြစ်တဲ့ နံရံတို့၊ တံခါးတို့ကို ကျော်ဖြတ်ရတဲ့အခါ တစ်ဆင့်ထက်တစ်ဆင့် လိုင်းကျလာတဲ့ ကြိုးမဲ့အင်တာနက်မှာတော့ အားနည်းချက်တွေ အပြည့်နဲ့ပါ။
.
.
အလင်းကိုစဉ်းစားကြည့်ရအောင်
-----   -----   -----   -----   -----
.
အလင်းဟာ ရေဒီယိုလှိုင်းတွေလို အီလက်ထရိုသံလိုက်လှိုင်းတွေပေါ်ကနေ ရွေ့လျားပါတယ်။ ဒါပေမယ့် အလင်းရဲ့ ရောင်စဉ်လှိုင်းဟာ ရေဒီယိုလှိုင်းထက် အဆ ( ၁ဝဝဝဝ ) ပိုကြီးပါတယ်။ ဒါကြောင့် အလင်းနဲ့သာ ဒေတာပို့မယ်ဆိုရင် အင်မတန်စွမ်းအားကြီးမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ ဒါနဲ့တင်မကသေးပါဘူး  .. ရေဒီယိုလှိုင်းက လိုင်းတစ်လိုင်းကိုသယ်ဆောင်ရင်း မချိမဆန့်ဖြစ်နေချိန်မှာ အလင်းလှိုင်းကတော့ အဆက်မပြတ်ထမ်းထားနိုင်မှာဖြစ်ပါတယ်။
.
Li-Fi ဟာ LED မီးလုံးလေးတွေနဲ့ သူမတူတဲ့အမြန်နှုန်းနဲ့ ကွန်ပျူတာအချက်အလက် - Binary Code တွေကို အဆက်မပြတ်ပို့နိုင်ပါတယ်။ မီးခလုတ်ကို အဖွင့်အပိတ်လုပ်တာနဲ့တင် မျက်စိနဲ့မမြင်ရတဲ့ အလင်းတန်းတွေက လိုရာခရီးကိုရောက်ပြီးသားဖြစ်နေမှာပါ။ “ ကျွန်တော်တို့လုပ်ရမှာက သေးငယ်တဲ့မိုက်ခရိုချစ်ပ် တစ်ခုစီကို အချင်းချင်းဆက်သွယ်မယ့်ကိရိယာတွေထဲထည့်သွင်းရုံပါပဲ။ ဒီကနေ အလင်းရဲ့တောက်ပမှု နဲ့ ကြိုးမဲ့အချက်အလက်တွေက ပူးပေါင်းသွားမှာပါ ” ဒါက ဟာရိုဟက်စ် ပြောသွားတာဖြစ်ပါတယ်။ အမှန်ကတော့ လုပ်ကိုင်စရာတွေက အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ အလင်းပို့လွှတ်မယ့် မီးလုံးတွေလည်းရှိနေပြီ။ အနည်းငယ်လှည့်ပတ်စမ်းသပ်ဖို့ပဲကျန်တော့တာပါ။
.
.
ဝိုင်ဖိုင် အဆုံးသတ်တော့မှာလား?
-----   -----   -----   -----   -----
.
Li-Fi သုံးလာနိုင်ရုံနဲ့ Wi-Fi ခေတ်ကုန်တော့မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အနာဂါတ်ဆိုတာ ကြိုမမြင်ရပေမယ့် အလင်းမှာလည်း သူ့ဟာနဲ့သူ ပျော့ကွက်က ရှိနေတာပါပဲ။ ဥပမာ - အလင်းက ရေဒီယိုလှိုင်းလို ထုထည်အတားအဆီး - Solid Objects တွေကို ဖောက်မသွားနိုင်ဘူးလေ။ တစ်ကယ်လို့ လိုင်ဖိုင်သုံးနေရင်း အခန်းထဲကနေ ထထွက်သွားရင် အင်တာနက်လိုင်းပြတ်တောက်သွားတာက စိတ်မကောင်းစရာပါ။
.
ဒါပေမယ့် တင်းကြပ်စိတ်ချရတဲ့ အင်တာနက်လုံခြုံရေး - Internet Security အတွက်ကတော့ လိုင်ဖိုင်နည်းပညာဟာ မဟာအခွင့်အရေးပါ။ ဒါကြောင့်မို့ တစ်ကယ့်လက်တွေ့မှာ ပုထုဇဉ်လူသားတွေရဲ့ ဖြည့်လို့မပြည့်နိုင်တဲ့လိုအင်ဆန္ဒတွေအရ Li-Fi နဲ့ Wi-Fi ပေါင်းစပ်ထားတဲ့ စပ်လှိုင်း - Hybrid အင်တာနက်ကိုသာ မျှော်လင့်မိပါကြောင်း ရေးသားလိုက်ရပါတယ်။
.
ခင်မက်လျက်
.
11-25-2015
.
Ref: Business Insider &  iflscience.com/
.
“ လိုင္ဖုိင္နည္းပညာနဲ႕ဖလန္းဖလန္းထရေတာ႕မလား ? ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ( ၁၂ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၄ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/57vmvaf4z6t3d5r/NG_Vol._4%2C_No._14.pdf




No comments:

Post a Comment