![]() |
| ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
လူဟာေသမ်ိဳးဆိုတာကိုေမ႕ေနသူမ်ားက
မာနေထာင္လႊား ေလာဘမ်ားျပီး ေမာဟေစရာသြားေနၾကေနခ်ိန္မွာ ေသမင္းရဲ႕ရက္ခ်ိန္းအတိအက်ရျပီးတဲ႕
နယူးဇီလန္ေက်ာင္းသားေလးရဲ႕အျဖစ္က ၾကားသူအေပါင္းကို မ်က္ရည္မထိန္းႏုိင္ေလာက္ေအာင္ စိတ္ထိခုိက္စရာ
ျဖစ္ခဲ႕တယ္။ ျပည္ရည္ဂလင္းကင္ဆာ - Burkitt Lymphoma ေရာဂါစြဲကပ္လို႕ ရက္သတၱပတ္ ( ၂ ) ပတ္သာ
အသက္ရွင္ခြင္႕ရေတာ႕မယ္ဆုိတာသိတဲ႕အခါ သူဟာ မိန္႕ခြန္းတစ္ခုေကာက္ေရးပါတယ္။
ေက်ာင္းရဲ႕ပညာရည္ခြ်န္ဆုေပးပြဲမွာ
တြန္းလွည္းထုိင္ခံုေလးနဲ႕စင္ျမင္႕ေပၚမွာလိုက္ပါလာတဲ႕ ( ၁၈ ) ႏွစ္အရြယ္ ဂ်ိတ္ဘိုင္လီ - Jake Bailey ဟာ
ဆရာဝန္က သူ႕ရဲ႕မရဏဘဝနိဂံုးအတြက္ ရက္ခ်ိန္းေပးလိုက္တဲ႕ေန႕မွာ ဒီမိန္႕ခြန္းကိုေရးခဲ႕တာျဖစ္ပါတယ္။
က်င္းပဆဲေက်ာင္းအစီအစဥ္ၾကားမွာ သူ႕ရဲ႕ေၾကကြဲဖြယ္ရာအသံကုိ မုိက္ခရုိဖုန္းကေနတစ္ဆင္႕
တစ္ေက်ာင္းလံုးၾကားခြင္႕ရခဲ႕ပါတယ္။ သူ႕မိန္႕ခြန္းအျပည္႕အစံုမွာ ..
“ ကြ်န္ေတာ္မိန္႕ခြန္းတစ္ခုေရးခဲ႕တယ္
.. ဒီညလိုေျပာခြင္႕မရခင္ တစ္ပတ္အလုိကေပါ႕။ သူတို႕ကေျပာတယ္ .. ကြ်န္ေတာ႕မွာကင္ဆာရွိေနျပီ တဲ႕ ”
" ေနာက္ ( ၃ ) ပတ္အတြင္း ေဆးကုသမႈတစ္ခုခုမရရွိဘူးဆိုရင္ လူငယ္ေလး .. မင္း အသက္ဆက္မရွင္ႏုိင္ဘူး လို႕ သူတို႕က ဆက္ေျပာတယ္ "
" ျပီးေတာ႕ ဒီည ဒီေနရာမွာ စကားေျပာဖို႕ ကြ်န္ေတာ႕ကုိေပးမသြားႏုိင္ဘူး တဲ႕"
"
ဒါေပမယ္႕ ကံေကာင္းေထာက္မစြာ .. အဲဒီမိန္႕ခြန္းဟာ
ေနာက္ဘာျဖစ္မလဲဆိုတာကိုေရးထားတာမဟုတ္ပဲ လြန္ခဲ႕တဲ႕
အံ႕ၾသဖြယ္ရာႏွစ္အပိုိင္းအျခား အေၾကာင္းျဖစ္ေနပါတယ္။ သူငယ္ခ်င္းတို႕က
ကြ်န္ေတာ႕ကို ေဆးရံုအိပ္ယာကုတင္ေပၚမွာ
ေနာက္ထပ္မိန္႕ခြန္းတစ္ခုမေရးေစခ်င္ဘူး မဟုတ္လား "
"
ေလာကၾကီးမွာ ဘယ္သူမွ အသက္ရွင္မေသပဲ ဘဝထဲကထြက္သြားႏုိင္သူဆုိတာမရွိပါဘူး။
ဒါေၾကာင္႕ သူရသတၱိ ျပည္႕စံုပါေစ။ ဂရုဏာတရား ရွိပါေစ။
သူငယ္ခ်င္းတို႕ရရွိေနတဲ႕အခြင္႕အေရးကို ေက်းဇူးတင္တတ္ပါေစ "
"
ဒီလိုအခြင္႕အေရးမ်ိဳးကုိ မိမိေရွ႕ကေလွ်ာက္သြားသူေတြထံကေန သင္ယူပါ။
ေဘးကကပ္လ်က္ေလွ်ာက္ေနသူေတြထံကေန သင္ယူပါ။ ၾကီးပြားတိုးတက္ဖို႕ဆက္လုပ္ရင္း
ပိုေကာင္းတဲ႕ဘဝေတြကို တိုးျမွင္႕ဖို႕ ကြ်န္ေတာ္ကိုယ္တိုင္ နဲ႕
သူငယ္ခ်င္းတို႕ကို စိမ္ေခၚခ်င္တယ္ "
"
တစ္ကယ္႕အနာဂါတ္က ကြ်န္ေတာ္တို႕လက္ထဲမွာရွိတယ္။
ေရရွည္မက္ရမယ္႕အိပ္မက္ေတြကုိ ေမ႕လိုက္ပါ။ အနီးကပ္ပန္းတိုင္ကို
စိတ္အားထက္သန္မႈအျပည္႕နဲ႕ ဦးတည္ၾကိဳးစားၾကပါ။ အႏုစိတ္ေမွ်ာ္မွန္းခ်က္ေတြ
ခ်မွတ္ပါ။ လိုခ်င္တပ္မက္မႈနဲ႕အလုပ္လုပ္ပါ။ ကိုယ္႕ေရွ႕မွာရွိတဲ႕အရာေတြကုိ
ဂုဏ္ယူတတ္ပါေစ။ ဘယ္ေနရာမွာအဆံုးသတ္သြားမယ္႕ဘဝလည္းဆိုတာ
ကြ်န္ေတာ္တို႕မသိရပါဘူး။ ဘယ္အခ်ိန္လည္းဆိုတာကိုလည္း မသိႏုိင္ပါဘူး "
"
ကြ်န္ေတာ္တို႕ထဲကတစ္ခ်ိဳ႕ဟာ လမ္းမွန္ေပၚျပန္ေရာက္လာဖို႕
အခြင္႕မၾကံဳႏုိင္ေတာ႕ဘူး။ တစ္ခ်ိဳ႕ကိုေတာ႕ တီဗီဖန္သားျပင္ေပၚမွာ ေတြ႕ရမယ္။
တစ္ခ်ိဳ႕ကုိ စာေစာင္ေတြေပၚမွာ ျမင္ရမယ္။ တစ္ခ်ိဳ႕မ်ားကိုေတာ႕
ေထာင္ထဲအထိလိုက္ေတြ႕ရမယ္ "
"
ဒါေပမယ္႕ဗ်ာ .. သူငယ္ခ်င္းေတြနဲ႕အတူတူ တစ္ေယာက္ခ်င္းစီ
အတူတူၾကီးျပင္းခြင္႕ရခဲ႕တာကုိ ဝမ္းသာလိုက္တာ။ ဒီေနရာကေန
ဘယ္ကိုသြားရမယ္ဆုိတာ ကြ်န္ေတာ္မသိေတာ႕ဘူး။ သူငယ္ခ်င္းတို႕ေရာ
ဘယ္ေရာက္သြားမယ္ဆုိတာ မသိႏုိင္ဘူး "
"
ဒါေပမယ္႕ ဘဝခရီးလမ္းကုိ အေကာင္းဆံုးျဖတ္သန္းႏုိင္ပါေစလုိ႕
ကြ်န္ေတာ္ဆုေတာင္းပါတယ္။ ဒါ႕႔အျပင္ ကြ်န္ေတာ႕ရဲ႕ဘဝေသးေသးေလးမွာ
ပါဝင္ေပးခဲ႕တဲ႕အတြက္လည္း ေက်းဇူးတင္ပါတယ္။ ဘယ္ေနရာသြားသြား
ဘာေတြကုိလုပ္လုပ္ ျပန္ဆံုတိုင္း သူငယ္ခ်င္းေတြ ဆက္ျဖစ္ခ်င္ပါတယ္ "
ဂ်ိတ္ဘုိင္လီရဲ႕စကားအဆံုးမွာ ပရိသတ္အားလံုးဟာ တိတ္ဆိတ္လြန္းေနျပီး ငိုရိႈက္သံသဲ႕သဲ႕ေလးကိုသာ ၾကားေနရပါေတာ႕တယ္။
ခင္မင္လ်က္
11-11-2015
Ref: Business Insider
Myanmar Unicode Version:
“ သေမယ်ဆိုတာသိတဲ့အချိန် ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
လူဟာသေမျိုးဆိုတာကိုမေ့နေသူများက မာနထောင်လွှား လောဘများပြီး မောဟစေရာသွားနေကြနေချိန်မှာ သေမင်းရဲ့ရက်ချိန်းအတိအကျရပြီးတဲ့ နယူးဇီလန်ကျောင်းသားလေးရဲ့အဖြစ်က ကြားသူအပေါင်းကို မျက်ရည်မထိန်းနိုင်လောက်အောင် စိတ်ထိခိုက်စရာ ဖြစ်ခဲ့တယ်။ ပြည်ရည်ဂလင်းကင်ဆာ - Burkitt Lymphoma ရောဂါစွဲကပ်လို့ ရက်သတ္တပတ် ( ၂ ) ပတ်သာ အသက်ရှင်ခွင့်ရတော့မယ်ဆိုတာသိတဲ့အခါ သူဟာ မိန့်ခွန်းတစ်ခုကောက်ရေးပါတယ်။
ကျောင်းရဲ့ပညာရည်ချွန်ဆုပေးပွဲမှာ တွန်းလှည်းထိုင်ခုံလေးနဲ့စင်မြင့်ပေါ်မှာလိုက်ပါလာတဲ့ ( ၁၈ ) ႏွစ္အရြယ္ ဂျိတ်ဘိုင်လီ - Jake Bailey ဟာ ဆရာဝန်က သူ့ရဲ့မရဏဘဝနိဂုံးအတွက် ရက်ချိန်းပေးလိုက်တဲ့နေ့မှာ ဒီမိန့်ခွန်းကိုရေးခဲ့တာဖြစ်ပါတယ်။ ကျင်းပဆဲကျောင်းအစီအစဉ်ကြားမှာ သူ့ရဲ့ကြေကွဲဖွယ်ရာအသံကို မိုက်ခရိုဖုန်းကနေတစ်ဆင့် တစ်ကျောင်းလုံးကြားခွင့်ရခဲ့ပါတယ်။ သူ့မိန့်ခွန်းအပြည့်အစုံမှာ ..
“ ကျွန်တော်မိန့်ခွန်းတစ်ခုရေးခဲ့တယ် .. ဒီညလိုပြောခွင့်မရခင် တစ်ပတ်အလိုကပေါ့။ သူတို့ကပြောတယ် .. ကျွန်တော့မှာကင်ဆာရှိနေပြီ တဲ့ ”
" နောက် ( ၃ ) ပတ်အတွင်း ဆေးကုသမှုတစ်ခုခုမရရှိဘူးဆိုရင် လူငယ်လေး .. မင်း အသက်ဆက်မရှင်နိုင်ဘူး လို့ သူတို့က ဆက်ပြောတယ် "
" ပြီးတော့ ဒီည ဒီနေရာမှာ စကားပြောဖို့ ကျွန်တော့ကိုပေးမသွားနိုင်ဘူး တဲ့"
" ဒါပေမယ့် ကံကောင်းထောက်မစွာ .. အဲဒီမိန့်ခွန်းဟာ နောက်ဘာဖြစ်မလဲဆိုတာကိုရေးထားတာမဟုတ်ပဲ လွန်ခဲ့တဲ့ အံ့ဩဖွယ်ရာနှစ်အပိုင်းအခြား အကြောင်းဖြစ်နေပါတယ်။ သူငယ်ချင်းတို့က ကျွန်တော့ကို ဆေးရုံအိပ်ယာကုတင်ပေါ်မှာ နောက်ထပ်မိန့်ခွန်းတစ်ခုမရေးစေချင်ဘူး မဟုတ်လား "
" လောကကြီးမှာ ဘယ်သူမှ အသက်ရှင်မသေပဲ ဘဝထဲကထွက်သွားနိုင်သူဆိုတာမရှိပါဘူး။ ဒါကြောင့် သူရသတ္တိ ပြည့်စုံပါစေ။ ဂရုဏာတရား ရှိပါစေ။ သူငယ်ချင်းတို့ရရှိနေတဲ့အခွင့်အရေးကို ကျေးဇူးတင်တတ်ပါစေ "
" ဒီလိုအခွင့်အရေးမျိုးကို မိမိရှေ့ကလျှောက်သွားသူတွေထံကနေ သင်ယူပါ။ ဘေးကကပ်လျက်လျှောက်နေသူတွေထံကနေ သင်ယူပါ။ ကြီးပွားတိုးတက်ဖို့ဆက်လုပ်ရင်း ပိုကောင်းတဲ့ဘဝတွေကို တိုးမြှင့်ဖို့ ကျွန်တော်ကိုယ်တိုင် နဲ့ သူငယ်ချင်းတို့ကို စိမ်ခေါ်ချင်တယ် "
" တစ်ကယ့်အနာဂါတ်က ကျွန်တော်တို့လက်ထဲမှာရှိတယ်။ ရေရှည်မက်ရမယ့်အိပ်မက်တွေကို မေ့လိုက်ပါ။ အနီးကပ်ပန်းတိုင်ကို စိတ်အားထက်သန်မှုအပြည့်နဲ့ ဦးတည်ကြိုးစားကြပါ။ အနုစိတ်မျှော်မှန်းချက်တွေ ချမှတ်ပါ။ လိုချင်တပ်မက်မှုနဲ့အလုပ်လုပ်ပါ။ ကိုယ့်ရှေ့မှာရှိတဲ့အရာတွေကို ဂုဏ်ယူတတ်ပါစေ။ ဘယ်နေရာမှာအဆုံးသတ်သွားမယ့်ဘဝလည်းဆိုတာ ကျွန်တော်တို့မသိရပါဘူး။ ဘယ်အချိန်လည်းဆိုတာကိုလည်း မသိနိုင်ပါဘူး "
" ကျွန်တော်တို့ထဲကတစ်ချို့ဟာ လမ်းမှန်ပေါ်ပြန်ရောက်လာဖို့ အခွင့်မကြုံနိုင်တော့ဘူး။ တစ်ချို့ကိုတော့ တီဗီဖန်သားပြင်ပေါ်မှာ တွေ့ရမယ်။ တစ်ချို့ကို စာစောင်တွေပေါ်မှာ မြင်ရမယ်။ တစ်ချို့များကိုတော့ ထောင်ထဲအထိလိုက်တွေ့ရမယ် "
" ဒါပေမယ့်ဗျာ .. သူငယ်ချင်းတွေနဲ့အတူတူ တစ်ယောက်ချင်းစီ အတူတူကြီးပြင်းခွင့်ရခဲ့တာကို ဝမ်းသာလိုက်တာ။ ဒီနေရာကနေ ဘယ်ကိုသွားရမယ်ဆိုတာ ကျွန်တော်မသိတော့ဘူး။ သူငယ်ချင်းတို့ရော ဘယ်ရောက်သွားမယ်ဆိုတာ မသိနိုင်ဘူး "
" ဒါပေမယ့် ဘဝခရီးလမ်းကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ဒါ့အပြင် ကျွန်တော့ရဲ့ဘဝသေးသေးလေးမှာ ပါဝင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘယ်နေရာသွားသွား ဘာတွေကိုလုပ်လုပ် ပြန်ဆုံတိုင်း သူငယ်ချင်းတွေ ဆက်ဖြစ်ချင်ပါတယ် "
ဂျိတ်ဘိုင်လီရဲ့စကားအဆုံးမှာ ပရိသတ်အားလုံးဟာ တိတ်ဆိတ်လွန်းနေပြီး ငိုရှိုက်သံသဲ့သဲ့လေးကိုသာ ကြားနေရပါတော့တယ်။
ခင်မင်လျက်

.
“ ေသမယ္ဆိုတာသိတဲ႕အခ်ိန္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၉ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၈ ) ၊ စာမ်က္ႏွာ ( ၁၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link : http://www.mediafire.com/download/m92iy88ofbci2m4/NetGuide+Vol.4%2C+No.18.pdf

No comments:
Post a Comment