Tuesday, August 9, 2016

အရပ္ေလးမ်က္ႏွာက GPS ရဲ႕ သိထားစရာအေၾကာင္း ( ၄ ) ခ်က္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
Pokémon Go ဂိမ္းေပၚလာျပီးတဲ႕ေနာက္ ဆူညံဆူညံျဖစ္လာတာကေတာ႕ ကမၻာလံုးဆိုင္ရာတည္ေနရာျပစံနစ္ - GPS ( Global Positioning System ) အေၾကာင္းပဲျဖစ္ပါတယ္။ ဂိမ္းကိုသာကစားေနရတယ္ လက္ကိုင္ဖုန္းကိုင္သူရဲ႕တည္ေနရာ - Location ကုိ တစ္ပါးသူတစ္ေယာက္ေယာက္ ( ဒါမွမဟုတ္ ) အဖြဲ႕အစည္းတစ္ခုခုက သိရွိေနႏုိင္တယ္ဆုိတာသတိမမူမိၾကတဲ႕အခ်က္ကို ပုဂိၢဳလ္ေရးရာလံုျခံဳမႈအသားေပးကုမၸဏီေတြက စုိးရိမ္လာၾကတယ္။
.
ခရီးလမ္းေတြသြားတဲ႕အခါ အရင္က လမ္းျပေျမပံုစံနစ္ - Navigator ေတြသံုးၾကတယ္။ ေနာက္ပိုင္းႏွစ္ GPS ပုိမုိက်ယ္ျပန္႕လာတဲ႕ႏွစ္ေတြမွာ လက္ကုိင္ဖုန္းက Maps App ကို သံုးစြဲမႈပိုမိုက်ယ္ျပန္႕လာၾကျပန္တယ္။ အခုလို Google ေနာက္ခံ Niantic ကုမၸဏီရဲ႕ Pokémon Go ဂိမ္း ပြင္႕ထြက္လာတဲ႕ေနာက္မွာေတာ႕ GPS ကုိသံုးစြဲမႈ ပိုမိုျမင္႕တက္လာခဲ႕ပါတယ္။
.
.
လူအမ်ားစုဟာ သူတုိ႕ရဲ႕လက္ကိုင္ဖုန္းကေန ေထာက္လွမ္းရရွိသြားတဲ႕ တည္ေနရာျပစံနစ္ရဲ႕အေရးပါပံုကို မသိၾကပါဘူး။ ဒါေပမယ္႕ “ သံုးတတ္ရင္မိတ္ေဆြ၊ မသံုးတတ္ရင္ရန္သူ ” ဆိုတဲ႕စကားအတိုင္း တစ္လြဲသံုးသူေတြလက္ထဲေရာက္သြားရင္ မွန္းဆလို႕မရတဲ႕အႏၱရာယ္နယ္အတြင္း သက္ဆင္းသြားႏုိင္ပါတယ္။ ဒါေၾကာင္႕GPS ရဲ႕ ထူးျခားခ်က္ ( ၄ ) ခ်က္ကို တစ္ခ်က္ခ်င္း ေအာက္မွာ ဆက္ဖတ္ၾကည္႕ေစလိုပါတယ္။
.
.
.
၁.. GPS ဟာ အေမရိကထြက္ကုန္ Made in America ျဖစ္တယ္
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။။
GPS ဟာ မိတ္အင္အေမရိကား ျဖစ္ျပီး တစ္ျခားႏုိင္ငံေတြက သူတုိ႕ကုိယ္ပုိင္ GPS ေတြထုတ္ဖို႕ အျပင္းအထန္ၾကိဳးပမ္းေနၾကတယ္။
.
GPS ကုိ ထိန္းေက်ာင္းေနတဲ႕ၿဂိဳဟ္တု ( ၂၄ ) လံုး ရွိျပီး ေျမျပင္စခန္းေတြ နဲ႕ အေျခစိုက္လက္ခံေရး႒ာနေတြ လိုအပ္ပါတယ္။ ( ၁၉၆ဝ ) ခုႏွစ္ကတည္းက ယူအစ္စ္ေရတပ္က GPS ကုိ စမ္းသပ္ေနခဲ႕တာျဖစ္ျပီး ေနာက္ပိုင္းမွာ ေလတပ္နဲ႕ေပါင္းစပ္ကာ နက္ဗ္စတာ - NAVSTAR အမည္နဲ႕ ( ၁၉၇၄ ) ခုႏွစ္မွာ စစ္ေရးျပင္ပကို ထုတ္ျပႏုိင္ခဲ႕တယ္။
.
သကၠရာဇ္ ( ၂ဝဝဝ ) အေရာက္မွာ အဲဒီတုန္းက သမၼတ ဘီလ္ကလင္တန္က အကန္႕အသတ္နဲ႕သာသံုးခြင္႕ရွိေနတဲ႕ GPS ကုိ အေမရိကန္အမ်ားစုသံုးႏုိင္ျပီး ပိုမိုတိက်တဲ႕အခ်က္အလက္ေတြထည္႕သြင္းႏုိင္ေအာင္ လူထုကုိ ဖြင္႕ေပးခဲ႕တယ္။

.
အေမွ်ာ္အျမင္ရွိသူ ေခါင္းေဆာင္ရဲ႕ ပြင္႕လင္းမႈေအာက္မွာ အစုိးရဟာ ျပည္သူေတြထံက GPS နဲ႕ ျဂိဳဟ္တုေတြအသံုးျပဳခကို ေငြေၾကးတစ္စံုတစ္ရာ မေကာက္ခံခဲ႕ပါဘူး။ ေဒၚလာ ( ၃ ) ထရီလ်ံ ေက်ာ္တန္တဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈအလြန္မွာ အေမရိကားဟာ သူမတူေအာင္ လမ္းပန္းဆက္သြယ္ေရး၊ ေရေၾကာင္းသေဘၤာသြားလာေရး၊ လယ္ယာစိုက္ပ်ိဳးေရး နဲ႕ တစ္ျခား ေဒသႏၱရေျမပံုအေျခခံစီးပြားေရးေတြမွာ ပထမဦးဆံုး အထြဋ္အထိပ္ေရာက္ခဲ႕တယ္။
.
ဒါကုိ သေဘာမေတြ႕တဲ႕ ရုရွား၊ တရုတ္ နဲ႕ အီးယူႏုိင္ငံေတြဟာ အမည္နာမအမ်ိဳးမ်ိဳးနဲ႕ ကိုယ္ပိုင္ျဂိဳဟ္တုေတြလႊင္႕တင္ျပီး အိမ္ေမြး GPS ကို တိတ္တဆိတ္တည္ေဆာက္လာၾကတယ္။ အခ်ိန္မေရြးစစ္ျဖစ္လာႏုိင္တဲ႕ႏုိင္ငံ ( ၂ ) ခုအတြင္းမွာ တိုက္ျပီဆုိရင္ ကုိယ္ပုိင္ GPS မရွိတဲ႕ ႏိုင္ငံက တစ္ပန္းရွံဳးမွာကို ပါဝါအင္အားၾကီးႏုိင္ငံေတြက ၾကိဳသိေနၾကတာ အဆန္းေတာ႕ မဟုတ္ပါဘူး။
.
.
.
၂.. ဖုန္းပိတ္ထားေပမယ္႕ GPS က ဆက္အလုပ္လုပ္တယ္
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။။
သံုးစြဲသူဟာ မိမိရဲ႕ဖုန္းကိုပိတ္ထားလိုက္ေပမယ္႕ ဖုန္းမပိတ္ခင္ဖြင္႕ထားတဲ႕တည္ေနရာျပ - Location On ထားတဲ႕အတြက္ ကြ်မ္းက်င္သူေတြရဲ႕ ေျခရာခံလုိက္မႈ - Tracking ကုိ ခံေနရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင္႕ ဖုန္းပိတ္ထားေပမယ္႕ ဖုန္းရဲ႕အကန္႕အသတ္ျပင္ပလုပ္ေဆာင္ခ်က္ - Limited Function ေတြက ျဂိဳဟ္တုေတြဆီ အခ်က္အလက္ေတြကို မရပ္တမ္းပို႕ေနတုန္းဆိုတာ သိထားဖို႕လုိပါတယ္။
.
ေလယာဥ္ပ်ံေပၚမွာသံုးတဲ႕ Airplane Mode ေရႊ႕လိုက္ရင္ တစ္ခ်ိဳ႕ေသာ လက္ကိုင္ဖုန္းေတြမွာ ပိုမုိေျခရာေဖ်ာက္ႏုိင္ေပမယ္႕ ဖုန္းတိုင္းေတာ႕ မဟုတ္ပါဘူး။ App Store ေတြမွာ ေဒါင္းေလာ႕ဒ္ဆြဲရတဲ႕ App ေတြက သူတို႕နည္းပညာကိုသံုးဖုိ႕ သေဘာတူညီမႈယူခုိင္းတဲ႕ေနရာမွာ တည္ေနရာကို မွ်ေဝ - Share ခြင္႕ရွိတာမ်ိဳး ေတာင္းဆုိသလို မိမိရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို ကုမၸဏီက အလိုလိုရသြားတာလည္း ရွိၾကတယ္။
.
အဲဒီထဲက မသမာတဲ႕ နည္းပညာကုမၸဏီေတြက အေရးၾကီးသူေတြရဲ႕ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကုိ တစ္ဆင္႕ခံကုမၸဏီေတြဆီေရာင္းစားၾကတဲ႕အခါ လ်ိဳ႕ဝွက္ခ်က္ေတြ ယိုစိမ္႕ရတဲ႕အျဖစ္ေတြ ရွိလာပါတယ္။ ဒါေၾကာင္႕ မိမိတည္ရွိတဲ႕ေနရာကိုမသိေစလိုရင္ ဖုန္းပိတ္ထားရံုနဲ႕ မေသခ်ာပါဘူး။
.
ေရဒီယိုလိႈင္း၊ ဘလူးတုသ္ နဲ႕ ဝိုင္ဖိုင္ဆက္သြယ္ေရးေတြကိုလက္ခံႏုိင္၊ လႊင္႕ထုတ္ႏုိင္တဲ႕ပစၥည္းေတြ မိမိနားမွာ တစ္ခုမွ မရွိမွ စိတ္ခ်ရပါမယ္။ အေကာင္းဆံုးကေတာ႕ မိမိေရာက္ေနတဲ႕တည္ေနရာကိုမသိေစခ်င္ရင္ ဘယ္လိုလက္ကိုင္ဖုန္းမွယူမသြားတာ အေသခ်ာဆံုးပါပဲ။
.
.
.
၃.. GPS ဟာ အျမဲမမွန္ပါ
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။
GPS အျမဲမမွန္တာကို ပန္းသီးထုတ္ကုန္ iPhone စီးရီးတစ္ခုမွာ ေျမပံုေဆာ႕ဝဲလ္ Maps က သက္ေသခံခဲ႕ျပီးပါျပီ။ ဒါ႕အျပင္ ဖုန္းကေျမပံုကိုအားကုိးျပီး ေရကန္ထဲေမာင္းခ်သြားတဲ႕ကားလိုမ်ိဳး၊ သားနဲ႕အေမ GPS လမ္းေပ်ာက္ျပီး ေသမင္းတမန္လြင္ျပင္ပန္းျခံ - Death Valley National Park ထဲမွာ ( ၅ ) ရက္ေလာက္ လမ္းေပ်ာက္ျပီး ေနာက္ဆံုး ရဲကရွာေတြ႕တဲ႕အခ်ိန္မွာ သားငယ္ေသဆံုးရတဲ႕အျဖစ္မ်ိဳး ေတြကုိ သင္ခန္းစာယူသင္႕ပါတယ္။
.
အမွန္က အျပစ္အားလံုးဟာ GPS ေၾကာင္႕ေတာ႕မဟုတ္ပါဘူး။ လူေတြရဲ႕ နည္းပညာကုိအားကိုးလြန္းတဲ႕စိတ္ေၾကာင္႕ ပတ္ဝန္းက်င္ နဲ႕ အေျခအေနကုိလ်စ္လ်ဴရႈမိတဲ႕စိတ္ကလည္း ပူးတြဲတရားခံပါ။
.
တစ္ကယ္သံုးတတ္မယ္ဆုိရင္ GPS က အင္မတန္လံုျခံဳပါတယ္။ ဒါေပမယ္႕ မိုးေမွ်ာ္တုိက္ေတြမ်ားတဲ႕ေနရာ၊ ေျမေအာက္ထဲေမာင္းဝင္သြားရတဲ႕ကားလမ္းေတြမွာ၊ အသံလိႈင္းထုတ္လႊင္႕မႈမ်ားျပားတဲ႕ေနရာေတြမွာ GPS ရဲ႕ တိက်မႈအားနည္းႏုိင္တဲ႕အခ်က္ကိုထည္႕သြင္႕တြက္ခ်က္ဖို႕ေတာ႕ လူသားတို႕ရဲ႕ ဆင္ျခင္တံုတရားက စကားေျပာသြားပါတယ္။
.
.
.
၄.. GPS က လူ႕ဦးေႏွာက္ကိုေျပာင္းလဲတယ္
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။။
ဖြံ႕ျဖိဳးမႈသိပ္မၾကာလွေသးတဲ႕ GPS ေၾကာင္႕ လူသားဦးေႏွာက္ေတြကို မည္၍မည္မွ်ေျပာင္းလဲတယ္ဆုိတာေလ႕လာဖို႕ သိပၸံပညာရွင္ေတြ မအားေသးပါဘူး။ GPS ေၾကာင္႕ ဆင္႕ပြားလာမယ္႕ တိုးတက္ေျပာင္းလဲမႈ - Development ေတြၾကားမွာ အလုပ္မ်ားေနၾကတယ္။
.
ျမိဳ႕ၾကီးေတြက အငွားကားေမာင္းတဲ႕ဒရိုင္ဘာေတြၾကားမွာ GPS သံုးသူ နဲ႕ မသံုးသူတုိ႕ရဲ႕ဦးေႏွာက္ေတြဟာ မတူညီၾကဘူးလို႕ ဆုိၾကတယ္။ အထူးသျဖင္႕ ကားလမ္းခရီးကေပးလာမယ္႕ အခက္အခဲေတြကို ဦးေႏွာက္ဆီသတင္းပို႕တဲ႕ေနရာမွာ ထူးထူးျခားျခားကြဲျပားၾကတယ္လို႕ ေလ႕လာသူေတြက ေျပာၾကတယ္။
.
ေနာက္တစ္ခုက ေျမပံုေဆာ႕ဝဲလ္အျမဲသံုးျပီး ေမာင္းတဲ႕ကားသမားေတြဟာ သြားေနက်လမ္းေတြကိုေတာင္ သာမန္လူေတြထက္မွတ္မိဖို႕ခက္လာၾကတယ္။ ဒီအခ်က္က GPS ေၾကာင္႕ ထည္႕သြင္းရမယ္႕အခ်က္အလက္ေတြကို ဦးေႏွာက္က ေမ႕ေလ်ာ႕လာတာ ေပၚလြင္ေနပါတယ္။
.
အခုေနာက္ပိုင္းတည္ထြင္မႈေတြမွာ မပါရင္မျပီးသေလာက္ကို ေရာင္းေကာင္းဝယ္ေကာင္းျဖစ္ေနတာ GPS ပါ။ ဂိမ္းေရးဆြဲတဲ႕ေဆာ႕ဝဲလ္ေတြမွာ အြန္လိုင္းမွာအုပ္စုဖြဲ႕ကစားရာကေနျပီး ေနရာရွာေဖြေမြးျမဴရတဲ႕ Pokémon Go ဂိမ္းအထိ အေရးပါလွသလို GPS ကုိ သံုးေလသမွ် မိမိရဲ႕ကိုယ္ေရးတည္ရွိမႈကို တစ္နည္းမဟုတ္တစ္နည္း အားနည္းစြာ စြန္႕လႊတ္ေနရတယ္ဆုိတာကိုသိေစဖို႕ ဒီေဆာင္းပါးေလးနဲ႕ အသိပညာေပးလိုက္ရပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
08-09-2016
.
ရည္ညႊန္းကုိးကား : MarketWatch
.
.
.
Unicode Version:
.
.
.
“ အရပ်လေးမျက်နှာက GPS ရဲ့ သိထားစရာအကြောင်း ( ၄ ) ချက် ”
.
Pokémon Go ဂိမ်းပေါ်လာပြီးတဲ့နောက် ဆူညံဆူညံဖြစ်လာတာကတော့ ကမ္ဘာလုံးဆိုင်ရာတည်နေရာပြစံနစ် - GPS ( Global Positioning System ) အကြောင်းပဲဖြစ်ပါတယ်။ ဂိမ်းကိုသာကစားနေရတယ် လက်ကိုင်ဖုန်းကိုင်သူရဲ့တည်နေရာ - Location ကို တစ်ပါးသူတစ်ယောက်ယောက် ( ဒါမှမဟုတ် ) အဖွဲ့အစည်းတစ်ခုခုက သိရှိနေနိုင်တယ်ဆိုတာသတိမမူမိကြတဲ့အချက်ကို ပုဂ္ဂိုလ်ရေးရာလုံခြုံမှုအသားပေးကုမ္ပဏီတွေက စိုးရိမ်လာကြတယ်။
.
ခရီးလမ်းတွေသွားတဲ့အခါ အရင်က လမ်းပြမြေပုံစံနစ် - Navigator တွေသုံးကြတယ်။ နောက်ပိုင်းနှစ် GPS ပိုမိုကျယ်ပြန့်လာတဲ့နှစ်တွေမှာ လက်ကိုင်ဖုန်းက Maps App ကို သုံးစွဲမှုပိုမိုကျယ်ပြန့်လာကြပြန်တယ်။ အခုလို Google နောက်ခံ Niantic ကုမ္ပဏီရဲ့ Pokémon Go ဂိမ်း ပွင့်ထွက်လာတဲ့နောက်မှာတော့ GPS ကိုသုံးစွဲမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။
.
.
လူအများစုဟာ သူတို့ရဲ့လက်ကိုင်ဖုန်းကနေ ထောက်လှမ်းရရှိသွားတဲ့ တည်နေရာပြစံနစ်ရဲ့အရေးပါပုံကို မသိကြပါဘူး။ ဒါပေမယ့် “ သုံးတတ်ရင်မိတ်ဆွေ၊ မသုံးတတ်ရင်ရန်သူ ” ဆိုတဲ့စကားအတိုင်း တစ်လွဲသုံးသူတွေလက်ထဲရောက်သွားရင် မှန်းဆလို့မရတဲ့အန္တရာယ်နယ်အတွင်း သက်ဆင်းသွားနိုင်ပါတယ်။ ဒါကြောင့်GPS ရဲ့ ထူးခြားချက် ( ၄ ) ချက်ကို တစ်ချက်ချင်း အောက်မှာ ဆက်ဖတ်ကြည့်စေလိုပါတယ်။
.
.
.
၁.. GPS ဟာ အမေရိကထွက်ကုန် Made in America ဖြစ်တယ်
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။။
GPS ဟာ မိတ်အင်အမေရိကား ဖြစ်ပြီး တစ်ခြားနိုင်ငံတွေက သူတို့ကိုယ်ပိုင် GPS တွေထုတ်ဖို့ အပြင်းအထန်ကြိုးပမ်းနေကြတယ်။
.
GPS ကို ထိန်းကျောင်းနေတဲ့ဂြိုဟ်တု ( ၂၄ ) လုံး ရှိပြီး မြေပြင်စခန်းတွေ နဲ့ အခြေစိုက်လက်ခံရေးဋ္ဌာနတွေ လိုအပ်ပါတယ်။ ( ၁၉၆ဝ ) ခုနှစ်ကတည်းက ယူအစ်စ်ရေတပ်က GPS ကို စမ်းသပ်နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လေတပ်နဲ့ပေါင်းစပ်ကာ နက်ဗ်စတာ - NAVSTAR အမည်နဲ့ ( ၁၉၇၄ ) ခုနှစ်မှာ စစ်ရေးပြင်ပကို ထုတ်ပြနိုင်ခဲ့တယ်။
.
သက္ကရာဇ် ( ၂ဝဝဝ ) အရောက်မှာ အဲဒီတုန်းက သမ္မတ ဘီလ်ကလင်တန်က အကန့်အသတ်နဲ့သာသုံးခွင့်ရှိနေတဲ့ GPS ကို အမေရိကန်အများစုသုံးနိုင်ပြီး ပိုမိုတိကျတဲ့အချက်အလက်တွေထည့်သွင်းနိုင်အောင် လူထုကို ဖွင့်ပေးခဲ့တယ်။
.
အမျှော်အမြင်ရှိသူ ခေါင်းဆောင်ရဲ့ ပွင့်လင်းမှုအောက်မှာ အစိုးရဟာ ပြည်သူတွေထံက GPS နဲ့ ဂြိုဟ်တုတွေအသုံးပြုခကို ငွေကြေးတစ်စုံတစ်ရာ မကောက်ခံခဲ့ပါဘူး။ ဒေါ်လာ ( ၃ ) ထရီလျံ ကျော်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုအလွန်မှာ အမေရိကားဟာ သူမတူအောင် လမ်းပန်းဆက်သွယ်ရေး၊ ရေကြောင်းသင်္ဘောသွားလာရေး၊ လယ်ယာစိုက်ပျိုးရေး နဲ့ တစ်ခြား ဒေသန္တရမြေပုံအခြေခံစီးပွားရေးတွေမှာ ပထမဦးဆုံး အထွဋ်အထိပ်ရောက်ခဲ့တယ်။
.
ဒါကို သဘောမတွေ့တဲ့ ရုရှား၊ တရုတ် နဲ့ အီးယူနိုင်ငံတွေဟာ အမည်နာမအမျိုးမျိုးနဲ့ ကိုယ်ပိုင်ဂြိုဟ်တုတွေလွှင့်တင်ပြီး အိမ်မွေး GPS ကို တိတ်တဆိတ်တည်ဆောက်လာကြတယ်။ အချိန်မရွေးစစ်ဖြစ်လာနိုင်တဲ့နိုင်ငံ ( ၂ ) ခုအတွင်းမှာ တိုက်ပြီဆိုရင် ကိုယ်ပိုင် GPS မရှိတဲ့ နိုင်ငံက တစ်ပန်းရှုံးမှာကို ပါဝါအင်အားကြီးနိုင်ငံတွေက ကြိုသိနေကြတာ အဆန်းတော့ မဟုတ်ပါဘူး။
.
.
.
၂.. ဖုန်းပိတ်ထားပေမယ့် GPS က ဆက်အလုပ်လုပ်တယ်
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။။
သုံးစွဲသူဟာ မိမိရဲ့ဖုန်းကိုပိတ်ထားလိုက်ပေမယ့် ဖုန်းမပိတ်ခင်ဖွင့်ထားတဲ့တည်နေရာပြ - Location On ထားတဲ့အတွက် ကျွမ်းကျင်သူတွေရဲ့ ခြေရာခံလိုက်မှု - Tracking ကို ခံနေရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းပိတ်ထားပေမယ့် ဖုန်းရဲ့အကန့်အသတ်ပြင်ပလုပ်ဆောင်ချက် - Limited Function တွေက ဂြိုဟ်တုတွေဆီ အချက်အလက်တွေကို မရပ်တမ်းပို့နေတုန်းဆိုတာ သိထားဖို့လိုပါတယ်။
.
လေယာဉ်ပျံပေါ်မှာသုံးတဲ့ Airplane Mode ရွှေ့လိုက်ရင် တစ်ချို့သော လက်ကိုင်ဖုန်းတွေမှာ ပိုမိုခြေရာဖျောက်နိုင်ပေမယ့် ဖုန်းတိုင်းတော့ မဟုတ်ပါဘူး။ App Store တွေမှာ ဒေါင်းလော့ဒ်ဆွဲရတဲ့ App တွေက သူတို့နည်းပညာကိုသုံးဖို့ သဘောတူညီမှုယူခိုင်းတဲ့နေရာမှာ တည်နေရာကို မျှဝေ - Share ခွင့်ရှိတာမျိုး တောင်းဆိုသလို မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို ကုမ္ပဏီက အလိုလိုရသွားတာလည်း ရှိကြတယ်။
.
အဲဒီထဲက မသမာတဲ့ နည်းပညာကုမ္ပဏီတွေက အရေးကြီးသူတွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို တစ်ဆင့်ခံကုမ္ပဏီတွေဆီရောင်းစားကြတဲ့အခါ လျို့ဝှက်ချက်တွေ ယိုစိမ့်ရတဲ့အဖြစ်တွေ ရှိလာပါတယ်။ ဒါကြောင့် မိမိတည်ရှိတဲ့နေရာကိုမသိစေလိုရင် ဖုန်းပိတ်ထားရုံနဲ့ မသေချာပါဘူး။
.
ရေဒီယိုလှိုင်း၊ ဘလူးတုသ် နဲ့ ဝိုင်ဖိုင်ဆက်သွယ်ရေးတွေကိုလက်ခံနိုင်၊ လွှင့်ထုတ်နိုင်တဲ့ပစ္စည်းတွေ မိမိနားမှာ တစ်ခုမှ မရှိမှ စိတ်ချရပါမယ်။ အကောင်းဆုံးကတော့ မိမိရောက်နေတဲ့တည်နေရာကိုမသိစေချင်ရင် ဘယ်လိုလက်ကိုင်ဖုန်းမှယူမသွားတာ အသေချာဆုံးပါပဲ။
.
.
.
၃.. GPS ဟာ အမြဲမမှန်ပါ
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။
GPS အမြဲမမှန်တာကို ပန်းသီးထုတ်ကုန် iPhone စီးရီးတစ်ခုမှာ မြေပုံဆော့ဝဲလ် Maps က သက်သေခံခဲ့ပြီးပါပြီ။ ဒါ့အပြင် ဖုန်းကမြေပုံကိုအားကိုးပြီး ရေကန်ထဲမောင်းချသွားတဲ့ကားလိုမျိုး၊ သားနဲ့အမေ GPS လမ်းပျောက်ပြီး သေမင်းတမန်လွင်ပြင်ပန်းခြံ - Death Valley National Park ထဲမှာ ( ၅ ) ရက်လောက် လမ်းပျောက်ပြီး နောက်ဆုံး ရဲကရှာတွေ့တဲ့အချိန်မှာ သားငယ်သေဆုံးရတဲ့အဖြစ်မျိုး တွေကို သင်ခန်းစာယူသင့်ပါတယ်။
.
အမှန်က အပြစ်အားလုံးဟာ GPS ကြောင့်တော့မဟုတ်ပါဘူး။ လူတွေရဲ့ နည်းပညာကိုအားကိုးလွန်းတဲ့စိတ်ကြောင့် ပတ်ဝန်းကျင် နဲ့ အခြေအနေကိုလျစ်လျူရှုမိတဲ့စိတ်ကလည်း ပူးတွဲတရားခံပါ။
.
တစ်ကယ်သုံးတတ်မယ်ဆိုရင် GPS က အင်မတန်လုံခြုံပါတယ်။ ဒါပေမယ့် မိုးမျှော်တိုက်တွေများတဲ့နေရာ၊ မြေအောက်ထဲမောင်းဝင်သွားရတဲ့ကားလမ်းတွေမှာ၊ အသံလှိုင်းထုတ်လွှင့်မှုများပြားတဲ့နေရာတွေမှာ GPS ရဲ့ တိကျမှုအားနည်းနိုင်တဲ့အချက်ကိုထည့်သွင့်တွက်ချက်ဖို့တော့ လူသားတို့ရဲ့ ဆင်ခြင်တုံတရားက စကားပြောသွားပါတယ်။
.
.
.
၄.. GPS က လူ့ဦးနှောက်ကိုပြောင်းလဲတယ်
။။။။။။။။။။။။။။။။။။။။။။။----------------------။။။။။။။။။။။။။။။။။။။။။။။။
ဖွံ့ဖြိုးမှုသိပ်မကြာလှသေးတဲ့ GPS ကြောင့် လူသားဦးနှောက်တွေကို မည်၍မည်မျှပြောင်းလဲတယ်ဆိုတာလေ့လာဖို့ သိပ္ပံပညာရှင်တွေ မအားသေးပါဘူး။ GPS ကြောင့် ဆင့်ပွားလာမယ့် တိုးတက်ပြောင်းလဲမှု - Development တွေကြားမှာ အလုပ်များနေကြတယ်။
.
မြို့ကြီးတွေက အငှားကားမောင်းတဲ့ဒရိုင်ဘာတွေကြားမှာ GPS သုံးသူ နဲ့ မသုံးသူတို့ရဲ့ဦးနှောက်တွေဟာ မတူညီကြဘူးလို့ ဆိုကြတယ်။ အထူးသဖြင့် ကားလမ်းခရီးကပေးလာမယ့် အခက်အခဲတွေကို ဦးနှောက်ဆီသတင်းပို့တဲ့နေရာမှာ ထူးထူးခြားခြားကွဲပြားကြတယ်လို့ လေ့လာသူတွေက ပြောကြတယ်။
.
နောက်တစ်ခုက မြေပုံဆော့ဝဲလ်အမြဲသုံးပြီး မောင်းတဲ့ကားသမားတွေဟာ သွားနေကျလမ်းတွေကိုတောင် သာမန်လူတွေထက်မှတ်မိဖို့ခက်လာကြတယ်။ ဒီအချက်က GPS ကြောင့် ထည့်သွင်းရမယ့်အချက်အလက်တွေကို ဦးနှောက်က မေ့လျော့လာတာ ပေါ်လွင်နေပါတယ်။
.
အခုနောက်ပိုင်းတည်ထွင်မှုတွေမှာ မပါရင်မပြီးသလောက်ကို ရောင်းကောင်းဝယ်ကောင်းဖြစ်နေတာ GPS ပါ။ ဂိမ်းရေးဆွဲတဲ့ဆော့ဝဲလ်တွေမှာ အွန်လိုင်းမှာအုပ်စုဖွဲ့ကစားရာကနေပြီး နေရာရှာဖွေမွေးမြူရတဲ့ Pokémon Go ဂိမ်းအထိ အရေးပါလှသလို GPS ကို သုံးလေသမျှ မိမိရဲ့ကိုယ်ရေးတည်ရှိမှုကို တစ်နည်းမဟုတ်တစ်နည်း အားနည်းစွာ စွန့်လွှတ်နေရတယ်ဆိုတာကိုသိစေဖို့ ဒီဆောင်းပါးလေးနဲ့ အသိပညာပေးလိုက်ရပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-09-2016
.
ရည်ညွှန်းကိုးကား : MarketWatch
.
“ အရပ္ေလးမ်က္ႏွာက GPS ရဲ႕ သိထားစရာအေၾကာင္း ( ၄ ) ခ်က္ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ၾသဂုတ္လ ( ၂၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၄၉ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။







No comments:

Post a Comment