Thursday, October 8, 2015

Dislike လို႕ နာမယ္မေပးတဲ႕ မာ႕ခ္ ရဲ႕ Reactions

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
လူအမ်ားက ကာလၾကာရွည္ေတာင္းဆုိလာခဲ႕တဲ႕ ျမန္မာလို “ မႏွစ္သက္ပါ ” လို႕ အဓိပၸာယ္ရတဲ႕ “ Dislike Button ” ခလုတ္အုပ္စုကုိ Facebook က အုိင္ယာလန္ နဲ႕ စပိန္ႏုိင္ငံတုိ႕မွာ စမ္းသပ္ထုတ္လႊင္႕လိုက္တယ္လို႕ သိရပါတယ္။
.
မၾကာေသးခင္ကက်င္းပခဲ႕တဲ႕ Facebook ရဲ႕ Townhall Q&A ေတြ႕ဆံုပဲြ အေမးအေျဖက႑မွာ မာ႕ခ္ဇက္ဂါဘတ္ - Mark Zuckerberg က “ ပုိ႕စ္တစ္ခုအေပၚမွာ ကုိယ္ဘယ္လုိခံစားရတယ္ဆိုတာ လူအမ်ားကို ပုိေကာင္းေအာင္ထုတ္ေဖာ္ျပသႏုိင္ဖို႕ အခ်ိန္မ်ားစြာယူျပီးစဥ္းစားေနပါတယ္ ”  လို႕ ေျပာခဲ႕ပါတယ္။ သူကဆက္ျပီး …
.
“ ကြ်န္ေတာ႕ကို Dislike ခလုတ္ထြင္ေပးဖုိ႕ေတာင္းဆိုထားတာ အေတာ္ၾကာခဲ႕ျပီ။ အခ်ိန္ကာလတုိင္းဟာ ေကာင္းတဲ႕အေၾကာင္းခ်ည္း ျဖစ္ေနတာမဟုတ္ဘူးေလ။ တခါတေလက်ေတာ႕ ကုိယ္႕ဘက္က သနားၾကင္နာတယ္၊ စာနာမိတယ္ဆိုတာကို ေျပာခ်င္ၾကတယ္။ အဲဒီလိုအခ်ိန္ေတြမွာ Like လုပ္ရတာ သိပ္မေကာင္းဘူးလို႕လည္း ေျပာၾကတယ္ ”
.
“ ကုိယ္႕ရဲ႕အေရးၾကီးတဲ႕အခ်ိန္ေတြကို သာမန္အခ်ိန္ေတြထက္ အေရးပါေၾကာင္း မွ်ေဝခ်င္တဲ႕အခါမွာသံုးဖို႕ Like ထက္ ေဖာ္ျပမႈပိုဆီေလ်ာ္တဲ႕ နည္းလမ္းတစ္ခုေတာ႕ရွိမွရေတာ႕မယ္ဆိုတာ ကြ်န္ေတာ္တုိ႕ အၾကိတ္အနယ္စဥ္းစားခဲ႕တယ္ ”
.
“ ဒီေန႕မွာေတာ႕ Reactions ဆိုတာကို ကြ်န္ေတာ္တုိိ႕စမ္းသပ္လႊတ္တင္ထားတယ္။ Like ခလုတ္ထက္ ေဖာ္ျပမႈပိုေကာင္းတဲ႕ ခလုတ္တစ္ခုလို႕ေျပာလို႕ရတယ္ ”

.
.
“ သူ႕မွာ Like ၊ Love ၊ Haha ၊ Yay ၊ Wow ၊ Sad နဲ႕ Angry ဆိုတဲ႕ ခလုပ္အတြဲလုိက္ပါဝင္ပါမယ္။ ဒါေပမယ္႕ မၾကိဳက္ဘူးဆိုတဲ႕ Dislike ခလုတ္ေတာ႕ ပါလာမွာမဟုတ္ပါဘူး။ ဒါေပမယ္႕ ဒီအထဲကေန မိတ္ေဆြမ်ားရဲ႕ သနားၾကင္နာမႈ နဲ႕ စာနာမႈကို ကိုယ္ခ်င္းစာနာစြာထုတ္ေဖာ္ျပသႏိုင္မယ္။ သံုးရတဲ႕အခါမွာလည္း ရိုးစင္းျပီး တစ္ဦးကုိတစ္ဦးေလးစားသမႈလည္း မပ်က္ေစပါဘူး ”
.
“ တစ္ကမၻာလံုးသံုးႏုိင္ေအာင္ မခ်ျပေသးခင္ ဒီ ( ၂ ) ႏုိင္ငံက Facebook သံုးစြဲသူေတြရဲ႕ တုံ႕ျပန္မႈကိုေလ႕လာခ်င္ပါေသးတယ္။ မိတ္ေဆြမ်ားၾကိဳက္ႏွစ္သက္ၾကမွာပါ။ ဒီခ်စ္စရာခလုတ္ေလးေတြကေန သူငယ္ခ်င္းေတြကုိ မိတ္ေဆြတို႕ဘယ္လုိခံစားေနရတယ္ဆုိတာကို ေကာင္းေကာင္းေဖာ္ျပႏုိင္ျပီေလ ” လို႕ သူ႕ရဲ႕ Facebook Timeline မွာ ဗီြဒီယုိနဲ႕အတူ ပို႕စ္တင္ေရးသားထားပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-08-2015
.
ရုပ္သံၾကည္႕ႏုိင္ရန္: https://www.facebook.com/chris.cox/videos/10101920404101583/
.
.
.
Myanmar Unicode Version
.
.
“ Dislike လို့ နာမယ်မပေးတဲ့ မာ့ခ် ရဲ့ Reactions ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လူအများက ကာလကြာရှည်တောင်းဆိုလာခဲ့တဲ့ မြန်မာလို “ မနှစ်သက်ပါ ” လို့ အဓိပ္ပာယ်ရတဲ့ “ Dislike Button ” ခလုတ်အုပ်စုကို Facebook က အိုင်ယာလန် နဲ့ စပိန်နိုင်ငံတို့မှာ စမ်းသပ်ထုတ်လွှင့်လိုက်တယ်လို့ သိရပါတယ်။
.
မကြာသေးခင်ကကျင်းပခဲ့တဲ့ Facebook ရဲ့ Townhall Q&A တွေ့ဆုံပွဲ အမေးအဖြေကဏ္ဍမှာ မာ့ခ်ဇက်ဂါဘတ် - Mark Zuckerberg က “ ပို့စ်တစ်ခုအပေါ်မှာ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာ လူအများကို ပိုကောင်းအောင်ထုတ်ဖော်ပြသနိုင်ဖို့ အချိန်များစွာယူပြီးစဉ်းစားနေပါတယ် ”  လို့ ပြောခဲ့ပါတယ်။ သူကဆက်ပြီး …
.
ကျွန်တော့ကို Dislike ခလုတ်ထွင်ပေးဖို့တောင်းဆိုထားတာ အတော်ကြာခဲ့ပြီ။ အချိန်ကာလတိုင်းဟာ ကောင်းတဲ့အကြောင်းချည်း ဖြစ်နေတာမဟုတ်ဘူးလေ။ တခါတလေကျတော့ ကိုယ့်ဘက်က သနားကြင်နာတယ်၊ စာနာမိတယ်ဆိုတာကို ပြောချင်ကြတယ်။ အဲဒီလိုအချိန်တွေမှာ Like လုပ်ရတာ သိပ်မကောင်းဘူးလို့လည်း ပြောကြတယ် ”
.
ကိုယ့်ရဲ့အရေးကြီးတဲ့အချိန်တွေကို သာမန်အချိန်တွေထက် အရေးပါကြောင်း မျှဝေချင်တဲ့အခါမှာသုံးဖို့ Like ထက် ဖော်ပြမှုပိုဆီလျော်တဲ့ နည်းလမ်းတစ်ခုတော့ရှိမှရတော့မယ်ဆိုတာ ကျွန်တော်တို့ အကြိတ်အနယ်စဉ်းစားခဲ့တယ် ”
.
ဒီနေ့မှာတော့ Reactions ဆိုတာကို ကျွန်တော်တို့စမ်းသပ်လွှတ်တင်ထားတယ်။ Like ခလုတ်ထက် ဖော်ပြမှုပိုကောင်းတဲ့ ခလုတ်တစ်ခုလို့ပြောလို့ရတယ် ”
.
.
သူ့မှာ Like ၊ Love ၊ Haha ၊ Yay ၊ Wow ၊ Sad နဲ့ Angry ဆိုတဲ့ ခလုပ်အတွဲလိုက်ပါဝင်ပါမယ်။ ဒါပေမယ့် မကြိုက်ဘူးဆိုတဲ့ Dislike ခလုတ်တော့ ပါလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအထဲကနေ မိတ်ဆွေများရဲ့ သနားကြင်နာမှု နဲ့ စာနာမှုကို ကိုယ်ချင်းစာနာစွာထုတ်ဖော်ပြသနိုင်မယ်။ သုံးရတဲ့အခါမှာလည်း ရိုးစင်းပြီး တစ်ဦးကိုတစ်ဦးလေးစားသမှုလည်း မပျက်စေပါဘူး ”
.
တစ်ကမ္ဘာလုံးသုံးနိုင်အောင် မချပြသေးခင် ဒီ ( ၂ ) နိုင်ငံက Facebook သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကိုလေ့လာချင်ပါသေးတယ်။ မိတ်ဆွေများကြိုက်နှစ်သက်ကြမှာပါ။ ဒီချစ်စရာခလုတ်လေးတွေကနေ သူငယ်ချင်းတွေကို မိတ်ဆွေတို့ဘယ်လိုခံစားနေရတယ်ဆိုတာကို ကောင်းကောင်းဖော်ပြနိုင်ပြီလေ ” လို့ သူ့ရဲ့ Facebook Timeline မှာ ဗွီဒီယိုနဲ့အတူ ပို့စ်တင်ရေးသားထားပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-08-2015
.
ရုပ်သံကြည့်နိုင်ရန်: https://www.facebook.com/chris.cox/videos/10101920404101583/
.
“ Dislike လို႕ နာမယ္မေပးတဲ႕ မာ႕ခ္ ရဲ႕ Reactions ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ( ၂၄ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၇ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/jbyel19grqxsf5g/NetGuide+Vol.4%2C+No.7.pdf








No comments:

Post a Comment