![]() |
ဆောင်းပါးရှင်
- ကိုညီညီ ( တောင်ကြီး )
|
အမေရိကန်နိုင်ငံ၊ ကော်နက်တီကပ်ပြည်နယ်
ကျောင်းအုပ်ချုပ်ရေးရုံးမှာ ဒေးဗစ်အန်းဒရစ် တစ်ယောက် ပြန်ကြားရေး အမှုဆောင်အရာရှိချုပ်ဖြစ်လာတဲ့အချိန်ကိုက်
ကြီးမားတဲ့စိန်ခေါ်မှုတွေစောင့်ကြိုနေပါတယ်။ လက်ရှိကွန်ပျူတာများက ဟောင်းနွမ်းလွန်းနေပြီး
( ၉၅ ) ရာခိုင်နှုန်းသော ကျောင်းသားများဟာ အခမဲ့ သို့မဟုတ် ဈေးချိုနေ့လည်စာများစားသုံးနေရချိန်မှာ
ကလေးများအတွက် ကျောင်းပြင်ပမှာ ကွန်ပျူတာသုံးစွဲမှု မရရှိကြပါဘူး။ ငွေအင်အား ဘတ်ဂျက်
က အကန့်အသတ်ရှိတော့ ကွန်ပျူတာ အသစ်ကို လော့ - Lot လိုက်ဝယ်ဖို့ အခက်အခဲဖြစ်နေရှာတယ်။
ကျောင်းကို ကွန်ပျူတာတွေဆင်ဖို့လိုလာတဲ့အခါ ဒေးဗစ် က Google ထုတ်
Chromebook ကို သတိရလာတယ်။ ၂ဝ၁ဝ ခုနှစ်တုန်းက Google Inc. က ဒေးဗစ် ရဲ့ နည်းပညာဘလော့ဂ်
ပေါ်မှာ ဝေဖန်သုံးသပ်ပေးဖို့ တစ်လုံးပို့လာတဲ့အခါ ဒီ Chromebook ရဲ့ အဓိက ဈေးချိုမှု နဲ့ စွမ်းဆောင်ရည် ကို သူစိတ်တိုင်းကျခဲ့တယ်။
“ အဖိုးနှုန်းချိုပြီး ပြုပြင်ထိန်းသိမ်းစရာမလိုတဲ့ Chromebook ကို ဒီဈေးနဲ့ရောင်းတာက
အင်မတန်ဆွဲဆောင်မှုရှိစေတယ်၊ နောက်ပြီး Google ကိုယ်တိုင် အလိုအလျောက် Update လုပ်တော့
သုံးစွဲသူ က အထောက်အပံ့ပေးရတဲ့အချိန်တွေ သက်သာသွားတယ် ” လို့ Google ရဲ့ တရားဝင် သောကြာနေ့သတင်းဘလော့ဂ်
မှာ မှတ်ချက်ပေးခဲ့တယ်။
အထက်တန်းကျောင်းအတွက် ပထမအသုတ် အလုံးရေ ( ၄ဝဝဝ ) ဝယ်ပြီးတဲ့အခါ Google
App တွေ အသုံးပြုပြီး ကျောင်းသားတိုင်းကို အီးမေးလ်လိပ်စာကိုယ်စီရအောင် ဖွင့်ပေးနိုင်ခဲ့တယ်။
အချိန် နဲ့ သိမ်းဆည်းခ သက်သာဖို့အတွက် ကျောင်းသားတွေရဲ့ စာရွက်စာတမ်း၊ e-File တွေ ကို
Google Drive ပေါ်တင်ခဲ့တယ်။ အခုအချိန်မှာ ကျောင်းအုပ်ချုပ်ရေးရုံးမှာ အလုံးရေ ( ၉ဝဝဝ
) လက်ဝယ်ရှိနေပြီး အထက်တန်းကျောင်းသားအားလုံး တစ်ယောက်တစ်လုံး သုံးစွဲခွင့်ရနေပါပြီ။
“ Chromebook ဟာ ပို့ချတဲ့ဆရာ နဲ့ သင်ယူတဲ့ကျောင်းသား နှစ်ဘက်စလုံးရဲ့
သင်ကြားစံနစ်ပုံစံတွေကို ပြောင်းလဲစေတယ်။ ( ကဲ … အားလုံးနားထောင် - ဆရာ ရှင်းပြမယ်
) ဆိုတဲ့ သင်ကြားစံနစ်ကို လျှော့ချနိုင်ပြီး မိမိ ပရောဂျက် ကို အဆင်ပြေပြေလုပ်ဆောင်ဖို့
ကျောင်းသားတွေကို တက်ကြွစွာ ပါဝင်လာစေတယ် ” လို့ သူ့ကိုယ်ပိုင် ဘလော့ဂ် မှာ ရေးတင်ခဲ့တယ်။
Chromebook ရွေးချယ်မှုဇာတ်လမ်းက ဒေးဗစ် တစ်ယောက်ထဲတော့မဟုတ်ပါဘူး။
Google ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ရောင်းအား ( ၂.၁ ) သန်းထက် အလုံးရေ ( ၁ )
သန်း ပိုရောင်းရခဲ့တယ်လို့ဆိုတယ်။ ရောင်းအားအမြင့်ဆုံးမှတ်တမ်းဝင်ခဲ့ပြီး ဆက်လက်ပိုမိုရောင်းရမယ်လို့
ယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။ အမှန်က ယမန်နှစ်ကတည်းက ကျောင်းအုပ်ချုပ်ရေးရုံးအားလုံးရဲ့
( ၂၂ ) ရာခိုင်နှုန်း Chromebook ကို သုံးစွဲနေကြပါပြီ။
Business Insider အွန်လိုင်းမဂ္ဂဇင်းကြီး ရဲ့ အနုစိတ်သုံးသပ်သူ စကော့စထရောင်း
က “ ပညာရေးဟာ Google ရဲ့ မဟာအားထုတ်အာရုံစိုက်ရတဲ့ အရေးကြီးကဏ္ဍဖြစ်တယ်၊ ဆက်လုပ်ရမှာတွေများနေပေမယ့်
သန်းနဲ့ချီတဲ့ ဝင်းဒိုးအစားထိုး Chromebook ရဲ့ ရောင်းအားကြောင့် ပညာရေးဝန်ကြီးဋ္ဌာနအတွက်
တော်တော်အဓိပ္ပာယ်ရှိပါတယ် ” လို့ မှတ်ချက်ပြုခဲ့တယ်။ ဒေးဗစ်အတွက် အဓိပ္ပာယ်က မတူပြန်ပါဘူး၊
သူက ကျောင်းသားတွေရဲ့ သင်ယူမှုပုံစံပြောင်းလာတာကို အဓိက အားတက်ရပါတယ်။
“ ဒီကွန်ပျူတာလေးတွေက သုံးရလွယ်ကူပြီး လက်တွေ့အလုပ်ဖြစ်စေပါတယ်၊
ဒါကြောင့် စာမေးပွဲ ကျစေဖို့ အခွင့်အလမ်းကို တော်တော်လေး လျော့ကျစေပါတယ် ” လို့ပြောကြားသွားသူက
ဒေးဗစ်ရဲ့ ( ၁ဝ ) တန်းကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။
Ref: http://www.businessinsider.com/school-district-chose-google-chromebooks-2014-7?op=1
koko2yeye@gmail.com
" Google Chromebooks တွေကို ရွေးချယ်ခဲ့တဲ့ကျောင်းရုံး " စာမူသည် ၂ဝ၁၄ သြဂုတ်လ ( ၂ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၅ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။
Download Link :http://www.mediafire.com/download/hj7tc671czxp7cl/Vol._3,_No._45.pdf
koko2yeye@gmail.com
" Google Chromebooks တွေကို ရွေးချယ်ခဲ့တဲ့ကျောင်းရုံး " စာမူသည် ၂ဝ၁၄ သြဂုတ်လ ( ၂ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၅ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။
Download Link :http://www.mediafire.com/download/hj7tc671czxp7cl/Vol._3,_No._45.pdf




No comments:
Post a Comment