Monday, September 30, 2013

ကမ္ဘာပေါ်မှာ တန်းဖိုးအကြီးဆုံးကုမ္ပဏီ Apple ဖြစ်လာ



Coca-Cola ကို ကျော်တက်ပြီး Apple ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်လာတယ်လို့ ကုမ္ပဏီကြီးများစာရင်းကို နှစ်စဉ်မှတ်တမ်းတင်နေတဲ့ Interbrand အစီရင်ခံစာ က ဆိုပါတယ် ၊ မှတ်တမ်းစပြုစုခဲ့ကတည်းက ဗိုလ်စွဲခဲ့တဲ့ Coca-Cola ဟာ ဒုတိယနေရာအတွက် Google ကို ဖယ်ပေးလိုက်ရပြီး ပိုင်ဆိုင်မှုဒေါ်လာ ၇၉.၂ ဘီလီယံနဲ့ တတိယနေရာမှာ ကျေနပ်လိုက်ရပါတယ် ။
        Apple က ပိုင်ဆိုင်မှု ၉၈.၃ ဘီလီယံ ရှိပြီး Google ကတော့ ၉၃.၃ ဘီလီယံ ကြွယ်ဝပါတယ် ၊ IBM နဲ့ Microsoft က အမှတ်စဉ် ၄ နဲ့ ၅ နေရာတွေမှာရှိပြီး ၈ နဲ့ ၉ နေရာတွေမှာတော့ နာမယ်ကြီး Samsung နဲ့ Intel တို့ဖြစ်နေပါတယ် ။
        လူမှုကွန်ယက် Facebook ကတော့ ထိပ်ပိုင်းစာရင်းမှာ မချိတ်သေးပေမယ့်လဲ အဆင့် ၆၉ ကနေ ၅၂ အထိ အလျင်အမြန်ခုန်တက်နိုင်ခဲ့တဲ့ ၂ဝ၁၃ ရဲ့ Biggest Riser လို့ သတင်းကရေးသားပါတယ် ။



ကိုညီညီ - တောင်ကြီး

No comments:

Post a Comment