Thursday, July 17, 2014

မအိပ်သောမြို့ နီယွန်ညရဲ့ အလင်းရောင်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


---- ရင်ထဲက အမှန်အတိုင်းပြောရရင် ကျွန်တော်က မှန်တဲ့အလုပ်ကိုပဲ လုပ်ချင်တာပါ၊ ဒါပေမယ့် ဆေးဝါးရောင်းတာက အရမ်းလွယ်လွန်းနေတယ်။ ဆင်ခြေပေးနေတာ မဟုတ်ပါဘူး၊ ကျွန်တော် လုပ်ချင်လို့ လုပ်တာပါ။ ဆေးဝါးရောင်းပြီး ကျောင်းစားရိတ်ရှာနေရသူ၊ နှင်ချခံရလုဆဲဆဲ အမေအိုကြီးကို အိမ်လခ ရှာပေးနေရသူ " စောရ " ငယ်လေးတွေကြားမှာ ကြီးပြင်းခဲ့ရတာဆိုတော့လေ။ ကျွန်တော့သူငယ်ချင်းတွေလည်း ဒီလိုပဲ လုပ်စားနေကြတာ ကြာတော့ ဖက်ရှင် တစ်ခုလိုတောင်ဖြစ်နေကြပြီ။ 
.
.
---- ပိုကောင်းပြီး ဂုဏ်ရှိတဲ့အလုပ်တစ်ခုကို ပြောင်းချင်နေတဲ့ကျွန်တော် ဘဝတက္ကသိုလ်ကျောင်း ( ၆ ) နှစ် တက်လိုက်ရတယ်။ အပြင်လောကကို ပြန်ထွက်လာရော လွယ်လွယ်ငွေရှာတဲ့ဘဝကို ပြန်သွားဖို့အကြောင်းဖန်နေတယ်။ ပတ်ဝန်းကျင်က လူအားလုံးက ဒီဆေးဝါးတွေကို ရောင်းမြဲရောင်းတုန်း။ ကျွန်တော် အလုပ်ရှာမရဘူးဗျာ၊ ထောင်ထွက်တစ်ယောက်ကို ဒုတိယမိ ပြန်လည်ကြိုးစားခွင့်ပေးတဲ့ ကုမ္ပဏီ အများကြီးမရှိဘူးဗျ။ 
.
.
---- ကံကောင်းထောက်မ, စွာ ကျွန်တော့လိုလူမျိုးကို ကူညီမယ့် အလုပ်ပေး အေဂျင်စီတစ်ခု တွေ့ခဲ့တယ်။ သူတို့ချပေးတဲ့အလုပ်ကို အခု ကျွှန်တော်လုပ်နေတာ နှစ်အနည်းငယ်ရှိလာပြီ။ အခု ကျွန်တော် ဘာပစ္စည်းရောင်းနေလဲ သိလား၊ ကျွန်တော့လုပ်အားကိုရောင်းနေတာ၊ တစ်နည်းအားဖြင့် ကျွန်တော့ဘဝကို ရောင်းနေတာလေ။ 
.
.
---- ဒီအနီးတစ်ဝိုက်က လူတွေက ကျွန်တော့ဖောက်သည်တွေ ဖြစ်နေကြပြီ။ အဲဒီလူတွေက " ထိုင်း - ရင်ပြင် " Time Square ကို ဆေးဝါးစွဲသလို စွဲနေကြပြီ။ ရပါတယ်၊ ဒီအမှိုက်လေးတွေကို ကျွန်တော်ကောက်ပေးလိုက်တော့ သူတို့တစ်တွေ Time Square အတွေ့အကြုံကို ကောင်းကောင်းကြီး ခံစားလို့ရသွားပြီပေါ့ဗျာ။
.
( မှတ်ချက်။          ။ ကိုယ်တွေ့မဟုတ်ပါ။ Humans of New York စာမျက်နှာ၏ July 16th - ပို့စ် ကို မြန်မာမှုပြုခြင်းသာဖြစ်သည်။ )

No comments:

Post a Comment