![]() |
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
|
.
---- ဂျပန်အပြေး အမေရိကန်အသိမ်းမှာ အဘိုးတို့ ဖိလစ်ပိုင် ကို ပြေးခဲ့တယ်။
မနီလာမြို့ကို ဂျပန်တွေ သိမ်းထားစဉ်အခါက သူတို့က အဘိုးတို့ကို ဂျပန်စာ ရေးတတ်၊ ဖတ်တတ်အောင်
သင်ပေးတယ်။ မြောက်ဘက်ကနေ အမေရိကန်တွေ မြို့ကို ပြန်သိမ်းဖို့ ကြိုးစားတော့ ဂျပန်တွေဟာ
အဘိုးတို့နေတဲ့ မြို့တောင်ပိုင်းက တံတားတွေ နဲ့ ခံတပ်ကသင်းတွေကို ဖောက်ခွဲဖျက်ဆီးပစ်ကြတယ်။
.
.
---- အဘိုးတို့အနီးမှာ ဂျပန်ခံတပ်ရှိတဲ့အခါ ဗုံးဆံတွေ ဆိုတာလည်း
အိမ်ပတ်ပတ်လည်မှာ အများကြီးကျလာတာပေါ့။ အဘိုးတို့ မိသားစုဟာ တစ်ခုသော မနက်ခင်းမှာ ကြက်ခြေနီ
ရဲ့ အကာအကွယ်ရရှိဖို့ ဆေးရုံကို ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်။ သယ်နိုင်တဲ့ ပစ္စည်းတွေကို
တွန်းလှည်းပေါ်တင်ရင်း အရင်ပြေးနှင့်ကြတဲ့ အိမ်နီးနားချင်းတွေဟာ မြေမြှုပ်မိုင်းထိပြီး
အားလုံးအသက်ပါကုန်ကြတယ်။ အဘိုးတို့ဆက်ပြေးခဲ့တယ်။
.
.
---- လမ်းမကြီးတစ်ခုပေါ်လည်းရောက်ရော အစောင့်ဂိတ်တစ်ခု နဲ့ တွေ့လို့
အိမ်တစ်လုံးထဲ ဝင်ခိုခဲ့တယ်။ သိပ်မကြာပါဘူး ဂျပန်စစ်သားတွေက အဘိုးတို့ကို မိသွားပါလေရော။
အဘိုးတို့အားလုံးကို တန်းစီသတ်ပစ်ဖို့ နံရံကို မျက်နှာမူပြီး ရပ်ထားခိုင်းတယ်။ အဘိုးတို့အသက်ကိုချမ်းသာပေးဖို့
အသည်းအသန် တောင်းပန်လိုက်ကြတယ်။ ဒီအခါမှာ ဂျပန်တွေဟာ အမေ နဲ့ ကလေးတွေကို ဘေးထွက်ရပ်ဖို့
အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် အဖေ့ ကိုတော့ အဲဒီနေရာမှာ ဆက်ရပ်နေခိုင်းတယ်။
.
.
---- အမေဟာ ဒူးထောက်ပြီး ငိုကြီးချက်မ, နဲ့ ဂျပန်စစ်ဗိုလ် ကို တတ်သလောက်
မှတ်သလောက် ဂျပန်စကား နဲ့ အနူးအညွတ်တောင်းပန်တဲ့အခါ အဘိုးတို့ အားလုံးကို လွှတ်ပေးခဲ့တယ်။
အမေပြောခဲ့တဲ့စကားက “ ဂျပန်အရာရှိကြီးရှင့် .. အခု ဒီနေရာမှာ ရှင့်မိသားစုလို့ တွေးကြည့်ပေးပါရှင်
” ဆိုတာပဲ ဖြစ်ပါတယ် ။
.
Ref: July 29, 2014 Post : Humans
of New York

No comments:
Post a Comment