![]() |
| ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
SIPRI
- Stockholm International Peace Research Institute ရဲ့ အစီရင်ခံစာသစ်အရ အမေရိကန်၊
ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေး နဲ့ မြောက်ကိုးရီးယား
( ၉ ) နိုင်ငံတို့ဟာ စုစုပေါင်း နျူကလီးယားလက်နက်ပေါင်း ( ၁၆၃ဝဝ ) ပိုင်ဆိုင်ကြတယ်လို့
သိရပါတယ်။
.
လက်နက်တိုင်းထွာရေးနှင့်နျူကလီးယားလျှော့ချရေး
- New START အစီအစဉ်အရ ရုရှား နဲ့
အမေရိကန်တို့ဟာ လက်ဝယ်ပိုင်ဆိုင်မှုမဟာထိပ်ဖူးများ လျှော့ချပင်လျှော့ချနေငြားသော်လည်း
သူတို့ ( ၂ ) နိုင်ငံပေါင်းလက်ထဲမှာ ကမ္ဘာ့ပိုင်ဆိုင်မှုရဲ့ ( ၉၃% ) ရှိနေပါသေးတယ်။
.
SIPRI
ရဲ့မှတ်တမ်းအရ တရားဝင်အသိမှတ်ပြု ပိုင်ဆိုင်သူများဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊
ဗြိတိန် နဲ့ အမေရိကန်တို့ဟာ နျူကလီးယားထိပ်ဖူးဖြုတ်သိမ်းရေးအတွက် ဆက်လက်လုပ်ဆောင်ကြမယ်လို့
ဆိုပါတယ်။ အောက်က စာရင်းမှာ ဘယ်နိုင်ငံက ဘယ်လောက်ပိုင်ဆိုင်တယ်ဆိုတဲ့ ဇယားကိုကြည့်ပြီး
ကမ္ဘာ့အာဏာချိန်ခွင် အဘယ်အရပ်သို့ ယိမ်းယိုင်နေရတယ်ဆိုတာ လေ့လာနိုင်ပါကြောင်း။
.
.
Ref:
Business Insider

No comments:
Post a Comment