Thursday, July 31, 2014

ဘဝဆိုတာ

.
---- ကွန်ပျူတာဘာသာရပ်လေ့လာဖို့ Student Visa နဲ့ ဒီ အမေရိကားကို လာခဲ့တယ်။ ငွေမလောက်လို့ ကျောင်းမအပ်နိုင်ဘူး။ ပထမ ရက် ( ၂ဝ ) ကျော် ကျွန်တော် ရထားပေါ်မှာ အိပ်ခဲ့တယ်။ ဆီနီဂေါအသိုင်းအဝိုင်း ဘယ်မှာ ရှိသလဲလို့ လူတွေကို ဆက်တိုက်မေးလာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် လူတစ်ယောက် က မြောက်ပိုင်း နယူးယောက်နားက အာဖရိကန် တွေရှိတဲ့ Harlem အသိုက်အဝန်းဘက် သွားဖို့ပြောတယ်။
.
.
---- အဲဒီရောက်တော့ ကျွန်တော့လို ပြောင်းရွှေ့နိုင်ငံသားတွေ နေထိုင်နိုင်တဲ့ ဆီနီဂေါလူမျိုးအသင်း နဲံ့ ဆုံရပါပြီ။ ကျွန်တော် စားသောက်ဆိုင် အလုပ် နဲ့ သန့်ရှင်းရေးအလုပ်တွေကို နှစ်အနည်းငယ် လုပ်လိုက်သေးတယ်။ ဖူးစာကြောင့်ပဲလား .. မသိ၊ ကျွန်တော့ ဇနီးဖြစ်မယ့် မိန်းကလေးနဲ့တွေ့ပြီး နိုင်ငံသားဖြစ်ခွင့်ရခဲ့တယ်။
.
.
---- အခုတော့ လုံခြုံရေးဝန်ထမ်းအလုပ်ကို ကျွန်တော်ရပြီ။ နောက်ဆုံးမတော့ ကျွန်တော်ကျောင်းအပ်လို့ ရသွားပါပြီ။
.

Ref: May 25, 2014 Post : Humans of New York

No comments:

Post a Comment