![]() |
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
|
.
---- ကင်းဘရစ်ခ်ျ တက္ကသိုလ် နောက်ဆုံးနှစ်မှာ ဂုဏ်ထူးတန်း
ဝင်ခွင့်စာမေးပွဲ ဖြေခဲ့တယ်။ စာက အရမ်းခက်တာ .. ပြီးတော့ အရေးလည်းကြီးတယ်လေ။ အမှတ်ထွက်တော့
“ မင်းကို ကျောင်းအုပ်ကြီး က ခေါ်နေတယ် ” လို့
သူငယ်ချင်းက ဖုန်းနဲ့ လှမ်းပြောတယ်။ အဲဒီအချိန်မှာ အဖေက ကျွန်တော့ဘေးမှာထိုင်လျက်ပေါ့။
.
.
---- ဒါနဲ့ အဖေက မျက်နှာတည့်တည့်ကြည့်ပြီး ကျွန်တော်
ဘာအမှားတွေလုပ်ထားသလဲ ဆိုပြီး မေးပါလေရော။ “ ဖြေထားတာ တော်တော်ညံ့လို့ထင်တယ်၊ ဒါကြောင့် ကျောင်းအုပ်ကြီးက
ကျွန်တော့ကို ရှာတာပေါ့ ” လို့ ပြန်ဖြေလိုက်တယ်။
အဖေက ကျောင်းအုပ်ကြီးရုံးခန်းကို သူလိုက်ပေးပြီး ကျွန်တော့ကို အားပေးမယ်လို့ပြောတယ်။
.
.
---- ရုံးခန်းရှေ့ရောက်တော့ အမှတ်စာရင်းစောင့်နေကြတဲ့
ကျောင်းသားတန်းက အရှည်ကြီးပဲ၊ ဒါပေမယ့် ကျောင်းအုပ်ကြီး က မဆိုင်းမတွ ခေါ်တွေ့တယ်၊ ဒါနဲ့
ကျွန်တော်ဝင်သွားတယ်။ လူချင်းတွေ့တော့ “ A ရတဲ့ ( ၃ ) ယောက်ထဲမှာ မင်းပါတယ် ” လို့
ပြောတယ်။
.
.
---- ရုံးခန်းပြင် ပြန်ထွက်လာပြီး အဖေ့ကို သတင်းထူးပြောပြတော့
အဖေလေ … အရမ်းစိတ်လှုပ်ရှားပြီး ကျွန်တော့ကို ဖက်ထားလိုက်တာ .. မငိုချမိအောင် မနည်းထိန်းထားတာ
ကျွန်တော် သိနေတယ်၊ တကယ်ပါ။ အဖေဟာ လုံခြုံရေးအစောင့်ကို ချက်ချင်းခေါ်ပြီး တန်းစီနေတဲ့ကျောင်းသားတွေအားလုံးကို
သူ့မှာပါတဲ့ ငွေတွေအားလုံးကို ဝေခိုင်းလိုက်ပါရော။ ဒီအခိုက်အတန့်လေးဟာ ကျွန်တော့ဘဝ
ရဲ့ အပျော်ရွှင်ဆုံး အခါသမယ လေးပါဗျာ။
.
Ref: June 30, 2014 Post, Humans of New York
.
koko2yeye@gmail.com

No comments:
Post a Comment