![]() |
| ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
10.. ေဟာင္ေကာင္ - Hong Kong မွ အဆက္
.
9.. အိႏိၵယ
- India
.
ကမၻာ႕အၾကီးဆံုး
ဒီမုိကေရစီႏိုင္ငံဘြဲ႕ပိုင္ရွင္ တစ္ျဖစ္လဲ စီးပြားေရးအားေကာင္းတဲ႕ စူပါပါဝါႏုိင္ငံျဖစ္လာတဲ႕
အိႏိၵယ ဟာ ေျပာင္းေရႊ႕ႏုိင္ငံျခားသားေတြအတြက္ ကုန္သြယ္မႈအခြင္႕အလမ္း နဲ႕ အလုပ္အကိုင္ေရြးခ်ယ္မႈေတြကို
ေခ်ာင္းေျမာင္းအေျခခ်ဖို႕ ေနရာတစ္ေနရာ ျဖစ္လာေနပါတယ္။
.
ဒီႏိုင္ငံကိုမွ
ဘာေၾကာင္႕လာခ်င္ေနၾကပါသလဲ? ဘယ္လိုပဲျဖစ္ျဖစ္ ဒီအကြက္အကြင္းမွာေနႏိုင္ရင္ လူမႈစားရိတ္သက္သာတယ္၊
ေကာင္းေကာင္း စားေသာက္ေနထုိင္ႏိုင္တယ္။ ကေလးသူငယ္ပ်ိဳးေထာင္ေရး၊ က်န္းမာေရးေစာင္႕ေရွာက္မႈ၊
အဝတ္အစား၊ မီးဖိုေခ်ာင္သံုးပစၥည္း နဲ႕ အိမ္သံုးပစၥည္းစံုေတြ ဘာလုိခ်င္သလဲ .. အကုန္ေစ်းသက္သာေစရမယ္။
.
မိမိကေလးနယ္ေျမရပ္္ျခားမွာပ်ိဳးေထာင္မႈအဆင္႕မွာ
အိႏိၵယက အဆင္႕ ( ၆ ) မွာ ရပ္တည္ေနႏိုင္ဖို႕အတြက္ တုိင္းျပည္ရဲ႕ အဆင္႕ျမင္႕တဲ႕ ကေလးသူငယ္ေစာင္႕ေရွာက္မႈ
နဲ႕ ေစ်းသက္သာတဲ႕ ပညာေရး၊ တန္းမီွတဲ႕ တကၠသိုလ္ေတြကို စုေပါင္းေက်းဇူးတင္ရမွာပါ။
.
တစ္ဖက္မွာ
ဒီေလာက္ေကာင္းေနရံုမက လူမႈဆက္ဆံေရးအထိအေတြ႕ - Social Scene ေတြမွာလည္း တစ္ျခမ္းေစာင္း
နိမ္႕ဆင္းမသြားပါဘူး။ လူမႈဘဝဆက္ဆံေရးမွာ အဆင္႕ ( ၅ ) ခ်ိတ္ရတဲ႕အေၾကာင္းရင္းက သူငယ္ခ်င္းဖြဲ႕လို႕လြယ္ကူလို႕ပါ။
အဆင္႕ ( ၉ ) အရ ေဖ်ာ္ေျဖမႈေတြကို လူေတြ ၾကိဳက္ႏွစ္သက္ၾကတယ္။
.
“ အိႏိၵယ
ဟာ ေပ်ာ္စရာေကာင္းတယ္။ စိတ္လႈပ္ရွားဖုိ႕ေကာင္းသလုိ အစစအရာရာ မတူညီမႈေတြ အမ်ားၾကီးရွိတယ္။
တစ္္ခါတစ္ေလ ဒီအေျခအေနေတြက သိပ္ေကာင္းမြန္တဲ႕ စိမ္ေခၚမႈေတြ ျဖစ္ေပၚေစပါတယ္ ” ဆိုျပီး
ေျပာင္းေရႊ႕ႏိုင္ငံျခားသားတစ္ဦးက HSBC ကို မွတ္ခ်က္ေပးပါတယ္။
.
.
.
8.. ထုိင္ဝမ္
- Taiwan
.
ကြန္ယက္က်ယ္ျပန္႕တဲ႕
က်န္းမာေရးစံနစ္၊ တစ္ႏုိင္တစ္ပိုင္လူေနမႈအဆင္႕အတန္း နဲ႕ ေနခ်င္႕စဖြယ္ ေဒသႏၱရရုိးရာယဥ္ေက်းမႈ
… ဒီအခ်က္ေတြက ေျပာင္းေရႊ႕ႏိုင္ငံျခားသားေတြအတြက္ ၾကီးက်ယ္ခမ္းနားတဲ႕ ထုိင္ဝမ္ကြ်န္းေလးမွာ
အေျခခ်ေနထုိင္ဖို႕ ေရြးခ်ယ္စရာေနရာတစ္ေနရာ ျဖစ္ေစပါတယ္။
.
ထုိင္ဝမ္
မွာ ေနရင္း ေဒသခံေတြနဲ႕ ဘယ္ေလာက္ေပ်ာ္ဝင္ ရင္းႏွီးကြ်မ္းဝင္ေစႏိုင္သလဲ ဆုိတာကို ထည္႕တြက္မိၾကသလို
ကြ်န္းသားတရုတ္လူမ်ိဳးေတြရဲ႕ ႏွစ္သစ္ကူးပြဲေတာ္ နဲ႕ သရဲပြဲေတာ္ ( သခ်ိဳၤင္းကန္ေတာ႕ပြဲ
) ေတြရဲ႕ အခ်ိန္္အခါကို ေမွ်ာ္လင္႕ေစာင္႕စားၾကတယ္။
.
တရုတ္အစားအေသာက္ကလည္း
ေကာင္းပါဘိသနဲ႕..။ လူ ( ၁ဝဝ ) မွာ ( ၈၅ ) ေယာက္က တရုတ္စာ ကိုပဲ စားသံုးၾကတယ္။ ေန႕ခင္းမွာ
စားေသာက္၊ ညဖက္ဆုိ လုိခ်င္တာအကုန္ရတဲ႕ ေဒသအထူးညေစ်းၾကီးေတြမွာ ယိမ္းယုိင္ႏြဲ႕ပါး ေစ်းဝယ္ၾကတယ္။
.
လူတိုင္းမၾကိဳက္ေလာက္တဲ႕အခ်က္ေတြလည္း
ရွိပါေသးတယ္။ အလုပ္ နဲ႕ ဘဝမွ်ေျခ၊ ေနရထုိင္ရက်ဥ္းၾကပ္ျခင္း နဲ႕ ကေလးသူငယ္ေစာင္႕ေရွာက္မႈတို႕ကို
မႏွစ္သက္ၾကပါဘူး။
.
.
.
7.. ထုိင္း
- Thailand
.
ေတာ္ဝင္ရွမ္းတို႕ရဲ႕နယ္ေျမ
ထိုင္းႏုိင္ငံမွာ စည္ပင္သာယာျပီး အဆင္႕ျမင္႕စြာေနထိုင္လုိၾကမယ္ဆုိတာ သံသယပြားစရာ မရွိပါဘူး။
အစစအရာရာ ေယ်ဘုယ်အေတြ႕အၾကံဳသတ္မွတ္ခ်က္ေတြမွာ ထုိင္း ကုိ အမွတ္ေကာင္းေကာင္း ေပးၾကတယ္။
ရာသီဥတုေကာင္းတယ္ .. ေနရာထုိင္ခင္းအဆင္ေျပတာေတြက အစေပါ႕။
.
ထိုင္းႏိုင္ငံမွာ
ႏုိင္ငံျခားသားေတြက ဝင္ေငြေျဖာင္႕ျပီး လုပ္ငန္းေကာင္းၾကသလို အိပ္ကပ္ပါးေအာင္ သံုးလုိ႕ေကာင္းတဲ႕ေနရာေတြကို
တကၠဆီသမားေတြက ပို႕ေပးပါလိမ္႕မယ္။ ယုိးဒယားေရွးလူမ်ိဳးေတြရဲ႕ ေဒသအစားအေသာက္ကို မက္မက္ေမာေမာ
စားသံုးၾကရံုမက အဆင္႕တစ္ခုမွာ မွတ္တမ္းတင္ထားေပးၾကတယ္။
.
ဒီတိုင္းျပည္မွာ
လိုတာအကုန္ရတဲ႕ ကမၻာ႕အဆင္႕မီွကုန္တုိက္မရွိတဲ႕ေနရာ မရွိသေလာက္ပါပဲ။ ခရီးသြားမလား
.. ေစ်းမမ်ားဘူး .. ဒီအခ်က္ေၾကာင္႕ ေရာက္လာျပီးတဲ႕ ႏိုင္ငံျခားသားေတြရဲ႕ ( ၇၉% ) ဟာ
ရုိးရိုးရွင္းရွင္း ခရီးသြားအပန္းေျဖရတာကို အင္မတန္ ႏွစ္ျခိဳက္ၾကတယ္။
.
Expat တစ္ေယာက္ေျပာတာက
“ ယဥ္ေက်းမႈကို အခ်ိန္ယူေလ႕လာပါ။ ဖူးကက္ကမ္းေျခမွာ သြားနားပါ။ ပတ္ပတ္လည္ကြ်န္းေတြကို
သြားလည္ပါ ” တဲ႕..။
.
.
.
6.. နယူးဇီလန္
- New Zealand
.
အေမရိကန္အစုိးရရဲ႕ထုတ္ျပန္ခ်က္အရ
နယူးဇီလန္ ဟာ မႈခင္းအနည္းဆံုး မွတ္ခ်က္ကို ရရွိပုိင္ဆိုင္ထားတဲ႕ႏိုင္ငံပါ။ ဒါ႕အျပင္
HSBC ရဲ႕ ထိပ္ဆံုးအမွတ္ျဖစ္တဲ႕ “ ဘဝအရည္အေသြး နဲ႕ ကေလးငယ္ပိ်ဳးေထာင္တဲ႕ေျမ ” ဘြဲ႕ ကို
ျပိဳင္ဖက္မရွိ ထိန္းထားႏိုင္တဲ႕ ႏိုင္ငံတစ္ခုျဖစ္ေနျပန္တယ္။ ႏိုင္ငံရဲ႕ ရင္ေသြးငယ္ေတြဟာ
မိမိကုိယ္ကို ယံုၾကည္မႈရွိၾကတယ္။ အိုးေကာင္းပဲ႕ကိုင္ ပညာတတ္ကေလးေတြကို ေမြးထုတ္ေပးတယ္။
.
နယူးဇီလန္အစိုးရကုိၾကည္႕ရတာ
ႏို္င္ငံျခားသားေတြကို အလုပ္ခန္႕ခ်င္တဲ႕ပံုစံရွိတယ္ဆိုတာ https://www.newzealandnow.govt.nz/
ကို ဝင္ၾကည္႕ရင္ သိသာပါတယ္။
.
ေျပာသေလာက္နဲ႕အကုန္လံုးျပီးျပည္႕စံုတဲ႕ႏိုင္ငံျဖစ္ႏုိင္ျပီလား?
ဒီေလာက္အထိေတာ႕ မဟုတ္ေသးပါဘူး။ ဒီမွာအလုပ္လုပ္ရင္ လုပ္ခအရနည္းႏုိင္ပါတယ္။ အေၾကာင္းကေတာ႕
ႏိုင္ငံရဲ႕စီးပြားေရးက႑အရ အားရစရာ သိပ္မရွိလုိ႕ပါ။
.
.
.
5.. ဘာရိန္း
- Bahrain
.
ပါရွန္ပင္လယ္ေကြ႕ႏိုင္ငံမ်ားနဲ႕မတူတဲ႕အခ်က္တစ္ခုက
ဘာရိန္းႏိုင္ငံဟာ ဆီစြန္းေနတဲ႕ပိုက္ဆံ - ေရနံေငြေပၚမွာ လံုးလံုးလ်ားလ်ားရပ္တည္ေနတာ
မဟုတ္တာပါပဲ။ ေရနံအစား ဘဏ္လုပ္ငန္း နဲ႕ ခရီးသြားလုပ္ငန္းေပၚမွာ ၾကီးမားစြာ ရင္းႏွီးျမွဳပ္ႏွံထားတယ္။
မတူထူးျခားတဲ႕ယဥ္ေက်းမႈကိုေလ႕လာခ်င္တဲ႕ ကိုကုိ မမ မ်ား အၾကိဳက္ေတြ႕မယ္႕ ေနရာတစ္ခုျဖစ္ႏိုင္ပါတယ္။
.
Expat တစ္ေယာက္က
“ ေဒသခံေတြဟာ ႏိုင္ငံျခားသားခရီးသြားေတြ နဲ႕ အေျခခ်ေနထုိုင္သူေတြကို ရုိေသေလးစားမႈေပးျပီး
ေဖာ္ေရြစြာ ဆက္ဆံၾကတယ္ ” လို႕ HSBC ကုိ ေျပာျပတယ္။
.
ေလးစားရေလာက္တဲ႕စီးပြားေရး
နဲ႕ ခရီးသြားအေတြ႕အၾကံဳက႑မွာ ဘာရိန္းႏိုင္ငံကုိ ဒုတိယအေကာင္းဆံုးေနရာတစ္ခုအျဖစ္ အမွတ္ေပးထားၾကတယ္။
ေျပာင္းေရႊ႕ႏိုင္ငံျခားသားေတြအဆိုအရ သူတို႕ မိခင္ႏိုင္ငံမွာေငြရွာတာထက္ ဘာရိန္းမွာ
ဝင္ေငြပိုေကာင္းတယ္။ ဒီလုိေျပာလို႕ မတရားၾကီး ေထာေနတာေတာ႕ မဟုတ္ပါဘူး။ ဘာျဖစ္လို႕လည္းဆိုေတာ႕
ေနထုိင္မႈစားရိတ္ နဲ႕ မီးဖိုေခ်ာင္စားရိတ္က ဘာရိန္းမွာ ေစ်းၾကီးတယ္ေလ..။
.
.
.
4.. ဂ်ာမဏီ
- Germany
.
ကမၻာမွာ နံပါတ္
( ၃ ) ခ်ိတ္တဲ႕ က႑က ဂ်ာမဏီရဲ႕ ကေလးသူငယ္ပိ်ဳးေထာင္မႈစံနစ္ပါ။ ကမၻာေျမရဲ႕ ဘယ္ေနရာထက္မဆုိ
ဂ်ာမဏီေျမက စီးပြားေရးပိုေကာင္းတယ္။ တစ္ကမၻာလံုးစစ္တမ္းအရ စီးပြားေရးလုပ္တဲ႕ေနရာမွာ
( ၆၂% ) စိတ္ေက်နပ္မႈၾကေသာ္လည္း ဂ်ာမဏီေျမေပၚမွာ ( ၈၇% ) အထိ စိတ္တိုင္းက်ၾကတယ္။
.
ဝင္ေငြနည္းနည္း
နဲ႕ ေဘးကင္းလံုျခံဳစြာေနႏိုင္တဲ႕ေနရာကိုျပပါဆိုရင္ ဂ်ာမဏီကလြဲျပီး တစ္ျခားျပစရာ မရွိပါဘူး။
( ၈ဝ% ) ေသာ ေျပာင္းေရႊ႕ႏုိင္ငံျခားသားေတြရဲ႕ေျပာစကားက ဒီအခ်က္ကို သက္ေသခံပါလိမ္႕မယ္။
.
ဂ်ာမဏီမွာေနရင္
ရုန္းကန္ရမယ္၊ ၾကိဳးစားရမယ္၊ အဆင္ေျပႏိုင္တယ္။ လူမႈစားရိတ္ၾကီးျမင္႕တာနဲ႕ အျပင္လူထုဆက္ဆံေရးနယ္ပယ္ေတြမွာေတာ႕
ကြန္ပလိမ္းေတြ တက္ေနၾကတုန္းပါပဲ။
.
.
.
3.. တရုတ္
- China
.
ဆုိးရြားတဲ႕ရာသီဥတု၊
ညံ႕ဖ်င္းတဲ႕က်န္းမာေရးေစာင္႕ေရွာက္မႈတုိ႕ေၾကာင္႕ ကြန္ျမဴနစ္စံနစ္က်င္႕သံုးတဲ႕ တရုတ္ႏို္င္ငံမွာ
ေနခ်င္စရာ ဘယ္ေကာင္းပါ႕မလဲ? သို႕ေသာ္လည္း ဒီအခ်က္ေတြကို မ်က္စိမွိတ္ကာ ေက်ာ္လြားျပီး
စဥ္းစားဖုိ႕အေၾကာင္းေတြက ရွိလာေနျပန္ပါတယ္။
.
စီးပြားေရးအရွိန္ထမႈ
မွာ ကမၻာမွာ တရုတ္က ပထမပါ။ ႏိုင္ငံျခားသားရင္းႏွီးျမႈပ္ႏွံသူေတြက “ တရုတ္ႏိုင္ငံဟာ ျပိဳင္ဖက္ကင္းျပီး ေကာင္းမြန္တဲ႕ အလုပ္သမားစီမံကြပ္ကဲမႈ
ရွိတယ္ ” လို႕ ရႈျမင္ၾကတယ္။
.
လူမႈစံနစ္ဘဝမွာေတာ႕
အဆင္႕ ( ၃ ) ေလာက္ကေန လုိက္ပါတယ္။ ရင္းႏွီးေဖာ္ေရြတဲ႕ ေဒသယဥ္ေက်းမႈ နဲ႕ ၾကီးမားတဲ႕
အားကစားအခြင္႕အလမ္းေတြ ရွိတယ္။ ေနရာေဒသအမ်ားၾကီးကို ဘယ္လုိသြားသြား မကုန္ႏုိင္ေပဘူး။
ေနာက္တစ္ခ်က္အရ သြားရလာရတာ ေျမျပန္႕လြင္ျပင္ေတြလို အလြယ္ၾကီးေတာ႕ မဟုတ္ျပန္ဘူး။
.
ဒီႏိုင္ငံမွာေနရင္ေတာ႕
ေပ်ာ္စရာအခ်ိန္ သိပ္ဖဲ႕ထုတ္ႏိုင္မွာမဟုတ္တာ ေသခ်ာသေလာက္ရွိတယ္။ အလုပ္ နဲ႕ ဘဝမွ်ေျခ
အသင္႕တင္႕အေနအထားမွာ ရွိတယ္။ ဒါေပမယ္႕ ( ၄၉% ) ေသာ Expat ေတြက သူတို႕ဟာ ဒီႏုိင္ငံမွာ
ပိုမုိ ေနေပ်ာ္လာတယ္လို႕ မွတ္ခ်က္ေပးၾကပါတယ္။
.
.
.
2.. စကၤာပူ
- Singapore
.
ဘဝအဆင္႕ျမင္႕ရမယ္၊
အရည္အေသြးတုိးတက္ရမယ္၊ စီးပြားေရးလုပ္လုိ႕ေကာင္းရမယ္ .. ဒီအခ်က္ေတြလိုခ်င္ရင္ေတာ႕ လူၾကီးမင္းတုိ႕
သြားေရာက္အေျခခ်ေနထုိင္ရမယ္႕ႏိုင္ငံကေတာ႕ စကၤာပူ လို႕သာ ေျပာလုိက္ပါရေစ။
.
စီးပြားေရးနယ္ပယ္မွာ
စကၤာပူကို အမွတ္စဥ္ ( ၃ ) အထိ မဲေပးထားၾကတယ္္။ ဒီလိုႏုိ္င္ငံေကာင္းတစ္ခုျဖစ္ေအာင္ တြန္းတင္ေပးခဲ႕တဲ႕
ကေလးသူငယ္ပိ်ဳးေထာင္ေရး နဲ႕ အဆင္႕ျမင္႕ ပညာေရးယႏၱရားတို႕ကို ေစ်းၾကီးေပမယ္႕ အထူး ေက်းဇူးတင္ရပါမယ္။
.
ျဗိတိသ်ွပညာေရးဝန္ၾကီး
မုိက္ကယ္ဂပ္ဗ္ က စကၤာပူရဲ႕ပညာေရးစံနစ္ကို ေမြးစားက်င္႕သံုးရမယ္လို႕ မွတ္မွတ္သားသား
ေျပာသြားဖူးတယ္။
.
အလုပ္အကိုင္ရွာေဖြေရးေပတံ
နဲ႕ တုိင္းထြာၾကည္႕တဲ႕အခါ စကၤာပူရဲ႕ ေအာက္ေျခအဆင္႕မွာသာရွိတဲ႕ အလုပ္ နဲ႕ ဘဝမွ်ေျခကို
ထည္႕မတြက္ထားလုိ႕ မရပါဘူး။ ( ၅၃% ) သာသာ ႏိုင္ငံျခားသား အေျခခ်သူေတြရဲ႕စကားအရ သူတို႕ဟာ
အလုပ္ရဲ႕လံုျခံဳမႈမရွိတာ နဲ႕ အာမခံခ်က္မရွိတာကို စိုးရိမ္စိတ္ရွိေနၾကတာ ထင္ရွားပါတယ္။
.
.
.
1.. ဆြစ္ဇာလန္
- Switzerland
.
ဟုတ္ပါတယ္
.. ပထမေနဖို႕အေကာင္းဆံုးႏိုင္ငံကို ေျပာဖို႕ ေရာက္လာပါျပီ။ ဆြစ္ဇာလန္မွာ ေနထုိင္ရတာ
အင္မတန္ေကာင္းပါတယ္။ သြယ္လ်တဲ႕ ေရာ႕ကီးဂေလရွာ ေရခဲေတာင္တန္းေတြေပၚမွာ ႏွင္းေလ်ွာစီးျပီး
ေပ်ာ္ပါမလား? အစားအေသာက္ေကာင္းေတြစားျပီးျပီးခ်င္း ေခ်ာက္ကလက္ခါးခါးေလး စားဦးမလား
? စီးပြားေရးနံပါတ္ ( ၁ ) ဆြစ္ဇာလန္ႏုိင္ငံမွာ ဒါေတြ အကုန္ရပါတယ္။
.
ေျပာင္းေရႊ႕ႏိုင္ငံျခားသား
သူေ႒း ( ၄ ) ေယာက္မွာ ( ၁ ) ေယာက္ဟာ တစ္ႏွစ္ကို ေဒၚလာ ( ၂ ) သိန္း ဝင္တယ္။ ဒါဟာ ကမၻာမွာသတ္မွတ္ထားတာထက္
( ၂ ) ဆ ျဖစ္တယ္။ ဒီလိုေလးလည္းျဖစ္ေပဦးမွေပါ႕ .. ေငြကသာ ရေနတာ အစစအရာရာ ေစ်းေတြက ရွယ္ပဲ
..။
.
မီးဖိုေခ်ာင္သံုးပစၥည္း၊
အိမ္သံုးပစၥည္း၊ က်န္းမာေရးေစာင္႕ေရွာက္မႈ၊ ေနရာထုိင္ခင္း နဲ႕ အျပင္ထြက္စားတဲ႕စားရိတ္ေတြက
မိုးေပၚမွာ..။
.
အမွတ္စဥ္ထိပ္မွာ
ဆြစ္ဇာလန္ကိုေရာက္ေနေစတဲ႕အရာကေတာ႕ ႏုိင္ငံတြင္းက ရႈေမွ်ာ္ခင္းေတြလို႕ ေျပာလို႕ရပါတယ္။
ေႏြရာသီကေန ေဆာင္းေရာက္တဲ႕အထိ လုပ္စရာကို မကုန္ေစရဘူး။ ခရီးသြားရတာက အင္မတန္လြယ္ကူတယ္။
.
ဥေရာပဗဟုိမွာရွိတဲ႕
ဘူမိနက္သန္အေနအထားအရ ျပင္သစ္၊ ဂ်ာမဏီ နဲ႕ အီတလီတုိ႕လို လွပတဲ႕ႏိုင္ငံေတြကို မီးရထားနဲ႕
ေအးေအးလူလူသြားႏိုင္တဲ႕အခ်က္က အဓိကဆြဲေဆာင္တဲ႕ အားသာ
ခ်က္ထဲမွာ
ပါတယ္။
.
ခရီးသြားဘေလာ႕ဂါတစ္ေယာက္က
“ဆြစ္ဇာလန္ မွာ လုပ္စရာေတြ အမ်ားၾကီးပဲ။ ေတာင္တက္လုိ႕ရတယ္။ ေဆာင္းရာသီအားကစား လုပ္လုိ႕ရတယ္။
ေရကန္ေတြ နဲ႕ ေႏြရာသီအားကစားလုပ္ဖုိ႕ ေနရာေတြရွိတယ္။ က်န္းမာေရးေစာင္႕ေရွာက္မႈက အမုိက္စားပဲ
.. ျပီးေတာ႕ လူထုခရီးသြားလာရတာက အင္မတန္လြယ္ကူတယ္ေလ ” လို႕ အႏွစ္ခ်ဳပ္ ေျပာၾကားသြားပါတယ္။
.
ဒီႏိုင္ငံေတြထဲကမွ
မိမိဘတ္ဂ်က္နဲ႕ သင္႕ေလွ်ာ္မယ္႕ျပီး ေရခံေျမခံေကာင္းတဲ႕ႏိုင္ငံေတြကုိ လည္ပတ္ရင္း ပင္ပန္းထားသမွ်
အနားရၾကပါေစ။
.
.
ရည္ညႊန္းကိုးကား
- Business Insider
.
.
Unicode Version:
.
.
“ ပြည်ပထွက်နေထိုင်ဖို့အကောင်းဆုံးဒေသ ( ၂ဝ ) အပိုင်း ၂။ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
10.. ဟောင်ကောင် - Hong Kong မှ အဆက်
.
9.. အိန္ဒိယ - India
.
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဘွဲ့ပိုင်ရှင် တစ်ဖြစ်လဲ စီးပွားရေးအားကောင်းတဲ့ စူပါပါဝါနိုင်ငံဖြစ်လာတဲ့ အိန္ဒိယ ဟာ ပြောင်းရွှေ့နိုင်ငံခြားသားတွေအတွက် ကုန်သွယ်မှုအခွင့်အလမ်း နဲ့ အလုပ်အကိုင်ရွေးချယ်မှုတွေကို ချောင်းမြောင်းအခြေချဖို့ နေရာတစ်နေရာ ဖြစ်လာနေပါတယ်။
.
ဒီနိုင်ငံကိုမှ ဘာကြောင့်လာချင်နေကြပါသလဲ? ဘယ်လိုပဲဖြစ်ဖြစ် ဒီအကွက်အကွင်းမှာနေနိုင်ရင် လူမှုစားရိတ်သက်သာတယ်၊ ကောင်းကောင်း စားသောက်နေထိုင်နိုင်တယ်။ ကလေးသူငယ်ပျိုးထောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အဝတ်အစား၊ မီးဖိုချောင်သုံးပစ္စည်း နဲ့ အိမ်သုံးပစ္စည်းစုံတွေ ဘာလိုချင်သလဲ .. အကုန်ဈေးသက်သာစေရမယ်။
.
မိမိကလေးနယ်မြေရပ်ခြားမှာပျိုးထောင်မှုအဆင့်မှာ အိန္ဒိယက အဆင့် ( ၆ ) မှာ ရပ်တည်နေနိုင်ဖို့အတွက် တိုင်းပြည်ရဲ့ အဆင့်မြင့်တဲ့ ကလေးသူငယ်စောင့်ရှောက်မှု နဲ့ ဈေးသက်သာတဲ့ ပညာရေး၊ တန်းမှီတဲ့ တက္ကသိုလ်တွေကို စုပေါင်းကျေးဇူးတင်ရမှာပါ။
.
တစ်ဖက်မှာ ဒီလောက်ကောင်းနေရုံမက လူမှုဆက်ဆံရေးအထိအတွေ့ - Social Scene တွေမှာလည်း တစ်ခြမ်းစောင်း နိမ့်ဆင်းမသွားပါဘူး။ လူမှုဘဝဆက်ဆံရေးမှာ အဆင့် ( ၅ ) ချိတ်ရတဲ့အကြောင်းရင်းက သူငယ်ချင်းဖွဲ့လို့လွယ်ကူလို့ပါ။ အဆင့် ( ၉ ) အရ ဖျော်ဖြေမှုတွေကို လူတွေ ကြိုက်နှစ်သက်ကြတယ်။
.
“ အိန္ဒိယ ဟာ ပျော်စရာကောင်းတယ်။ စိတ်လှုပ်ရှားဖို့ကောင်းသလို အစစအရာရာ မတူညီမှုတွေ အများကြီးရှိတယ်။ တစ်ခါတစ်လေ ဒီအခြေအနေတွေက သိပ်ကောင်းမွန်တဲ့ စိမ်ခေါ်မှုတွေ ဖြစ်ပေါ်စေပါတယ် ” ဆိုပြီး ပြောင်းရွှေ့နိုင်ငံခြားသားတစ်ဦးက HSBC ကို မှတ်ချက်ပေးပါတယ်။
.
.
.
8.. ထိုင်ဝမ် - Taiwan
.
ကွန်ယက်ကျယ်ပြန့်တဲ့ ကျန်းမာရေးစံနစ်၊ တစ်နိုင်တစ်ပိုင်လူနေမှုအဆင့်အတန်း နဲ့ နေချင့်စဖွယ် ဒေသန္တရရိုးရာယဉ်ကျေးမှု … ဒီအချက်တွေက ပြောင်းရွှေ့နိုင်ငံခြားသားတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ထိုင်ဝမ်ကျွန်းလေးမှာ အခြေချနေထိုင်ဖို့ ရွေးချယ်စရာနေရာတစ်နေရာ ဖြစ်စေပါတယ်။
.
ထိုင်ဝမ် မှာ နေရင်း ဒေသခံတွေနဲ့ ဘယ်လောက်ပျော်ဝင် ရင်းနှီးကျွမ်းဝင်စေနိုင်သလဲ ဆိုတာကို ထည့်တွက်မိကြသလို ကျွန်းသားတရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် နဲ့ သရဲပွဲတော် ( သချိုၤင်းကန်တော့ပွဲ ) တွေရဲ့ အချိန်အခါကို မျှော်လင့်စောင့်စားကြတယ်။
.
တရုတ်အစားအသောက်ကလည်း ကောင်းပါဘိသနဲ့..။ လူ ( ၁ဝဝ ) မှာ ( ၈၅ ) ယောက်က တရုတ်စာ ကိုပဲ စားသုံးကြတယ်။ နေ့ခင်းမှာ စားသောက်၊ ညဖက်ဆို လိုချင်တာအကုန်ရတဲ့ ဒေသအထူးညဈေးကြီးတွေမှာ ယိမ်းယိုင်နွဲ့ပါး ဈေးဝယ်ကြတယ်။
.
လူတိုင်းမကြိုက်လောက်တဲ့အချက်တွေလည်း ရှိပါသေးတယ်။ အလုပ် နဲ့ ဘဝမျှခြေ၊ နေရထိုင်ရကျဉ်းကြပ်ခြင်း နဲ့ ကလေးသူငယ်စောင့်ရှောက်မှုတို့ကို မနှစ်သက်ကြပါဘူး။
.
.
.
7.. ထိုင်း - Thailand
.
တော်ဝင်ရှမ်းတို့ရဲ့နယ်မြေ ထိုင်းနိုင်ငံမှာ စည်ပင်သာယာပြီး အဆင့်မြင့်စွာနေထိုင်လိုကြမယ်ဆိုတာ သံသယပွားစရာ မရှိပါဘူး။ အစစအရာရာ ယျေဘုယျအတွေ့အကြုံသတ်မှတ်ချက်တွေမှာ ထိုင်း ကို အမှတ်ကောင်းကောင်း ပေးကြတယ်။ ရာသီဥတုကောင်းတယ် .. နေရာထိုင်ခင်းအဆင်ပြေတာတွေက အစပေါ့။
.
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေက ဝင်ငွေဖြောင့်ပြီး လုပ်ငန်းကောင်းကြသလို အိပ်ကပ်ပါးအောင် သုံးလို့ကောင်းတဲ့နေရာတွေကို တက္ကဆီသမားတွေက ပို့ပေးပါလိမ့်မယ်။ ယိုးဒယားရှေးလူမျိုးတွေရဲ့ ဒေသအစားအသောက်ကို မက်မက်မောမော စားသုံးကြရုံမက အဆင့်တစ်ခုမှာ မှတ်တမ်းတင်ထားပေးကြတယ်။
.
ဒီတိုင်းပြည်မှာ လိုတာအကုန်ရတဲ့ ကမ္ဘာ့အဆင့်မှီကုန်တိုက်မရှိတဲ့နေရာ မရှိသလောက်ပါပဲ။ ခရီးသွားမလား .. ဈေးမများဘူး .. ဒီအချက်ကြောင့် ရောက်လာပြီးတဲ့ နိုင်ငံခြားသားတွေရဲ့ ( ၇၉% ) ဟာ ရိုးရိုးရှင်းရှင်း ခရီးသွားအပန်းဖြေရတာကို အင်မတန် နှစ်ခြိုက်ကြတယ်။
.
Expat တစ်ယောက်ပြောတာက “ ယဉ်ကျေးမှုကို အချိန်ယူလေ့လာပါ။ ဖူးကက်ကမ်းခြေမှာ သွားနားပါ။ ပတ်ပတ်လည်ကျွန်းတွေကို သွားလည်ပါ ” တဲ့..။
.
.
.
6.. နယူးဇီလန် - New Zealand
.
အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်အရ နယူးဇီလန် ဟာ မှုခင်းအနည်းဆုံး မှတ်ချက်ကို ရရှိပိုင်ဆိုင်ထားတဲ့နိုင်ငံပါ။ ဒါ့အပြင် HSBC ရဲ့ ထိပ်ဆုံးအမှတ်ဖြစ်တဲ့ “ ဘဝအရည်အသွေး နဲ့ ကလေးငယ်ပျိုးထောင်တဲ့မြေ ” ဘွဲ့ ကို ပြိုင်ဖက်မရှိ ထိန်းထားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်နေပြန်တယ်။ နိုင်ငံရဲ့ ရင်သွေးငယ်တွေဟာ မိမိကိုယ်ကို ယုံကြည်မှုရှိကြတယ်။ အိုးကောင်းပဲ့ကိုင် ပညာတတ်ကလေးတွေကို မွေးထုတ်ပေးတယ်။
.
နယူးဇီလန်အစိုးရကိုကြည့်ရတာ န်ိုင်ငံခြားသားတွေကို အလုပ်ခန့်ချင်တဲ့ပုံစံရှိတယ်ဆိုတာ https://www.newzealandnow.govt.nz/ ကို ဝင်ကြည့်ရင် သိသာပါတယ်။
.
ပြောသလောက်နဲ့အကုန်လုံးပြီးပြည့်စုံတဲ့နိုင်ငံဖြစ်နိုင်ပြီလား? ဒီလောက်အထိတော့ မဟုတ်သေးပါဘူး။ ဒီမှာအလုပ်လုပ်ရင် လုပ်ခအရနည်းနိုင်ပါတယ်။ အကြောင်းကတော့ နိုင်ငံရဲ့စီးပွားရေးကဏ္ဍအရ အားရစရာ သိပ်မရှိလို့ပါ။
.
.
.
5.. ဘာရိန်း - Bahrain
.
ပါရှန်ပင်လယ်ကွေ့နိုင်ငံများနဲ့မတူတဲ့အချက်တစ်ခုက ဘာရိန်းနိုင်ငံဟာ ဆီစွန်းနေတဲ့ပိုက်ဆံ - ရေနံငွေပေါ်မှာ လုံးလုံးလျားလျားရပ်တည်နေတာ မဟုတ်တာပါပဲ။ ရေနံအစား ဘဏ်လုပ်ငန်း နဲ့ ခရီးသွားလုပ်ငန်းပေါ်မှာ ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားတယ်။ မတူထူးခြားတဲ့ယဉ်ကျေးမှုကိုလေ့လာချင်တဲ့ ကိုကို မမ များ အကြိုက်တွေ့မယ့် နေရာတစ်ခုဖြစ်နိုင်ပါတယ်။
.
Expat တစ်ယောက်က “ ဒေသခံတွေဟာ နိုင်ငံခြားသားခရီးသွားတွေ နဲ့ အခြေချနေထိုင်သူတွေကို ရိုသေလေးစားမှုပေးပြီး ဖော်ရွေစွာ ဆက်ဆံကြတယ် ” လို့ HSBC ကို ပြောပြတယ်။
.
လေးစားရလောက်တဲ့စီးပွားရေး နဲ့ ခရီးသွားအတွေ့အကြုံကဏ္ဍမှာ ဘာရိန်းနိုင်ငံကို ဒုတိယအကောင်းဆုံးနေရာတစ်ခုအဖြစ် အမှတ်ပေးထားကြတယ်။ ပြောင်းရွှေ့နိုင်ငံခြားသားတွေအဆိုအရ သူတို့ မိခင်နိုင်ငံမှာငွေရှာတာထက် ဘာရိန်းမှာ ဝင်ငွေပိုကောင်းတယ်။ ဒီလိုပြောလို့ မတရားကြီး ထောနေတာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နေထိုင်မှုစားရိတ် နဲ့ မီးဖိုချောင်စားရိတ်က ဘာရိန်းမှာ ဈေးကြီးတယ်လေ..။
.
.
.
4.. ဂျာမဏီ - Germany
.
ကမ္ဘာမှာ နံပါတ် ( ၃ ) ချိတ်တဲ့ ကဏ္ဍက ဂျာမဏီရဲ့ ကလေးသူငယ်ပျိုးထောင်မှုစံနစ်ပါ။ ကမ္ဘာမြေရဲ့ ဘယ်နေရာထက်မဆို ဂျာမဏီမြေက စီးပွားရေးပိုကောင်းတယ်။ တစ်ကမ္ဘာလုံးစစ်တမ်းအရ စီးပွားရေးလုပ်တဲ့နေရာမှာ ( ၆၂% ) စိတ်ကျေနပ်မှုကြသော်လည်း ဂျာမဏီမြေပေါ်မှာ ( ၈၇% ) အထိ စိတ်တိုင်းကျကြတယ်။
.
ဝင်ငွေနည်းနည်း နဲ့ ဘေးကင်းလုံခြုံစွာနေနိုင်တဲ့နေရာကိုပြပါဆိုရင် ဂျာမဏီကလွဲပြီး တစ်ခြားပြစရာ မရှိပါဘူး။ ( ၈ဝ% ) သော ပြောင်းရွှေ့နိုင်ငံခြားသားတွေရဲ့ပြောစကားက ဒီအချက်ကို သက်သေခံပါလိမ့်မယ်။
.
ဂျာမဏီမှာနေရင် ရုန်းကန်ရမယ်၊ ကြိုးစားရမယ်၊ အဆင်ပြေနိုင်တယ်။ လူမှုစားရိတ်ကြီးမြင့်တာနဲ့ အပြင်လူထုဆက်ဆံရေးနယ်ပယ်တွေမှာတော့ ကွန်ပလိမ်းတွေ တက်နေကြတုန်းပါပဲ။
.
.
.
3.. တရုတ် - China
.
ဆိုးရွားတဲ့ရာသီဥတု၊ ညံ့ဖျင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတို့ကြောင့် ကွန်မြူနစ်စံနစ်ကျင့်သုံးတဲ့ တရုတ်န်ိုင်ငံမှာ နေချင်စရာ ဘယ်ကောင်းပါ့မလဲ? သို့သော်လည်း ဒီအချက်တွေကို မျက်စိမှိတ်ကာ ကျော်လွားပြီး စဉ်းစားဖို့အကြောင်းတွေက ရှိလာနေပြန်ပါတယ်။
.
စီးပွားရေးအရှိန်ထမှု မှာ ကမ္ဘာမှာ တရုတ်က ပထမပါ။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေက “ တရုတ်နိုင်ငံဟာ ပြိုင်ဖက်ကင်းပြီး ကောင်းမွန်တဲ့ အလုပ်သမားစီမံကွပ်ကဲမှု ရှိတယ် ” လို့ ရှုမြင်ကြတယ်။
.
လူမှုစံနစ်ဘဝမှာတော့ အဆင့် ( ၃ ) လောက်ကနေ လိုက်ပါတယ်။ ရင်းနှီးဖော်ရွေတဲ့ ဒေသယဉ်ကျေးမှု နဲ့ ကြီးမားတဲ့ အားကစားအခွင့်အလမ်းတွေ ရှိတယ်။ နေရာဒေသအများကြီးကို ဘယ်လိုသွားသွား မကုန်နိုင်ပေဘူး။ နောက်တစ်ချက်အရ သွားရလာရတာ မြေပြန့်လွင်ပြင်တွေလို အလွယ်ကြီးတော့ မဟုတ်ပြန်ဘူး။
.
ဒီနိုင်ငံမှာနေရင်တော့ ပျော်စရာအချိန် သိပ်ဖဲ့ထုတ်နိုင်မှာမဟုတ်တာ သေချာသလောက်ရှိတယ်။ အလုပ် နဲ့ ဘဝမျှခြေ အသင့်တင့်အနေအထားမှာ ရှိတယ်။ ဒါပေမယ့် ( ၄၉% ) သော Expat တွေက သူတို့ဟာ ဒီနိုင်ငံမှာ ပိုမို နေပျော်လာတယ်လို့ မှတ်ချက်ပေးကြပါတယ်။
.
.
.
2.. စင်္ကာပူ - Singapore
.
ဘဝအဆင့်မြင့်ရမယ်၊ အရည်အသွေးတိုးတက်ရမယ်၊ စီးပွားရေးလုပ်လို့ကောင်းရမယ် .. ဒီအချက်တွေလိုချင်ရင်တော့ လူကြီးမင်းတို့ သွားရောက်အခြေချနေထိုင်ရမယ့်နိုင်ငံကတော့ စင်္ကာပူ လို့သာ ပြောလိုက်ပါရစေ။
.
စီးပွားရေးနယ်ပယ်မှာ စင်္ကာပူကို အမှတ်စဉ် ( ၃ ) အထိ မဲပေးထားကြတယ်။ ဒီလိုန်ိုင်ငံကောင်းတစ်ခုဖြစ်အောင် တွန်းတင်ပေးခဲ့တဲ့ ကလေးသူငယ်ပျိုးထောင်ရေး နဲ့ အဆင့်မြင့် ပညာရေးယန္တရားတို့ကို ဈေးကြီးပေမယ့် အထူး ကျေးဇူးတင်ရပါမယ်။
.
ဗြိတိသျှပညာရေးဝန်ကြီး မိုက်ကယ်ဂပ်ဗ် က စင်္ကာပူရဲ့ပညာရေးစံနစ်ကို မွေးစားကျင့်သုံးရမယ်လို့ မှတ်မှတ်သားသား ပြောသွားဖူးတယ်။
.
အလုပ်အကိုင်ရှာဖွေရေးပေတံ နဲ့ တိုင်းထွာကြည့်တဲ့အခါ စင်္ကာပူရဲ့ အောက်ခြေအဆင့်မှာသာရှိတဲ့ အလုပ် နဲ့ ဘဝမျှခြေကို ထည့်မတွက်ထားလို့ မရပါဘူး။ ( ၅၃% ) သာသာ နိုင်ငံခြားသား အခြေချသူတွေရဲ့စကားအရ သူတို့ဟာ အလုပ်ရဲ့လုံခြုံမှုမရှိတာ နဲ့ အာမခံချက်မရှိတာကို စိုးရိမ်စိတ်ရှိနေကြတာ ထင်ရှားပါတယ်။
.
.
.
1.. ဆွစ်ဇာလန် - Switzerland
.
ဟုတ်ပါတယ် .. ပထမနေဖို့အကောင်းဆုံးနိုင်ငံကို ပြောဖို့ ရောက်လာပါပြီ။ ဆွစ်ဇာလန်မှာ နေထိုင်ရတာ အင်မတန်ကောင်းပါတယ်။ သွယ်လျတဲ့ ရော့ကီးဂလေရှာ ရေခဲတောင်တန်းတွေပေါ်မှာ နှင်းလျှောစီးပြီး ပျော်ပါမလား? အစားအသောက်ကောင်းတွေစားပြီးပြီးချင်း ချောက်ကလက်ခါးခါးလေး စားဦးမလား ? စီးပွားရေးနံပါတ် ( ၁ ) ဆွစ်ဇာလန်နိုင်ငံမှာ ဒါတွေ အကုန်ရပါတယ်။
.
ပြောင်းရွှေ့နိုင်ငံခြားသား သူဋ္ဌေး ( ၄ ) ယောက်မှာ ( ၁ ) ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ ( ၂ ) သိန်း ဝင်တယ်။ ဒါဟာ ကမ္ဘာမှာသတ်မှတ်ထားတာထက် ( ၂ ) ဆ ဖြစ်တယ်။ ဒီလိုလေးလည်းဖြစ်ပေဦးမှပေါ့ .. ငွေကသာ ရနေတာ အစစအရာရာ ဈေးတွေက ရှယ်ပဲ ..။
.
မီးဖိုချောင်သုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်း နဲ့ အပြင်ထွက်စားတဲ့စားရိတ်တွေက မိုးပေါ်မှာ..။
.
အမှတ်စဉ်ထိပ်မှာ ဆွစ်ဇာလန်ကိုရောက်နေစေတဲ့အရာကတော့ နိုင်ငံတွင်းက ရှုမျှော်ခင်းတွေလို့ ပြောလို့ရပါတယ်။ နွေရာသီကနေ ဆောင်းရောက်တဲ့အထိ လုပ်စရာကို မကုန်စေရဘူး။ ခရီးသွားရတာက အင်မတန်လွယ်ကူတယ်။
.
ဥရောပဗဟိုမှာရှိတဲ့ ဘူမိနက်သန်အနေအထားအရ ပြင်သစ်၊ ဂျာမဏီ နဲ့ အီတလီတို့လို လှပတဲ့နိုင်ငံတွေကို မီးရထားနဲ့ အေးအေးလူလူသွားနိုင်တဲ့အချက်က အဓိကဆွဲဆောင်တဲ့ အားသာ
ချက်ထဲမှာ ပါတယ်။
.
ခရီးသွားဘလော့ဂါတစ်ယောက်က “ဆွစ်ဇာလန် မှာ လုပ်စရာတွေ အများကြီးပဲ။ တောင်တက်လို့ရတယ်။ ဆောင်းရာသီအားကစား လုပ်လို့ရတယ်။ ရေကန်တွေ နဲ့ နွေရာသီအားကစားလုပ်ဖို့ နေရာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက အမိုက်စားပဲ .. ပြီးတော့ လူထုခရီးသွားလာရတာက အင်မတန်လွယ်ကူတယ်လေ ” လို့ အနှစ်ချုပ် ပြောကြားသွားပါတယ်။
.
ဒီနိုင်ငံတွေထဲကမှ မိမိဘတ်ဂျက်နဲ့ သင့်လျှော်မယ့်ပြီး ရေခံမြေခံကောင်းတဲ့နိုင်ငံတွေကို လည်ပတ်ရင်း ပင်ပန်းထားသမျှ အနားရကြပါစေ။
.
koko2yeye@gmail.com
.
ရည်ညွှန်းကိုးကား - Business Insider
.
.
“ ျပည္ပထြက္ေနထုိင္ဖို႕အေကာင္းဆံုးေဒသ ( ၂ဝ ) အပိုင္း ၂။ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဂ်ဴလိုင္လ ( ၂၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၄၁ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။

No comments:
Post a Comment