Sunday, February 21, 2016

ဘာစီလိုနာစင္ျမင္႕ေပၚက Samsung Galaxy S7 နဲ႕ S7 edge

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
စပိန္ႏုိင္ငံ ဘာစီလိုနာျမိဳ႕ ကမၻာ႕မုိဘိုင္းကြန္ကရက္ျပပြဲ - MWC ( Mobile World Congress 2016 ) မွာ  ဆမ္ေဆာင္းကုမၸဏီက သူ႕ရဲ႕ထင္ေပၚေက်ာ္ၾကား လူၾကိဳက္မ်ားတဲ႕ ဂယ္လက္စီစီးရီးရဲ႕ေနာက္ဆံုးထြက္ S7 နဲ႕ S7 edge အေၾကာင္းကို စင္ျမင္႕တင္ဆက္မႈမွတ္တမ္းအရ သံုးသပ္ေရးသားလိုပါတယ္။ ဒါေပမယ္႕ အမ်ားေရးေနက်အတိုင္း ကုန္ပစၥည္းလုပ္ေဆာင္ႏုိင္မႈကို ဦးစားေပးသံုးသပ္မႈမ်ိဳးမဟုတ္ပဲ ျပည္ပေရာက္ျမန္မာတစ္ေယာက္အေနနဲ႕ လက္ရွိဗိုလ္စြဲေနတဲ႕လုပ္ေဆာင္ခ်က္အသစ္ - New Feature မ်ား နဲ႕ နည္းပညာတီထြင္မႈ - Innovation နယ္ပယ္မွာ ဘယ္ေလာက္ဦးေဆာင္ႏုိင္သလဲဆိုတာကို အေလးေပးေဆြးေႏြးသြားဖို႕ အစီအစဥ္ရိွပါတယ္။
.
Samsung Unpacked 2016 ပြဲစတဲ႕အခါ ဆမ္ေဆာင္းရဲ႕မိုဘုိင္းဥကၠ႒ ဒီေဂ်ခူး - D J Koh က ပြဲဦးထြက္မိတ္ဆက္ျပီး စကားေျပာပါတယ္။ သူ႕လက္ထဲမွာ Galaxy S7 နဲ႕ Galaxy S7 edge တုိ႕ကို မထုတ္ျပခင္ ပြဲလာၾကည္႕သူအားလံုးကို သူတုိ႕ရဲ႕ေရွ႕မွာရွိတဲ႕ VR Headset ေတြကို ဦးေခါင္းမွာတပ္ခုိင္းျပီး ဖုန္းေၾကာ္ျငာကို VR – Virtual Reality အေတြ႕အၾကံဳအသစ္နဲ႕ဧည္႕ခံတာ ရင္ခံုစရာပါ။ အထူးေျပာစရာရွိတာက စင္ျမင္႕ရဲ႕အထက္မွာ  ဘယ္ဘက္ကၾကည္႕ၾကည္႕ စလုိက္ရွိဳးေတြကိုျမင္ရမယ္႕ LED မ်က္ႏွွာျပင္ၾကီးကုိ ေလးဘက္ေလးတန္လွည္႕ထားေပးတာပါပဲ။ ( ၾကိဳက္ႏွစ္သက္မႈေပၚမူတည္ျပီး  ေအာက္မွာ ပန္းပြင္႕မ်ားနဲ႕ Rating လုပ္ေပးထားပါတယ္။ စာေရးသူ )
.
.
ပထမထူးျခားခ်က္ကုိ ဒုတိယဥကၠ႒ ဂ်ပ္စတင္ဒက္နီဆင္ - Justin Denison က S7 နဲ႕ S7 edge တုိ႕ဟာ ဖုန္းမ်က္ႏွာျပင္မွာ ဘက္ထရီအားမစားပဲ လက္ရွိအခ်ိန္ကိုအျမဲျပေနေစဖို႕ Always–On Display ကုိ ေျပာပါတယ္။ ဒီေနရာမွာကိုယ္ၾကိဳက္တဲ႕ ေဆာ႕ဝဲထုတ္လုပ္သူေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေဒါင္းေလာ႕ဆြဲထည္႕သြင္းသံုးစြဲႏုိင္မယ္ဆုိတာကိုပါ ထပ္ရွင္းျပတယ္။ Always-On Display ( ✿✿✿✿ )
.
.
ေရစိမ္ခံတဲ႕ IP68 လုပ္ေဆာင္ခ်က္ကုိ ဆက္ေျပာပါတယ္။ ဆုိလုိတာက တစ္မီတာခြဲေရအနက္မွာ မိနစ္ ( ၃ဝ ) ၾကာေအာင္အထားခံတယ္လို႕ ေျပာခ်င္တာပါ။ ဖုန္းထဲကိုေရမဝင္ေအာင္ အရင္လုပ္ေဆာင္ခ်က္ေတြမွာ ဖုန္းရဲ႕အျပင္ပုိင္းကေနကာကြယ္ခဲ႕ၾကဖူးတယ္။ အခု ဆမ္ေဆာင္းက အတြင္းကေနေရမဝင္ေအာင္ ကာကြယ္ထားတာပါ။ Water Resistance ( ✿✿✿✿✿ )
.
.
ဖုန္းရဲ႕မွတ္ဥာဏ္ကို ထပ္တုိးဖုိ႕အေပါက္ - Slot ထည္႕ေပးထားပါတယ္။ ထည္႕ႏုိင္တဲ႕မွတ္ဥာဏ္ပမာဏကို အေသးစိတ္မေျပာထားေပးမယ္႕ 128GB ကဒ္ကိုျပထားျခင္းအားျဖင္႕ 128 GB အထိတိုးျမွင္႕လုိ႕ရတယ္လို႕ ထင္မွတ္ရပါတယ္။ Expendable Storage Slot ( ✿✿ )
.
.
အလင္းနည္းတဲ႕အခ်ိန္မွာရိုက္ႏုိင္ျခင္း နဲ႕ ပံုေကာင္းထြက္ျခင္းက လက္ကိုင္ဖုန္းရဲ႕ကင္မရာကို အဆံုးအျဖတ္ေပးေၾကာင္း ဆက္ေျပာပါတယ္။ ပုိေကာင္းတဲ႕မွန္ဘီလူး F1.7 ပါဝင္ျပီး ႏွစ္ဆအလင္းကြက္ - Dual Pixel နည္းပညာသံုးထားလို႕ ပံုရိပ္တစ္ခုကို လူသားေတြရဲ႕မ်က္လံုးေတြလို ပံုရိပ္ႏွစ္ခုကို တစ္ခုတည္းအေနနဲ႕ေပါင္းျပီးပံုေဖာ္ေပးမွာပါ။

.
Auto Focus အာရံုစူးစုိက္မႈကို Galaxy S7 နဲ႕ Galaxy S7 edge တုိ႕ဟာ မခ်ိန္ႏုိင္ မရိုက္ႏို္င္ျဖစ္ေနမွာမဟုတ္ပဲ ( ၁ဝဝ% ) အာရံုစူးစုိက္ႏုိင္မယ္လို႕ ေျပာထားပါတယ္။ Panorama ရုိက္ခ်က္မွာ အရင္ဖုန္းေတြက အေပၚ နဲ႕ ေအာက္ေဘာင္ေတြကိုက်ဥ္းလိုက္ေပမယ္႕ S7 နဲ႕ S7 edge တုိ႕ရဲ႕ကင္မရာေတြမွာ အျပည္႕ၾကည္႕ရႈႏုိင္မယ္လို႕ သိရပါတယ္။
.
ပုိေကာင္းတဲ႕ျမင္ကြင္းက်ယ္ေတြကို အျပင္ေစ်းကြက္ေတြကေန Camera Cover ထပ္ဝယ္တပ္ျပီးသံုးႏုိင္ပါေသးတယ္။ Camera ( ✿✿✿ )
.
.
Galaxy S7 နဲ႕ Galaxy S7 edge တုိ႕ရဲ႕လုပ္ေဆာင္ခ်က္မွာ အရင္ဖုန္းထက္ ( ၃ဝ.၄% ) ပိုမိုျမန္ဆန္မယ္လို႕ ေျပာပါတယ္။ ဖုန္းရဲ႕ဂရပ္ဖစ္ကဒ္က ( ၆၃.၉% ) ပုိျမန္မယ္ဆုိေတာ႕ ဂိမ္းကစားသူေတြအၾကိဳက္ေတြ႕ပါလိမ္႕မယ္။ ပုိေကာင္းတဲ႕အေအးေပးစံနစ္တပ္ဆင္ထားလို႕ S7 နဲ႕ S7 edge တို႕ဟာ အရင္ဖုန္းေတြလို မပူေတာ႕ဘူးလို႕ ညႊန္းပါတယ္။ ဒီအခ်က္ေတြက အခ်ိန္တစ္ႏွစ္ယူျပီးလုပ္ရတဲ႕ဖုန္းအသစ္တိုင္းမွာ မျဖစ္မေနပါေနက် လုပ္ေဆာင္ခ်က္မ်ားလို႕ပဲ ျမင္မိပါတယ္။ Hardware Feature ( )
.
.
Galaxy S7 ကို 3000mAh  နဲ႕ Galaxy S7 edge ကုိ 3600mAh တို႕အထိတုိးေပးလုိက္တဲ႕ဘက္ထရီသက္တမ္းကို ဆမ္ေဆာင္းက ခ်ီးက်ဴးလြန္းေနပါတယ္။ အခုေနာက္ပိုင္း ေစ်းသက္သာဖုန္း - Budget Phone အမ်ားစုမွာ ဒီေလာက္ကေတာ႕ ပါျပီးသားျဖစ္ေနတာကို စာဖတ္သူမ်ားသိျပီးသားျဖစ္ၾကမွာပါ။ အရင္ S6 မွာ ဘက္ထရီျပသနာေတာ္ေတာ္ရွိပါတယ္။ အခု ဒီဖုန္း ( ၂ ) လံုးမွာလည္း ဘက္ထရီကအေသပါ .. လဲလို႕မရပါဘူး။ Battery Life ( )
.
.
Samaung နဲ႕ EPIC Gaming တုိ႕ပူးေပါင္းျပီး Galaxy S7 နဲ႕ Galaxy S7 edge တို႕ရဲ႕ ဂိမ္းကစားႏိုင္မႈကို အဆင္႕ျမင္႕ထားတယ္လို႕ ေျပာပါတယ္။ ဒါကလည္း စိတ္ဝင္စားစရာအမ်ားၾကီးထဲက တစ္ခုပါပဲ။ Gaming ( )
.
.
ဥေရာပ၊ အေမရိကား နဲ႕ တစ္ျခားသတ္မွတ္ထားတဲ႕တိုင္းျပည္ေတြမွာ အြန္လုိုင္းကေန Galaxy S7 နဲ႕ Galaxy S7 edge တို႕ကို ၾကိဳတင္ - Pre Order မွာမယ္ဆိုရင္ ( ၉၉) ေဒၚလာတန္တဲ႕Samsung VR Headset ကုိ အခမဲ႕လက္ေဆာင္ေပးသြားမယ္လို႕ ေၾကျငာပါတယ္။ Pre Order Selling Point ( ✿✿✿ )
.
.
လက္ကိုင္ဖုန္းနဲ႕ေငြရွင္းတဲ႕ Samsung Pay အေၾကာင္းေျပာလာတာလည္း ႏွစ္ေတြကမနည္းေတာ႕ပါဘူး။ ေနာက္ထပ္နာမည္တစ္မ်ိဳးနဲ႕ Mobile Wallet လို႕ေျပာတာလည္း ဒီကိစၥပါပဲ။ လက္တြဲလာတဲ႕ကုမၸဏီေတြတိုးလာတယ္လို႕ေျပာေပမယ္႕ လက္ေတြ႕မွာ ဖုန္းနဲ႕ေငြေပးေခ်သူတုိးပြားမႈနည္းေနေသးတာက Samsung Pay ရဲ႕ ေအာင္ျမင္မႈကို အကဲျဖတ္ေပးပါလိမ္႕မယ္။  Samsung Pay ( )
.
.
မိုဘုိင္းဖုန္းအေၾကာင္းေျပာျပီးတဲ႕ေနာက္မွာ ( ၂ဝ၁၄ ) ခုႏွစ္က အေျချပဳခဲ႕တဲ႕ VR - Virtual Reality အေၾကာင္းဘက္ ဆက္သြားပါတယ္။  ၃၆ဝ ံ ဒီဂရီကင္မရာ - 360  ံCamera အေၾကာင္း သရုပ္ျပဗီဒီယိုထုိးျပီးတဲ႕အခါ ငါးမ်က္လံုးကင္မရာ - Gear 360 ကုိ မိတ္ဆက္ပါတယ္။ မွန္ဘီလူး ( ၂ ) ခုကို  အေရွ႕ နဲ႕ အေနာက္ ေက်ာခ်င္းကပ္ထားျပီး ေဂါက္သီးလံုးကို ဒုတ္တပ္ထားတဲ႕ ပံုစံမ်ိဳးေလးပါ။ 30 MP ရွိတဲ႕ကင္မရာကို F2.0 မွန္ဘီလူးကိုဆင္ထားေပးပါတယ္။
.
သူ႕ခ်ည္းခ်ည္းဆုိရင္ သီးျခားရပ္တည္ေနေပမယ္႕ Gear 360 ကုိ Sumsung S7 နဲ႕ S7 edge တုိ႕ကုိခ်ိတ္ဆက္လိုက္တဲ႕အခါ ကင္မရာက ပတ္ခ်ာလည္ ( ၃၆ဝ ံ) ရုိက္ေပးထားတာကို ဖုန္းကေန တိုက္ရုိက္ၾကည္႕ရႈႏုိင္မွာျဖစ္ပါတယ္။ Other Reality အုပ္စုမွာ Gear 360 ၊ Sumsung S7 ၊  S7 edge တို႕အျပင္ VR Headset တုိ႕အားလံုးကို တစ္ျပဳိင္တည္းသံုးစဲြတဲ႕အခါမွာ တစ္ျခားကမၻာကလက္ရွိအျဖစ္အပ်က္ဟာ မိမိေရွ႕ကိုတစ္မုဟုတ္ခ်င္းေရာက္လာတာကို ပြဲၾကည္႕လာပရိသတ္ေတြ ထပ္မံၾကည္႕ရႈခံစားလိုက္ရပါတယ္။ Gear 360 ( ✿✿✿ )
.
.
“ ေနာက္ထပ္လာမယ္႕အခင္းအက်င္းဟာ အရွိအတိုင္းျမင္ျခင္း ျဖစ္ပါတယ္ - VR is the next platform ” လို႕ စင္ေပၚတက္ေျပာလာသူကေတာ႕ ေဖ႕စ္ဘြတ္ခ္လူမႈကြန္ယက္တည္ေထာင္သူ မာ႕ခ္ဇက္ဂါဘတ္ ပါ။ ( ၁၁ ) ႏွစ္သားကတည္းက ကြန္ပ်ဴတာကုဒ္ ေရးခဲ႕တဲ႕မာ႕ခ္ ဟာ VR ကုိ အေကာင္အထည္ေဖာ္ဖို႕စိတ္ကူးယဥ္ခဲ႕တယ္။
.
အရင္တစ္ေခတ္ကစိတ္ကူးဟာ အခုလက္ရွိမွာ Hardware ကို အေကာင္းဆံုးထုတ္လုပ္ႏုိင္တဲ႕ Samsung နဲ႕ VR အေတြ႕အၾကံဳကုိ အေကာင္းဆံုးေရးသားႏုိင္တဲ႕ Facebook  + Oculus တုိ႕ရဲ႕ အင္အားစံု စြမ္းအင္ျပည္႕အင္ဂ်င္နီယာေတြနဲ႕ပူးေပါင္းလုိ႕ ပရိသတ္ေရွ႕ကို ( ၉၉ ) ေဒၚလာနဲ႕အေရာက္ပို႕ႏုိင္ပါျပီလုိ႕ ေျပာသြားပါတယ္။ VR Headset ( ✿✿✿ )
.
.
Samasung Galaxy S7 နဲ႕ Galaxy S7 edge တို႕ဟာ 5.1” နဲ႕ 5.5” အသီးသီးရွိၾကျပီး အရင္ႏွစ္ေမာ္ဒယ္ေတြထက္ ပုိမုိေသးသြယ္ရွည္လ်ားထားပါတယ္။ အမည္း၊ အျဖဴ၊ ခဲေရာင္ နဲ႕ ေရႊေရာင္ဆုိျပီး ( ၄ ) စားထြက္ရံုမက မတ္လထဲမွာ သံုးစြဲသူေတြလက္ထဲအေရာက္ပို႕ေပးမယ္ဆုိတာသိရတယ္။
.
လက္ကိုင္ဖုန္းသံုးစြဲသူျမန္မာမ်ားအေနနဲ႕ ပန္းသီ္းဖုန္းခ်စ္သူမ်ားက ဆမ္ေဆာင္းကိုေျပာင္းရခက္သလို ဆမ္ေဆာင္းသမားကလည္း ပန္းသီးဖုန္းဟာ ပ်င္းစရာေကာင္းတယ္လို႕ေျပာၾကတယ္။ ျမန္မာျပည္တြင္းမွာဆုိရင္ေတာ႕ လုပ္ေဆာင္ခ်က္တူျပီး ဆင္းကဒ္ ( ၂ ) ေပါက္ စိုက္လို႕ရတဲ႕ ျမန္မာစာေဇာ္ဂ်ီေဖာင္႕မွန္ တန္ဖိုးနည္းအစားထုိးဖုန္းေတြ သံုးၾကတယ္။
.
ဒါေၾကာင္႕ ဒီ MWC 2016 ပဲြရဲ႕ ဆမ္ေဆာင္းရဲ႕ေၾကျငာမႈေၾကာင္႕ ကြ်န္ေတာ္တို႕ကိုင္ေနက်ဖုန္းေတြကို လႊတ္ပစ္ခ်င္ေလာက္ေအာင္ စိတ္လႈပ္ရွားစရာမေတြ႕မိပါဘူး။ ဒါေပမယ္႕ ပန္းသီး iPhone ကေန Android ဖုန္းကိုေျပာင္းကိုင္ခ်င္တယ္ .. လက္ရွိစြမ္းေဆာင္ရည္အျမင္႕ဆံုးဖုးန္းကိုလည္းပိုင္ဆိုင္ခ်င္တယ္ .. ေငြအားျဖင္႕လည္းတတ္ႏုိင္ျပီး လက္ထဲမွာကိုင္တြယ္ရတာ ေပါ႕ပါးခ်င္တယ္ဆုိရင္ျဖင္႕ Samsung Galaxy S7 နဲ႕ S7 edge တို႕ကုိ ထည္႕သြင္းစဥ္းစားသင္႕ပါေၾကာင္း အၾကံျပဳေဆြးေႏြးလိုက္ပါရေစ။
.
.
.
ခင္လ်က္
.
02-21-2016
.
.
.
Myanmar Unicode Version:
.
.
“ ဘာစီလိုနာစင်မြင့်ပေါ်က Samsung Galaxy S7 နဲ့ S7 edge ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
စပိန်နိုင်ငံ ဘာစီလိုနာမြို့ ကမ္ဘာ့မိုဘိုင်းကွန်ကရက်ပြပွဲ - MWC ( Mobile World Congress 2016 ) မှာ  ဆမ်ဆောင်းကုမ္ပဏီက သူ့ရဲ့ထင်ပေါ်ကျော်ကြား လူကြိုက်များတဲ့ ဂယ်လက်စီစီးရီးရဲ့နောက်ဆုံးထွက် S7 နဲ့ S7 edge အကြောင်းကို စင်မြင့်တင်ဆက်မှုမှတ်တမ်းအရ သုံးသပ်ရေးသားလိုပါတယ်။ ဒါပေမယ့် အများရေးနေကျအတိုင်း ကုန်ပစ္စည်းလုပ်ဆောင်နိုင်မှုကို ဦးစားပေးသုံးသပ်မှုမျိုးမဟုတ်ပဲ ပြည်ပရောက်မြန်မာတစ်ယောက်အနေနဲ့ လက်ရှိဗိုလ်စွဲနေတဲ့လုပ်ဆောင်ချက်အသစ် - New Feature များ နဲ့ နည်းပညာတီထွင်မှု - Innovation နယ်ပယ်မှာ ဘယ်လောက်ဦးဆောင်နိုင်သလဲဆိုတာကို အလေးပေးဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်။
.
Samsung Unpacked 2016 ပွဲစတဲ့အခါ ဆမ်ဆောင်းရဲ့မိုဘိုင်းဥက္ကဋ္ဌ ဒီဂျေခူး - D J Koh က ပွဲဦးထွက်မိတ်ဆက်ပြီး စကားပြောပါတယ်။ သူ့လက်ထဲမှာ Galaxy S7 နဲ့ Galaxy S7 edge တို့ကို မထုတ်ပြခင် ပွဲလာကြည့်သူအားလုံးကို သူတို့ရဲ့ရှေ့မှာရှိတဲ့ VR Headset တွေကို ဦးခေါင်းမှာတပ်ခိုင်းပြီး ဖုန်းကြော်ငြာကို VR – Virtual Reality အတွေ့အကြုံအသစ်နဲ့ဧည့်ခံတာ ရင်ခုံစရာပါ။ အထူးပြောစရာရှိတာက စင်မြင့်ရဲ့အထက်မှာ  ဘယ်ဘက်ကကြည့်ကြည့် စလိုက်ရှိုးတွေကိုမြင်ရမယ့် LED မျက်နှာပြင်ကြီးကို လေးဘက်လေးတန်လှည့်ထားပေးတာပါပဲ။ ( ကြိုက်နှစ်သက်မှုပေါ်မူတည်ပြီး  အောက်မှာ ပန်းပွင့်များနဲ့ Rating လုပ်ပေးထားပါတယ်။ စာရေးသူ )
.
.
ပထမထူးခြားချက်ကို ဒုတိယဥက္ကဋ္ဌ ဂျပ်စတင်ဒက်နီဆင် - Justin Denison က S7 နဲ့ S7 edge တို့ဟာ ဖုန်းမျက်နှာပြင်မှာ ဘက်ထရီအားမစားပဲ လက်ရှိအချိန်ကိုအမြဲပြနေစေဖို့ Always–On Display ကို ပြောပါတယ်။ ဒီနေရာမှာကိုယ်ကြိုက်တဲ့ ဆော့ဝဲထုတ်လုပ်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ဒေါင်းလော့ဆွဲထည့်သွင်းသုံးစွဲနိုင်မယ်ဆိုတာကိုပါ ထပ်ရှင်းပြတယ်။ Always-On Display ( ✿✿✿✿ )
.
.
ရေစိမ်ခံတဲ့ IP68 လုပ်ဆောင်ချက်ကို ဆက်ပြောပါတယ်။ ဆိုလိုတာက တစ်မီတာခွဲရေအနက်မှာ မိနစ် ( ၃ဝ ) ကြာအောင်အထားခံတယ်လို့ ပြောချင်တာပါ။ ဖုန်းထဲကိုရေမဝင်အောင် အရင်လုပ်ဆောင်ချက်တွေမှာ ဖုန်းရဲ့အပြင်ပိုင်းကနေကာကွယ်ခဲ့ကြဖူးတယ်။ အခု ဆမ်ဆောင်းက အတွင်းကနေရေမဝင်အောင် ကာကွယ်ထားတာပါ။ Water Resistance ( ✿✿✿✿✿ )
.
.
ဖုန်းရဲ့မှတ်ဥာဏ်ကို ထပ်တိုးဖို့အပေါက် - Slot ထည့်ပေးထားပါတယ်။ ထည့်နိုင်တဲ့မှတ်ဥာဏ်ပမာဏကို အသေးစိတ်မပြောထားပေးမယ့် 128GB ကဒ်ကိုပြထားခြင်းအားဖြင့် 128 GB အထိတိုးမြှင့်လို့ရတယ်လို့ ထင်မှတ်ရပါတယ်။ Expendable Storage Slot ( ✿✿ )
.
.
အလင်းနည်းတဲ့အချိန်မှာရိုက်နိုင်ခြင်း နဲ့ ပုံကောင်းထွက်ခြင်းက လက်ကိုင်ဖုန်းရဲ့ကင်မရာကို အဆုံးအဖြတ်ပေးကြောင်း ဆက်ပြောပါတယ်။ ပိုကောင်းတဲ့မှန်ဘီလူး F1.7 ပါဝင်ပြီး နှစ်ဆအလင်းကွက် - Dual Pixel နည်းပညာသုံးထားလို့ ပုံရိပ်တစ်ခုကို လူသားတွေရဲ့မျက်လုံးတွေလို ပုံရိပ်နှစ်ခုကို တစ်ခုတည်းအနေနဲ့ပေါင်းပြီးပုံဖော်ပေးမှာပါ။
.
Auto Focus အာရုံစူးစိုက်မှုကို Galaxy S7 နဲ့ Galaxy S7 edge တို့ဟာ မချိန်နိုင် မရိုက်န်ိုင်ဖြစ်နေမှာမဟုတ်ပဲ ( ၁ဝဝ% ) အာရုံစူးစိုက်နိုင်မယ်လို့ ပြောထားပါတယ်။ Panorama ရိုက်ချက်မှာ အရင်ဖုန်းတွေက အပေါ် နဲ့ အောက်ဘောင်တွေကိုကျဉ်းလိုက်ပေမယ့် S7 နဲ့ S7 edge တို့ရဲ့ကင်မရာတွေမှာ အပြည့်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။
.
ပိုကောင်းတဲ့မြင်ကွင်းကျယ်တွေကို အပြင်ဈေးကွက်တွေကနေ Camera Cover ထပ်ဝယ်တပ်ပြီးသုံးနိုင်ပါသေးတယ်။ Camera ( ✿✿✿ )
.
.
Galaxy S7 နဲ့ Galaxy S7 edge တို့ရဲ့လုပ်ဆောင်ချက်မှာ အရင်ဖုန်းထက် ( ၃ဝ.၄% ) ပိုမိုမြန်ဆန်မယ်လို့ ပြောပါတယ်။ ဖုန်းရဲ့ဂရပ်ဖစ်ကဒ်က ( ၆၃.၉% ) ပိုမြန်မယ်ဆိုတော့ ဂိမ်းကစားသူတွေအကြိုက်တွေ့ပါလိမ့်မယ်။ ပိုကောင်းတဲ့အအေးပေးစံနစ်တပ်ဆင်ထားလို့ S7 နဲ့ S7 edge တို့ဟာ အရင်ဖုန်းတွေလို မပူတော့ဘူးလို့ ညွှန်းပါတယ်။ ဒီအချက်တွေက အချိန်တစ်နှစ်ယူပြီးလုပ်ရတဲ့ဖုန်းအသစ်တိုင်းမှာ မဖြစ်မနေပါနေကျ လုပ်ဆောင်ချက်များလို့ပဲ မြင်မိပါတယ်။ Hardware Feature ( )
.
.
Galaxy S7 ကို 3000mAh  နဲ့ Galaxy S7 edge ကို 3600mAh တို့အထိတိုးပေးလိုက်တဲ့ဘက်ထရီသက်တမ်းကို ဆမ်ဆောင်းက ချီးကျူးလွန်းနေပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာဖုန်း - Budget Phone အများစုမှာ ဒီလောက်ကတော့ ပါပြီးသားဖြစ်နေတာကို စာဖတ်သူများသိပြီးသားဖြစ်ကြမှာပါ။ အရင် S6 မှာ ဘက်ထရီပြသနာတော်တော်ရှိပါတယ်။ အခု ဒီဖုန်း ( ၂ ) လုံးမှာလည်း ဘက်ထရီကအသေပါ .. လဲလို့မရပါဘူး။ Battery Life ( )
.
.
Samaung နဲ့ EPIC Gaming တို့ပူးပေါင်းပြီး Galaxy S7 နဲ့ Galaxy S7 edge တို့ရဲ့ ဂိမ်းကစားနိုင်မှုကို အဆင့်မြင့်ထားတယ်လို့ ပြောပါတယ်။ ဒါကလည်း စိတ်ဝင်စားစရာအများကြီးထဲက တစ်ခုပါပဲ။ Gaming ( )
.
.
ဥရောပ၊ အမေရိကား နဲ့ တစ်ခြားသတ်မှတ်ထားတဲ့တိုင်းပြည်တွေမှာ အွန်လိုင်းကနေ Galaxy S7 နဲ့ Galaxy S7 edge တို့ကို ကြိုတင် - Pre Order မှာမယ်ဆိုရင် ( ၉၉) ဒေါ်လာတန်တဲ့Samsung VR Headset ကို အခမဲ့လက်ဆောင်ပေးသွားမယ်လို့ ကြေငြာပါတယ်။ Pre Order Selling Point ( ✿✿✿ )
.
.
လက်ကိုင်ဖုန်းနဲ့ငွေရှင်းတဲ့ Samsung Pay အကြောင်းပြောလာတာလည်း နှစ်တွေကမနည်းတော့ပါဘူး။ နောက်ထပ်နာမည်တစ်မျိုးနဲ့ Mobile Wallet လို့ပြောတာလည်း ဒီကိစ္စပါပဲ။ လက်တွဲလာတဲ့ကုမ္ပဏီတွေတိုးလာတယ်လို့ပြောပေမယ့် လက်တွေ့မှာ ဖုန်းနဲ့ငွေပေးချေသူတိုးပွားမှုနည်းနေသေးတာက Samsung Pay ရဲ့ အောင်မြင်မှုကို အကဲဖြတ်ပေးပါလိမ့်မယ်။  Samsung Pay ( )
.
.
မိုဘိုင်းဖုန်းအကြောင်းပြောပြီးတဲ့နောက်မှာ ( ၂ဝ၁၄ ) ခုနှစ်က အခြေပြုခဲ့တဲ့ VR - Virtual Reality အကြောင်းဘက် ဆက်သွားပါတယ်။  ၃၆ဝ ံ ဒီဂရီကင်မရာ - 360  ံCamera အကြောင်း သရုပ်ပြဗီဒီယိုထိုးပြီးတဲ့အခါ ငါးမျက်လုံးကင်မရာ - Gear 360 ကို မိတ်ဆက်ပါတယ်။ မှန်ဘီလူး ( ၂ ) ခုကို  အရှေ့ နဲ့ အနောက် ကျောချင်းကပ်ထားပြီး ဂေါက်သီးလုံးကို ဒုတ်တပ်ထားတဲ့ ပုံစံမျိုးလေးပါ။ 30 MP ရှိတဲ့ကင်မရာကို F2.0 မှန်ဘီလူးကိုဆင်ထားပေးပါတယ်။
.
သူ့ချည်းချည်းဆိုရင် သီးခြားရပ်တည်နေပေမယ့် Gear 360 ကို Sumsung S7 နဲ့ S7 edge တို့ကိုချိတ်ဆက်လိုက်တဲ့အခါ ကင်မရာက ပတ်ချာလည် ( ၃၆ဝ ံ) ရိုက်ပေးထားတာကို ဖုန်းကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Other Reality အုပ်စုမှာ Gear 360 ၊ Sumsung S7 ၊  S7 edge တို့အပြင် VR Headset တို့အားလုံးကို တစ်ပြိုင်တည်းသုံးစွဲတဲ့အခါမှာ တစ်ခြားကမ္ဘာကလက်ရှိအဖြစ်အပျက်ဟာ မိမိရှေ့ကိုတစ်မုဟုတ်ချင်းရောက်လာတာကို ပွဲကြည့်လာပရိသတ်တွေ ထပ်မံကြည့်ရှုခံစားလိုက်ရပါတယ်။ Gear 360 ( ✿✿✿ )
.
.
နောက်ထပ်လာမယ့်အခင်းအကျင်းဟာ အရှိအတိုင်းမြင်ခြင်း ဖြစ်ပါတယ် - VR is the next platform ” လို့ စင်ပေါ်တက်ပြောလာသူကတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်တည်ထောင်သူ မာ့ခ်ဇက်ဂါဘတ် ပါ။ ( ၁၁ ) နှစ်သားကတည်းက ကွန်ပျူတာကုဒ် ရေးခဲ့တဲ့မာ့ခ် ဟာ VR ကို အကောင်အထည်ဖော်ဖို့စိတ်ကူးယဉ်ခဲ့တယ်။
.
အရင်တစ်ခေတ်ကစိတ်ကူးဟာ အခုလက်ရှိမှာ Hardware ကို အကောင်းဆုံးထုတ်လုပ်နိုင်တဲ့ Samsung နဲ့ VR အတွေ့အကြုံကို အကောင်းဆုံးရေးသားနိုင်တဲ့ Facebook  + Oculus တို့ရဲ့ အင်အားစုံ စွမ်းအင်ပြည့်အင်ဂျင်နီယာတွေနဲ့ပူးပေါင်းလို့ ပရိသတ်ရှေ့ကို ( ၉၉ ) ဒေါ်လာနဲ့အရောက်ပို့နိုင်ပါပြီလို့ ပြောသွားပါတယ်။ VR Headset ( ✿✿✿ )
.
.
Samasung Galaxy S7 နဲ့ Galaxy S7 edge တို့ဟာ 5.1” နဲ့ 5.5” အသီးသီးရှိကြပြီး အရင်နှစ်မော်ဒယ်တွေထက် ပိုမိုသေးသွယ်ရှည်လျားထားပါတယ်။ အမည်း၊ အဖြူ၊ ခဲရောင် နဲ့ ရွှေရောင်ဆိုပြီး ( ၄ ) စားထွက်ရုံမက မတ်လထဲမှာ သုံးစွဲသူတွေလက်ထဲအရောက်ပို့ပေးမယ်ဆိုတာသိရတယ်။
.
လက်ကိုင်ဖုန်းသုံးစွဲသူမြန်မာများအနေနဲ့ ပန်းသီ်းဖုန်းချစ်သူများက ဆမ်ဆောင်းကိုပြောင်းရခက်သလို ဆမ်ဆောင်းသမားကလည်း ပန်းသီးဖုန်းဟာ ပျင်းစရာကောင်းတယ်လို့ပြောကြတယ်။ မြန်မာပြည်တွင်းမှာဆိုရင်တော့ လုပ်ဆောင်ချက်တူပြီး ဆင်းကဒ် ( ၂ ) ပေါက် စိုက်လို့ရတဲ့ မြန်မာစာဇော်ဂျီဖောင့်မှန် တန်ဖိုးနည်းအစားထိုးဖုန်းတွေ သုံးကြတယ်။
.
ဒါကြောင့် ဒီ MWC 2016 ပွဲရဲ့ ဆမ်ဆောင်းရဲ့ကြေငြာမှုကြောင့် ကျွန်တော်တို့ကိုင်နေကျဖုန်းတွေကို လွှတ်ပစ်ချင်လောက်အောင် စိတ်လှုပ်ရှားစရာမတွေ့မိပါဘူး။ ဒါပေမယ့် ပန်းသီး iPhone ကနေ Android ဖုန်းကိုပြောင်းကိုင်ချင်တယ် .. လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံးဖုးန်းကိုလည်းပိုင်ဆိုင်ချင်တယ် .. ငွေအားဖြင့်လည်းတတ်နိုင်ပြီး လက်ထဲမှာကိုင်တွယ်ရတာ ပေါ့ပါးချင်တယ်ဆိုရင်ဖြင့် Samsung Galaxy S7 နဲ့ S7 edge တို့ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း အကြံပြုဆွေးနွေးလိုက်ပါရစေ။
.
.
.
ခင်လျက်
.
02-21-2016
.
“ ဘာစီလိုနာစင္ျမင္႕ေပၚက Samsung Galaxy S7 နဲ႕ S7 edge ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ မတ္လ ( ၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၆ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: https://app.box.com/s/z4cacda6xt7k1i7d68y2tnqslly3ohyi


No comments:

Post a Comment