![]() |
| ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
လာမယ္႕ေႏြရာသီက်ရင္ လမ္းေပၚမွာ ေျပးလႊားေဆာ႕ကစားေနတဲ႕ကေလးေတြကို
Tesla Model S for Kids ကားငယ္ေလးေမာင္းႏွင္ေနတာကို ေတြ႕ႏုိင္ေတာ႕မွာပါ။
.
Radio Flyer အမည္ရ အေမရိကန္အရုပ္ထုတ္လုပ္မႈကုမၸဏီ
နဲ႕ နာမည္ၾကီးဘက္ထရီကားထုတ္လုပ္သူ Tesla နဲ႕ ပူးေပါင္းျပီး ကေလးစီးဘက္ထရီကားထုတ္လုပ္ဖို႕ျပင္ဆင္ေနတာျဖစ္ပါတယ္။
ကေလးစီးတဲ႕ကားဆုိေပမယ္႕ လူၾကီးကားလုိပဲ စီယာတုိင္ နဲ႕ ေရွ႕မီးေတြအျပည္႕အစံုပါဝင္ျပီး
ကားအစစ္အတိုင္း ေမာင္းႏွင္ႏုိင္ပါလိမ္႕မယ္။
.
.
လာမယ္႕ ( ၂ဝ၁၆ ) ခုႏွစ္ ေမလမွာ စတင္ေရာင္းခ်မယ္႕
မီနီေမာ္ဒယ္အက္စ္ ကားေလးကို လီသီယမ္ဘက္ထရီ - Lithium ion battery နဲ႕ ထုတ္လုပ္ထားျပီး
ေမာင္းသူကေလးငယ္ရဲ႕ ေမာ္ဘိုင္းဖုန္းနဲ႕ သီခ်င္းနားေထာင္ႏုိင္ရန္အတြက္ အသံစံနစ္ကိုထည္႕သြင္းထားပါတယ္။
ဒါ႕အျပင္ ကားမွာသူအေနနဲ႕ အြန္လိုင္းကေန ကားတစ္စီးလံုးရဲ႕အေရာင္ေတြကို စိတ္ၾကိဳက္ေရြးခ်ယ္ႏိုင္ပါေသးတယ္။
အင္ဂ်င္မပါတဲ႕ကားျဖစ္တာနဲ႕အညီ ကားေရွ႕ေဘာနက္မွာ ဘက္ထရီအပိုကုိသိမ္းထားေပးျပီး အေရွ႕ညာဘက္မီးခြက္ထိပ္မွာ
အားသြင္းၾကိဳးအေပါက္ပါရွိပါတယ္။
.
အေျခခံကားရဲ႕ေစ်းႏႈန္းကို ( ၄၉၉ ) ေဒၚလာသတ္မွတ္ထားျပီး
ဘက္ထရီ ( 140 Wh ) အား ရရွိပါမယ္။ ဒီ႕ထက္ပိုအသံုးခံခ်င္ရင္ေတာ႕ ေဒၚလာ ( ၅ဝ ) ပိုေပးျပီး
( 190 Wh ) ဘက္ထရီကို အဆင္႕ျမင္႕ႏိုင္ရံုမက သံုးစြဲခ်ိန္ ( ၅ဝ% ) ပိုခံမွာ ျဖစ္ပါတယ္။
ေနာက္ထပ္ ( ၁၅ ) ေဒၚလာထပ္ေပးရင္ေတာ႕ ကားနံပါတ္ျပားမွာ ကိုယ္ၾကိဳက္တဲ႕စာသားကိုထည္႕သြင္းႏိုင္ဦးမွာပါ။
.
.
အေမာင္းသင္ကေလးငယ္အတြက္ တစ္နာရီကို (
၃ ) မုိင္ႏႈန္းကား နဲ႕ ေမာင္းတတ္ျပီးကေလးအတြက္ ( ၆ ) မိုင္ႏႈန္းေမာင္းႏွင္ႏုိင္တဲ႕
ခလုပ္ေျပာင္းေရႊ႕ႏိုင္ပါတယ္။ တစ္ခုသတိထားရမွာက Tesla ကားေတြကို အေမရိကန္ ဆန္ဖရန္စစၥကိုေဒသ၊
ဖရီးေမာင္႕ျမိဳ႕မွာ ( ကားၾကီးေတြကို ) ထုတ္လုပ္ေနက်ျဖစ္တာေၾကာင္႕ ဒီကားကုိဝယ္ရင္ ဖယ္ဒရယ္အစုိးရအတြက္
အခြန္္ ( ၉.၇၅% ) ေပးေဆာင္ရဖြယ္ရွိေနပါတယ္။
.
မွတ္ခ်က္ ။။။။။။။။။။ Tesla Motor တည္ေထာင္သူ
အီလြန္မတ္စ္ - Elon Musk ဟာ PayPal, Space X, Solar City တို႕ကိုတည္ေထာင္သူျဖစ္ျပီး
နာမည္ေက်ာ္ၾကားတဲ႕ ဘီလ်ံနာတစ္ဦးလည္း ျဖစ္ပါေၾကာင္း။
.
ခင္လ်က္
.
02-17-2016
.
Ref: Business Insider
.
.
Myanmar Unicode Version:
.
.
“ ကလေးတွေအတွက် Tesla Model S ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လာမယ့်နွေရာသီကျရင် လမ်းပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ကလေးတွေကို Tesla Model S for Kids ကားငယ်လေးမောင်းနှင်နေတာကို တွေ့နိုင်တော့မှာပါ။
.
Radio Flyer အမည်ရ အမေရိကန်အရုပ်ထုတ်လုပ်မှုကုမ္ပဏီ နဲ့ နာမည်ကြီးဘက်ထရီကားထုတ်လုပ်သူ Tesla နဲ့ ပူးပေါင်းပြီး ကလေးစီးဘက်ထရီကားထုတ်လုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ကလေးစီးတဲ့ကားဆိုပေမယ့် လူကြီးကားလိုပဲ စီယာတိုင် နဲ့ ရှေ့မီးတွေအပြည့်အစုံပါဝင်ပြီး ကားအစစ်အတိုင်း မောင်းနှင်နိုင်ပါလိမ့်မယ်။
.
.
လာမယ့် ( ၂ဝ၁၆ ) ခုနှစ် မေလမှာ စတင်ရောင်းချမယ့် မီနီမော်ဒယ်အက်စ် ကားလေးကို လီသီယမ်ဘက်ထရီ - Lithium ion battery နဲ့ ထုတ်လုပ်ထားပြီး မောင်းသူကလေးငယ်ရဲ့ မော်ဘိုင်းဖုန်းနဲ့ သီချင်းနားထောင်နိုင်ရန်အတွက် အသံစံနစ်ကိုထည့်သွင်းထားပါတယ်။ ဒါ့အပြင် ကားမှာသူအနေနဲ့ အွန်လိုင်းကနေ ကားတစ်စီးလုံးရဲ့အရောင်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသေးတယ်။ အင်ဂျင်မပါတဲ့ကားဖြစ်တာနဲ့အညီ ကားရှေ့ဘောနက်မှာ ဘက်ထရီအပိုကိုသိမ်းထားပေးပြီး အရှေ့ညာဘက်မီးခွက်ထိပ်မှာ အားသွင်းကြိုးအပေါက်ပါရှိပါတယ်။
.
အခြေခံကားရဲ့ဈေးနှုန်းကို ( ၄၉၉ ) ဒေါ်လာသတ်မှတ်ထားပြီး ဘက်ထရီ ( 140 Wh ) အား ရရှိပါမယ်။ ဒီ့ထက်ပိုအသုံးခံချင်ရင်တော့ ဒေါ်လာ ( ၅ဝ ) ပိုပေးပြီး ( 190 Wh ) ဘက်ထရီကို အဆင့်မြင့်နိုင်ရုံမက သုံးစွဲချိန် ( ၅ဝ% ) ပိုခံမှာ ဖြစ်ပါတယ်။ နောက်ထပ် ( ၁၅ ) ဒေါ်လာထပ်ပေးရင်တော့ ကားနံပါတ်ပြားမှာ ကိုယ်ကြိုက်တဲ့စာသားကိုထည့်သွင်းနိုင်ဦးမှာပါ။
.
.
အမောင်းသင်ကလေးငယ်အတွက် တစ်နာရီကို ( ၃ ) မိုင်နှုန်းကား နဲ့ မောင်းတတ်ပြီးကလေးအတွက် ( ၆ ) မိုင်နှုန်းမောင်းနှင်နိုင်တဲ့ ခလုပ်ပြောင်းရွှေ့နိုင်ပါတယ်။ တစ်ခုသတိထားရမှာက Tesla ကားတွေကို အမေရိကန် ဆန်ဖရန်စစ္စကိုဒေသ၊ ဖရီးမောင့်မြို့မှာ ( ကားကြီးတွေကို ) ထုတ်လုပ်နေကျဖြစ်တာကြောင့် ဒီကားကိုဝယ်ရင် ဖယ်ဒရယ်အစိုးရအတွက် အခွန် ( ၉.၇၅% ) ပေးဆောင်ရဖွယ်ရှိနေပါတယ်။
.
မှတ်ချက် ။။။။။။။။။။ Tesla Motor တည်ထောင်သူ အီလွန်မတ်စ် - Elon Musk ဟာ PayPal,
Space X, Solar City တို့ကိုတည်ထောင်သူဖြစ်ပြီး နာမည်ကျော်ကြားတဲ့ ဘီလျံနာတစ်ဦးလည်း ဖြစ်ပါကြောင်း။
.
ခင်လျက်
.
02-17-2016
.
Ref: Business Insider
.
https://www.youtube.com/watch?v=TGom8Y5wAow&feature=youtu.be.
“ ကေလးေတြအတြက္ Tesla Model S ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ( ၂၇ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂၅ ) ၊ စာမ်က္ႏွာ ( ၅၅ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: https://app.box.com/s/aqqnrnwvqczzcy8xl3pop9e9uyczyl3d






No comments:
Post a Comment