![]() |
| ဘာသာျပန္သူ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ခရီးေဆာင္အိတ္ ( ၂ ) လံုး နဲ႕ ကေလးငယ္ေလးကုိခ်ီျပီး
ရုရွားႏုိင္ငံကထြက္ခဲ႕ရတဲ႕ လြန္ခဲ႕တဲ႕ ( ၈ ) ႏွစ္တုန္းကေပါ႕..။ ကြ်န္မအမ်ိဳးသားက ဂ်ာနယ္လစ္တစ္အလုပ္ကိုလုပ္ပါတယ္။
သူက ေခ်ခ်င္းညွာႏိုင္ငံအတြက္ သတင္းေတြ အျမဲပို႕ရတယ္။ သူ႕ရဲ႕အဓိကအျပစ္က “ အမွန္ကိုေရးလို႕ပါ
” ။
.
KGB ေတြဟာ ကြ်န္မတို႕အိမ္ထဲကိုေရာက္လာျပီး
စာရြက္စာတမ္းေတြအကုန္သိမ္းပါတယ္။ အဲဒါတင္မကေသးဘူး ရုရွားႏုိင္ငံသားမွတ္ပံုတင္ကိုပါ
သိမ္းတယ္။ ေနာက္ေတာ႕ ၾကက္္ေျခနီလက္မွတ္ပါတဲ႕ခရီးသြားစာရြက္စာတမ္းေတြကိုထုတ္ေပးျပီး
တုိင္းျပည္ကေန ခ်က္ခ်င္းထြက္သြားခိုင္းတယ္။ ဒီေတာ႕ ကြ်န္မတို႕ဘဝကို အစကေနျပန္စရျပီေလ။
.
.
ကြ်န္မတို႕ ( ၂ ) ေယာက္လံုး အဂၤလိပ္စကားမေျပာတတ္ၾကဘူး။
ကြ်န္မအမ်ိဳးသားက ရုရွားမွာဆို အေရးၾကီးတဲ႕ဂ်ာနယ္လစ္တစ္ေယာက္ေပါ႕။ အခုဒီမွာေတာ႕ ေရကူးကန္ျပင္တဲ႕အလုပ္
လုပ္ေနရတယ္ေလ။ သူ႕မွာ အခုဆို သန္မာတဲ႕ၾကြက္သားၾကီးေတြရွိေနေပမယ္႕ သူ႕စိတ္ထဲမွာေတာ႕အျမဲ
ဝမ္းနည္းေနရတယ္။ ဒါေပမယ္႕ ကြ်န္မကေတာ႕ ကိုယ္႕ဟာကိုယ္ အျမဲဂုဏ္ယူတယ္။
.
အေမရိကားကိုေရာက္တုန္းက ကြ်န္မအသက္က ( ၃ဝ
) ပဲ ရွိေသးတယ္။ အရြယ္အရ အရမ္းလည္း အထီးက်န္တယ္။ ဒါေပမယ္႕ ကြ်န္မကုိယ္႕ဟာကို အဂၤလိပ္စာသင္တယ္
.. ကိုယ္တုိင္ပဲ ကားေမာင္းသင္တယ္။ ရိုးရာကဇာတ္ရံုတစ္ခုရဲ႕ဝတ္စံုခ်ဳပ္တဲ႕ဆိုင္က ကြ်န္မကို
စက္ခ်ဳပ္တဲ႕အလုပ္ လုပ္ခြင္႕ေပးခဲ႕တယ္။ အဂၤလိပ္စကားမတတ္ေပမယ္႕ ကြ်န္မကို သူတို႕ အလုပ္ခန္႔ေပးတယ္။
.
.
ကြ်န္မမွတ္မိေသးတယ္ .. အလုပ္ဝင္ျပီးသိပ္မၾကာဘူး
လုပ္ေဖာ္ကိုင္ဘက္တစ္ေယာက္က သူနဲ႕မေတာ္ေတာ႕တဲ႕အက်ီၤတစ္စံု ကြ်န္မကိုလက္ေဆာင္ေပးတယ္ေလ။
အဲဒီအခ်ိန္ကစျပီး အေမရိကန္ေရာက္တဲ႕ေနာက္ပိုင္း ကုိယ္႕ဟာကုိယ္ လူ႕အသိုင္းအဝုိင္းနဲ႕ကင္းကြာေနတယ္လို႕
မခံစားရေတာ႕ဘူး။
.
လူကိုလူမွန္းသိတဲ႕အသိအမွတ္ျပဳမႈကို ကြ်န္မျမင္လိုက္ရတယ္။
အဲဒီအျပဳအမူေလးက ဒီေျမၾကီးဟာ ကြ်န္မနဲ႕သက္ဆုိင္တဲ႕ေနရာလို႕ ခံစားရေစတယ္ေလ။
.
ခင္လ်က္
.
03-06-2016
.
Ref: Humans of New York: Feb 22nd,
2016
.
.
.
Myanmar Unicode Version:
.
.
“ လူကိုလူလို အဆက်ဆံခံရတဲ့အခါ ”
ဘာသာပြန်သူ - ကိုညီညီ ( တောင်ကြီး )
.
ခရီးဆောင်အိတ် ( ၂ ) လုံး နဲ့ ကလေးငယ်လေးကိုချီပြီး ရုရှားနိုင်ငံကထွက်ခဲ့ရတဲ့
လွန်ခဲ့တဲ့ ( ၈ ) နှစ်တုန်းကပေါ့..။ ကျွန်မအမျိုးသားက ဂျာနယ်လစ်တစ်အလုပ်ကိုလုပ်ပါတယ်။
သူက ချေချင်းညှာနိုင်ငံအတွက် သတင်းတွေ အမြဲပို့ရတယ်။ သူ့ရဲ့အဓိကအပြစ်က “ အမှန်ကိုရေးလို့ပါ
” ။
.
KGB တွေဟာ ကျွန်မတို့အိမ်ထဲကိုရောက်လာပြီး စာရွက်စာတမ်းတွေအကုန်သိမ်းပါတယ်။
အဲဒါတင်မကသေးဘူး ရုရှားနိုင်ငံသားမှတ်ပုံတင်ကိုပါ သိမ်းတယ်။ နောက်တော့ ကြက်ခြေနီလက်မှတ်ပါတဲ့ခရီးသွားစာရွက်စာတမ်းတွေကိုထုတ်ပေးပြီး
တိုင်းပြည်ကနေ ချက်ချင်းထွက်သွားခိုင်းတယ်။ ဒီတော့ ကျွန်မတို့ဘဝကို အစကနေပြန်စရပြီလေ။
.
.
ကျွန်မတို့ ( ၂ ) ယောက်လုံး အင်္ဂလိပ်စကားမပြောတတ်ကြဘူး။ ကျွန်မအမျိုးသားက
ရုရှားမှာဆို အရေးကြီးတဲ့ဂျာနယ်လစ်တစ်ယောက်ပေါ့။ အခုဒီမှာတော့ ရေကူးကန်ပြင်တဲ့အလုပ်
လုပ်နေရတယ်လေ။ သူ့မှာ အခုဆို သန်မာတဲ့ကြွက်သားကြီးတွေရှိနေပေမယ့် သူ့စိတ်ထဲမှာတော့အမြဲ
ဝမ်းနည်းနေရတယ်။ ဒါပေမယ့် ကျွန်မကတော့ ကိုယ့်ဟာကိုယ် အမြဲဂုဏ်ယူတယ်။
.
အမေရိကားကိုရောက်တုန်းက ကျွန်မအသက်က ( ၃ဝ ) ပဲ ရှိသေးတယ်။ အရွယ်အရ
အရမ်းလည်း အထီးကျန်တယ်။ ဒါပေမယ့် ကျွန်မကိုယ့်ဟာကို အင်္ဂလိပ်စာသင်တယ် .. ကိုယ်တိုင်ပဲ
ကားမောင်းသင်တယ်။ ရိုးရာကဇာတ်ရုံတစ်ခုရဲ့ဝတ်စုံချုပ်တဲ့ဆိုင်က ကျွန်မကို စက်ချုပ်တဲ့အလုပ်
လုပ်ခွင့်ပေးခဲ့တယ်။ အင်္ဂလိပ်စကားမတတ်ပေမယ့် ကျွန်မကို သူတို့ အလုပ်ခန့်ပေးတယ်။
.
.
ကျွန်မမှတ်မိသေးတယ် .. အလုပ်ဝင်ပြီးသိပ်မကြာဘူး လုပ်ဖော်ကိုင်ဘက်တစ်ယောက်က
သူနဲ့မတော်တော့တဲ့အကျီၤတစ်စုံ ကျွန်မကိုလက်ဆောင်ပေးတယ်လေ။ အဲဒီအချိန်ကစပြီး အမေရိကန်ရောက်တဲ့နောက်ပိုင်း
ကိုယ့်ဟာကိုယ် လူ့အသိုင်းအဝိုင်းနဲ့ကင်းကွာနေတယ်လို့ မခံစားရတော့ဘူး။
.
လူကိုလူမှန်းသိတဲ့အသိအမှတ်ပြုမှုကို ကျွန်မမြင်လိုက်ရတယ်။ အဲဒီအပြုအမူလေးက
ဒီမြေကြီးဟာ ကျွန်မနဲ့သက်ဆိုင်တဲ့နေရာလို့ ခံစားရစေတယ်လေ။
.
ခင်လျက်
.
03-06-2016
.
Ref: Humans of New York: Feb 22nd, 2016

No comments:
Post a Comment