“ ( ၂ဝ၁၆ ) ခုနှစ်အတွက်
.
.
.
.
.
.
.
.
.
.
.
.
.
.
Honda Civic
Honda Accord
Kia Optima
Hyundai Sonata
Chevrolet Malibu
Chevrolet Impala
Honda CR-V
Honda HR-V Crossover
Honda Trio
Toyoda Highlander
Nissan Pathfinder
Chevrolet Tahoe
Subaru Outback
Honda Odyssey
Toyota Sienna
Kia Sedona
.
.
)
.
ခင်လျက်
.
.
Ref: Business Insider
.
.
Myanmar Unicode Version:
.
.
“ ( ၂ဝ၁၆ ) ခုနှစ်အတွက် အကောင်းဆုံးအိမ်စီးကား ( ၁၆ ) စီး ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အနောက်နိုင်ငံတွေမှာ ကားအသစ်ဝယ်ရတာဟာ အိမ်ထောင်တစ်ခုရဲ့ ကြီးမားတဲ့ဆုံးဖြတ်ချက်လို့
သဘောထားကြပါတယ်။ ဒီကိစ္စကိုပိုမိုလွယ်ကူစေဖို့ အမေရိကန်ကားလောကရဲ့ စံထားရတဲ့ ( တိုက်ရိုက်ဘာသာပြန်ရင်
) ကယ်လီစာအုပ်အပြာ - Kelley Blue Book အဖွဲ့ရဲ့ အယ်ဒီတာတွေဟာ ကောင်းလောက်တယ်လို့ သူတို့တွေးထင်ထားတဲ့
ကား ( ၂ ) ဒါဇင်လောက်ကို စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။
.
အဲဒီကားတွေဟာ အမေရိကတိုက်မှာ လက်ရှိဈေးလျှော့ရောင်းနေတာဖြစ်ပြီး
အခုရရှိတဲ့စာရင်းကိုတော့ မော်တော်ကားဖြန့်ချိရေးအဖွဲ့ - The Automotive
Publication က “ ( ၂ဝ၁၆ ) ခုနှစ်အတွက် အကောင်းဆုံးအိမ်စီးကား ( ၁၆ ) စီး ” ခေါင်းစဉ်နဲ့ထုတ်ပြန်ခဲ့ပါတယ်။
သူတို့စမ်းသပ်ခဲ့တဲ့ကားတွေဟာ အစီး ( ၃ဝဝ ) လောက်ထဲကထွက်လာတဲ့ လက်ရွေးစင်တွေပါ။
.
.
ကားပိုင်းဆိုင်ရာကျွမ်းကျင်တဲ့အယ်ဒီတာတွေဖြစ်လို့ ဈေးကွက်အရကြည့်မလား၊
စွမ်းရည်မြှင့်တင်မှုအပိုင်း - Evaluation အရကြည့်မလား အားလုံးဟာ ဒိတ်ဒိတ်ကျဲတွေချည်းပါပဲ။
KBB Editorial အဖွဲ့ဟာ သီတင်း ( ၂ ) ပတ်အတွင်း သူတို့လက်ထဲကိုရောက်လာတဲ့ ကားတွေကို
ခုံတင်-ခုံချ - Folded-Down-Seats-Of ၊ ကားစပီကာနဲ့လက်ကိုင်ဖုန်းချိတ်ဆက်မှု -
Paired-Phones-To နဲ့ ကလေးထိုင်ခုံတပ်ဆင်ရလွယ်ကူမှု - Baby-Seats-In တွေကို တစ်စီးချင်း
စိတ်ရှည်လက်ရှည် စမ်းသပ်ခဲ့တယ်။
.
သူတို့ဟာ ကားတွေကို ကုန်တင်ကြည့်တယ်။ နောက်ဆုံးတတိယတန်းထိုင်ခုံမှာ
ခြေပစ်လက်ပစ်ထိုင်ပြီး LCD ကနေ ရုပ်ရှင်ထိုင်ကြည့်တယ်။ အပန်းဖြေပစ္စည်းတွေ မနိုင်မနင်းတင်ရင်း
ကားကို မဆန့်မပြဲခိုင်းကြည့်တယ်။ ဒီလို မိသားစုနေ့စဉ်ဘဝသုံးယာဉ်အဖြစ်အဖြေထုတ်နေပေမယ့်လည်း
စက်ပစ္စည်း - Vehicle ဆိုတဲ့အတိုင်း
.
ဘေးကင်းလုံခြုံမှု - Safety
.
အဆင်ပြေမှု ( ဇိမ်ကျမှု ) – Comfort
.
သက်တောင့်သက်သာရှိမှု - Convenience
.
နေရာကျယ်ဝန်းမှု - Spaciousness
.
ကလေးထိုင်ခုံအံဝင်ခွင်ကျမှု - Child Safety Seat Fit … စတာတွေပေါ်မှာ
အခြေခံစဉ်းစားပါတယ်။
.
အခုနောက်ဆုံးရတဲ့စာရင်းအရ စလွန်းကား - Sedan ( ၆ ) စီး၊ ပေါင်မုန့်ကား
- Minivan ( ၃ ) စီး၊ အားကစားအထူးပြုအမြင့်ကား - SUV ( Sport Utility Vehicle ) ( ၇
) စီး ဆန်ကာတင်ကျန်ရစ်ပါတယ်။ အောင်ပွဲဝင်လာတဲ့တံဆိပ်ကတော့ ဟွန်ဒါ - Honda ပါ။ သူ့တံဆိပ်
( ၆ ) မျိုးဟာ ထိပ်ပိုင်းစာရင်းမှာ ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။ ဒုတိယလိုက်တဲ့ကားက
အမေရိကန်နိုင်ငံထုတ် ရှယ်ဗလေး - Chevrolet ဖြစ်နေတာကို တွေ့ရပါမယ်။
.
KBB ရဲ့ အဆိုအရ ဒီစာရင်းနောက်ကလိုက်တဲ့ကားအမျိုးအစားတွေကတော့
Toyota Camry ၊ Ford F-150 ၊ Ford Explorer ၊ RAM 1500 ၊ Hyundai Tuscon ၊ Kia
Soul ၊ Toyota Avalon နဲ့ Subaru
Crosstrek တို့ အစီအစဉ်တိုင်းဖြစ်ကြပါတယ်။ အောက်မှာ ကား ( ၁၆ ) စီးရဲ့စာရင်းကိုဖော်ပြပေးထားပြီး
အသေးစိတ်ကိုတော့ ပုံတွေကို တစ်ပုံချင်းထောက်ပြီး သူတို့ရဲ့ကောင်းမွန်တဲ့အားသာချက်တွေကို
ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
.
.
Honda Civic
Honda Accord
Kia Optima
Hyundai Sonata
Chevrolet Malibu
Chevrolet Impala
Honda CR-V
Honda HR-V Crossover
Honda Trio
Toyoda Highlander
Nissan Pathfinder
Chevrolet Tahoe
Subaru Outback
Honda Odyssey
Toyota Sienna
Kia Sedona
.
.
မှတ်ချက် ။။။။။။။။။။ Kelley Blue Book ဟာ အမေရိကန်နိုင်ငံနိုင်ငံကားလောကမှာ
ဆရာတစ်ဆူဖြစ်နေတဲ့ အင်တာနက်စာမျက်နှာပါ။ သူ့မှာ ကားအမျိုးအစား၊ အခြေအနေ၊ အားသာချက်၊
အားနည်းချက် စတာတွေကို အဆင့်လိုက်ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့ အရင်းအမြစ်တွေရှိတယ်။
သူ့မှာတင်ရောင်းတဲ့ကားတွေက အစီးရေသန်းနဲ့ချီရှိတယ်။ ဒီတော့ ဘယ်သူတွေ ဘာကားဝယ်ဝယ်
KBB ကိုဝင်ကြည့်လိုက်ရမှ ကားတန်းကိုမှန်းနိုင်သလို အများအားကိုးတဲ့ ကားအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
( ဘာသာပြန်သူ )
.
ခင်လျက်
.
02-05-2016 ( တောင်ကြီးမြို့ )
.
Ref: Business Insider
.
.
ပထမဗိုလ်စွဲတဲ့ကားက Honda Civic ဖြစ်ပါတယ်။ ဟွန်ဒါဟာ Honda
Civic 2016 ကို ပုံပြောင်းထုတ်ခဲ့တာပါ။ ( ၂ဝ၁၆ ) ခုနှစ်မှာ အရောင်းကောင်းဆုံးလို့လည်း
KBB က ရေးပါတယ်။ သူ့မှာ အဓိကပါတဲ့ကိရိယာခလုပ်တွေရယ်၊ ဘေးကင်းမှုဆောင်ရွက်ချက်တွေ နဲ့
ခပ်မိုက်မိုက်စတိုင်လ်တွေကြောင့် ထိပ်ဆုံးရောက်နေတဲ့ ကားကောင်းတစ်စီးပါ။
.
Honda Accord က သူ့နောင်တော်နောက်ကပ်လိုက်ပြီး သူ့ရဲ့အခန်းကျယ်မှု၊
အတွင်းခန်းဒီဇိုင်းခန့်ငြားမှု နဲ့ အောက်ပိုင်းတောင့်တင်းမှုတို့ကြောင့် လူကြိုက်များတာဖြစ်ပါတယ်။
.
Kia Optima က အလယ်အလတ်ဆိုဒ်ကားအနေနဲ့ KBB က အမှတ်ပေးခဲ့တာပါ။ ပုံစံကျတယ်၊
မိသားစုသုံးရလွယ်တယ်၊ ပါဝင်တဲ့ပစ္စည်းတွေက နည်းပညာအမြင့်တွေသုံးထားတဲ့ကိုးရီးယားနိုင်ငံထုတ်ဆိုတာကိုတော့
သံသယရှိစရာ မလိုတော့ပါဘူး။
.
Hyundai Sonata က ဈေးနှုန်းသင့်တင့်တယ်၊ အာမခံ - Warranty ပေးတဲ့ကာလရှည်ကြာတယ်၊
ပြန်ရောင်းရင်အနှိမ်မခံရဘူး၊ မောင်းရတာညွှတ်နေတယ် စသဖြင့် KBB က အမှတ်ပေးထားပါတယ်။
.
Chevrolet Malibu ဟာ ( ၂ဝ၁၆ ) ခုနှစ်မော်ဒယ်မှာ ပုံပြောင်းဖြစ်လာရုံတင်မကပဲ
ထပ်မြင့်ထားတဲ့ဘေးကင်းလုံခြုံမှု၊ ဇိမ်ကျမှုတို့က ဒီနေရာကိုရစေတာပါ။
.
Chevrolet Impala က အတွင်းခန်းကျယ်စလွန်းဖြစ်ပြီ်း ခပ်ကားကား ခပ်မြင့်မြင့်ကားမျိုးပါ။
သူ့ရဲ့ အနောက်တိုင်းဆန်တဲ့စတိုင်လ်ကို လူကြိုက်များရုံမက ကားထဲမှာပါတဲ့ ဆက်သွယ်ရေးနည်းပညာအဆင့်မြင့်မှုကို
ဈေးကွက်တင်ထားပါတယ်။
.
Honda CR-V ကိုတော့ မြန်မာစာဖတ်ပရိသတ်တွေကို အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူး။
နှစ်များစွာအတွင်း Honda CR-V က SUV ထဲမှာ ကောင်းမွန်စွဲမက်ဖွယ်ရာကဏ္ဍတစ်ခုကိုဖွင့်လှစ်နိုင်ခဲ့တယ်။
သူ့ရဲ့အတွင်းခန်းကျယ်ဝန်းမှု၊ ဘက်စုံအသုံးပြုနိုင်မှု၊ တုံးကိုက်ကိုက် ကျားကိုက်ကိုက်အသုံးပြုနိုင်မှု
နဲ့ ပြန်ရောင်းရင်ဈေးအနှိမ်မခံရမှုတို့က KBB ရဲ့ အယ်ဒီတာအဖွဲ့ကို သဘောကျစေခဲ့တာပါ။
.
Honda HR-V က Honda CR-V ထက် အနည်းငယ်တိုပါတယ်။ ကြားဆိုဒ်ထပ်ထုတ်လာတဲ့ထဲမှာ
Honda HR-V Crossover က အနောက်ထိုင်ခုံကျယ်ဝန်းမှုက မိသားစုတွေကို အကြိုက်တွေ့စေပါလိမ့်မယ်။
.
Honda Pilot ကို အချောသတ်မွမ်းမံအဆင့်မြင့်လိုက်တဲ့အခါ Honda Trio ဖြစ်လာရပါတယ်။ လက်ရှိမှာ Honda
Trio ဟာ မိသားစုအကြိုက်ဆုံး SUV ဖြစ်နေတယ်။ အသစ်ဆိုဗိုလ်မထားတဲ့ Honda ရဲ့ နည်းပညာတွေကို
ကားအသစ်တိုင်းမှာတွေ့ရတတ်ပါတယ်။ ဒီလိုအရည်အသွေးမြင့်တဲ့ မောင်းနှင်ခြင်းအတွေ့အကြုံတွေကြောင့်
KBB အယ်ဒီတာတွေက ဒီစာရင်းထဲထည့်ခဲ့သလဲဆိုတာ ပုံကိုကြည့်ရင်သိနိုင်ပါတယ်။
.
Toyoda Highlander
က ( ၃ ) တန်းထိုင် Crossover SUV နောက်တစ်စီးပါ။ ဇိမ်ကျမှု၊ အရည်အသွေး၊ ခြေထောက်နေရာကျယ်ဝန်းမှု၊ သက်တောင့်သက်သာဖြစ်မှု နဲ့
Toyoda Highlander ရဲ့ အောက်ပိုင်းတောင့်တင်းမှုတို့ကို အမှတ်ပေးခဲ့တာဖြစ်ပါတယ်။
.
နီဆန်းလမ်းပြကြယ်
- Nissan Pathfinder က ဒီအုပ်စုထဲဝင်လာတဲ့ ( ၃ ) တန်းထိုင် ဂျပန်ဖြစ်ကားကောင်းတစ်စီးပါ။ မောင်းလိုက်ရင် ဝပ်နေလောက်အောင် ငြိမ်တဲ့ကားဖြစ်တဲ့အပြင်
ဘေးပတ်ဝန်းကျင်ကိုချိန်ရိုက်ထားတဲ့ကင်မရာက ကားကို စားစေပါတယ်။ သူ့မှာပါတဲ့EZ-Flex စံနစ်
နဲ့ ထိုးသွင်းလို့ရတဲ့ကလေးထိုင်ခုံ - Glide Child Seat System ဟာ KBB အယ်ဒီတာတွေကို
စွဲလမ်းနှစ်သက်စေခဲ့ပါတယ်။
.
Chevrolet Tahoe ဟာ ကယ်လီဖိုးနီးယားနဲ့ကပ်လျက် နဗားဒါပြည်နယ်က နှင်းတောင်ရေကန် ထားဟို - Lake Tahoe ကို အစွဲပြုနာမည်ပေးထားတာပါ။ Chevrolet Tahoe ဟာ အုပ်စုထဲမှာပါတဲ့
တစ်စီးတည်းသော ထရပ်ကားအခြေခံ အမြင့်စား SUV ဖြစ်ပါတယ်။ GM ကားကုမ္ပဏီ ရဲ့ အမေရိကားတယ်လီဖုန်းစံနစ်
4G LTE ကိုထည့်သွင်းထားတာက သူတို့ရဲ့အမျှော်အမြင်ကြီးမှုတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။
.
Subaru Outback က စကောစကအရွယ်ကားကောင်းတစ်စီးပါ။ သူ့ရဲ့စွမ်းဆောင်ရည်က SUV နဲ့ အတူတူပါပဲ။ ပိုမိုကောင်းသွားတာက သူ့မှာ တောင်တက်ရာမှာအဆင်ပြေတဲ့
AWD စံနစ်ပါဝင်တာပါ။
.
ပေါင်မုန့်ကားအကြောင်းပြောရင်
Honda Odyssey မပါရင်မပြီးသလို ကားကောင်းတွေတန်းစီလိုက်ရင်လည်း Honda Odyssey က ထိပ်ဆုံးကပါ။ ပြောစရာမလိုတဲ့
စီယာတိုင်ငြိမ်မှု၊ ထိုင်ခုံအသိမ်းအထုတ်စံနစ်ကျမှု နဲ့ လမ်းပေါ်မှာညွှန်ပြပေးတဲ့စံနစ်တွေကြောင့်
နာမည်ကြီးရတာလည်းဖြစ်ပါတယ်။
.
Toyota Sienna က Honda Odyssey နဲ့ အမြဲယှဉ်ပြိုင်နေရပါတယ်။ သူလည်းပဲ ဘက်စုံသုံးနှိုင်မှု၊ ပြန်ရောင်းရင်ဈေးအနှိမ်မခံရမှု နဲ့ တိုက်ကြေအထိအခိုက်နည်းပါးမှု - IIHS Crash Test Performance တို့ကြောင့်
နာမည်ကြီးရုံမက အမေရိကားမှာ AWD System ပါတဲ့ တစ်မျိုးတည်းသော ဗင်ကားဖြစ်ပါတယ်။
.
သူတို့နှစ်မျိုးနောက်ကကပ်လျက်လိုက်တာက
ကိုးရီးယားကား Kia Sedona ပါ။ ဂျပန်ကားတွေနဲ့ ပုခုံးချင်းတိုက်မယှဉ်နိုင်ပေမယ့်လည်း ပေးရတဲ့ဈေးနဲ့တန်တဲ့ အတွင်းခန်းဒီဇိုင်းတွေ၊
ဘေးကင်းလုံခြုံရေးခလုပ်တွေက ဒီအဆင့်ကိုတက်လှမ်းစေခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment