![]() |
| ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
( ၂ဝ၁၆ ) ခုႏွစ္၊ ဇန္နဝါရီလ ( ၆ ) ရက္ေန႕၊
အေမရိကန္ႏုိင္ငံ၊ လာ႕ေဗးဂတ္စ္ျမိဳ႕မွာက်င္းပတဲ႕ သံုးစြဲသူမ်ားအတြက္အီလက္ထေရာနစ္ျပပြဲ
- CES ( Consumer Electric Show - 2016 ) မွာ ကမၻာေပၚမွာပထမဦးဆံုးလူလုိက္ပါႏုိင္တဲ႕
ဧရာမအေဝးထိန္းဒရုန္းယာဥ္ကို တရုတ္ကုမၸဏီတစ္ခုက ထုတ္ေဖာ္ျပသခဲ႕ပါတယ္။
.
ယာဥ္အမည္က အီဟန္ ၁၈၄ - EHang 184 လို႕ေခၚျပီး
သူ႕ကို ယာဥ္အေနနဲ႕ ေမာင္းသူမဲ႕ - Drone လို႕ေခၚရမလား? လူလိုက္ပါႏိုင္ေလာက္ေအာင္ အရြယ္အစားၾကီးမားလို႕
ရဟတ္ယာဥ္လို႕ေခၚရမလားဆုိတာ ပြဲၾကည္႕သူေတြ သိပ္မရွင္းမလင္းျဖစ္ေနပါတယ္။ ကားတစ္စီးအရြယ္အစားထက္
အမ်ားၾကီးေသးတဲ႕ အီဟန္ယာဥ္မွာ အမွန္တစ္ကယ္ လူတစ္ေယာက္စီးဖို႕ထုိင္ခံုပါရွိတယ္။ ဒါ႕အျပင္
ခရီးေဆာင္အိတ္ ဒါမွမဟုတ္ ေက်ာပိုးအိတ္တစ္လံုးစာေနရာပါ က်န္ပါေသးတယ္။
.
.
အီဟန္ ၁၈၄ ဒရုန္းယာဥ္ဟာ အေလးခ်ိန္ု (
၂၂ဝ ) ေပါင္ အထိသယ္ေဆာင္ႏုိင္ျပီး ရဟတ္ယာဥ္ေတြမွာေတြ႕ရသလို ဂိမ္းခလုတ္စီယာတိုင္ နဲ႕
အေပၚေမာ႕ဖြင္႕ရ ပိတ္ရမယ္႕ ရႈတ္တုတ္တုတ္ခလုပ္ေတြအစား ထိေတြ႕မ်က္ႏွာျပင္ တက္ဘလက္တစ္ျပားသာ
ပါပါလိမ္႕မယ္။ ဒါေပမယ္႕ အမ်ားမေမွ်ာ္လင္႕ထားတဲ႕ ေလေအးေပးစက္တပ္ထားမႈကေတာ႕ စိတ္ကူးေကာင္းတယ္လို႕ေျပာႏိုင္သလို
သက္ရွိလူသားရဲ႕ အသက္ရွဴၾကပ္ႏုိင္မႈကို ထည္႕တြက္ထားပံုရပါတယ္။
.
မ်က္ျမင္အေလးခ်ိန္အားျဖင္႕ အီဟန္ ၁၈၄
ဟာ ေပါင္ ( ၄၄ဝ ) ေလးျပီး ( ၅ ) ေပ အရွည္ ရွိပါတယ္။ သူသယ္ႏုိင္တဲ႕ဘက္ထရီကို အသံုးျပဳျပီး
တစ္ရာရီ ( ၆၂ ) မုိင္ႏႈန္းနဲ႕ ( ၂၃ ) မိနစ္ၾကာေအာင္ မရပ္မနားေမာင္းႏွင္ႏိုင္ပါတယ္။
ရဟတ္ယာဥ္လို ေျပးလမ္းမလိုပဲ အထက္တည္႕တည္႕ပ်ံတက္ႏိုင္တဲ႕ အီဟန္ ၁၈၄ ကို အျမန္အားသြင္းရင္
( ၂ ) နာရီသာၾကာျပီး ပံုမွန္အတိုင္းဆို ( ၄ ) နာရီအခိ်န္ယူသြင္းႏုိင္ပါတယ္။ ေနရာစားသက္သာေအာင္
ေတာင္ပံဒလက္ေတြကုိေခါက္သိမ္းရလြယ္ကူျပီး လမ္းေဘးကားပါကင္မွာ ေခ်ာင္ေခ်ာင္ခ်ိခ်ိရပ္နားႏုိင္မယ္လို႕
သိရပါတယ္။
.
.
အီဟန္ ၁၈၄ ယာဥ္ကို ( ၁ဝ ) ႏွစ္ေစာျပီး
ထုတ္ျပႏုိ္င္တယ္လုိ႕ တရုတ္ကုမၸဏီက ဂုဏ္ယူဝင္႕ၾကြားစြာေျပာေနေပမယ္႕ သူ႕ရဲ႕ေဘးကင္းလံုျခံဳမႈက
ေမးခြန္းထုတ္စရာျဖစ္ေနဆဲပါ။ လိုင္စင္မရွိတဲ႕ ဒရုန္းယာဥ္ေတြျပည္႕ေနတဲ႕ အေမရိကန္လိုတုိင္းျပည္ရဲ႕ေကာင္းကင္မွာ
လူတစ္ေယာက္လိုက္စီးလို႕ရတဲ႕ စက္မပါ-ဘက္ထရီအားသံုး-ဒရုန္းယာဥ္ဟာ လိုင္စင္မလိုေတာ႕ဘူးလား
ဆိုတာမ်ိဳးေပါ႕။
.
ျပီးေတာ႕ ေမာင္းသူရဲ႕ေပါ႕ဆမႈေၾကာင္႕ ေမာင္းသူမဲ႕ကားေတြေစ်းကြက္ေပၚ
သူငါလုတင္ေနတဲ႕အခ်ိန္မွာ ေမာင္းသူမဲ႕ဒရုန္းယာဥ္ကို လူလိုက္ပါျပီး Tablet တစ္ျပားနဲ႕ထိန္းမယ္ဆိုေတာ႕
တစ္စီးလံုးကိုထိန္းထားတဲ႕ ဆယ္လူလာအင္တာနက္ျပတ္ေတာက္သြားရင္ဘယ္လိုလုပ္မလဲ ? ဆုိတဲ႕ နည္းပညာသတင္းေထာက္တစ္ေယာက္ရဲ႕အေမးကို
တာဝန္ခံတရုတ္တီထြင္သူမ်ားက လူလိုက္ပါစီးနင္းတဲ႕ အီဟန္ ၁၈၄ ကုိ အၾကိမ္ ( ၁ဝဝ ) ေက်ာ္
ေဘးကင္းစြာစမ္းသပ္ျပီးျပီလို႕ပဲ တတြင္တြင္ရွင္းျပေနပါတယ္။
.
.
အီဟန္ ၁၈၄ - EHang 184 ၏ သမိုင္းေၾကာင္း
။။။။။ -- ။။။။။ -- ။။။။။ -- ။။။။။ --
။။။။။ -- ။။။။။ -- ။။။။။
.
သူတို႕လုပ္ငန္းစခဲ႕တာ စက္တပ္အင္ဂ်င္ပါတဲ႕
ရဟတ္ယာဥ္ပါ။ ( ၂ဝ၁၃ ) ခုႏွစ္ေလာက္မွာ ေမာင္းသူမဲ႕ဒရုန္းေတြ အသံုးမ်ားလာတဲ႕အခါ ဘက္ထရီအားျပဳယာဥ္ဘက္
အာရံုလွည္႕ခဲ႕တယ္။ သူတုိ႕ရဲ႕အဓိက ဖေလာ္ေဆာ္ဖီ ( ၃ ) ခုရွိပါသတဲ႕။ အဲဒါေတြကေတာ႕
.
လံုးဝဥသံုေဘးကင္းလံုျခံဳတဲ႕ဒီဇိုင္း
- Absolute Safety by Design
.
အလုိအေလ်ာက္ေမာင္းႏွင္ျခင္း -
Automation
. နဲ႕
တိုက္ရုိက္ခ်ိတ္ဆက္ထိန္းခ်ဳပ္မႈအေျခခံ
- Sync-Flight Management Platform တုိ႕ျဖစ္တယ္လုိ႕ သိရပါတယ္။
.
.
အမွန္က အီဟန္ကုမၸဏီကိုတည္ေထာင္သူဟာ (
၂ဝ၁၁ ) မွာ သူ႕အခ်စ္ဆံုးသူငယ္ခ်င္းကို ေလယာဥ္မေတာ္တဆမႈမွာဆံုးရွံဴးခဲ႕သလို သိပ္မၾကာခင္မွာ
သူ႕ရဲ႕ရဟတ္ယာဥ္မွဴးဟာလည္း ရဟတ္ယာဥ္စက္ခြ်တ္ယြင္းျပီး အသက္ဆံုးခဲ႕ရတယ္။ ဒီကေန စိတ္နာျပီး
မေတာ္တဆမႈမျဖစ္ႏုိင္ေလာက္ေအာင္ ေမာင္းႏွင္မႈစိတ္ခ်ရတဲ႕ လွ်ပ္စစ္ယာဥ္ကုိ တီထြင္မယ္ဆိုျပီး
စိတ္ဒုန္းဒုန္းခ်ခဲ႕တယ္။
.
ဒီလုိနဲ႕ အသက္သတ္ခဲ႕တဲ႕ စက္ပန္ကာေတြကုိျဖဳတ္ခ်ျပီး
ဘက္ထရီဒလက္ေတြနဲ႕ ဒရုန္းယာဥ္ေတြထြင္ျခင္းနဲ႕အတူ ( ၂ဝ၁၃ ) မွာ အီဟန္ကုမၸဏီကို ထူေထာင္ခဲ႕တယ္။
အဲဒီကေနတစ္ဆက္တည္း အခုေပၚလာတဲ႕ EHang 184 ပေရာဂ်က္ကို ေက်ာင္းေနဘက္သူငယ္ခ်င္းမ်ား နဲ႕
ဒီနယ္ပယ္မွာကြ်မ္းက်င္တဲ႕ဆရာသမားမ်ားကုိစုစည္းျပီး အီဟန္အင္ဂ်င္နီယာအဖြဲ႕ကုိ စည္းရံုးတည္ေထာင္ခဲ႕တယ္။
.
.
မိုးရာသီမွာဆို အေဆာက္အအံုတြင္းမွာစမ္းသပ္ရျပီး
သူတုိ႕ေလ႕က်င္႕ကြင္းမွာ စမ္းသပ္ဆဲဒရုန္းပန္ကာေတြ မၾကာခဏပ်က္က်ခဲ႕ေပမယ္႕ အီဟန္အဖြဲ႕ရဲ႕ဇြဲကုိေတာ႕
မခ်ခဲ႕ပါဘူး။ မၾကာခဏထိခိုက္တဲ႕ပန္ကာေတြၾကားမွာ အီဟန္အဖြဲ႕ရဲ႕ ဒရုန္းစမ္းသပ္ခဲ႕တဲ႕ညေတြဟာ
မေမွာင္မက်ခဲ႕ပါဘူး။ မေအာင္ျမင္ရတဲ႕အေၾကာင္းအရင္းေတြကို စာရင္းေဒတာေတြအကုန္ေကာက္ယူျပီး
အင္ဂ်င္နီယာေတြ ေခါင္းခ်င္းရိုက္အေျဖရွာၾကတယ္။ ဒီကေနတစ္ဆင္႕တက္ျပီး သူတို႕ကုိယ္ပိုင္
ဒုိင္နမိုပန္ကာတစ္ခုကုိထြင္ႏိုင္ခဲ႕တဲ႕အခါမွာေတာ႕ ေရာင္နီက ဟုိးအေရွ႕ကေစာင္႕ၾကိဳေနျပီေလ။
.
အေျချငိမ္ထိန္းခ်ဳပ္မႈစံနစ္ရဲ႕ေသာ႕ခ်က္ကုိရွာေတြ႕သြားတဲ႕အခ်ိန္မွာ
ကိုယ္ထည္ျပင္ဆင္မႈ၊ ယာဥ္အေနအထားဒီဇုိင္းဆြဲမႈ နဲ႕ သံုးစြဲတဲ႕သတၳဳေရြးခ်ယ္မႈတို႕မွာ
အခက္အခဲမရွိေတာ႕ပါဘူး။ အဲဒီကေနေျခကုတ္ယူျပီး ယာဥ္တစ္ခုလံုးရဲ႕ဒီဇုိင္းအားလံုးကို အီဟန္တရုတ္အင္ဂ်င္နီယာအဖြဲ႕ကပဲ
ေျခအစေခါင္းအဆံုး တီထြင္ခဲ႕တယ္။
.
.
ရုပ္လံုးေပၚလာတဲ႕ အီဟန္ ၁၈၄ ကုိ ေခတ္မီအင္ဂ်င္နီယာနည္းပညာ
နဲ႕ တရုတ္လူငယ္ေျခတက္မ်ားရဲ႕စိတ္ကူးစိတ္သန္းနဲ႕ေပါင္းစပ္ျပီး ပန္ကာဒလက္ ( ၄ ) ဘက္အေပၚမွာ
ကို္ယ္ထည္တင္လိုက္တဲ႕အခါ လူတစ္ေယာက္ထက္မကသယ္ေဆာင္ႏုိင္တဲ႕ ေပါင္ ( ၂ဝဝ ) ေက်ာ္အေလးခ်ိန္ကို
တည္႕မတ္စြာမတက္ႏုိင္တဲ႕ လူလိုက္ပါဒရုန္းယာဥ္ကုိ ( ၂ဝ၁၆ ) ခုႏွစ္မွာ ေၾကျငာႏိုင္ခဲ႕ေလျပီ္။
.
လုိက္ပါစီးနင္းသူဟာ တက္ဘလက္ျပားေပၚကေျမပံုမွာ
လိုခ်င္တဲ႕အပူခ်ိန္ သို႕မဟုတ္ ေလေအးေပးစက္ကိုညွိျပီး သြားခ်င္တဲ႕ခရီးကို လက္ကေလးနဲ႕တုိ႕လိုက္တာနဲ႕
အဆင္ေျပေျပခုိင္းေစလို႕ရသြားပါျပီ။ အခု လာ႕ေဗးဂတ္စ္ပြဲမွာ ေၾကျငာဖုိ႕ ဒရုန္းကုမၸဏီေတြအမ်ားၾကီးက်န္ပါေသးတယ္။
လက္ရွိမွာေတာ႕ ေစ်းကြက္တင္ အီဟန္ ၁၈၄ ကုိ စီးနင္းခြင္႕ရဦးမွာ မဟုတ္ပါဘူး။ ကုန္က်မယ္႕ေငြကုိ
အေသးစိတ္ထုတ္ျပန္မႈမရွိေသးသလို စိတ္ဝင္စားသူမ်ားက ေနာက္ႏွစ္မွာဝယ္ယူစီးနင္းႏုိင္မွာလားဆိုတာကိုလည္း
သတင္းစြင္႕ေစာင္႕စားနားေထာင္ရဦးမွာျဖစ္တဲ႕အေၾကာင္း တင္ျပလိုက္ရပါတယ္။
.
ခင္လ်က္
.
01-06-2016
.
Ref: Business Insider, YouTube
Link: https://www.youtube.com/watch?time_continue=282&v=IrPejpbz8RI
.
.
.
Myanmar Unicode Version:
.
.
“ ကမ္ဘာ့ပထမဦးဆုံး လူလိုက်ပါနိုင်တဲ့ Drone ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး
)
.
( ၂ဝ၁၆ ) ခုနှစ်၊ ဇန်နဝါရီလ ( ၆ ) ရက်နေ့၊
အမေရိကန်နိုင်ငံ၊ လာ့ဗေးဂတ်စ်မြို့မှာကျင်းပတဲ့ သုံးစွဲသူများအတွက်အီလက်ထရောနစ်ပြပွဲ
- CES ( Consumer Electric Show - 2016 ) မှာ ကမ္ဘာပေါ်မှာပထမဦးဆုံးလူလိုက်ပါနိုင်တဲ့
ဧရာမအဝေးထိန်းဒရုန်းယာဉ်ကို တရုတ်ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြသခဲ့ပါတယ်။
.
ယာဉ်အမည်က အီဟန် ၁၈၄ - EHang 184 လို့ခေါ်ပြီး
သူ့ကို ယာဉ်အနေနဲ့ မောင်းသူမဲ့ - Drone လို့ခေါ်ရမလား? လူလိုက်ပါနိုင်လောက်အောင် အရွယ်အစားကြီးမားလို့
ရဟတ်ယာဉ်လို့ခေါ်ရမလားဆိုတာ ပွဲကြည့်သူတွေ သိပ်မရှင်းမလင်းဖြစ်နေပါတယ်။ ကားတစ်စီးအရွယ်အစားထက်
အများကြီးသေးတဲ့ အီဟန်ယာဉ်မှာ အမှန်တစ်ကယ် လူတစ်ယောက်စီးဖို့ထိုင်ခုံပါရှိတယ်။ ဒါ့အပြင်
ခရီးဆောင်အိတ် ဒါမှမဟုတ် ကျောပိုးအိတ်တစ်လုံးစာနေရာပါ ကျန်ပါသေးတယ်။
.
.
အီဟန် ၁၈၄ ဒရုန်းယာဉ်ဟာ အလေးချိန်ု (
၂၂ဝ ) ပေါင် အထိသယ်ဆောင်နိုင်ပြီး ရဟတ်ယာဉ်တွေမှာတွေ့ရသလို ဂိမ်းခလုတ်စီယာတိုင် နဲ့
အပေါ်မော့ဖွင့်ရ ပိတ်ရမယ့် ရှုတ်တုတ်တုတ်ခလုပ်တွေအစား ထိတွေ့မျက်နှာပြင် တက်ဘလက်တစ်ပြားသာ
ပါပါလိမ့်မယ်။ ဒါပေမယ့် အများမမျှော်လင့်ထားတဲ့ လေအေးပေးစက်တပ်ထားမှုကတော့ စိတ်ကူးကောင်းတယ်လို့ပြောနိုင်သလို
သက်ရှိလူသားရဲ့ အသက်ရှူကြပ်နိုင်မှုကို ထည့်တွက်ထားပုံရပါတယ်။
.
မျက်မြင်အလေးချိန်အားဖြင့် အီဟန် ၁၈၄
ဟာ ပေါင် ( ၄၄ဝ ) လေးပြီး ( ၅ ) ပေ အရှည် ရှိပါတယ်။ သူသယ်နိုင်တဲ့ဘက်ထရီကို အသုံးပြုပြီး
တစ်ရာရီ ( ၆၂ ) မိုင်နှုန်းနဲ့ ( ၂၃ ) မိနစ်ကြာအောင် မရပ်မနားမောင်းနှင်နိုင်ပါတယ်။
ရဟတ်ယာဉ်လို ပြေးလမ်းမလိုပဲ အထက်တည့်တည့်ပျံတက်နိုင်တဲ့ အီဟန် ၁၈၄ ကို အမြန်အားသွင်းရင်
( ၂ ) နာရီသာကြာပြီး ပုံမှန်အတိုင်းဆို ( ၄ ) နာရီအချိန်ယူသွင်းနိုင်ပါတယ်။ နေရာစားသက်သာအောင်
တောင်ပံဒလက်တွေကိုခေါက်သိမ်းရလွယ်ကူပြီး လမ်းဘေးကားပါကင်မှာ ချောင်ချောင်ချိချိရပ်နားနိုင်မယ်လို့
သိရပါတယ်။
.
.
အီဟန် ၁၈၄ ယာဉ်ကို ( ၁ဝ ) နှစ်စောပြီး
ထုတ်ပြန်ိုင်တယ်လို့ တရုတ်ကုမ္ပဏီက ဂုဏ်ယူဝင့်ကြွားစွာပြောနေပေမယ့် သူ့ရဲ့ဘေးကင်းလုံခြုံမှုက
မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။ လိုင်စင်မရှိတဲ့ ဒရုန်းယာဉ်တွေပြည့်နေတဲ့ အမေရိကန်လိုတိုင်းပြည်ရဲ့ကောင်းကင်မှာ
လူတစ်ယောက်လိုက်စီးလို့ရတဲ့ စက်မပါ-ဘက်ထရီအားသုံး-ဒရုန်းယာဉ်ဟာ လိုင်စင်မလိုတော့ဘူးလား
ဆိုတာမျိုးပေါ့။
.
ပြီးတော့ မောင်းသူရဲ့ပေါ့ဆမှုကြောင့်
မောင်းသူမဲ့ကားတွေဈေးကွက်ပေါ် သူငါလုတင်နေတဲ့အချိန်မှာ မောင်းသူမဲ့ဒရုန်းယာဉ်ကို လူလိုက်ပါပြီး
Tablet တစ်ပြားနဲ့ထိန်းမယ်ဆိုတော့ တစ်စီးလုံးကိုထိန်းထားတဲ့ ဆယ်လူလာအင်တာနက်ပြတ်တောက်သွားရင်ဘယ်လိုလုပ်မလဲ
? ဆိုတဲ့ နည်းပညာသတင်းထောက်တစ်ယောက်ရဲ့အမေးကို တာဝန်ခံတရုတ်တီထွင်သူများက လူလိုက်ပါစီးနင်းတဲ့
အီဟန် ၁၈၄ ကို အကြိမ် ( ၁ဝဝ ) ကျော် ဘေးကင်းစွာစမ်းသပ်ပြီးပြီလို့ပဲ တတွင်တွင်ရှင်းပြနေပါတယ်။
.
.
အီဟန် ၁၈၄ - EHang 184 ၏ သမိုင်းကြောင်း
။။။။။ -- ။။။။။ -- ။။။။။ -- ။။။။။ --
။။။။။ -- ။။။။။ -- ။။။။။
.
သူတို့လုပ်ငန်းစခဲ့တာ စက်တပ်အင်ဂျင်ပါတဲ့
ရဟတ်ယာဉ်ပါ။ ( ၂ဝ၁၃ ) ခုနှစ်လောက်မှာ မောင်းသူမဲ့ဒရုန်းတွေ အသုံးများလာတဲ့အခါ ဘက်ထရီအားပြုယာဉ်ဘက်
အာရုံလှည့်ခဲ့တယ်။ သူတို့ရဲ့အဓိက ဖလော်ဆော်ဖီ ( ၃ ) ခုရှိပါသတဲ့။ အဲဒါတွေကတော့
.
လုံးဝဥသုံဘေးကင်းလုံခြုံတဲ့ဒီဇိုင်း
- Absolute Safety by Design
.
အလိုအလျောက်မောင်းနှင်ခြင်း -
Automation
. နဲ့
တိုက်ရိုက်ချိတ်ဆက်ထိန်းချုပ်မှုအခြေခံ
- Sync-Flight Management Platform တို့ဖြစ်တယ်လို့ သိရပါတယ်။
.
.
အမှန်က အီဟန်ကုမ္ပဏီကိုတည်ထောင်သူဟာ
( ၂ဝ၁၁ ) မှာ သူ့အချစ်ဆုံးသူငယ်ချင်းကို လေယာဉ်မတော်တဆမှုမှာဆုံးရှူံးခဲ့သလို သိပ်မကြာခင်မှာ
သူ့ရဲ့ရဟတ်ယာဉ်မှူးဟာလည်း ရဟတ်ယာဉ်စက်ချွတ်ယွင်းပြီး အသက်ဆုံးခဲ့ရတယ်။ ဒီကနေ စိတ်နာပြီး
မတော်တဆမှုမဖြစ်နိုင်လောက်အောင် မောင်းနှင်မှုစိတ်ချရတဲ့ လျှပ်စစ်ယာဉ်ကို တီထွင်မယ်ဆိုပြီး
စိတ်ဒုန်းဒုန်းချခဲ့တယ်။
.
ဒီလိုနဲ့ အသက်သတ်ခဲ့တဲ့ စက်ပန်ကာတွေကိုဖြုတ်ချပြီး
ဘက်ထရီဒလက်တွေနဲ့ ဒရုန်းယာဉ်တွေထွင်ခြင်းနဲ့အတူ ( ၂ဝ၁၃ ) မှာ အီဟန်ကုမ္ပဏီကို ထူထောင်ခဲ့တယ်။
အဲဒီကနေတစ်ဆက်တည်း အခုပေါ်လာတဲ့ EHang 184 ပရောဂျက်ကို ကျောင်းနေဘက်သူငယ်ချင်းများ
နဲ့ ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ဆရာသမားများကိုစုစည်းပြီး အီဟန်အင်ဂျင်နီယာအဖွဲ့ကို စည်းရုံးတည်ထောင်ခဲ့တယ်။
.
.
မိုးရာသီမှာဆို အဆောက်အအုံတွင်းမှာစမ်းသပ်ရပြီး
သူတို့လေ့ကျင့်ကွင်းမှာ စမ်းသပ်ဆဲဒရုန်းပန်ကာတွေ မကြာခဏပျက်ကျခဲ့ပေမယ့် အီဟန်အဖွဲ့ရဲ့ဇွဲကိုတော့
မချခဲ့ပါဘူး။ မကြာခဏထိခိုက်တဲ့ပန်ကာတွေကြားမှာ အီဟန်အဖွဲ့ရဲ့ ဒရုန်းစမ်းသပ်ခဲ့တဲ့ညတွေဟာ
မမှောင်မကျခဲ့ပါဘူး။ မအောင်မြင်ရတဲ့အကြောင်းအရင်းတွေကို စာရင်းဒေတာတွေအကုန်ကောက်ယူပြီး
အင်ဂျင်နီယာတွေ ခေါင်းချင်းရိုက်အဖြေရှာကြတယ်။ ဒီကနေတစ်ဆင့်တက်ပြီး သူတို့ကိုယ်ပိုင်
ဒိုင်နမိုပန်ကာတစ်ခုကိုထွင်နိုင်ခဲ့တဲ့အခါမှာတော့ ရောင်နီက ဟိုးအရှေ့ကစောင့်ကြိုနေပြီလေ။
.
အခြေငြိမ်ထိန်းချုပ်မှုစံနစ်ရဲ့သော့ချက်ကိုရှာတွေ့သွားတဲ့အချိန်မှာ
ကိုယ်ထည်ပြင်ဆင်မှု၊ ယာဉ်အနေအထားဒီဇိုင်းဆွဲမှု နဲ့ သုံးစွဲတဲ့သတ္ထုရွေးချယ်မှုတို့မှာ
အခက်အခဲမရှိတော့ပါဘူး။ အဲဒီကနေခြေကုတ်ယူပြီး ယာဉ်တစ်ခုလုံးရဲ့ဒီဇိုင်းအားလုံးကို အီဟန်တရုတ်အင်ဂျင်နီယာအဖွဲ့ကပဲ
ခြေအစခေါင်းအဆုံး တီထွင်ခဲ့တယ်။
.
.
ရုပ်လုံးပေါ်လာတဲ့ အီဟန် ၁၈၄ ကို ခေတ်မီအင်ဂျင်နီယာနည်းပညာ
နဲ့ တရုတ်လူငယ်ခြေတက်များရဲ့စိတ်ကူးစိတ်သန်းနဲ့ပေါင်းစပ်ပြီး ပန်ကာဒလက် ( ၄ ) ဘက်အပေါ်မှာ
က်ိုယ်ထည်တင်လိုက်တဲ့အခါ လူတစ်ယောက်ထက်မကသယ်ဆောင်နိုင်တဲ့ ပေါင် ( ၂ဝဝ ) ကျော်အလေးချိန်ကို
တည့်မတ်စွာမတက်နိုင်တဲ့ လူလိုက်ပါဒရုန်းယာဉ်ကို ( ၂ဝ၁၆ ) ခုနှစ်မှာ ကြေငြာနိုင်ခဲ့လေပ်ြီ။
.
လိုက်ပါစီးနင်းသူဟာ တက်ဘလက်ပြားပေါ်ကမြေပုံမှာ
လိုချင်တဲ့အပူချိန် သို့မဟုတ် လေအေးပေးစက်ကိုညှိပြီး သွားချင်တဲ့ခရီးကို လက်ကလေးနဲ့တို့လိုက်တာနဲ့
အဆင်ပြေပြေခိုင်းစေလို့ရသွားပါပြီ။ အခု လာ့ဗေးဂတ်စ်ပွဲမှာ ကြေငြာဖို့ ဒရုန်းကုမ္ပဏီတွေအများကြီးကျန်ပါသေးတယ်။
လက်ရှိမှာတော့ ဈေးကွက်တင် အီဟန် ၁၈၄ ကို စီးနင်းခွင့်ရဦးမှာ မဟုတ်ပါဘူး။ ကုန်ကျမယ့်ငွေကို
အသေးစိတ်ထုတ်ပြန်မှုမရှိသေးသလို စိတ်ဝင်စားသူများက နောက်နှစ်မှာဝယ်ယူစီးနင်းနိုင်မှာလားဆိုတာကိုလည်း
သတင်းစွင့်စောင့်စားနားထောင်ရဦးမှာဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
.
ခင်လျက်
.
01-06-2016
.
Ref: Business Insider, YouTube
Link: https://www.youtube.com/watch?time_continue=282&v=IrPejpbz8RI
.
“ ကမၻာ႕ပထမဦးဆံုး လူလိုက္ပါႏုိင္တဲ႕ Drone ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇန္နဝါရီလ ( ၂၃ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၂ဝ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/ga9ed86vedoy4z9/NetGuide+Vol.4%2C+No.20.pdf



No comments:
Post a Comment