Thursday, March 24, 2016

အစြံထုတ္မယ္႕ ပေလးဘိြဳင္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
( ၂ဝ၁၅ ) ခုႏွစ္မွာ ကုိယ္လံုးေပၚအဝတ္မပါပံုေတြ မေဖာ္ျပေတာ႕ဘူးလို႕ ေၾကျငာခဲ႕တဲ႕ ပေလးဘိြဳင္းမဂၢဇင္းဟာ အခု ေဒၚလာ သန္း ( ၅ဝဝ ) နဲ႕ေရာင္းဖို႕ ေစ်းဖြင္႕လုိက္ပါျပီ။ ဒီအေရာင္းအဝယ္ကိုသေဘာတူလုိ႕ရွိရင္ ပေလးဘိြဳင္းပုရိသစံအိမ္ေတာ္ကိုပါ ပုိင္ဆိုင္ႏိုင္မယ္လို႕ သိရပါတယ္။ တစ္ခ်ိဳ႕က ပေလးဘိြဳင္းရဲတိုက္ - Mansion လို႕လည္းေခၚၾကပါေသးတယ္။
.
တည္ေထာင္သူ ဟပ္ဟက္ဖ္နာက ကုမၸဏီတစ္ခုလံုးကုိ ( ၃ ) ပံု ပံုရင္ ( ၁ ) ပံု ပိုင္ပါတယ္။ ( ၂ဝ၁၅ ) ဝင္ေငြဇယားအရ ပံုႏွိပ္မီဒီယာစာအုပ္ေတြကေန ဝင္ေငြ ( ၃၈ ) သန္းရွိုျပီးေတာ႕ လုိင္စင္ေၾကးဝင္ေငြက  ေဒၚလာ ( ၅၅ ) သန္း ရွာေပးပါတယ္။
.
.
အသက္ ( ၈၉ ) ႏွစ္ရွိျပီျဖစ္္တဲ႕ ပေလးဘြိဳင္းအဖိုးအိုဟာ ဒီႏွစ္ေစာေစာပိုင္းက Playboy Mansion ကို ေရာင္းမယ္လို႕ေၾကျငာခဲ႕ေပမယ္႕ ဘယ္သူမွ စိတ္မဝင္စားခဲ႕ပါဘူး။  ဒါေၾကာင္႕ အခုေတာ႕ အိမ္တိုင္ကိုခြ်တ္ရံုမက ပုရိသဇာတ္ရံုၾကီးကုိပါ အတြဲနဲ႕အစံြထုတ္ဖို႕ၾကံရပါေတာ႕တယ္။

.
အဖိုးအိုရဲ႕သားျဖစ္သူ ကူးပါးဟက္ဖ္နာ က “ ( ၁၅ ) ႏွစ္လံုးလံုး လူတကာဂရုစိုက္ခံခဲ႕ရတဲ႕ ပေလးဘိြဳင္းဟာ အေဖာ္အခြ်တ္မပါဘူးလို႕လည္းေၾကျငာလုိက္ေရာ ဝယ္တဲ႕သူမရွိေတာ႕သေလာက္ျဖစ္သြားတာကို ကြ်န္ေတာ္တုိ႕ ထုိင္ၾကည္႕ေနခဲ႕ရတယ္ ”
.
“ အစပထမမွာ ဒီဆံုးျဖတ္ခ်က္ကို ကြ်န္ေတာ္ သေဘာမတူခဲ႕ဘူး။ ပေလးဘြိဳင္းရဲတိုက္ဆုိတာ ဘယ္ေနရာနဲ႕မွလဲ႕လို႕မရတဲ႕ ေလာကစည္းစိမ္တစ္ခုပါ။ ေငြေၾကးကိစၥပါလာေတာ႕ အုပ္ခ်ဳပ္မႈဘုတ္အဖြဲ႕ရဲ႕လုပ္သင္႕တဲ႕ကိစၥကို ကြ်န္ေတာ႕ကိုေပးဝင္မေျပာေတာ႕ပဲ ဒီအတိုင္း လက္ပိုက္ၾကည္႕ေနရတယ္ ” လုိ႕ ေျပာသြားပါတယ္။
.
ခင္လ်က္
.
03-24-2016
.
Ref: Business Insider
.
.
.
Myanmar Unicode Version:
.
.
“ အစွံထုတ္မယ္႕ ပလေးဘွိုင်း ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
( ၂ဝ၁၅ ) ခုနှစ်မှာ ကိုယ်လုံးပေါ်အဝတ်မပါပုံတွေ မဖော်ပြတော့ဘူးလို့ ကြေငြာခဲ့တဲ့ ပလေးဘွိုင်းမဂ္ဂဇင်းဟာ အခု ဒေါ်လာ သန်း ( ၅ဝဝ ) နဲ့ရောင်းဖို့ ဈေးဖွင့်လိုက်ပါပြီ။ ဒီအရောင်းအဝယ်ကိုသဘောတူလို့ရှိရင် ပလေးဘွိုင်းပုရိသစံအိမ်တော်ကိုပါ ပိုင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။ တစ်ချို့က ပလေးဘွိုင်းရဲတိုက် - Mansion လို့လည်းခေါ်ကြပါသေးတယ်။
.
တည်ထောင်သူ ဟပ်ဟက်ဖ်နာက ကုမ္ပဏီတစ်ခုလုံးကို ( ၃ ) ပုံ ပုံရင် ( ၁ ) ပုံ ပိုင်ပါတယ်။ ( ၂ဝ၁၅ ) ဝင်ငွေဇယားအရ ပုံနှိပ်မီဒီယာစာအုပ်တွေကနေ ဝင်ငွေ ( ၃၈ ) သန်းရှိုပြီးတော့ လိုင်စင်ကြေးဝင်ငွေက  ဒေါ်လာ ( ၅၅ ) သန်း ရှာပေးပါတယ်။
.
.
အသက် ( ၈၉ ) နှစ်ရှိပြီဖြစ်တဲ့ ပလေးဘွိုင်းအဖိုးအိုဟာ ဒီနှစ်စောစောပိုင်းက Playboy Mansion ကို ရောင်းမယ်လို့ကြေငြာခဲ့ပေမယ့် ဘယ်သူမှ စိတ်မဝင်စားခဲ့ပါဘူး။  ဒါကြောင့် အခုတော့ အိမ်တိုင်ကိုချွတ်ရုံမက ပုရိသဇာတ်ရုံကြီးကိုပါ အတွဲနဲ့အစွံထုတ်ဖို့ကြံရပါတော့တယ်။
.
အဖိုးအိုရဲ့သားဖြစ်သူ ကူးပါးဟက်ဖ်နာ က “ ( ၁၅ ) နှစ်လုံးလုံး လူတကာဂရုစိုက်ခံခဲ့ရတဲ့ ပလေးဘွိုင်းဟာ အဖော်အချွတ်မပါဘူးလို့လည်းကြေငြာလိုက်ရော ဝယ်တဲ့သူမရှိတော့သလောက်ဖြစ်သွားတာကို ကျွန်တော်တို့ ထိုင်ကြည့်နေခဲ့ရတယ် ”
.
အစပထမမှာ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမတူခဲ့ဘူး။ ပလေးဘွိုင်းရဲတိုက်ဆိုတာ ဘယ်နေရာနဲ့မှလဲ့လို့မရတဲ့ လောကစည်းစိမ်တစ်ခုပါ။ ငွေကြေးကိစ္စပါလာတော့ အုပ်ချုပ်မှုဘုတ်အဖွဲ့ရဲ့လုပ်သင့်တဲ့ကိစ္စကို ကျွန်တော့ကိုပေးဝင်မပြောတော့ပဲ ဒီအတိုင်း လက်ပိုက်ကြည့်နေရတယ် ” လို့ ပြောသွားပါတယ်။
.
ခင်လျက်
.
03-24-2016
.
Ref: Business Insider



No comments:

Post a Comment