Wednesday, July 13, 2016

“ လာ သြားမယ္ ေပၚေကမြန္ ” ( Pokémon Go )

.
ဒီေန႕ အိမ္ျပန္ေရာက္ေတာ႕ “ စြမ္း ” ကို ညွိလို႕မရတာတစ္ခုရွိေနတယ္။ သူ႕ဖုန္းထဲကို ဂိမ္းသြင္းျပီး သားအဖ ( ၂ ) ေယာက္ ကားနဲ႕ အေကာင္လိုက္ဖမ္းမလို႕ ဆိုတာကိုေလ..။
သူက မုန္႕ဟင္းခါးစားေနရင္း ဖုန္းမွာသြင္းေနတုန္း ဇာတ္ေကာင္က ေကာင္ေလးလား ေကာင္မေလး လား?
အက်ီၤက ဘာအေရာင္လဲ ဆုိတာေတြေမးေတာ႕ ဘာျဖစ္ျဖစ္ရတယ္လို႕ ေျပာလိုက္တယ္။ ကြ်န္ေတာ္တို႕လည္းေခတ္မွီမွရမယ္ မဟုတ္လား?
.
အခုျဖစ္ေနတာ လူေတာ္ေတာ္မ်ားမ်ားက မ်က္ေစ႕ေရွ႕က ဖုန္းမ်က္ႏွာျပင္ကိုၾကည္႕ျပီး “ ေပၚေကမြန္ - Pokémon ”  လိုက္ဖမ္းေနၾကတာ .. ေတာ္ေတာ႕ကို ရူးေနၾကတာ .. ရူးတာ..။ ဘယ္ေလာက္ေတာင္လည္း ဆုိေတာ႕ …
.
.
လူငယ္ေလးတစ္ေယာက္ဟာ သူ႕လက္ေတာ႕ နဲ႕ လက္ကိုင္ဖုန္းကို ဘလူးတုသ္ ဖြင္႕ထားျပီး ေမာင္းသူမဲ႕ဒရုန္း - Drone မွာ ခ်ိတ္လို႕ ေပၚေကမြန္ လိုက္ရွာတယ္။ လမ္းေလွ်ာက္ရွာရင္ ေဝးေဝးမသြားႏုိင္ဘူး။ ဒါေၾကာင္႕ ေလေပၚကေန ရွာမယ္ တဲ႕ ..။
.
ဆန္ဖရန္စစၥကိုမွာေမာင္းတဲ႕ ကုိယ္ပုိင္ကားပိုင္ Uber တကၠစီေမာင္းသမားဟာ သူ႕လူမႈစာမ်က္ႏွာမွာ “ ေပၚေကမြန္ဖမ္းရန္ အထူးလိုက္သည္ ” လို႕ ေၾကာ္ျငာထားတယ္။
အဲဒါကို လက္ကိုင္ဖုန္း နဲ႕ အေကာင္လိုက္ဖမ္းသူေတြကိုေမာင္းပို႕ေပးရတာ လက္ကိုမလည္ဘူး။
.
.
နယူးေယာက္ျပည္နယ္က ေအာ္ဘန္ျမိဳ႕နားမွာ ( ၂၈ ) ႏွစ္အရြယ္ လူငယ္ေလးက ကားေမာင္းရင္း ေပၚေကမြန္ - Pokémon  အဖမ္းေကာင္းလို႕ လမ္းေလးက သစ္ပင္ၾကီးကိုဝင္တုိက္ပစ္လုိက္တယ္။ ကားက ရစရာမရွိေအာင္ပ်က္စီးသြားျပီး ေကာင္ေလးရဲ႕ေျခေထာက္ႏွစ္ဘက္စလံုး အၾကီးအက်ယ္ဒဏ္ရာရသြားတယ္။
.
ကံဆိုးခ်င္ေတာ႕ ေပၚေကမြန္ဂိမ္းကစားမိတယ္
ကံေကာင္းခ်င္ေတာ႕ ကားေမာင္းတတ္လို႕ အေကာင္ေတြအမ်ားၾကီးရတယ္
ကံဆိုးခ်င္ေတာ႕ အေကာင္သာျမင္ျပီး လမ္းေဘာင္မျမင္ေတာ႕ သစ္ပင္ၾကီးကိုဝင္ေအာင္းတယ္
ကံေကာင္းခ်င္ေတာ႕ အသက္မေသဘူး
ကံဆိုးခ်င္ေတာ႕ ေျခေထာက္ႏွစ္ဘက္စလံုး အေျခအေနသိပ္မေကာင္းဘူး

.
.
အဲဒါေတြက သတင္းေတြထဲမွာ ၾကားေနရတာ။
တစ္ကယ္႕အျပင္မွာလည္း တစ္ေန႕ကအလုပ္ဝင္တဲ႕လူသစ္တစ္ေယာက္က သူ မေန႕က ( ၃ ) နာရီေလာက္ လမ္းေလွ်ာက္တယ္ တဲ႕။
ေအာ္ … အားကစားလုပ္တာ ေကာင္းတာေပါ႕လုိ႕ ဆုိေတာ႕ …
မဟုတ္ဘူး … ဖုန္းနဲ႕ေပၚေကမြန္လိုက္ဖမ္းတာ ဆန္ဖရန္စစၥကိုျမိဳ႕ထဲမွာ အေကာင္ပိုမိတယ္ ဆုိပဲ..။
.
ျပီးေတာ႕ စြမ္းသူငယ္ခ်င္းေတြထဲမွာ ကားေမာင္းေနတဲ႕အရြယ္ေတြ ရွိတယ္။
သူတုိ႕အျပင္ကို ကားနဲ႕သြားတဲ႕အခါ ေဘးက ေပၚေကမြန္ဖမ္းသူေတြေတာင္းဆုိလို႕ ကားပတ္ေမာင္းေပးရတယ္ .. အိမ္ကိုေတာ္ေတာ္နဲ႕ျပန္မေရာက္ဘူးလို႕ စြမ္း ကို ေျပာျပတယ္။
.
.
ေနာက္တစ္ေယာက္ကဆို ဒီေပၚေကမြန္ဂိမ္းဟာ သမၼတကေတာ္ရဲ႕ဂိမ္းလို႕ေတာင္ ေျပာယူရတဲ႕အထိပဲ။ ဘာျဖစ္လို႕ အဲဒီလုိေခၚတာလဲဆုိေတာ႕ “ လူငယ္ေတြဟာ အိမ္ထဲကေနအိမ္ျပင္မထြက္ပဲ ထုိင္ရာကမထ ဂိမ္းစြဲေနၾကတာေလ .. ဒီ အေကာင္ဖမ္းဂိမ္းေပၚလာေတာ႕ လမ္းေပၚထြက္ဖမ္းရေတာ႕ လႈပ္ရွားမႈလုပ္ရျပီေပါ႕။ ဒါေၾကာင္႕  အျမဲလႈပ္ရွားတက္ၾကြေအာင္ေနရမယ္ဆိုတဲ႕ မီရွဲလ္အိုဘားမားေျပာတဲ႕စကား နဲ႕ ကိုက္ညီသြားတာေပါ႕ ” တဲ႕ဗ်ာ..။
.
.
အဲဒီဂိမ္းကို Pokémon Go ဂိမ္းလို႕ေခၚပါတယ္။ ဂ်ပန္က တီဗီဂိမ္းကုမၸဏီ နစ္တင္းဒို - Nintendo  က ပိုင္တာပါ။ တစ္ေလာတုန္းကေလာက္အထိ လႈပ္တုပ္လႈပ္တုပ္ နဲ႕ ဘ႑ာေရးအေျခခုိင္ေအာင္ ၾကိဳးစားေနရတဲ႕ နစ္တင္းဒို ဟာ Pokémon Go ေၾကာင္႕ သူ႕ဘဏ္စာရင္းထဲမွာ ေငြအျပည္႕ျဖည္႕ႏုိင္ခဲ႕တယ္။
.
ဖုန္း App Store ေပၚစတင္တဲ႕ ပထမဦးဆံုးေန႕မွာတင္ အေမရိကန္ေဒၚလာ ( ၄.၉ ) သန္း ရခဲ႕တယ္။ အခုဆုိရင္ Pokémon Go ဟာ Android နဲ႕ Apple Store ေတြမွာ နံပါတ္ ( ၁ ) ခ်ိတ္ တဲ႕ App ျဖစ္လာရံုမက Nintendo ကုမၸဏီကို ေဒၚလာ ( ၇ ) ဘီလ်ံတန္တဲ႕ကုမၸဏီအျဖစ္ကို ပို႕ေဆာင္ေပးခဲ႕တယ္။
.
တစ္ကမၻာလံုးက ဝုိင္းေဒါင္းေလာ႕ဒ္ ဆြဲျပီး စကားၾကေတာ႕ သူ႕ေက်ာ္ၾကားမႈနဲ႕ ဂ်ပန္စေတာ႕အိပ္စခ်ိန္းမွာ စေတာ႕ရွယ္ယာတန္ဖိုး ( ၃ဝ% ) တက္သြားခဲ႕တယ္ေလ .. မျဖစ္ခံႏုိင္ရုိး ရွိမလား..။
.
အရင္တုန္းကလို ေငြျဖဳန္းတဲ႕စကားသူ - Big Spender ေတြကေန ေငြသဲ႕ယူတဲ႕ေခတ္မဟုတ္ေတာ႕ဘူး။
.
 သံုးစြဲသူ - User သန္းေပါင္းမ်ားစြာ နဲ႕ ေက်ာ္ၾကားမႈ - Reputation တို႕ကေန ေငြရွာတဲ႕ေခတ္ေရာက္ေနတာကို Pokémon Go က အခုလို သက္ေသျပေနပါတယ္။
.
.
အခုဆိုရင္ ေပၚေကမြန္ဖမ္းတဲ႕ဂိမ္းကစားသူဟာ Snapchat လူမႈကြန္ယက္ထက္ သံုးစြဲသူ ( ကစားသူ ) ပိုမ်ားေနျပီဆိုတာကိုလည္း သိရတယ္။ အစပထမမွာ Pokémon Go ကို ဘယ္သူမွ ေငြေပးျပီး မဝယ္ရပါဘူး။ ေနာက္ပိုင္းမွ သိမ္းထားမယ္ - Store ၊ သင္ေပးမယ္ - Train ၊ ဥဥခိုင္းမယ္ - Hatch စတာေတြလုပ္ျပီဆုိရင္ေတာ႕ ေငြေပးျပီးဝယ္ရျပီ .. ဒီကေန ဇာတ္လမ္းစလာေတာ႕တာပါပဲ။ ေနာက္ဆံုးမွာ မြန္းစတားၾကီးနဲ႕တိုက္ဖို႕ Battle လုပ္ျပီဆိုရင္ ဆက္တုိက္ဝယ္ေပေရာ႕ပဲ။ ေပးရတာက PokéCoins ( ၉၉ ဆင္႕ ) ဆုိေတာ႕ မသိသာေပမယ္႕ ကုမၸဏီအတြက္ ေတာ္ေတာ္ဝင္ေငြေကာင္းတဲ႕ ဆန္းသစ္မႈၾကီးတစ္ခု ျဖစ္ခဲ႕ပါတယ္။
.
.
ထြင္တဲ႕လူေတြကလည္း ေတာ္ကိုေတာ္လြန္းတယ္။ လက္ကိုင္ဖုန္း ရဲ႕ တည္ေနရာျပ GPS စံနစ္ နဲ႕ ကင္မရာတုိ႕ကို လက္ေတြ႕တည္႕တည္႕ခ်ိန္ျပီး တန္းျမင္ - Augment Reality နည္းပညာ နဲ႕ ကေလးလူငယ္ၾကိဳက္ ေပၚေကမြန္ - Pokémon တို႕ကို ေပါင္းစပ္လုိက္တဲ႕အခါ ရက္ပိုင္းအတြင္းေပါက္သြားျပီး သီတင္းပတ္အတြင္း ဘီလ်ံနဲ႕ခ်ီတဲ႕ပြေပါက္တိုးေနခဲ႕ပါျပီ။
.
ေတာ္ေသးတယ္ “ စြမ္း ” က အတန္းၾကီးလာလို႕ .. ငယ္ငယ္တုန္းကဆို ေပၚေကမြန္ဂိမ္းဝယ္ေပးရတာ နဲ႕ ေပၚေကမြန္ေဘာ္လံုး - Pokéball ဝယ္ေပးရတာနဲ႕ .. အခုေတာ႕ပ်င္းသြားျပီထင္တယ္ Netflix အေမရိကန္ေခြဆက္ ထုိင္ၾကည္႕ေနတယ္။
.
ဒါေၾကာင္႕ ကားေမာင္းလိုက္မပို႕ေပးရေတာ႕ ကြ်န္ေတာ္လည္း ဒီစာကို NetGuide ကုိ ပို႕ေပးဖို႕ ေရးႏုိင္ပါေတာ႕တယ္။ ေနာက္ေန႕မွ “ လာ သြားမယ္ ေပၚေကမြန္ - Pokémon Go ”  ဆိုရင္ျဖင္႕..။
.
မွတ္ခ်က္ ။။။။။။။။။။ Pokémon Go ပံုကို “ စြမ္း ” က အင္တာနက္မွာ ေရြးေပးပါတယ္။

.
ရည္ညႊန္းကိုးကား - NowThis News, Business Insider, Investopedia, pcmag.com, MarketWatch: Ticker TYO: JP:7974
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
07-13-2016
.
.
.
Unicode Version:
.
.
.
“ လာ သွားမယ် ပေါ်ကေမွန် ” ( Pokémon Go )
.
ဒီနေ့ အိမ်ပြန်ရောက်တော့ “ စွမ်း ” ကို ညှိလို့မရတာတစ်ခုရှိနေတယ်။ သူ့ဖုန်းထဲကို ဂိမ်းသွင်းပြီး သားအဖ ( ၂ ) ယောက် ကားနဲ့ အကောင်လိုက်ဖမ်းမလို့ ဆိုတာကိုလေ..။
သူက မုန့်ဟင်းခါးစားနေရင်း ဖုန်းမှာသွင်းနေတုန်း ဇာတ်ကောင်က ကောင်လေးလား ကောင်မလေး လား?
အကျီၤက ဘာအရောင်လဲ ဆိုတာတွေမေးတော့ ဘာဖြစ်ဖြစ်ရတယ်လို့ ပြောလိုက်တယ်။ ကျွန်တော်တို့လည်းခေတ်မှီမှရမယ် မဟုတ်လား?
.
အခုဖြစ်နေတာ လူတော်တော်များများက မျက်စေ့ရှေ့က ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး “ ပေါ်ကေမွန် - Pokémon ”  လိုက်ဖမ်းနေကြတာ .. တော်တော့ကို ရူးနေကြတာ .. ရူးတာ..။ ဘယ်လောက်တောင်လည်း ဆိုတော့ …
.
.
လူငယ်လေးတစ်ယောက်ဟာ သူ့လက်တော့ နဲ့ လက်ကိုင်ဖုန်းကို ဘလူးတုသ် ဖွင့်ထားပြီး မောင်းသူမဲ့ဒရုန်း - Drone မှာ ချိတ်လို့ ပေါ်ကေမွန် လိုက်ရှာတယ်။ လမ်းလျှောက်ရှာရင် ဝေးဝေးမသွားနိုင်ဘူး။ ဒါကြောင့် လေပေါ်ကနေ ရှာမယ် တဲ့ ..။
.
ဆန်ဖရန်စစ္စကိုမှာမောင်းတဲ့ ကိုယ်ပိုင်ကားပိုင် Uber တက္ကစီမောင်းသမားဟာ သူ့လူမှုစာမျက်နှာမှာ “ ပေါ်ကေမွန်ဖမ်းရန် အထူးလိုက်သည် ” လို့ ကြော်ငြာထားတယ်။
အဲဒါကို လက်ကိုင်ဖုန်း နဲ့ အကောင်လိုက်ဖမ်းသူတွေကိုမောင်းပို့ပေးရတာ လက်ကိုမလည်ဘူး။
.
.
နယူးယောက်ပြည်နယ်က အော်ဘန်မြို့နားမှာ ( ၂၈ ) နှစ်အရွယ် လူငယ်လေးက ကားမောင်းရင်း ပေါ်ကေမွန် - Pokémon  အဖမ်းကောင်းလို့ လမ်းလေးက သစ်ပင်ကြီးကိုဝင်တိုက်ပစ်လိုက်တယ်။ ကားက ရစရာမရှိအောင်ပျက်စီးသွားပြီး ကောင်လေးရဲ့ခြေထောက်နှစ်ဘက်စလုံး အကြီးအကျယ်ဒဏ်ရာရသွားတယ်။
.
ကံဆိုးချင်တော့ ပေါ်ကေမွန်ဂိမ်းကစားမိတယ်
ကံကောင်းချင်တော့ ကားမောင်းတတ်လို့ အကောင်တွေအများကြီးရတယ်
ကံဆိုးချင်တော့ အကောင်သာမြင်ပြီး လမ်းဘောင်မမြင်တော့ သစ်ပင်ကြီးကိုဝင်အောင်းတယ်
ကံကောင်းချင်တော့ အသက်မသေဘူး
ကံဆိုးချင်တော့ ခြေထောက်နှစ်ဘက်စလုံး အခြေအနေသိပ်မကောင်းဘူး
.
.
အဲဒါတွေက သတင်းတွေထဲမှာ ကြားနေရတာ။
တစ်ကယ့်အပြင်မှာလည်း တစ်နေ့ကအလုပ်ဝင်တဲ့လူသစ်တစ်ယောက်က သူ မနေ့က ( ၃ ) နာရီလောက် လမ်းလျှောက်တယ် တဲ့။
အော် … အားကစားလုပ်တာ ကောင်းတာပေါ့လို့ ဆိုတော့ …
မဟုတ်ဘူး … ဖုန်းနဲ့ပေါ်ကေမွန်လိုက်ဖမ်းတာ ဆန်ဖရန်စစ္စကိုမြို့ထဲမှာ အကောင်ပိုမိတယ် ဆိုပဲ..။
.
ပြီးတော့ စွမ်းသူငယ်ချင်းတွေထဲမှာ ကားမောင်းနေတဲ့အရွယ်တွေ ရှိတယ်။
သူတို့အပြင်ကို ကားနဲ့သွားတဲ့အခါ ဘေးက ပေါ်ကေမွန်ဖမ်းသူတွေတောင်းဆိုလို့ ကားပတ်မောင်းပေးရတယ် .. အိမ်ကိုတော်တော်နဲ့ပြန်မရောက်ဘူးလို့ စွမ်း ကို ပြောပြတယ်။
.
.
နောက်တစ်ယောက်ကဆို ဒီပေါ်ကေမွန်ဂိမ်းဟာ သမ္မတကတော်ရဲ့ဂိမ်းလို့တောင် ပြောယူရတဲ့အထိပဲ။ ဘာဖြစ်လို့ အဲဒီလိုခေါ်တာလဲဆိုတော့ “ လူငယ်တွေဟာ အိမ်ထဲကနေအိမ်ပြင်မထွက်ပဲ ထိုင်ရာကမထ ဂိမ်းစွဲနေကြတာလေ .. ဒီ အကောင်ဖမ်းဂိမ်းပေါ်လာတော့ လမ်းပေါ်ထွက်ဖမ်းရတော့ လှုပ်ရှားမှုလုပ်ရပြီပေါ့။ ဒါကြောင့်  အမြဲလှုပ်ရှားတက်ကြွအောင်နေရမယ်ဆိုတဲ့ မီရှဲလ်အိုဘားမားပြောတဲ့စကား နဲ့ ကိုက်ညီသွားတာပေါ့ ” တဲ့ဗျာ..။
.
.
အဲဒီဂိမ်းကို Pokémon Go ဂိမ်းလို့ခေါ်ပါတယ်။ ဂျပန်က တီဗီဂိမ်းကုမ္ပဏီ နစ်တင်းဒို - Nintendo  က ပိုင်တာပါ။ တစ်လောတုန်းကလောက်အထိ လှုပ်တုပ်လှုပ်တုပ် နဲ့ ဘဏ္ဍာရေးအခြေခိုင်အောင် ကြိုးစားနေရတဲ့ နစ်တင်းဒို ဟာ Pokémon Go ကြောင့် သူ့ဘဏ်စာရင်းထဲမှာ ငွေအပြည့်ဖြည့်နိုင်ခဲ့တယ်။
.
ဖုန်း App Store ပေါ်စတင်တဲ့ ပထမဦးဆုံးနေ့မှာတင် အမေရိကန်ဒေါ်လာ ( ၄.၉ ) သန်း ရခဲ့တယ်။ အခုဆိုရင် Pokémon Go ဟာ Android နဲ့ Apple Store တွေမှာ နံပါတ် ( ၁ ) ချိတ် တဲ့ App ဖြစ်လာရုံမက Nintendo ကုမ္ပဏီကို ဒေါ်လာ ( ၇ ) ဘီလျံတန်တဲ့ကုမ္ပဏီအဖြစ်ကို ပို့ဆောင်ပေးခဲ့တယ်။
.
တစ်ကမ္ဘာလုံးက ဝိုင်းဒေါင်းလော့ဒ် ဆွဲပြီး စကားကြတော့ သူ့ကျော်ကြားမှုနဲ့ ဂျပန်စတော့အိပ်စချိန်းမှာ စတော့ရှယ်ယာတန်ဖိုး ( ၃ဝ% ) တက်သွားခဲ့တယ်လေ .. မဖြစ်ခံနိုင်ရိုး ရှိမလား..။
.
အရင်တုန်းကလို ငွေဖြဳန်းတဲ့စကားသူ - Big Spender တွေကနေ ငွေသဲ့ယူတဲ့ခေတ်မဟုတ်တော့ဘူး။
.
 သုံးစွဲသူ - User သန်းပေါင်းများစွာ နဲ့ ကျော်ကြားမှု - Reputation တို့ကနေ ငွေရှာတဲ့ခေတ်ရောက်နေတာကို Pokémon Go က အခုလို သက်သေပြနေပါတယ်။
.
.
အခုဆိုရင် ပေါ်ကေမွန်ဖမ်းတဲ့ဂိမ်းကစားသူဟာ Snapchat လူမှုကွန်ယက်ထက် သုံးစွဲသူ ( ကစားသူ ) ပိုများနေပြီဆိုတာကိုလည်း သိရတယ်။ အစပထမမှာ Pokémon Go ကို ဘယ်သူမှ ငွေပေးပြီး မဝယ်ရပါဘူး။ နောက်ပိုင်းမှ သိမ်းထားမယ် - Store ၊ သင်ပေးမယ် - Train ၊ ဥဥခိုင်းမယ် - Hatch စတာတွေလုပ်ပြီဆိုရင်တော့ ငွေပေးပြီးဝယ်ရပြီ .. ဒီကနေ ဇာတ်လမ်းစလာတော့တာပါပဲ။ နောက်ဆုံးမှာ မွန်းစတားကြီးနဲ့တိုက်ဖို့ Battle လုပ်ပြီဆိုရင် ဆက်တိုက်ဝယ်ပေရော့ပဲ။ ပေးရတာက PokéCoins ( ၉၉ ဆင့် ) ဆိုတော့ မသိသာပေမယ့် ကုမ္ပဏီအတွက် တော်တော်ဝင်ငွေကောင်းတဲ့ ဆန်းသစ်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။
.
.
ထွင်တဲ့လူတွေကလည်း တော်ကိုတော်လွန်းတယ်။ လက်ကိုင်ဖုန်း ရဲ့ တည်နေရာပြ GPS စံနစ် နဲ့ ကင်မရာတို့ကို လက်တွေ့တည့်တည့်ချိန်ပြီး တန်းမြင် - Augment Reality နည်းပညာ နဲ့ ကလေးလူငယ်ကြိုက် ပေါ်ကေမွန် - Pokémon တို့ကို ပေါင်းစပ်လိုက်တဲ့အခါ ရက်ပိုင်းအတွင်းပေါက်သွားပြီး သီတင်းပတ်အတွင်း ဘီလျံနဲ့ချီတဲ့ပွပေါက်တိုးနေခဲ့ပါပြီ။
.
တော်သေးတယ် “ စွမ်း ” က အတန်းကြီးလာလို့ .. ငယ်ငယ်တုန်းကဆို ပေါ်ကေမွန်ဂိမ်းဝယ်ပေးရတာ နဲ့ ပေါ်ကေမွန်ဘော်လုံး - Pokéball ဝယ်ပေးရတာနဲ့ .. အခုတော့ပျင်းသွားပြီထင်တယ် Netflix အမေရိကန်ခွေဆက် ထိုင်ကြည့်နေတယ်။
.
ဒါကြောင့် ကားမောင်းလိုက်မပို့ပေးရတော့ ကျွန်တော်လည်း ဒီစာကို NetGuide ကို ပို့ပေးဖို့ ရေးနိုင်ပါတော့တယ်။ နောက်နေ့မှ “ လာ သွားမယ် ပေါ်ကေမွန် - Pokémon Go ”  ဆိုရင်ဖြင့်..။
.
မှတ်ချက် ။။။။။။။။။။ Pokémon Go ပုံကို “ စွမ်း ” က အင်တာနက်မှာ ရွေးပေးပါတယ်။

.
ရည်ညွှန်းကိုးကား - NowThis News, Business Insider, Investopedia, pcmag.com, MarketWatch: Ticker TYO: JP:7974
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
07-13-2016
.
“ လာ သြားမယ္ ေပၚေကမြန္ ” ( Pokémon Go ) စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဂ်ဴလိုင္လ ( ၃ဝ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၄၅ ) ၊ စာမ်က္ႏွာ ( ၄၉ ) တြင္ ေဖာ္ျပပါရွိသည္။




No comments:

Post a Comment