![]() |
| ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
Facebook
ဟာ နည်းပညာလောကရဲ့ထိပ်ပိုင်းမှာ ရပ်တည်နေပါတယ်။ တစ်ခြားဘယ်နည်းပညာကုမ္ပဏီမှ စီးပွားရေးလမ်းကြောင်းကနေ
လူမှုဆက်ဆံရေးဖက်ကို သူ့လောက်လွယ်လွယ်လေး မပြောင်းနိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်းတွေကိုကြည့်လိုက်တဲ့အခါ
..
.
.
သုံးစွဲသူတွေဟာ Facebook
ကို စွဲနေကြတယ်
.
နေ့စဉ်
Facebook သုံးစွဲသူ ( ၉၆၈ ) သန်းကျော်ရှိပါတယ်။ မှတ်မိလွယ်အောင်ပြောရရင် လူဦးရေ (
၁ ) ဘီလျံလောက်ဟာ နေ့တိုင်း Facebook ကို မသုံးရရင် မနေနိုင်အောင်ဖြစ်နေတာနဲ့ သဏ္ဍန်တူတယ်။
ဒါကိုကမ္ဘာ့လူဦးရေနဲ့ အချိုးချကြည့်ရင် လူ ( ၇ ) ယောက်မှာ ( ၁ ) ယောက်က Facebook ကို
နေ့တိုင်းသုံးနေတဲ့သဘောပါ။ အဲဒီတစ်ဦးတစ်ယောက်ကလည်း Facebook မှာ ဟိုဟာလေး၊ ဒီဟာလေးရှာချင်တာမျိုးမဟုတ်ပဲ ( ၁ ) ရက်လုံးအချိန်ရဲ့
( ၄၆ ) မိနစ်ကြာအောင် စွဲစွဲလမ်းလမ်းသုံးနေတာ သိရပါတယ်။
.
.
သုံးစွဲသူနေ့စဉ်တိုးလာနေတယ်
.
ပြီးခဲ့တဲ့နှစ်အစီရင်ခံစာအရ
Facebook သုံးစွဲသူတိုးတက်နှုန်း ( ၁၃% ) ရှိပါတယ်။ ကြည့်လိုက်ရင်တော့ ကိန်းဂဏန်းက သေးသေးလေးပေမယ့်
လူ ( ၁၃၂ဝ ) သန်း ကနေ ( ၁၄၉ဝ ) သန်း အထိတက်သွားတယ်ဆိုရင်တော့ ဂဏန်းသင်္ချာအပေါ်မှာ မအံ့သြပါနဲ့။
.
နောက်ထပ်ထူးခြားစေတဲ့ကိန်းဂဏန်းကတော့
ပြီးခဲ့တဲ့နှစ်ကထက်စာရင် သုံးစွဲသူ ( ၁၇၃ ) သန်း ပိုလာတာပါပဲ။ ဒီလူအုပ်ကြီးကိုမြင်သာအောင်ပြောပြရရင် ဂျာမဏီနိုင်ငံ
နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့လူဦးရေ ( ၂ ) အုပ်စုပေါင်းခြင်းနဲ့ ညီမျှပါတယ်။
.
.
လက်ရှိသုံးစွဲသူတွေ အလှမ်းကွာလာရင်
နောက်တစ်ခုကိုကြိုစီစဉ်ထားတယ်
.
CEO
မာ့ခ်ဇတ်ဂါဘတ်ဟာ Facebook ကျောထောက်နောက်ခံပြု Internet.org ကို အင်တာနက်မရသေးတဲ့ သန်းထောင်ချီတဲ့လူအုပ်ဆီကိုသွယ်တန်းပေးနေပါတယ်။
ဒါဟာ ပရဟိတအတွက်ချည်းသီးသန့်မဟုတ်ပါဘူး။ အွန်လိုင်းတက်သူများလာတာနဲ့အမျှ Facebook သုံးစွဲသူတိုးပွားရေးကို
မျှော်မှန်းတာလည်း ပါပါတယ်။ ဒီကနေ လက်ရှိသုံးစွဲသူ လူဦးရေ သန်း ( ၁၅ဝဝ ) ကနေ ( ၃ဝဝဝ
) ၊ ( ၅ဝဝဝ ) မဖြစ်လာဘူးလို့ ဘယ်သူခန့်မှန်းနိုင်ပါသလဲ?
.
ဒါကြောင့်မို့
သူ့ထက်သူ Facebook ဟာ သူများမလုပ်သေးတဲ့ ခပ်မိုက်မိုက်နည်းပညာတွေသုံးပြီး လေယာဉ်ပျံနဲ့အင်တာနက်သုံးဖို့
Internet-Beaming Plane ဆိုတာလည်းတီထွင်နေရဲ့။ နောက်တစ်ခုက လေဆာရောင်ခြည်သုံးပြီး လူအချင်းချင်းဆက်သွယ်လို့ရအောင်လည်း
ကြိုးစားနေလေရဲ့။
.
.
အများပိုင်ပြုလုပ်ပြီးနောက်မှာ
Facebook ဟာ စီးပွားအရမ်းတက်လာတယ်
.
(
၂ဝ၁၂ ) ခုနှစ်ဦးပိုင်းမှာ အများပိုင်လုပ်ပြီးတဲ့ Facebook ဟာ စီးပွားရေးတစ်ဟုန်ထိုးတက်လာခဲ့တယ်။
အဲဒီအချိန်တုန်းက Facebook မှာ မိုဘိုင်းဖုန်းအားပြုတဲ့ကြော်ငြာမရှိသေးပါဘူး။ နောက်လပိုင်းလောက်ကျတော့
မိုဘိုင်းကြော်ငြာတွေစလက်ခံခဲ့တယ်။ အဲဒီနောက်မှာ သူ့ဝင်ငွေဟာ တန့်နေတာမျိုးမဟုတ်ပဲ
တိုးသထက်တိုးလာခဲ့တယ်။ စီးပွားရေးစီမံခန့်ခွဲမှုဘက်ပြောရမယ်ဆိုရင် ..
.
.
Facebook မှာ တစ်ခြားနည်းလမ်းနဲ့ငွေရဖို့စောင့်နေတာတွေရှိတယ်
.
Facebook
ဟာ Instagram ပေါ်မှာ Google လုပ်သလို မိမိကုန်ပစ္စည်းကိုကြော်ငြာတဲ့လုပ်ငန်းမျိုးကို
စလုပ်နေပါပြီ။ စီးပွားရေးလေ့လာသုံးသပ်သူများက ဒီလုပ်ငန်းကနေ ဒေါ်လာဘီလျံချီပြီးဝင်မယ်လို့
ဟောကိန်းထုတ်နေကြတဲ့အချိန်လို့ဆိုရင်လည်း မမှားပါဘူး။
.
ဒါတောင်
မက်ဆေ့ပို့တဲ့ App – Messaging ထုတ်ကုန်တွေကနေ ငွေမရှာရသေးပါဘူး။ သို့သော်လည်း မာ့ခ်
ရဲ့ စကားထဲမှာ ဒီစာပို့ App ကနေ “ ငွေရပေါက်ကြီးမယ် ” ဆိုတဲ့ပြောသံသဲ့သဲ့လေးတော့ ကြားနေရပါတယ်။ အခြေခံအားဖြင့်တော့
ပုံမှန် Facebook ရဲ့ News Feed မှာပေါ်လာသလို သုံးစွဲသူ နဲ့ ဈေးရောင်းတဲ့ကုမ္ပဏီတွေကို
တိုက်ရိုက်မက်ဆေ့ပို့နိုင်အောင် ကြိတ်ကြံနေတယ်။
.
ကဲ
.. ဒါအောင်ပြီဆိုရင်တော့ လာပါလေ့ ကုန်သည်တွေနားက နောက်ထပ်ဘီလျံချီဒေါ်လာတွေ..။ ဒီကနေ
Facebook ရဲ့ Search ၊ Facebook for Work နဲ့ Oculus တို့ထဲက ဘယ်တစ်ခုက ထမပေါက်ဘူးလို့
အတပ်ပြောနိုင်ဦးမှာလဲ?
.
.
Facebook ရဲ့ သိမ်းပိုက်တဲ့ဗျူဟာက
မိုက်တယ်
.
တစ်ကယ်လို့
ဆယ်ကျော်သက်လူငယ်ရှိတဲ့အိမ်မှာ ကလေးတွေက Facebook သုံးတာပျင်းလာတယ်ဆိုပါတော့ .. သူတို့လေးတွေ
Instagram ပြောင်းသုံးကြမယ်။ သူကလည်း သုံးစွဲသူ သန်း ( ၃ဝဝ ) ရှိနေတာပဲ။ ဒါမှမဟုတ်
သန်း ( ၈ဝဝ ) သုံးသမားရှိနေတဲ့ WhatsApp သုံးလည်းရသေးတာပဲ။ ခက်တာက အဲဒီ ( ၂ ) ခု စလုံး
Facebook က ဝယ်ပြီးသားဗျ။
.
နောက်တစ်ခုက
Facebook ပိုင် Messenger ကိုယ်တိုင် သုံးစွဲသူ သန်း ( ၇ဝဝ ) ရှိနေတယ်ဆိုတာ ထည့်တွက်ရဦးမယ်။
.
.
Facebook ဟာ ဒေါ်လာသန်း
( ၁၄ဝဝဝ ) ဈေးကွက်ရှိတဲ့ Hardware ဈေးကွက်ကိုလှမ်းနေတယ်
.
ဒေတာစင်တာတွေကို
ရှေးကွန်ပျူတာဘိုးအေကြီး Cisco တို့လိုဒီဇိုင်းမျိုးယူပြီးတော့ လူတိုင်းဝင်ရေးနိုင်တဲ့
Open-Source License အနေအထားနဲ့ တည်ဆောက်နေပါတယ်။ သူ့ကိုမှီပြီးလုပ်စားကြမယ့် တက်သစ်စကုမ္ပဏီလေးတွေတောင်
အနီးအနားမှာ လိုက်တည်လာတာကိုပါတွေ့နေရတယ်။
.
.
.
ဒါဆိုရင် သူ့ပြိုင်ဖက်တွေကရော
ဘယ်သူတွေရှိနေသေးလဲ?
.
.
Apple လား?
.
လက်ပွတ်ဖုန်းတစ်လုံးထွင်ပြီး
အညိမ့်သားစားနေတဲ့ ပန်းသီးကုမ္ပဏီဟာ သက်တမ်း ( ၈ ) နှစ်ထဲရောက်လာခဲ့ပါပြီ။ ရောင်းအားကျလာတဲ့
iPad ဈေးကွက်ကြောင့် အရမ်းစားတဲ့ပစ္စည်းသစ် Apple မှာ ရှိမနေတော့ပါဘူး။ လက်ပတ်နာရီရောင်းအားကလည်း
တာထွက်မလှပခဲ့ပြန်ဘူး။ နောက်ထပ် သူ့ရဲ့သီချင်းရောင်းမယ့် Apple Music ဆိုတာကလည်း ပန်းသီးမြေပုံ
- Apple Maps လိုပဲ အချာဆုံးရောင်းကုန်ဖြစ်နေလို့ပါ။
.
.
ဒါဆို Google ရော?
.
ဘယ်နေရာကနေတိုင်းတိုင်း
Google က Facebook ထက် ကုမ္ပဏီကြီးပါတယ်။ သုံးစွဲသူ၊ အရင်းအနှီး နဲ့ အမြတ် ဘာချင်းယှဉ်မလဲ
.. သူလည်း မိုက်နေတာပါပဲ။ ဒါပေမယ့် Google လက်လှမ်းမမှီတဲ့နေရာတွေမှာ Facebook က ဈေးကွက်ရလာနေတယ်။
ဥပမာ - မိုဘိုင်း နဲ့ ဗွီဒီယို ခွင် တွေမှာပေါ့။
.
ဒါပေမယ့်
လကိုတက်နင်းမယ့် Google CEO - လယ်လီပိတ်ခ်ျ ရဲ့ အစီအစဉ်အောင်မြင်သွားတဲ့အခါမျိုးကျရင်တော့
ပြီးခဲ့တဲ့ ( ၁ဝ ) နှစ်ကလို နည်းပညာကမ္ဘာကို ပြန်အုပ်စိုးသွားနိုင်ပါလိမ့်မယ်။
.
.
Microsoft ကျတော့ရော ?
.
Microsoft က ဒီလိုင်းထဲပြန်ဝင်လာတာ ပွဲကြည့်လို့တော့ ပိုပျော်စရာကောင်းတာအမှန်ပါပဲ။
ဒါပေမယ့် သူက နောက်တန်းကနေ ခံစစ်နဲ့ကစားလာတာ နှစ်ပေါင်းမှမနည်းတော့တာ။
.
.
အမ်မဇွန် - Amazon ကို
ထည့်မတွက်ဘူးလား ?
.
တွက်ပါတယ်။
အမ်မဇွန်က အနီးစပ်ဆုံးပါ။ အသုံးပြုသူများတာချင်းတူတာ၊ ထိမိသက်ရောက်လွယ်တဲ့ အဓိက အားကိုးအားထားရာစီးပွားရေးချင်းဆင်တာတွေကြောင့်
လိုင်းတူတယ်လို့ပြောရမှာဖြစ်တယ်။ ဒါပေမယ့် အမ်မဇွန် က ဒီလောက်များများဖောက်သည်တွေရဖို့
နှစ်များစွာပိုကြိုးစားခဲ့ရတယ်။ ဒါတောင် Facebook သုံးသူတွေလောက်ကို များများမစည်းရုံးနိုင်ခဲ့ဘူး။
နောက်တစ်ခုက Facebook လို ပုံမှန်ထက်မလျော့တဲ့ဝင်ငွေတွေရှာနိုင်ပါတယ်ဆိုတာမျိုး အမ်မဇွန်က
သက်သေမပြနိုင်ဘူးလေ။
.
.
ဒါကြောင့်
မျိုးဆက်တိုင်းမှာ “ သူ့ခေါင်းဆောင် နဲ့ သူ့လူစွမ်းကောင်း - Every generation in tech has its hero
” ဆိုတာရှိကြတယ်။ အခုလက်ရှိခေတ်ရဲ့ရေစီးဆိုရင် ( ၂ဝဝ၉ ) ခုနှစ်ကစတယ်လို့ ပြောပါရစေ။
ဒီကနေ တစ်ချက်ချင်းခုန်တက်လာရင်း Facebook က ဒီဘဝရောက်လာခဲ့ရတာပေါ့။
.
အခုမျိုးဆက်ကို
Facebook က အနိုင်ယူလိုက်တယ်လို့ ပြောလို့ရပါတယ်။ CEO - မာ့ခ်ဇတ်ဂါဘတ် ၊ COO – Chief
Operating Officer ရှရိုင်းဆန်းဘတ် - Sheryl Sandberg နဲ့ ကျန်လူတစ်စုဟာ အခုအချိန်မှာ အသက်ဝဝရှူရင်း
သူတို့စိုက်ခဲ့တဲ့ အောင်မြင်မှုအသီးအပွင့်တွေကို စားသုံးနိုင်နေပါပြီ။
.
ဒါပေမယ့် သိပ်မကြာခင်မှာ
“ နည်းပညာဘုရင် ” ဆိုတဲ့ ဘွဲ့ထူးဟာ သက်တမ်းတိုတဲ့ထီးနန်းပိုင်ရှင်အတွက်ဆိုတာ
သိလာပါလိမ့်မယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
08-07-2015
08-07-2015
.
ရည်ညွှန်းကိုးကား -
Business Insider
.
.
" ဘုရင်ဖြစ်လာတဲ့Facebook " စာမူသည် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ( ၂၂ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၉၈ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။



No comments:
Post a Comment