Saturday, August 20, 2016


“ ဘယ္အလုပ္က မ်က္ႏွာအပြင္႕ဆံုးလဲ? ”
.
တစ္ကယ္လို႕ မိတ္ေဆြဟာ အေမရိကားမွာ ဆရာဝန္၊ အင္ဂ်င္နီယာတစ္ေယာက္ဆိုရင္ လုပ္ခလစာေကာင္းမြန္သူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ပါလိမ္႕မယ္။
.
ဒါေပမယ္႕ ကိုယ္႕အလုပ္နဲ႕ေငြမရွာပဲ “ အခ်စ္ ” ရွာမယ္ဆိုရင္ေတာ႕ ေလယာဥ္မွဴး - Pilot ျဖစ္ျဖစ္၊ အေၾကာအဆစ္နဲ႔ကိုယ္ခႏၶာျပန္လည္သန္စြမ္းေရးပညာ႐ွင္ - Physical Therapist တစ္ေယာက္ျဖစ္ျဖစ္ စဥ္းစားသင္႕ပါတယ္လို႕ MarketWatch မဂၢဇင္းက ေရးပါတယ္။
.
.
ခ်စ္သူရွာမုိဘုိင္းဆိုဒ္ - Tinder က လြန္ခဲ႕တဲ႕ ( ၃ ) ႏွစ္က အလုပ္ေတြရဲ႕အေသးစိတ္အခ်က္အလက္ေတြ နဲ႕ တင္လာတဲ႕လူေတြရဲ႕ကိုယ္ေရးပရုိဖုိင္ေတြကိုေပါင္းစပ္ျပီး စာရင္းတစ္ခု ျပဳစုေပးထားပါတယ္။
.
Tinder App မွာ ဘယ္ဘက္ကိုလက္မနဲ႕ေရႊ႕ျပီး ကိုယ္စိတ္ဝင္စားတဲ႕အလုပ္အကိုင္ကုိရွာႏုိင္သလို ညာဘက္ကိုေရႊ႕ျပီး ဘယ္သူ႕ကိုေရြးမလဲဆိုတာ လ်ာထားႏုိင္ပါတယ္။ တစ္ဆက္တည္း လူပံုကိုခ်ည္းၾကည္႕မေနပဲ အသက္အရြယ္ နဲ႕ ကိုယ္ေရးအက်ဥ္းကိုပါဖတ္ႏိုင္တာမို႕ လူငယ္ လူရြယ္ၾကားမွာ အေတာ္အသံုးမ်ားတဲ႕ App လို႕ ေျပာႏုိင္ပါတယ္။
.
.
က်န္းမာေရးနဲ႕ပတ္သက္တဲ႕အလုပ္ဟာ အေမရိကားမွာ ေငြသဲ႕ယူတဲ႕လုပ္ငန္းဆိုတာ ( ၂ဝ၁၄ ) အေမရိကန္အလုပ္သမားေရးရာဝန္ၾကီး႒ာနရဲ႕စာရင္းဇယားအရ မွန္ကန္ပါတယ္။
.
ေမ႕ေဆး၊ ထံုေဆးဆရာဝန္ - Anesthesiologist  တစ္ေယာက္ရဲ႕ဝင္ေငြဟာ တစ္ႏွစ္ကုိ ( ၂၄၆၃၂ဝ ) ေဒၚလာျဖစ္လို႕ အျမင္႕ဆံုးလို႕ေျပာလုိ႕ပါတယ္။ ဆရာဝန္ေတြဟာ အၾကည္႕ခံရဆံုးအလုပ္အမ်ိဳးအစားျဖစ္ေပမယ္႕ မိန္းမသားေတြရဲ႕အျမဲေရြးခ်ယ္စရာေတာ႕ မျဖစ္ခဲ႕ပါဘူး။
.
ဒီလိုပါပဲ အမ်ိဳးသမီးဆရာဝန္ဆိုရင္လည္း ပုရိသေယာက်္ားသားေတြေရြးမယ္႕စာရင္းထဲေတာင္ ပါမလာပါဘူး။

.
.
အဲဒီေတာ႕ အမ်ိဳးသမီးေတြမ်က္စိက်ေလာက္ေအာင္ေရြးခ်ယ္ခံေနရသူ အေၾကာအဆစ္နဲ႔ကိုယ္ခႏၶာျပန္လည္သန္စြမ္းေရးပညာ႐ွင္တစ္ေယာက္က တစ္ႏွစ္စာဝင္ေငြဘယ္ေလာက္မ်ားရွိေနပါသလဲ? ( ၈၃၉၄ဝ ) ေဒၚလာပါ..။
.
ေၾကးစားေလယာဥ္မွဴးကေတာ႕ တစ္ႏွစ္ပ်မ္းမွ် ( ၈၂၄၃ဝ ) ေဒၚလာရလို႕ နည္းနည္းေတာင္ေလ်ာ႕ပါေသးတယ္။
.
ဒါေၾကာင္႕ တစ္ကယ္႕ဆရာဝန္တစ္ေယာက္ဝင္ေငြရဲ႕ ( ) သံုးပံုတစ္ပံုသာ ရေနေသာ္ျငားလည္း ျမန္ျမန္စြံခ်င္ရင္ေတာ႕ Tinder App မွာ ပါဝင္စာရင္းတင္ႏုိင္ပါေၾကာင္း သတင္းေကာင္းေပးအပ္ပါတယ္။ တစ္ဆက္တည္း အေမရိကားမွာေျပာ ေျပာေနတဲ႕ “ ေငြေပးျပီးဝယ္လို႕မရတဲ႕တစ္စံုတစ္ခု - Thay’s something money can’t buy ” ဆိုတဲ႕စကားက မွန္မမွန္ဆိုတာကုိေတာ႕ ခ်စ္မိတ္ေဆြမ်ားဆံုးျဖတ္ဖို႕ ပေဟဠိခ်န္ထားေပးလိုက္ပါရေစ။
.
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
08-20-2016
.
ရည္ညႊန္းကိုးကား : MarketWatch, Google Image
.

.
Unicode Version:
.
.
“ ဘယ်အလုပ်က မျက်နှာအပွင့်ဆုံးလဲ? ”
.
တစ်ကယ်လို့ မိတ်ဆွေဟာ အမေရိကားမှာ ဆရာဝန်၊ အင်ဂျင်နီယာတစ်ယောက်ဆိုရင် လုပ်ခလစာကောင်းမွန်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
.
ဒါပေမယ့် ကိုယ့်အလုပ်နဲ့ငွေမရှာပဲ “ အချစ် ” ရှာမယ်ဆိုရင်တော့ လေယာဉ်မှူး - Pilot ဖြစ်ဖြစ်၊ အေၾကာအဆစ္နဲ႔ကိုယ္ခႏၶာျပန္လည္သန္စြမ္းေရးပညာ႐ွင္ - Physical Therapist တစ်ယောက်ဖြစ်ဖြစ် စဉ်းစားသင့်ပါတယ်လို့ MarketWatch မဂ္ဂဇင်းက ရေးပါတယ်။
.
.
ချစ်သူရှာမိုဘိုင်းဆိုဒ် - Tinder က လွန်ခဲ့တဲ့ ( ၃ ) နှစ်က အလုပ်တွေရဲ့အသေးစိတ်အချက်အလက်တွေ နဲ့ တင်လာတဲ့လူတွေရဲ့ကိုယ်ရေးပရိုဖိုင်တွေကိုပေါင်းစပ်ပြီး စာရင်းတစ်ခု ပြုစုပေးထားပါတယ်။
.
Tinder App မှာ ဘယ်ဘက်ကိုလက်မနဲ့ရွှေ့ပြီး ကိုယ်စိတ်ဝင်စားတဲ့အလုပ်အကိုင်ကိုရှာနိုင်သလို ညာဘက်ကိုရွှေ့ပြီး ဘယ်သူ့ကိုရွေးမလဲဆိုတာ လျာထားနိုင်ပါတယ်။ တစ်ဆက်တည်း လူပုံကိုချည်းကြည့်မနေပဲ အသက်အရွယ် နဲ့ ကိုယ်ရေးအကျဉ်းကိုပါဖတ်နိုင်တာမို့ လူငယ် လူရွယ်ကြားမှာ အတော်အသုံးများတဲ့ App လို့ ပြောနိုင်ပါတယ်။
.
.
ကျန်းမာရေးနဲ့ပတ်သက်တဲ့အလုပ်ဟာ အမေရိကားမှာ ငွေသဲ့ယူတဲ့လုပ်ငန်းဆိုတာ ( ၂ဝ၁၄ ) အမေရိကန်အလုပ်သမားရေးရာဝန်ကြီးဋ္ဌာနရဲ့စာရင်းဇယားအရ မှန်ကန်ပါတယ်။
.
မေ့ဆေး၊ ထုံဆေးဆရာဝန် - Anesthesiologist  တစ်ယောက်ရဲ့ဝင်ငွေဟာ တစ်နှစ်ကို ( ၂၄၆၃၂ဝ ) ဒေါ်လာဖြစ်လို့ အမြင့်ဆုံးလို့ပြောလို့ပါတယ်။ ဆရာဝန်တွေဟာ အကြည့်ခံရဆုံးအလုပ်အမျိုးအစားဖြစ်ပေမယ့် မိန်းမသားတွေရဲ့အမြဲရွေးချယ်စရာတော့ မဖြစ်ခဲ့ပါဘူး။
.
ဒီလိုပါပဲ အမျိုးသမီးဆရာဝန်ဆိုရင်လည်း ပုရိသယောက်ျားသားတွေရွေးမယ့်စာရင်းထဲတောင် ပါမလာပါဘူး။
.
.
အဲဒီတော့ အမျိုးသမီးတွေမျက်စိကျလောက်အောင်ရွေးချယ်ခံနေရသူ အေၾကာအဆစ္နဲ႔ကိုယ္ခႏၶာျပန္လည္သန္စြမ္းေရးပညာ႐ွင္တစ်ယောက်က တစ်နှစ်စာဝင်ငွေဘယ်လောက်များရှိနေပါသလဲ? ( ၈၃၉၄ဝ ) ဒေါ်လာပါ..။
.
ကြေးစားလေယာဉ်မှူးကတော့ တစ်နှစ်ပျမ်းမျှ ( ၈၂၄၃ဝ ) ဒေါ်လာရလို့ နည်းနည်းတောင်လျော့ပါသေးတယ်။
.
ဒါကြောင့် တစ်ကယ့်ဆရာဝန်တစ်ယောက်ဝင်ငွေရဲ့ ( ) သုံးပုံတစ်ပုံသာ ရနေသော်ငြားလည်း မြန်မြန်စွံချင်ရင်တော့ Tinder App မှာ ပါဝင်စာရင်းတင်နိုင်ပါကြောင်း သတင်းကောင်းပေးအပ်ပါတယ်။ တစ်ဆက်တည်း အမေရိကားမှာပြော ပြောနေတဲ့ “ ငွေပေးပြီးဝယ်လို့မရတဲ့တစ်စုံတစ်ခု - Thay’s something money can’t buy ” ဆိုတဲ့စကားက မှန်မမှန်ဆိုတာကိုတော့ ချစ်မိတ်ဆွေများဆုံးဖြတ်ဖို့ ပဟေဠိချန်ထားပေးလိုက်ပါရစေ။
.
Tinder App on Google Play : (https://play.google.com/store/apps/details?id=com.tinder&hl=en )
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
08-20-2016
.
ရည်ညွှန်းကိုးကား : MarketWatch, Google Image



No comments:

Post a Comment