Saturday, August 27, 2016

လူလိုမဆံုးျဖတ္ႏုိင္တဲ႕ေမာင္းသူမဲ႕ကားရဲ႕အားနည္းခ်က္ ( ၆ ) ခ်က္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

.
Autopilot အလိုအေလ်ာက္ထိန္းခ်ဳပ္စံနစ္ဖြင္႕ျပီးေမာင္းတဲ႕ Tesla Model S တစ္စီး ယာဥ္တိုက္မႈျဖစ္ခဲ႕တာ ခ်စ္မိတ္ေဆြတို႕ ၾကားမိၾကမွာေပါ႕..။ အခုဆုိ အေမရိကန္အစုိးရအရာရွိေတြဟာ ဒီကိစၥျဖစ္ရတဲ႕အေၾကာင္းရင္းကို စံုစမ္းေနပါျပီ။ လိုက္ပါစီးနင္းသူတို႕ဒဏ္ရာရရွိသြားတဲ႕ ဒီအျဖစ္အပ်က္ကို Tesla ကုမၸဏီဘက္က “ ထရပ္ကားေနာက္ေက်ာဘက္ေကာင္းကင္က မတူထူးျခားေအာင္ လင္းေနခဲ႕တာမို႕ ကားေဆာ႕ဝဲလ္က ဘရိတ္မအုပ္မိပါဘူး ” လို႕ ျပန္ရွင္းထားပါတယ္။
.
ဒီစာေၾကာင္းတစ္ေၾကာင္းက ကားဝယ္သူေတြကုိ ေက်နပ္တဲ႕ေျဖရွင္းခ်က္မေပးႏုိင္သလို ေမာင္းသူမဲ႕ကား ( အလိုအေလ်ာက္ေမာင္းတဲ႕စံနစ္ - Autopilot ဖြင္႕ေမာင္းတဲ႕ကား ) ဟာ လူေတြသိသလို၊ ျမင္သလို၊ ၾကားသလို မခံစားႏုိင္ပဲ ကြန္ပ်ဴတာစစၥတမ္ရဲ႕အာရံုမွာ တစ္ခုခုလိုေနတာေတာ႕ အမွန္ပါပဲ။
.
.
လူေမာင္းတဲ႕ကားေတြကေရာ ဘယ္ေလာက္စိတ္ခ်ရပါသလဲ? စိတ္ကူးမ်ားေျမာင္ဤလူ႕ေဘာင္က အာရံုေထြျပားလူအမ်ားေၾကာင္႕  လမ္းမၾကီးေပၚက ယာဥ္မ်ိဳးစံုေပၚမွာ အပစ္မဲ႕သူမ်ားစြာဟာ သူတို႕ရဲ႕အသက္ေတြကုိ ေပးေနရတုန္းပါပဲ။ ဟုတ္ရဲ႕လားလို႕ျပန္ေမးရင္ အေမရိကန္ႏုိင္ငံတစ္ခုတည္းတင္ တစ္ႏွစ္ကုိ လူေပါင္း ( ၃၇ဝဝဝ ) ယာဥ္မေတာ္တဆမႈေၾကာင္႕ “ ႏွစ္စဥ္ ” ေသဆံုးေနတဲ႕ကိန္းဂဏန္းကို ေလ႕လာႏုိင္ပါတယ္။

.
ဒါကိုေလွ်ာ႕ခ်ဖို႕ ေခတ္မီနည္းပညာေတြပုိင္ဆိုင္တဲ႕ေမာ္ေတာ္ယာဥ္ကုမၸဏီေတြဟာ အခုအခါမွာ ေမာင္းသူမဲ႕ကားေတြကို ကုိယ္႕နည္းကုိယ္႕ဟန္နဲ႕ အျပိဳင္အဆိုင္စမ္းသပ္ေနၾကတယ္။ ဒါေပမယ္႕ အေျခအေန ( ၆ ) ရပ္မွာ ေမာင္းသူမဲ႕ကားက အသိ နဲ႕ ဥာဏ္ပညာတြဲကပ္ေနတဲ႕ လူသားကုိမွီႏိုင္ဖို႕ရာ အဆင္႕ျမင္႕တင္ဖို႕လိုေနပါေသးတယ္။ အဲဒါေတြကေတာ႕ ..
.
.
.
1.. ေမာင္းသူမဲ႕ကားဟာ တံတားေတြေပၚမွာဆို ခက္ျပီ
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
တံတားဆိုတာ အလြန္ဆံုး တစ္ဘက္ ေမာင္းေၾကာ ( ၄ ) ေၾကာစီေလာက္သာ ရွိတတ္ၾကေတာ႕ ေမာင္းသူမဲ႕ကားအတြက္ အခက္အခဲပိုေစပါတယ္။ ပတ္ဝန္းက်င္ရွိပံုရိပ္ကုိဖမ္းျပီးေထာက္လွမ္းရတဲ႕ ကားရဲ႕ဆင္ဆာေတြမွာ ေကာက္ခံစရာအခ်က္အလက္မလံုေလာက္တဲ႕အခါ ကားဟာ ပရုိဂရမ္သြင္းထားသလို တေသြမသိမ္းလိုက္မလုပ္မွာကို စုိးရိမ္ရပါတယ္။
.
GPS ရွိေပမယ္႕ GPS ဆိုတာ တည္ေနရာညႊန္ျပတဲ႕ေနရာမွာသာအားေကာင္းတာ .. ပတ္ဝန္းက်င္အေျခအေနကို စက္အားျဖင္႕အာရံုခံတဲ႕ေနရာမွာေတာ႕ အားကိုးလုိ႕မရပါဘူး။
.
.
.
2.. ဆုိးရြားတဲ႕ရာသီဥတုကို မမွန္းႏုိင္
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
ထူပိန္းတဲ႕ႏွင္း နဲ႕ သည္းထန္တဲ႕မိုးရြာေနရင္ ေမာင္းသူမဲ႕ကားရဲ႕ LiDAR ဆင္ဆာ နဲ႕ အာရံုခံကင္မရာေတြဟာ ျပသနာေပးႏုိင္ပါတယ္။ LiDAR ဆိုတာ အလင္းေရာင္ကေန ေရဒါေရာင္ျခည္ကိုရွာတဲ႕ကိရိယာပါ။ တစ္ကယ္လုိ႕ ႏွင္းက်ေနတဲ႕လမ္းမွာ ေမာင္းသူမဲ႕ကားဟာ လမ္းေပၚက အလယ္မွတ္မ်ဥ္းကိုမျမင္တဲ႕အခါ ဘယ္လိုလုပ္ၾကမလဲ?
.
ဒီအေျခအေနကိုေက်ာ္လြန္ဖို႕ ဖို႕ဒ္ - Ford ကုမၸဏီက အရည္အေသြးေကာင္းတဲ႕ 3D ေျမပံုမွာ လမ္းေၾကာင္းျပလမ္းေတြသာမက လမ္းေပၚမွာဘယ္လိုအရာဝတၳဳေတြရွိေနသလဲဆုိတာျပႏုိင္ေအာင္ Topography ဆုိတာကုိတပ္လိုက္တဲ႕အခါ ေမာင္းသူမဲ႕ကားဟာ အနီးအနားက ဆိုင္းဘုတ္ေတြကိုျမင္ႏုိင္လာသလို အထင္ကရအမွတ္အသားရွိတဲ႕အေဆာက္အဦ - Landmark ေတြကိုပါ အကဲျဖတ္ႏုိင္လာပါတယ္။
.
.
.
3.. ယာဥ္ေၾကာခြဲလမ္း ေဆးပ်က္ေနရင္ ခက္ျပန္ျပီ
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
လမ္းအလယ္က ယာဥ္ေၾကာခြဲလမ္း ေဆးပ်က္ေနရင္ ကားက ဒီလမ္းအတိုင္းဆက္သြားရမလား? လမ္းခ်ိန္းရမလား? ဆုိတာ ဆံုးျဖတ္ႏုိင္မွာမဟုတ္ပါဘူး။ အခန္႕မသင္႕လို႕ လမ္းယူမွားျပီးတစ္ဘက္ယာဥ္ေၾကာကုိဝင္သြားခဲ႕ရင္ ပိုလို႕ေတာင္ အႏၱရာယ္မ်ားပါဦးမယ္။
.
ဒါေၾကာင္႕ ေမာင္းသူမဲ႕ကားတက္ေမာင္းမဲ႕လမ္းေတြမွာ ယာဥ္ေၾကာခြဲလမ္း - Lane Marking ထင္ရွားဖို႕ အေျခခံအက်ဆံုးလိုခ်က္အေနနဲ႕ ထည္႕သြင္းတည္ေဆာက္ရမွာျဖစ္ပါတယ္။
.
.
.
4.. အျမန္လမ္းထက္ ျမိဳ႕တြင္းလမ္းေတြမွာ ေမာင္းသူမဲ႕ကားေမာင္းရတာခက္တယ္
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
Highway မွာ ျမိဳ႕တြင္းထက္စာရင္ ထိခိုက္မႈနည္းႏုိင္ေျခရွိတာ ထံုးစံပါပဲ။ ျမိဳ႕တြင္းမွာ လမ္းေလွ်ာက္သူ၊ စက္ဘီးစီးသူ၊ လမ္းျပင္သူေတြသာမက အဝင္အထြက္ၾကမ္းတဲ႕ စည္းကမ္းမဲ႕ကားေတြ ရွိေနႏုိင္ပါတယ္။ ဒီအေျခအေနမ်ိဳးစံုကို မျပတ္တမ္းေထာက္လွမ္းေနရတဲ႕ ေမာင္းသူမဲ႕ကားရဲ႕စက္ေတြမွာ တစ္ခုခုကို တစ္ခ်ိန္ခ်ိန္မွာလြတ္မသြားဘူးလို႕ ဘယ္သူမွ အာမ မခံႏုိင္ပါဘူး။
.
ေနာက္တစ္ခ်က္က တိုက္အျမင္႕ၾကီးေတြရွိတဲ႕ ျမိဳ႕ၾကီးျပၾကီးေတြမွာ GPS မမိတဲ႕ ကြက္က်ားေနရာေတြမွာ ကားက ေၾကာင္ေတာင္ေတာင္ၾကီးျဖစ္ေနႏုိင္ပါတယ္။
.
.
.
5.. စက္ရုပ္ကားဟာ လူေတြလို ျပသနာမေျဖရွင္းႏုိင္
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
လမ္း ( ၄ ) ဆံုမွာ ဘယ္သူကအရင္သြားရမယ္၊ ဘယ္တစ္စီးကလမ္းအမွန္ဆုိတာ ကားေမာင္းလိုင္စင္ေျဖတဲ႕အခါမွာ လူေတြဟာ စာက်က္ရပါတယ္။ ဒါေတြကို အာရံုခံဖို႕ ေမာင္းသူမဲ႕ကားဟာ စာမက်က္တတ္ပါဘူး။ ဒါေၾကာင္႕မုိ႕ ၾကိဳသြင္းထားတဲ႕ ပရုိဂရမ္ေတြမွာ ေျပာင္းလဲလာတဲ႕အေျခအေနကို ရုတ္ခ်ည္းဆံုးျဖတ္ဖို႕ နတ္မ်က္စိေတြထည္႕ေပးရေအာင္ကလည္း လူေတြက ( အခုအခ်ိန္မွာ ) ၾကံစည္ေနတုန္းပါပဲ။
.
စက္ရုပ္ကားက လမ္းမွန္ရင္တက္ေမာင္းမွာပဲ။ လမ္းကိုဦးစားေပးရတယ္ တို႕ .. ကုိယ္နဲ႕ယွဥ္လာရင္ အေလွ်ာ႕ေပးလိုက္မယ္ တုိ႕ .. ဆုိတာေတြ သူမသိပါဘူး။ ဒီလိုဆိုလိုက္လို႕ လူေတြေမာင္းတဲ႕ကားက လမ္းခ်ိန္းတဲ႕ေနရာမွာ ပုိအႏၱရာယ္ကင္းတယ္လို႕ မယူဆသြားေစခ်င္ဘူး။ ဒါေပမယ္႕ ကားတစ္စီးနဲ႕တစ္စီး လက္ျပျပီး “ သြားပါ ” လို႕ ေျပာတာေတာ႕ ေမာင္းသူမဲ႕ကားက မလုပ္ႏုိင္ပါဘူး။
.
.
.
6.. မိုင္ပိုေမာင္းရမယ္႕ေနရာမွာ သူမေမာင္းႏုိင္
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
အျမန္လမ္းေပၚတက္တဲ႕အခါ နဲ႕ အရွိန္ျမွင္႕ေမာင္းေနတဲ႕လမ္းမၾကီးေပၚ ေပါင္း - Merge တက္ေမာင္းတဲ႕အခါ လူေတြမွာ လီဗာကိုျဖဲျပီးတင္လိုက္တာတုိ႕ .. ဘာတို႕ .. လုပ္ႏိုင္ေပမယ္႕ ေမာင္းသူမဲ႕ကားက အေရွ႕ကား နဲ႕ အေနာက္ကားကိုေထာက္လွမ္းျပီး အထိအခိုက္မျဖစ္ႏုိင္ေအာင္ပဲ ကာကြယ္ေမာင္းပါတယ္။
.
ယာဥ္ေၾကာေႏွးေနလို႕ ေနရာယူလိုက္တယ္ တုိ႕ .. ကားတစ္စီးကုိ ေက်ာ္ထားလိုက္မယ္ တုိ႕ .. ဆိုျပီး လူလို အေလွ်ာ႕အတင္းမလုပ္တဲ႕ေမာင္းသူမဲ႕ကားက သူ႕အစီအစဥ္နဲ႕သူသာ ေမာင္းသြားပါလိမ္႕မယ္။ ဒီအတြက္ ေစာတကတက္လို႕မရသလို ခိုင္းေစလို႕လည္းမရႏုိင္ပါဘူး။
.
.
ဒီအခ်က္ေတြကုိၾကည္႕ျပီး လူေမာင္းတဲ႕ကားေတြေၾကာင္႕ မဆင္မျခင္ျဖစ္ရတဲ႕ယာဥ္တုိက္မႈ နဲ႕ လူေသမႈေတြေလွ်ာ႕ခ်ဖို႕ ကြန္ပ်ဴတာေဆာ႕ဝဲလ္နဲ႕ထိန္းတဲ႕ေမာင္းသူမဲ႕ကားကို လူေတြဘယ္ေလာက္ထြင္ထြင္ ျပီးျပည္႕စံုတဲ႕တစ္ေန႕ေရာက္ဖို႕က တုိးတက္တည္ထြင္မႈေတြ အဆင္ျမွင္႕လုပ္ေဆာင္ဖို႕လိုေနပါေသးတယ္။
.
တစ္ဆက္တည္း အားမနာတမ္းေျပာရရင္ ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာ ေမာင္းသူမဲ႕ကားေမာင္းႏုိင္ဖို႕အေျခအေနမရွိေသာ္ျငားလည္း နည္းပညာသိတဲ႕လူေတြထြင္တဲ႕အသိပညာကိုေလ႕လာျခင္းအားျဖင္႕ ျမန္မာႏုိင္ငံတြင္းမွာ “ ကားလမ္းေပၚမွာပိတ္ေနတဲ႕ဖားသူငယ္ေလး ” မျဖစ္ေစဖို႕ ရည္ရြယ္ေရးသားလိုက္ရပါတယ္။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
ရည္ညႊန္းကိုးကား: Business Insider
.
.
.
Unicode Version:
.
.
“ လူလိုမဆုံးဖြတ်နိုင်တဲ့မောင်းသူမဲ့ကားရဲ့အားနည်းချက် ( ၆ ) ချက် ”
.
Autopilot အလိုအလျောက်ထိန်းချုပ်စံနစ်ဖွင့်ပြီးမောင်းတဲ့ Tesla Medel S တစ်စီး ယာဉ်တိုက်မှုဖြစ်ခဲ့တာ ချစ်မိတ်ဆွေတို့ ကြားမိကြမှာပေါ့..။ အခုဆို အမေရိကန်အစိုးရအရာရှိတွေဟာ ဒီကိစ္စဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းနေပါပြီ။ လိုက်ပါစီးနင်းသူတို့ဒဏ်ရာရရှိသွားတဲ့ ဒီအဖြစ်အပျက်ကို Tesla ကုမ္ပဏီဘက်က “ ထရပ်ကားနောက်ကျောဘက်ကောင်းကင်က မတူထူးခြားအောင် လင်းနေခဲ့တာမို့ ကားဆော့ဝဲလ်က ဘရိတ်မအုပ်မိပါဘူး ” လို့ ပြန်ရှင်းထားပါတယ်။
.
ဒီစာကြောင်းတစ်ကြောင်းက ကားဝယ်သူတွေကို ကျေနပ်တဲ့ဖြေရှင်းချက်မပေးနိုင်သလို မောင်းသူမဲ့ကား ( အလိုအလျောက်မောင်းတဲ့စံနစ် - Autopilot ဖွင့်မောင်းတဲ့ကား ) ဟာ လူတွေသိသလို၊ မြင်သလို၊ ကြားသလို မခံစားနိုင်ပဲ ကွန်ပျူတာစစ္စတမ်ရဲ့အာရုံမှာ တစ်ခုခုလိုနေတာတော့ အမှန်ပါပဲ။
.
.
လူမောင်းတဲ့ကားတွေကရော ဘယ်လောက်စိတ်ချရပါသလဲ? စိတ်ကူးများမြောင်ဤလူ့ဘောင်က အာရုံထွေပြားလူအများကြောင့်  လမ်းမကြီးပေါ်က ယာဉ်မျိုးစုံပေါ်မှာ အပစ်မဲ့သူများစွာဟာ သူတို့ရဲ့အသက်တွေကို ပေးနေရတုန်းပါပဲ။ ဟုတ်ရဲ့လားလို့ပြန်မေးရင် အမေရိကန်နိုင်ငံတစ်ခုတည်းတင် တစ်နှစ်ကို လူပေါင်း ( ၃၇ဝဝဝ ) ယာဉ်မတော်တဆမှုကြောင့် “ နှစ်စဉ် ” သေဆုံးနေတဲ့ကိန်းဂဏန်းကို လေ့လာနိုင်ပါတယ်။
.
ဒါကိုလျှော့ချဖို့ ခေတ်မီနည်းပညာတွေပိုင်ဆိုင်တဲ့မော်တော်ယာဉ်ကုမ္ပဏီတွေဟာ အခုအခါမှာ မောင်းသူမဲ့ကားတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြိုင်အဆိုင်စမ်းသပ်နေကြတယ်။ ဒါပေမယ့် အခြေအနေ ( ၆ ) ရပ်မှာ မောင်းသူမဲ့ကားက အသိ နဲ့ ဥာဏ်ပညာတွဲကပ်နေတဲ့ လူသားကိုမှီနိုင်ဖို့ရာ အဆင့်မြင့်တင်ဖို့လိုနေပါသေးတယ်။ အဲဒါတွေကတော့ ..
.
.
.
1.. မောင်းသူမဲ့ကားဟာ တံတားတွေပေါ်မှာဆို ခက်ပြီ
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
တံတားဆိုတာ အလွန်ဆုံး တစ်ဘက် မောင်းကြော ( ၄ ) ကြောစီလောက်သာ ရှိတတ်ကြတော့ မောင်းသူမဲ့ကားအတွက် အခက်အခဲပိုစေပါတယ်။ ပတ်ဝန်းကျင်ရှိပုံရိပ်ကိုဖမ်းပြီးထောက်လှမ်းရတဲ့ ကားရဲ့ဆင်ဆာတွေမှာ ကောက်ခံစရာအချက်အလက်မလုံလောက်တဲ့အခါ ကားဟာ ပရိုဂရမ်သွင်းထားသလို တသွေမသိမ်းလိုက်မလုပ်မှာကို စိုးရိမ်ရပါတယ်။
.
GPS ရှိပေမယ့် GPS ဆိုတာ တည်နေရာညွှန်ပြတဲ့နေရာမှာသာအားကောင်းတာ .. ပတ်ဝန်းကျင်အခြေအနေကို စက်အားဖြင့်အာရုံခံတဲ့နေရာမှာတော့ အားကိုးလို့မရပါဘူး။
.
.
.
2.. ဆိုးရွားတဲ့ရာသီဥတုကို မမှန်းနိုင်
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
ထူပိန်းတဲ့နှင်း နဲ့ သည်းထန်တဲ့မိုးရွာနေရင် မောင်းသူမဲ့ကားရဲ့ LiDAR ဆင်ဆာ နဲ့ အာရုံခံကင်မရာတွေဟာ ပြသနာပေးနိုင်ပါတယ်။ LiDAR ဆိုတာ အလင်းရောင်ကနေ ရေဒါရောင်ခြည်ကိုရှာတဲ့ကိရိယာပါ။ တစ်ကယ်လို့ နှင်းကျနေတဲ့လမ်းမှာ မောင်းသူမဲ့ကားဟာ လမ်းပေါ်က အလယ်မှတ်မျဉ်းကိုမမြင်တဲ့အခါ ဘယ်လိုလုပ်ကြမလဲ?
.
ဒီအခြေအနေကိုကျော်လွန်ဖို့ ဖို့ဒ် - Ford ကုမ္ပဏီက အရည်အသွေးကောင်းတဲ့ 3D မြေပုံမှာ လမ်းကြောင်းပြလမ်းတွေသာမက လမ်းပေါ်မှာဘယ်လိုအရာဝတ္ထုတွေရှိနေသလဲဆိုတာပြနိုင်အောင် Topography ဆိုတာကိုတပ်လိုက်တဲ့အခါ မောင်းသူမဲ့ကားဟာ အနီးအနားက ဆိုင်းဘုတ်တွေကိုမြင်နိုင်လာသလို အထင်ကရအမှတ်အသားရှိတဲ့အဆောက်အဦ - Landmark တွေကိုပါ အကဲဖြတ်နိုင်လာပါတယ်။
.
.
.
3.. ယာဉ်ကြောခွဲလမ်း ဆေးပျက်နေရင် ခက်ပြန်ပြီ
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
လမ်းအလယ်က ယာဉ်ကြောခွဲလမ်း ဆေးပျက်နေရင် ကားက ဒီလမ်းအတိုင်းဆက်သွားရမလား? လမ်းချိန်းရမလား? ဆိုတာ ဆုံးဖြတ်နိုင်မှာမဟုတ်ပါဘူး။ အခန့်မသင့်လို့ လမ်းယူမှားပြီးတစ်ဘက်ယာဉ်ကြောကိုဝင်သွားခဲ့ရင် ပိုလို့တောင် အန္တရာယ်များပါဦးမယ်။
.
ဒါကြောင့် မောင်းသူမဲ့ကားတက်မောင်းမဲ့လမ်းတွေမှာ ယာဉ်ကြောခွဲလမ်း - Lane Marking ထင်ရှားဖို့ အခြေခံအကျဆုံးလိုချက်အနေနဲ့ ထည့်သွင်းတည်ဆောက်ရမှာဖြစ်ပါတယ်။
.
.
.
4.. အမြန်လမ်းထက် မြို့တွင်းလမ်းတွေမှာ မောင်းသူမဲ့ကားမောင်းရတာခက်တယ်
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
Highway မှာ မြို့တွင်းထက်စာရင် ထိခိုက်မှုနည်းနိုင်ခြေရှိတာ ထုံးစံပါပဲ။ မြို့တွင်းမှာ လမ်းလျှောက်သူ၊ စက်ဘီးစီးသူ၊ လမ်းပြင်သူတွေသာမက အဝင်အထွက်ကြမ်းတဲ့ စည်းကမ်းမဲ့ကားတွေ ရှိနေနိုင်ပါတယ်။ ဒီအခြေအနေမျိုးစုံကို မပြတ်တမ်းထောက်လှမ်းနေရတဲ့ မောင်းသူမဲ့ကားရဲ့စက်တွေမှာ တစ်ခုခုကို တစ်ချိန်ချိန်မှာလွတ်မသွားဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။
.
နောက်တစ်ချက်က တိုက်အမြင့်ကြီးတွေရှိတဲ့ မြို့ကြီးပြကြီးတွေမှာ GPS မမိတဲ့ ကွက်ကျားနေရာတွေမှာ ကားက ကြောင်တောင်တောင်ကြီးဖြစ်နေနိုင်ပါတယ်။
.
.
.
5.. စက်ရုပ်ကားဟာ လူတွေလို ပြသနာမဖြေရှင်းနိုင်
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
လမ်း ( ၄ ) ဆုံမှာ ဘယ်သူကအရင်သွားရမယ်၊ ဘယ်တစ်စီးကလမ်းအမှန်ဆိုတာ ကားမောင်းလိုင်စင်ဖြေတဲ့အခါမှာ လူတွေဟာ စာကျက်ရပါတယ်။ ဒါတွေကို အာရုံခံဖို့ မောင်းသူမဲ့ကားဟာ စာမကျက်တတ်ပါဘူး။ ဒါကြောင့်မို့ ကြိုသွင်းထားတဲ့ ပရိုဂရမ်တွေမှာ ပြောင်းလဲလာတဲ့အခြေအနေကို ရုတ်ချည်းဆုံးဖြတ်ဖို့ နတ်မျက်စိတွေထည့်ပေးရအောင်ကလည်း လူတွေက ( အခုအချိန်မှာ ) ကြံစည်နေတုန်းပါပဲ။
.
စက်ရုပ်ကားက လမ်းမှန်ရင်တက်မောင်းမှာပဲ။ လမ်းကိုဦးစားပေးရတယ် တို့ .. ကိုယ်နဲ့ယှဉ်လာရင် အလျှော့ပေးလိုက်မယ် တို့ .. ဆိုတာတွေ သူမသိပါဘူး။ ဒီလိုဆိုလိုက်လို့ လူတွေမောင်းတဲ့ကားက လမ်းချိန်းတဲ့နေရာမှာ ပိုအန္တရာယ်ကင်းတယ်လို့ မယူဆသွားစေချင်ဘူး။ ဒါပေမယ့် ကားတစ်စီးနဲ့တစ်စီး လက်ပြပြီး “ သွားပါ ” လို့ ပြောတာတော့ မောင်းသူမဲ့ကားက မလုပ်နိုင်ပါဘူး။
.
.
.
6.. မိုင်ပိုမောင်းရမယ့်နေရာမှာ သူမမောင်းနိုင်
။။။။။။။။။။။။။။။-----------------------------။။။။။။။။။။။။။။။
.
အမြန်လမ်းပေါ်တက်တဲ့အခါ နဲ့ အရှိန်မြှင့်မောင်းနေတဲ့လမ်းမကြီးပေါ် ပေါင်း - Merge တက်မောင်းတဲ့အခါ လူတွေမှာ လီဗာကိုဖြဲပြီးတင်လိုက်တာတို့ .. ဘာတို့ .. လုပ်နိုင်ပေမယ့် မောင်းသူမဲ့ကားက အရှေ့ကား နဲ့ အနောက်ကားကိုထောက်လှမ်းပြီး အထိအခိုက်မဖြစ်နိုင်အောင်ပဲ ကာကွယ်မောင်းပါတယ်။
.
ယာဉ်ကြောနှေးနေလို့ နေရာယူလိုက်တယ် တို့ .. ကားတစ်စီးကို ကျော်ထားလိုက်မယ် တို့ .. ဆိုပြီး လူလို အလျှော့အတင်းမလုပ်တဲ့မောင်းသူမဲ့ကားက သူ့အစီအစဉ်နဲ့သူသာ မောင်းသွားပါလိမ့်မယ်။ ဒီအတွက် စောတကတက်လို့မရသလို ခိုင်းစေလို့လည်းမရနိုင်ပါဘူး။
.
.
ဒီအချက်တွေကိုကြည့်ပြီး လူမောင်းတဲ့ကားတွေကြောင့် မဆင်မခြင်ဖြစ်ရတဲ့ယာဉ်တိုက်မှု နဲ့ လူသေမှုတွေလျှော့ချဖို့ ကွန်ပျူတာဆော့ဝဲလ်နဲ့ထိန်းတဲ့မောင်းသူမဲ့ကားကို လူတွေဘယ်လောက်ထွင်ထွင် ပြီးပြည့်စုံတဲ့တစ်နေ့ရောက်ဖို့က တိုးတက်တည်ထွင်မှုတွေ အဆင်မြှင့်လုပ်ဆောင်ဖို့လိုနေပါသေးတယ်။
.
တစ်ဆက်တည်း အားမနာတမ်းပြောရရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ မောင်းသူမဲ့ကားမောင်းနိုင်ဖို့အခြေအနေမရှိသော်ငြားလည်း နည်းပညာသိတဲ့လူတွေထွင်တဲ့အသိပညာကိုလေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံတွင်းမှာ “ ကားလမ်းပေါ်မှာပိတ်နေတဲ့ဖားသူငယ်လေး ” မဖြစ်စေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
ရည်ညွှန်းကိုးကား: Business Insider


No comments:

Post a Comment