![]() |
| ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ဟာ
ပင်လယ်ကမ်းရိုးတန်းရှည်ရှိသော်ငြားလည်း သောက်သုံးရေကန် - Reservoirs များ ခမ်းခြောက်လာမှုကြောင့် သတိပေးတပ်လှန့်သံများပေါ်ထွက်လာခဲ့တာ
နှစ်အတန်ကြာခဲ့ပါပြီ။ ဒီတော့ သဘာဝအရင်းအမြစ်ကာကွယ်ရေးအဖွဲ့ကနေ သောက်ရေကန်တွေကို အမိုးအောက်ပို့ဖို့ကြိုးစားပါတယ်။
.
လုပ်ဆောင်ချက်အရ ရေကန်ကြီးကို တာလာပတ်အစကြီးအုပ်ဖို့စဉ်းစားကြတယ်။
သိပ်မဖြစ်နိုင်တဲ့အခါ တစ်ခြားအလုပ်ဖြစ်မယ့်နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ပြီး ( ၂ဝဝ၈
) ခုနှစ်မှာ စတင်သုတေသနပြုခဲ့တယ်။ ခက်တာက
ရေကန်ဆိုတာက အကျယ်ကြီးပါ။ ပြီးတော့ တိုင်တွေစိုက်ဖို့ဆိုတာကလည်းမလွယ်တဲ့ကိစ္စ။ သူတို့ရည်ရွယ်ချက်က
နေရောင်ခြည်ပူပြင်းလာတာနဲ့အမျှ ရေငွေ့ပြန်ခြင်း - Evaporation ကိုကာကွယ်ဖို့ဖြစ်ပါတယ်။
.
တစ်ဆက်တည်းမှာ တိုးပွားလာနေတဲ့ ရေမှော်တစ်မျိုး - Algae ကို ထိန်းထားနိုင်ဖို့နဲ့
မလိုလားအပ်တဲ့ ဓါတုဖြစ်စဉ်တွေကြောင့် ဘက်တီးရီးယားပိုးတွေသက်ဆင်းကျရောက်ပြီး လူသားတွေသောက်သုံးလို့မရတဲ့ရေအဖြစ်မကျရောက်ရအောင်
ကာကွယ်ဖို့ကိုပါထည့်သွင်းစဉ်းစားခဲ့ကြတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ Carcinogens ဒြပ်ပေါင်းတစ်မျိုး မပေါက်ပွားနိုင်အောင်တားဆီးဖို့လည်းပါဝင်ပါတယ်။




