![]() |
| ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
.
လစ်ဇီးဗယ်ဗာဒီး
နဲ့ ခက်သီအော်စန် တို့ဟာ သတင်းရေးဂျာနယ်လစ်ဇင်ပရော်ဖက်ဆာကြီးက အတန်းကိုလိုက်နှုတ်ဆက်တဲ့အချိန်မှာ
ကိုယ့်နောက်ကြောင်း နဲ့ အမည်နာမတွေကို အလှည့်ကျပြောပြဖို့စောင့်နေကြပါတယ်။ လစ်ဇီး က
စပြောလိုက်တဲ့အချိန်မှာ တစ်ခန်းလုံးက ငြိမ်ကျသွားတယ်။ အားလုံးက စောင့်နားထောင်နေတယ်။
.
လစ်ဇီးမှာ
သမီးတစ်ယောက်ရှိပြီး သူမ ကိုယ်တိုင်က တစ်ချိန်တုန်းက လက်ရှိမိဘကနေ မွေးစားခံရတဲ့ မွေးစားသမီးလို့ပြောတယ်။
တစ်ခြားအကြောင်းတွေပါ အနည်းအကျဉ်းစီပြောရင်း အခုချိန်လောက်ဆို သူမ ပြန်မှတ်မိနိုင်တော့မှာမဟုတ်တဲ့
ညီမလေးအကြောင်းကိုပါ ပြောပြတယ်။
.
.
ဒီဇာတ်လမ်းလေးကိုကြားပြီး
တုန်လှုပ်နေသူကတော့ ခက်သီ ပါ။ သူမ အလှည့်လည်းရောက်ရော စကားပြောဖို့တောင် ခက်နေပါတယ်။
တစ်ကိုယ်လုံးလည်း တုန်ခါနေသလို စိတ်မငြိမ် လှုပ်ရှားနေတယ်။ ကက်သီဟာ သူမအကြောင်းကို
ခက်ခက်ခဲခဲ ပြောပြရင်း ကိုလံဘီယာတက္ကသိုလ် အတန်းက မထွက်ခွာမီ လစ်ဇီး နဲ့ တွေ့ဆုံစကားပြောခဲ့တယ်။


