![]() |
| ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
.
“
ငါတစ္ကယ္အေအာင္ျမင္ဆံုးျဖစ္မယ္႕အခြင္႕အလမ္းက ဘယ္မွာပါလိမ္႕? ”
.
ဒီေမးခြန္းက
ဘယ္ေကာလိပ္ေက်ာင္းသားမဆို ေတြးေနတဲ႕ေမးခြန္းမ်ိဳးပါ။ သူတို႕တင္ဘယ္ကမလဲ .. အလုပ္လုပ္ေနရင္း
ေကာလိပ္ဒီဂရီ ယူလိုသူေတြ၊ အလုပ္နဲ႕သက္ဆိုင္တဲ႕ စြမ္းရည္ဆိုင္ရာပညာျမွင္႕တင္မႈမွာ
MBA ( သို႕မဟုတ္ ) Graduate Degree ဘြဲ႕တစ္ခုခု လိုခ်င္သူေတြအတြက္လည္း ဒီေမးခြန္းက
သူတို႕ရဲ႕စိတ္ထဲမွာ မတင္မက်ျဖစ္ေစတဲ႕ အရာဆုိရင္လည္း မမွားပါဘူး။
.
ယူေကအေျခစိုက္
အတည္ျပဳစာရင္းေကာက္ယူအဖြဲ႕ - Appeovedindex.co.uk
ဟာ နာမည္ၾကီး ဖို႕ဘ္ မဂၢဇင္းၾကီးရဲ႕ ထိပ္သီးကမၻာ႕အခ်မ္းသာဆံုး
သူေ႒း ( ၁ဝဝ ) စာရင္း ကို တည္ျပီး ဒီေမးခြန္းကုိေျဖဖို႕ ၾကိဳးစားထားပါတယ္။ အဲဒီကေန
မထင္ရတဲ႕ထူးျခားခ်က္ ( ၃ ) ခ်က္ နဲ႕ ရလဒ္ ( ၉ ) ခု ထြက္လာတာ ေတြ႕ရပါတယ္။ အဲဒါေတြကေတာ႕
..
.
.
.
၁..
( ၃၂% ) ေသာ ဘီလ်ံနာေတြမွာ ေကာလိပ္ဒီဂရီ မရွိပါဘူး။ နာမည္ၾကီးေတြထဲက ဘီလ္ဂိတ္၊ အိုပရာဝင္းဖေရး၊
စတိဗ္ေဂ်ာ႕ဘ္ နဲ႕ မာ႕ခ္ဇက္ဂါဘတ္ တို႕ဆို ေကာလိပ္ဘြဲ႕တစ္ခုျပီးရမယ္႕အစား ေက်ာင္းထြက္လုိက္ျပီး
အပ်ဳိစင္ - Virgin ကုမၸဏီမ်ား ရဲ႕ ရစ္ခ်ပ္ဘရန္ဆန္ ဆိုရင္ အထက္တန္းကေန ေက်ာင္းထြက္ျပီး
ၾကီးပြားတိုးတက္လမ္း ေရြးခဲ႕သူမ်ား ျဖစ္ၾကတယ္။
.
.
၂..
သခ်ာၤဘြဲ႕ နဲ႕ သိပၸံဘြဲ႕ရသူဘီလ်ံနာေတြထက္ ဝိဇၨာ ( အႏုပညာ ) – Arts နဲ႕ ဘြဲ႕ရသူက ( ၃
) ဆ ပိုမ်ားတယ္။
.
.
၃..
Appeovedindex.co.uk စာရင္းရဲ႕ ေအာင္ျမင္သူဘီလ်ံနာမ်ားရဲ႕ ပ်မ္းမွ်အသက္
က ( ၆၈ ) ႏွစ္ ျဖစ္တယ္။
.
.
.
ဒါဆို
ဘယ္ေကာလိပ္ဒီဂရီက ေငြအရွာေပးႏိုင္ဆံုး ျဖစ္မလဲ? ဒါဆိုရင္ ဘယ္တစ္ခုမွ သူေ႒းမျဖစ္ႏိုင္တာ
ေသခ်ာသြားျပီလား? ေနပါဦး..။ ေအာက္မွာေတာ႕ အဲဒီလူခ်မ္းသာ ( ၁ဝဝ ) ရဲ႕ ဘြဲ႕ပိုင္ဆိုင္မႈစာရင္းကို
အတန္းလိုက္ ျပထားလိုက္ပါဦးမယ္။
.
အမွတ္္စဥ္
|
ရာခိုင္ႏႈန္း
|
ဘြဲ႕ရအရည္အခ်င္း
|
Degree
|
၁.
|
၃၂
%
|
ဘြဲ႕မရ
|
No
College Degree
|
၂.
|
၂၂
%
|
အင္ဂ်င္နီယာ
|
Engineer
|
၃.
|
၁၂
%
|
စီးပြားေရး
|
Business
|
၄.
|
၁ဝ
%
|
အျခား
|
Other
|
၅.
|
၉
%
|
ဝိဇၨာ
( အႏုပညာ )
|
Arts
|
၆.
|
၈
%
|
အီကုိ
|
Economics
|
၇.
|
၃
%
|
ဘ႑ာေရး
|
Finance
|
၈.
|
၂
%
|
သိပၸံ
|
Science
|
၉.
|
၂
%
|
သခ်ာၤ
|
Mathematics
|
.
.
.
“
ဒီေတြ႕ရွိမႈကေန ဘြဲ႕တစ္ခုရဲ႕အသံုးဝင္မႈဟာ အလုပ္မွျဖစ္ရဲ႕လားဆုိတာ အျငင္းပြားျဖစ္စရာတစ္ခု
ျဖစ္လာႏိုင္တာ ယံုမွားသံသယျဖစ္စရာ မရွိပါဘူး။ တစ္ကယ္လိုအပ္တာက ဘြဲ႕အတန္းအစား အမ်ိဳးမ်ိဳးကေန
ကိုယ္နဲ႕သင္႕ေတာ္တဲ႕ ကိုယ္ရည္ကုိယ္စြမ္းေတြ ထုတ္သံုးျပီး မတူကြဲျပားတဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ
အသံုးခ်ႏိုင္ဖုိ႕ ေမွ်ာ္မွန္းခ်က္အသီးသီး ထားသင္႕လွပါတယ္ ” လို႕ Appeovedindex.co.uk ရဲ႕ ဒါရုိက္တာ အမ္မီကက္လို က ေျပာပါတယ္။
.
အခုအခ်ိန္မွာ
မီလ်ံနာျဖစ္ဖို႕ေနာက္မွစဥ္းစား .. အမ်ိဳးသားေကာလိပ္ႏွင္႕အလုပ္ရွင္မ်ားအစည္းအရံုး -
NACE ( the National Association for College and Employers ) က ထုတ္ျပန္ထားတဲ႕ စာရင္းအရ
ကုိယ္နဲ႕သင္႕ေတာ္တဲ႕ ခ်မ္းသာႏုိင္တဲ႕ အဓိကေမဂ်ာ “ တစ္ခုခု ” ကုိ ရွာၾကည္႕လိုက္ပါဦး။
.
.
၁.
ကြန္ပ်ဴတာသိပၸံ ( Computer Science )
.
၂.
အီကုိ ( Economics )
.
၃.
စာရင္းကိုင္ ( Accounting )
.
၄.
အင္ဂ်င္နီယာ ( Engineering )
.
၅.
စီမံစီးပြား ( Business Adminstration )
.
၆.
လူမႈဆက္ဆံေရးပညာ ( Sociology / Social Work )
.
၇.
သခ်ာၤေဗဒ ( Mathematics / Statistics )
.
၈.
စိတ္ပညာ ( Psychology )
.
၉.
သမုိင္း ႏွင္႕ ႏုိင္ငံေရးသိပၸံ ( History / Political Science )
.
၁ဝ.
က်န္းမာေရးေစာင္႕ေရွာက္မႈ ( Healthcare ) … စတာေတြ ျဖစ္ၾကပါတယ္။
.
.
ေက်ာင္းျပီးလို႕
အလုပ္ရွာတဲ႕ ကိုယ္႕ေန႕ရက္ေတြကို အအားမထားပဲ ဒီစာရင္းထဲကအတိုင္း ေလ႕လာႏိုင္ေအာင္ “ အခ်မ္းသာႏိုင္ဆံုးေမဂ်ာစာရင္း
” ကို ထိပ္ပိုင္းကေန စီစဥ္ေပးထားပါတယ္။
.
.
ရည္ညႊန္းကိုးကား - Business Insider
.
.
" ချမ်းသာအောင်လုပ်ပေးမယ့် ကောလိပ်ဒီဂရီ ( ၁ဝ ) ခု "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
“ ငါတစ်ကယ်အအောင်မြင်ဆုံးဖြစ်မယ့်အခွင့်အလမ်းက ဘယ်မှာပါလိမ့်? ”
.
ဒီမေးခွန်းက ဘယ်ကောလိပ်ကျောင်းသားမဆို တွေးနေတဲ့မေးခွန်းမျိုးပါ။ သူတို့တင်ဘယ်ကမလဲ .. အလုပ်လုပ်နေရင်း ကောလိပ်ဒီဂရီ ယူလိုသူတွေ၊ အလုပ်နဲ့သက်ဆိုင်တဲ့ စွမ်းရည်ဆိုင်ရာပညာမြှင့်တင်မှုမှာ MBA ( သို့မဟုတ် ) Graduate Degree ဘွဲ့တစ်ခုခု လိုချင်သူတွေအတွက်လည်း ဒီမေးခွန်းက သူတို့ရဲ့စိတ်ထဲမှာ မတင်မကျဖြစ်စေတဲ့ အရာဆိုရင်လည်း မမှားပါဘူး။
.
ယူကေအခြေစိုက် အတည်ပြုစာရင်းကောက်ယူအဖွဲ့ - Appeovedindex.co.uk ဟာ နာမည်ကြီး ဖို့ဘ် မဂ္ဂဇင်းကြီးရဲ့ ထိပ်သီးကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေး ( ၁ဝဝ ) စာရင်း ကို တည်ပြီး ဒီမေးခွန်းကိုဖြေဖို့ ကြိုးစားထားပါတယ်။ အဲဒီကနေ မထင်ရတဲ့ထူးခြားချက် ( ၃ ) ချက် နဲ့ ရလဒ် ( ၉ ) ခု ထွက်လာတာ တွေ့ရပါတယ်။ အဲဒါတွေကတော့ ..
.
.
.
၁.. ( ၃၂% ) သော ဘီလျံနာတွေမှာ ကောလိပ်ဒီဂရီ မရှိပါဘူး။ နာမည်ကြီးတွေထဲက ဘီလ်ဂိတ်၊ အိုပရာဝင်းဖရေး၊ စတိဗ်ဂျော့ဘ် နဲ့ မာ့ခ်ဇက်ဂါဘတ် တို့ဆို ကောလိပ်ဘွဲ့တစ်ခုပြီးရမယ့်အစား ကျောင်းထွက်လိုက်ပြီး အပျိုစင် - Virgin ကုမ္ပဏီများ ရဲ့ ရစ်ချပ်ဘရန်ဆန် ဆိုရင် အထက်တန်းကနေ ကျောင်းထွက်ပြီး ကြီးပွားတိုးတက်လမ်း ရွေးခဲ့သူများ ဖြစ်ကြတယ်။
.
.
၂.. သချာၤဘွဲ့ နဲ့ သိပ္ပံဘွဲ့ရသူဘီလျံနာတွေထက် ဝိဇ္ဇာ ( အနုပညာ ) – Arts နဲ့ ဘွဲ့ရသူက ( ၃ ) ဆ ပိုများတယ်။
.
.
၃.. Appeovedindex.co.uk စာရင်းရဲ့ အောင်မြင်သူဘီလျံနာများရဲ့ ပျမ်းမျှအသက် က ( ၆၈ ) နှစ် ဖြစ်တယ်။
.
.
.
ဒါဆို ဘယ်ကောလိပ်ဒီဂရီက ငွေအရှာပေးနိုင်ဆုံး ဖြစ်မလဲ? ဒါဆိုရင် ဘယ်တစ်ခုမှ သူဋ္ဌေးမဖြစ်နိုင်တာ သေချာသွားပြီလား? နေပါဦး..။ အောက်မှာတော့ အဲဒီလူချမ်းသာ ( ၁ဝဝ ) ရဲ့ ဘွဲ့ပိုင်ဆိုင်မှုစာရင်းကို အတန်းလိုက် ပြထားလိုက်ပါဦးမယ်။
.
အမှတ်စဉ်
ရာခိုင်နှုန်း
ဘွဲ့ရအရည်အချင်း
Degree
၁.
၃၂ %
ဘွဲ့မရ
No College Degree
၂.
၂၂ %
အင်ဂျင်နီယာ
Engineer
၃.
၁၂ %
စီးပွားရေး
Business
၄.
၁ဝ %
အခြား
Other
၅.
၉ %
ဝိဇ္ဇာ ( အနုပညာ )
Arts
၆.
၈ %
အီကို
Economics
၇.
၃ %
ဘဏ္ဍာရေး
Finance
၈.
၂ %
သိပ္ပံ
Science
၉.
၂ %
သချာၤ
Mathematics
.
.
.
“ ဒီတွေ့ရှိမှုကနေ ဘွဲ့တစ်ခုရဲ့အသုံးဝင်မှုဟာ အလုပ်မှဖြစ်ရဲ့လားဆိုတာ အငြင်းပွားဖြစ်စရာတစ်ခု ဖြစ်လာနိုင်တာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ တစ်ကယ်လိုအပ်တာက ဘွဲ့အတန်းအစား အမျိုးမျိုးကနေ ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်ရည်ကိုယ်စွမ်းတွေ ထုတ်သုံးပြီး မတူကွဲပြားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးချနိုင်ဖို့ မျှော်မှန်းချက်အသီးသီး ထားသင့်လှပါတယ် ” လို့ Appeovedindex.co.uk ရဲ့ ဒါရိုက်တာ အမ်မီကက်လို က ပြောပါတယ်။
.
အခုအချိန်မှာ မီလျံနာဖြစ်ဖို့နောက်မှစဉ်းစား .. အမျိုးသားကောလိပ်နှင့်အလုပ်ရှင်များအစည်းအရုံး - NACE ( the National Association for College and Employers ) က ထုတ်ပြန်ထားတဲ့ စာရင်းအရ ကိုယ်နဲ့သင့်တော်တဲ့ ချမ်းသာနိုင်တဲ့ အဓိကမေဂျာ “ တစ်ခုခု ” ကို ရှာကြည့်လိုက်ပါဦး။
.
.
၁. ကွန်ပျူတာသိပ္ပံ ( Computer Science )
.
၂. အီကို ( Economics )
.
၃. စာရင်းကိုင် ( Accounting )
.
၄. အင်ဂျင်နီယာ ( Engineering )
.
၅. စီမံစီးပွား ( Business Adminstration )
.
၆. လူမှုဆက်ဆံရေးပညာ ( Sociology / Social Work )
.
၇. သချာၤဗေဒ ( Mathematics / Statistics )
.
၈. စိတ်ပညာ ( Psychology )
.
၉. သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ ( History / Political Science )
.
၁ဝ. ကျန်းမာရေးစောင့်ရှောက်မှု ( Healthcare ) … စတာတွေ ဖြစ်ကြပါတယ်။
.
.
ကျောင်းပြီးလို့ အလုပ်ရှာတဲ့ ကိုယ့်နေ့ရက်တွေကို အအားမထားပဲ ဒီစာရင်းထဲကအတိုင်း လေ့လာနိုင်အောင် “ အချမ်းသာနိုင်ဆုံးမေဂျာစာရင်း ” ကို ထိပ်ပိုင်းကနေ စီစဉ်ပေးထားပါတယ်။
.
koko2yeye@gmail.com
.
ရည်ညွှန်းကိုးကား - Business Insider
.
“ ခ်မ္းသာေအာင္လုပ္ေပးမယ္႕ ေကာလိပ္ဒီဂရီ ( ၁ဝ ) ခု ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ေအာက္တုိဘာလ ( ၁၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၅၆ ) ၊ စာမ်က္ႏွာ ( ၃၇ ) တြင္ ေဖာ္ျပပါရွိသည္။

No comments:
Post a Comment