![]() |
| ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
.
အလုပ္ေဟာင္းမွာ
စိတ္ေျပာင္းေနျပီလား? ေရၾကည္ရာျမက္ႏုရာ ေနရာသစ္တစ္ခု ရွာေနျပီလား? သင္က်င္လည္က်က္စားရာေနရာကေန
ပိုမိုစိမ္းလန္းစိုေျပျပီး ေတာေတာင္ေရေျမေပါမ်ားတဲ႕ ပထဝီသဘာဝေတြ အမ်ားၾကီးထဲက အေကာင္းဆံုးေရြးခ်ယ္ႏုိင္ဖို႕ဆိုတာ
အခက္အခဲရွိစျမဲပါ။
.
ေကာင္းေပ႕ဆိုတာကို
တစ္ခ်က္တည္း ေရြးခ်ယ္ႏုိင္ဖို႕က ေတာ္ေတာ္ရႈတ္ေထြးတဲ႕အလုပ္ၾကီးပါ။ အလုပ္အကိုင္အခြင္႕အလမ္း၊
လုပ္ခလစာ၊ လူေနမႈအဆင္႕အတန္း၊ ေဘးကင္းလံုျခံဳမႈ နဲ႕ သားသမီးေတြကုိ ျပဳစုပ်ိဳးေထာင္ဖို႕
စတဲ႕ အခ်က္ေတြေပၚမွာ တည္ျပီး စဥ္းစားရပါမယ္။ ေဟာင္ေကာင္ ႏွင္႕ ရွန္ဟုိင္း စီးပြားေရးေကာ္ပိုေရးရွင္း
( ဘဏ္ ) – HSBC ရဲ႕ ႏွစ္ခ်ဳပ္ျပည္ပေနထုိင္မႈစစ္တမ္းမွာ စာရင္းတစ္ခု တင္သြင္းလာတာကို
တင္ျပလုိပါတယ္။
.
ဒီစာရင္းအရ
လုပ္ငန္းအေတြ႕အၾကံဳ၊ စီးပြားေရးလုပ္ကုိင္ရန္လြယ္ကူမႈ၊ မိမိသားသမီးကို ျပည္ပေက်ာင္းတက္ႏိုင္ရန္လြယ္ကူေစမႈ
ဆိုျပီး က႑ငယ္ေလးေတြ ခြဲျပီး အေသးစိတ္ တင္ျပထားပါေသးတယ္။ BI သတင္းစာၾကီးက အဲဒီစာရင္းထဲက
ပထမ ( ၂ဝ ) စာရင္းကို ကူးယူထုတ္ျပန္္ထားျပီး စာဖတ္သူအေနနဲ႕ ကိုယ္႕စိတ္ၾကိဳက္ကိုယ္ အေရးၾကီးသလို
အေနအထားေျပာင္းလဲစဥ္းစားပါလုိ႕ အၾကံေပးထားပါတယ္။ အဆုိပါစာရင္းကို ေနာက္ကေန စီစဥ္ျပသရရင္
..
.
.
20.. ဘယ္လ္ဂ်ီယံ
- Belgium
.
သားသမီးေက်ာင္းထားရန္၊
က်န္းမာေရးေစာင္႕ေရွာက္မႈ နဲ႕ ဘာသာစကားအသစ္သင္ယူဖို႕ ဘယ္လ္ဂ်ီယံႏုိင္ငံ ကို အဆင္႕ျမင္႕ျမင္႕တစ္ခုမွာ
သတ္မွတ္ထားပါတယ္။ တိုင္းျပည္ရဲ႕ အေထြေထြေနထိုင္မႈအေတြ႕အၾကံဳ နဲ႕ စီးပြားေရးက႑ေတြကေတာ႕
ပံုမွန္ပါပဲ။ ဒါေပမယ္႕ အားကစား နဲ႕ ခႏၶာကိုယ္အေလးခ်ိန္ထိန္းသိမ္းရမယ္႕အစားအစာေတြမွာေတာ႕
အားနည္းပါတယ္။ သုိ႕ေသာ္လည္း သင္ဟာ ဘီယာ၊ ေခ်ာ႕ကလက္ နဲ႕ ဝါဖယ္မုန္႕ - Waffles ၾကိဳက္ရင္ေတာ႕
အျပစ္မဆုိသာပါဘူး။
.
.
.
19.. မေလးရွား
- Malaysia
.
စြန္႕စားမႈၾကိဳက္တဲ႕ျပည္ပေနထုိင္သူမ်ားဟာ
မေလးရွားႏုိင္ငံကို ႏွစ္သက္ၾကတာ ေတြ႕ရတယ္။ “ စိမ္ေခၚမွႈအသစ္ ” ေတြေၾကာင္႕ ဒီႏုိင္ငံကုိေျပာင္းေရႊ႕ေနထိုင္ခ်င္တယ္လုိ႕
( ၄၉% ) ေသာ ႏုိ္င္ငံျခားသားေတြက HSBC ကို ေျပာျပၾကတယ္။
.
သူတို႕ဟာ
ေဒသဘာသာစကားကို ႏွစ္သက္တယ္။ ေနရာအႏွံ႕ ခရီးေတြထပ္ခါထပ္ခါ ထြက္ခ်င္တယ္။ မေလးရွားရဲ႕
ၾကီးက်ယ္ခမ္းနားတဲ႕ ယဥ္ေက်းမႈကို ေလ႕လာခ်င္ၾကတယ္။
.
မေလးရွားမွာ
ေစ်းသက္သာျပီး အဆင္႕ျမင္႕တဲ႕ သက္ေတာင္႕သက္သာေနထုိင္ႏိုင္မႈေတြရွိတယ္။ လူေတြ အဓိကသြားခ်င္တာက
ေဒသလူသံုးကုန္စံုဆိုင္ေတြနဲ႕ ေစ်းၾကီးေတြပါပဲ။
.
အမွန္က ဒီတုိင္းျပည္ဟာ
စီးပြားေရးအရ အလယ္အလတ္တန္းစားအဆင္႕သာရွိပါတယ္။ သုိ႕ေသာ္လည္း ပညာေရးေကာင္းတယ္္ .. ဒါေပမယ္႕
ေစ်းကေတာ႕ ရွယ္ပဲ။ ကေလးသူငယ္ပ်ိဳးေထာင္ေစာင္႕ေရာက္ေရးက သိပ္အေကာင္းၾကီးထဲမွာ မပါပါဘူး။
.
.
.
18.. ဂ်ပန္
- Japan
.
ရပ္တန္႕ေနတဲ႕
ျပည္တြင္းစီးပြားေရးေၾကာင္႕ အဆင္႕ခပ္ျမင္႕ျမင္႕မခ်ိတ္ေပမယ္႕ ျပိဳက္ဖက္မရွိတဲ႕ နီပြန္က်န္းမာေရးေစာင္႕ေရွာက္ေရး၊
လြယ္ကူစြာေရြးခ်ယ္ႏုိင္ေသာ ခရီးသြားလာမႈ နဲ႕ ေဒသႏၱရယဥ္ေက်းမႈေတြနဲ႕ ခပ္တည္းတည္းေလး
ထိန္းထားႏုိင္ပါတယ္။ ဂ်ပန္ရဲ႕အရသာရွိတဲ႕အစားအေသာက္မ်ား နဲ႕ က်န္းမာေရးနဲ႕ညီညြတ္ေစမႈတုိ႕ဟာ
ဘယ္သူ႕ကုိမွ မထိခုိက္ေစပါဘူး။ ဒါ႕အျပင္ သူ႕ရဲ႕ Diet Food နဲ႕ ေဒသအစားအစာမ်ားဟာ ထိပ္တန္းမွာ
ပ်ံဝဲေနပါတယ္။
.
ေက်းဇူးတင္ရမွာက
ဂ်ပန္ရဲ႕ အဆင္႕ျမင္႕ျမင္႕ တန္ဖိုးနည္း ပညာေရးစံနစ္ပါ။ ဒီက႑မွာ ဂ်ပန္ဟာ ထိပ္ဆံုးမွာ
ရပ္တည္ေနတယ္။
.
ဂ်ပန္ေရာက္ျပည္ပႏုိင္ငံသားတစ္ေယာက္က
“ ဒီမွာ ဂ်ပန္လူမ်ိဳးေတြက အင္မတန္ေဖာ္ေရြၾကတယ္။ အခ်င္းခ်င္းကူညီၾကတယ္။ ဒါေတာင္ အဂၤလိပ္စကားက
သိပ္တတ္တာမဟုတ္ဖူးေနာ္ .. ကြ်န္ေတာ႕ကုိ အျမဲၾကိဳဆိုေနတယ္လို႕ ခံစားရတယ္ ” လို႕ ေျပာျပပါတယ္။
.
.
.
17.. ရုရွား
- Russia
.
ရုရွားမွာေနရင္
ေတာ္ေတာ္ေပ်ာ္စရာေကာင္းမယ္လုိ႕ ထင္စရာရွိတယ္။ သူ႕မွာ ေဖ်ာ္ေျဖေရးအမ်ားၾကီးရွိသလို အလုပ္နဲ႕ဘဝမွ်ေျခ
ေကာင္းမြန္တယ္။ အဓိက ထိပ္ဆံုးကပါဝင္ေနတာက ေပါင္းသင္းဆက္ဆံေရး - Social Life ပါ။ ခ်က္ခ်င္း
သူငယ္ခ်င္းရလိမ္႕မယ္ ( ပထမဦးစားေပးေပါ႕ )။ ေနာက္ထပ္ အေပါင္းအသင္းေတြ အမ်ားၾကီး ရဦးမယ္။
သူရဲ႕ နီနီရဲရဲအသားစိမ္းေတြနဲ႕ အစားအေသာက္ေတြနာမည္ၾကီးသေလာက္ Healthy Diet မွာေတာ႕
အဆင္က ( ၃ဝ ) မွာပဲရွိေနတာ စိတ္မခ်စရာပါ။
.
ေျပာင္းေရႊ႕ေနထုိင္လာသူ
လူသစ္ေတြဟာ အလယ္အလတ္ဝင္ေငြရွိၾကျပီး လက္ထဲရွိေငြဟာ အသံုးစားရိတ္ေတြႏႈတ္ျပီး အသားတင္က်န္ေငြပါ။
ကေလးသူငယ္ေစာင္႕ေရွာက္ေရး နဲ႕ ပညာေရးက ေကာင္းမြန္လွသလို ေစ်းၾကီးတဲ႕အဆင္႕ထဲမွာ ပါဝင္ေနတယ္။
.
ေရ၊ မီး စတဲ႕
သာမန္ လူထုအေျခခံအေဆာက္အဦေတြမွာ ျပသနာေတြရွိတတ္ျပီး နာမည္ဆိုးနဲ႕ေက်ာ္ၾကားတာ ရွရွားႏုိင္ငံပါ။
တစ္ကယ္လို႕ အေမရိကန္ႏိုင္ငံသားတစ္ေယာက္ ေျပာင္းလာေနမယ္ဆုိရင္ အစုိးရနဲ႕ေသာ္၄င္း မီဒီယာသတင္း႒ာနေတြနဲ႕ေသာ္၄င္း
မူမတူလို႕ မၾကာခဏ အျမင္မတူမႈေတြ ရွိလာႏုိင္ပါတယ္။
.
.
.
16.. ဗီယက္နမ္
- Vietnam
.
စီးပြားေရးမွာ
အျမင္႕ဆံုးသတ္မွတ္ခံရတဲ႕ ဗီယက္နမ္ဟာ အသားတင္ဝင္ေငြရရွိမႈေၾကာင္႕ ႏုိင္ငံဂုဏ္ေရာင္ကုိ
လင္းလက္ေတာက္ေျပာင္ေစပါတယ္။ ဒါဟာ ဒုတိယအဆင္႕မွာရွိျပီး ကုန္က်စားရိတ္သက္သာတယ္။ လူထုသြားလာေရး
နဲ႕ ေဖ်ာ္ေျဖေရးစံနစ္ေတြက အဖိုးႏႈန္းခ်ိဳသာတယ္။ သြားလာဆက္သြယ္ေရးယႏၱရား ေျပလည္ေကာင္းမြန္တဲ႕အတြက္
ျပည္တြင္းခရီးသြားလာမႈ လြယ္ကူေစပါတယ္။
.
ေျပာစမွတ္ျပဳၾကတာ
အစားအေသာက္ပါ။ ( ၈၇% ) ေသာ ဗီယက္နမ္သို႕ေျပာင္းေရႊ႕ေနထုိုင္သူေတြနဲ႕ အၾကိဳက္စံႏႈန္းကို
ကမၻာအရပ္ရပ္ကၾကိဳက္ႏွစ္သက္မႈ ( ၇၂% ) နဲ႕ ႏိႈင္းယွဥ္ၾကည္႕ႏုိင္ပါတယ္။ Diet
Food မွာ အဆင္႕ ( ၆ ) ျဖစ္ေနေပမယ္႕ ေဒသႏၱရအစားအေသာက္က အဆင္႕ ( ၃ ) မွာပါ။ ဗီယက္နမ္ဟာ
လူမႈေပါင္းသင္းဆက္ဆံေရးမွာ အဆင္႕ ( ၄ ) ျဖစ္ျပီး မိတ္ဖြဲ႕ျခင္းအတတ္ပညာမွာေတာ႕ ထိပ္ဆံုးကေန
ဗုိလ္စြဲပါတယ္။
.
ဒီႏိုင္ငံမွာလည္း
သူ႕ျပသနာနဲ႕သူ ရွိပါတယ္။ ဘယ္လိုပဲေျပာေျပာ ဒီတုိင္းျပည္ဟာ က်န္းမာေရးေစာင္႕ေရွာက္မႈ
နဲ႕ ကေလးသူငယ္ဘဝတုိးတက္ေရးမွာေတာ႕ ဟုိးေအာက္ဆံုးက ၾကမ္းျပင္နားမွာပဲ ရွိေနတာ သတိထားရမွာပါ။
.
.
.
15.. အာရပ္ေစာ္ဘြားမ်ားႏိုင္ငံ
- United Arab Emirates
.
အသက္ငယ္ငယ္
အဆင္႕ျမင္႕ပညာတတ္ လူငယ္ေလးေတြကို ယူေအအီးႏုိင္ငံက လခေကာင္းေကာင္းေပးျပီး ငွားရမ္းေနဆဲ
ျဖစ္ပါတယ္။ ခ်မ္းသာတဲ႕တုိင္းျပည္ျဖစ္တာနဲ႕အညီ ေကာင္းမြန္တဲ႕အလုပ္အကိုင္ပတ္ဝန္းက်င္
နဲ႕ သန္႕ျပန္႕တဲ႕ေနရာထုိင္ခင္းမ်ိဳးေတြေပးရံုမက ကေလးသူငယ္ေတြကို ပ်ိဳးေထာင္ဖို႕ ေရြးခ်ယ္စရာနည္းလမ္းမ်ားစြာ
ခ်ထားေပးပါတယ္။ ကမၻာမွာအေကာင္းဆံုးေဟာ္တယ္ေတြဆိုတာ ယူေအအီးမွာရွိၾကသလုိ နာမည္ၾကီးေရွာ႕ပင္းေမာေတြလည္း
မ်ားမွမ်ားပါ။
.
တစ္ျခားတစ္ဖက္္မွာ
အေနာက္ကမၻာနဲ႕ကြဲျပားတဲ႕ ယဥ္ေက်းမႈက ရွိေနျပန္ပါတယ္။ အစၥလမ္းမစ္ရိုးရာ နဲ႕ စံျပခံယူခ်က္မ်ားဟာ
တုိင္းျပည္ကုိ ကြန္ဆာေဗးတစ္အေတြးအေခၚဖက္ကို ပိုမိုတြန္းပို႕သကဲ႕သုုိ႕ ရွိပါတယ္။ ဒီထဲကတစ္ခုက
လူအမ်ားေရွ႕မွာ ေပၚေပၚထင္ထင္ေနထုိင္အေရးဆုိျခင္း - Public Conduct တစ္ခု လူေျပာသူေျပာ
မ်ားပါတယ္။
.
ဘာသာစကားအခက္အခဲက
လူမ်ားစြာကို အက်ိဳးသက္ေရာက္ေစသလို လူမႈေပါင္းသင္းဆက္ဆံေရးမွာ ေျပလည္မႈ ရွာမေတြ႕ၾကပါဘူး။
ဒါေပမယ္႕ ဒီေျမဆီလႊာေပၚမွာ လူေတြၾကိတ္ၾကိတ္တိုးျဖစ္ေနတာ စဥ္းစားစရာပါ။
.
.
.
14.. အိုမန္
- Oman
.
ေရနံၾကြယ္ဝႏိုင္ငံမ်ားၾကားမွာ
ညွပ္ေနတဲ႕ အိုမန္ႏိုင္ငံဟာ အိမ္နီးနားခ်င္းေတြထက္စာရင္ အလယ္အလတ္ေရနံထုတ္လုပ္သူအဆင္႕ပါ။
ဒါေပမယ္႕ သူဟာ ထြက္သမွ်ေရနံကို ေကာင္းေကာင္းအသံုးခ်တယ္။ တုိင္းသူျပည္သားေတြကုိ အဲဒီေငြေတြနဲ႕
ျပန္လည္ထူေထာင္ေပးတယ္။
.
စီးပြားေရးေတာင္႕တင္းတယ္။
ျပည္ပႏိုင္ငံသားေတြ လာေရာက္ေနထုိင္လိုၾကတယ္။ ျပည္တြင္းစီးပြားေရးျဖည္႕စြမ္းႏိုင္မႈမွာ
အဆင္႕ ( ၄ ) သတ္မွတ္ခံရျပီး ေနထုိင္သူေတြ စိတ္ေက်နပ္မႈ ရရွိၾကတယ္။
.
ျပည္ပႏိုင္ငံသားသမီးပ်ိဳးေထာင္မႈအဆင္႕မွာ
နိမ္႕ပါးလြန္းလွျပီး အျခားက႑အသီးသီးမွာ ေထြေထြထူးထူးေျပာျပစရာမရွိပဲ အလယ္အလတ္ နဲ႕ ေအာက္ေျခအဆင္႕အတန္းမွာပဲ
ရွိေနတဲ႕ အိုမန္ ပါ။
.
.
.
13.. ကထား
- Qatar
.
ေနရာခ်ထားေရး၊
ေဖ်ာ္ေျဖေရး၊ ေဒသစီးပြားေရးလူသံုးကုန္ဆုိင္မ်ား၊ ေစ်းမ်ား နဲ႕ မိတ္ေဆြသဂၤဟဖြဲ႕ႏိုင္မႈတုိ႕မွာ
နိမ္႕ပါးတဲ႕အဆင္႕မွာရွိေနေသာ္ျငားလည္း စီးပြားေရးအထြဋ္အထိပ္ေရာက္ ကထားႏိုင္ငံျဖစ္ပါတယ္။
.
ႏိုင္ငံဘတ္ဂ်က္ၾကြယ္ဝခ်မ္းသာမႈေၾကာင္႕
ကမၻာ႕အခ်မ္းသာဆံုးျဖစ္ေနတဲ႕ ကထားႏိုင္ငံဟာ အသြင္ကူးေျပာင္းေရးတုိင္းျပည္တစ္ခုပါ။ အိမ္ေဖာ္ထားခြင္႕ရွိျခင္း
နဲ႕ ၾကယ္ ( ၅ ) ပြင္႕ အဆင္႕ျမင္႕ေဟာ္တယ္ေတြေၾကာင္႕ ႏိုင္ငံသားေတြ ေက်နပ္ဂုဏ္ယူၾကသလို
အေျခခံအေဆာက္အဦလုိအပ္ခ်က္ေတြမ်ားျပားျပီး ဆင္းရဲခ်မ္းသာကြာဟမႈကြက္လပ္ ၾကီးမားပါတယ္။
.
ကထားႏုိင္ငံဟာ
HSBC ရဲ႕ ့ျပည္ပႏိုင္ငံသားသမီးပ်ိဳးေထာင္မႈမွာ အဆင္႕ ( ၂၁ ) ခ်ိတ္ျပီး The
Telegraph သတင္းစားၾကီးကေတာ႕ ကထားႏိုင္ငံရဲ႕ကေလးေတြဟာ အိုးမကြာအိမ္မကြာ အဆင္႕ျမင္႕ေက်ာင္းေတြက
ပညာေတြကို သင္ယူျပီးေျမာက္တယ္လုိ႕ ဆိုထားပါတယ္။
.
မွတ္ခ်က္။
………. ။ ကာတာႏုိင္ငံကုိ အသံထြက္အမွန္အရ “ ကထား ” ဟု ေျပာင္းလဲသံုးစြဲေရးသားပါသည္။ (
ေဆာင္းပါးရွင္ )
.
.
.
12.. ၾသစေတးလ်
- Australia
.
ၾသစေတးလ်ဟာ
သူ႕ႏုိင္ငံထဲေရာက္လာျပီးတဲ႕ႏုိ္င္ငံျခားသားကုိ ျပန္ထြက္မသြားခ်င္ေလာက္ေအာင္ အရည္အေသြးေကာင္းမြန္တဲ႕လူေနမႈစံနစ္ကို
ျဖည္႕စြမ္းေပးတယ္လုိ႕ HSBC က သံုးသပ္ပါတယ္။
.
ယဥ္ေက်းမႈသြတ္သြင္းျခင္း၊
အစားအေသာက္၊ ေဖ်ာ္ေျဖေရး၊ ရာသီဥတု နဲ႕ လက္ေတြ႕လုပ္ေဆာင္ႏိုင္မႈတုိ႕မွာ တုိင္းျပည္ၾကီးအဆင္႕နဲ႕ဆို
နိမ္႕ပါးတယ္လို႕ သံုးသပ္ရပါတယ္။ လူထုသြားလာမႈအၾကပ္အတည္း နဲ႕ ကေလးသူငယ္ေစာင္႕ေရွာက္မႈအရည္အေသြးေတြေၾကာင္႕
ၾသစေတးလ်ဟာ လွမလိုလိုနဲ႕ က်သြားရတာပါ။
.
.
.
11.. ကေနဒါ
- Canada
.
ယဥ္ေက်းမႈအသစ္ကို
တြင္းတြင္းပပတုိးဝင္ခ်င္သူ ႏိုင္ငံျခားသားမ်ားအတြက္က ကေနဒါဟာ အေကာင္းဆံုး ေရခံေျမခံ
တစ္ခုပါ။ တမဟုတ္ခ်င္း ကေနဒီယမ္ေတြလုိ အသြင္ေျပာင္းေနထုိင္ႏိုင္ၾကတဲ႕ ႏိုင္ငံျခားသား
( ၇၆% ) က ဒီႏိုင္ငံမွာ မိတ္ေဆြဖြဲ႕ရတာ လြယ္ကူတယ္လုိ႕ ရင္ဖြင္႕ၾကပါတယ္။
.
အိမ္ငွား၊
အိမ္ဝယ္၊ ဘဝအဆင္႕အတန္း နဲ႕ ပတ္ဝန္းက်င္ေဂဟစံနစ္ေတြဟာ အျမင္႕ဆံုးအဆင္႕မွာ ရွိပါတယ္။
.
နည္းနည္းအေျပာခံရတဲ႕
အလုပ္ နဲ႕ ဘဝ၊ ဘဝ နဲ႕ လူမႈဆက္ဆံေရးမညီမွ်မႈေတြ ရွိေတာ႕ရွိတယ္ .. ဒါပမယ္႕ .. ပါးပါးေလးပါ။
ဒါေပမယ္႕ ကေလးေတြ အဆင္႕ျမင္႕ေက်ာင္းတက္ျပီး တန္းမီတဲ႕က်န္းမာေရးေစာင္႕ေရွုာက္မႈေတြကို
ရႏုိင္ေသးတာမုိ႕ အားလပ္ခ်ိန္ေတြမွာ စိတ္ေျဖသာၾကပါတယ္။
.
“ ကေနဒါ ဟာ
ယဥ္ေက်းမႈေပါင္းစံုတဲ႕တိုင္းျပည္တစ္ခုျဖစ္တယ္။ ပြင္႕လင္းတယ္ .. လြတ္လပ္တယ္။ လက္ခံလြယ္တယ္္။
သူတစ္ပါးကို သည္းခံေပးတတ္တယ္။ ဒါေပမယ္႕ ကိုယ္ေရးကိုယ္တာကုိေတာ႕ မေပါက္ၾကားေစရဘူး ”
လုိ႕ ေျပာင္းေရႊ႕ေနထိုင္သူ ႏိုင္ငံျခားသားတစ္ေယာက္က HSBC ကို မွတ္ခ်က္ေပးထားပါတယ္။
.
.
.
10.. ေဟာင္ေကာင္
- Hong Kong
.
မၾကာေသးခင္က
သပိတ္ေမွာက္ ဆႏၵျပမႈကို ထည္႕မတြက္ဘူးဆိုရင္ ေဟာင္ေကာင္ဟာ ကိုယ္ပိုင္ေငြေၾကး နဲ႕ ကိုယ္ပိုင္ဥပေဒျပ႒ာန္းျပီး
မိခင္တရုတ္ျပည္မၾကီးကေန ခြဲထြက္ႏိုင္တဲ႕ သီးသန္႕ လြတ္လပ္တဲ႕ႏိုင္ငံတစ္ခု လုိ ျဖစ္ေနပါတယ္။
သြားေရာက္အေျခခ်သူေတြဟာ လခေကာင္းေကာင္းရဖို႕နဲ႕ အေျခခံက်တဲ႕ လုပ္ခလစာေတြကို မက္ေမာၾကတယ္။
.
ဒီထက္ပိုသိသာေစတာက
ဧည္႕သည္ေတြဟာ လူမႈအေငြ႕အသက္ နဲ႕ ေဒသတစ္လႊားကို ခရီးသြား လည္ပတ္ခ်င္ၾကတယ္။
.
ေဟာင္ေကာင္ေရာက္ရင္
အေမ႕အိမ္ထက္ ပိုမိုက်ဥ္းေျမာင္းတဲ႕ေနရာမွာ ေနရမယ္ဆုိတာ ေျပာင္းေရႊ႕ေနထိုင္သူေတြ က်င္႕သားရေနၾကပါျပီ။
ဘယ္လုိပဲျဖစ္ျဖစ္ ဒီလို ေစ်းခပ္ၾကီးၾကီးတိုက္ခန္းေလးက်ဥ္းေလးေတြ ေသးငယ္လြန္းသေလာက္
ကမၻာေပၚမွာ လူဦးေရအထူထပ္ဆံုး ျမိဳ႕ျပသရုပ္ကို အပီအျပင္ လွစ္ဟျပေနတာ ေဟာင္ေကာင္ကြ်န္းႏိုင္ငံ
ပါ။
.
ၾကည္႕ရတာ
ျပည္ပလုပ္သားေတြဟာ ေလ်ာ႕က်နိမ္႕ပါးတဲ႕ အလုပ္နဲ႕ဘဝမွ်ေျခကို စေတးခံျပီး ေဟာင္ေကာင္မွာ
အေသအလုပ္လုပ္ေနၾကပံုပါပဲ။
.
.
.
အပိုင္း ၂။
ဆက္ပါမည္။
.
koko2yeye@gmail.com
.
.
Unicode Version:
.
.
“ ပြည်ပထွက်နေထိုင်ဖို့အကောင်းဆုံးဒေသ ( ၂ဝ ) အပိုင်း ၁။ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်ဟောင်းမှာ စိတ်ပြောင်းနေပြီလား? ရေကြည်ရာမြက်နုရာ နေရာသစ်တစ်ခု ရှာနေပြီလား? သင်ကျင်လည်ကျက်စားရာနေရာကနေ ပိုမိုစိမ်းလန်းစိုပြေပြီး တောတောင်ရေမြေပေါများတဲ့ ပထဝီသဘာဝတွေ အများကြီးထဲက အကောင်းဆုံးရွေးချယ်နိုင်ဖို့ဆိုတာ အခက်အခဲရှိစမြဲပါ။
.
ကောင်းပေ့ဆိုတာကို တစ်ချက်တည်း ရွေးချယ်နိုင်ဖို့က တော်တော်ရှုတ်ထွေးတဲ့အလုပ်ကြီးပါ။ အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ခလစာ၊ လူနေမှုအဆင့်အတန်း၊ ဘေးကင်းလုံခြုံမှု နဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ စတဲ့ အချက်တွေပေါ်မှာ တည်ပြီး စဉ်းစားရပါမယ်။ ဟောင်ကောင် နှင့် ရှန်ဟိုင်း စီးပွားရေးကော်ပိုရေးရှင်း ( ဘဏ် ) – HSBC ရဲ့ နှစ်ချုပ်ပြည်ပနေထိုင်မှုစစ်တမ်းမှာ စာရင်းတစ်ခု တင်သွင်းလာတာကို တင်ပြလိုပါတယ်။
.
ဒီစာရင်းအရ လုပ်ငန်းအတွေ့အကြုံ၊ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှု၊ မိမိသားသမီးကို ပြည်ပကျောင်းတက်နိုင်ရန်လွယ်ကူစေမှု ဆိုပြီး ကဏ္ဍငယ်လေးတွေ ခွဲပြီး အသေးစိတ် တင်ပြထားပါသေးတယ်။ BI သတင်းစာကြီးက အဲဒီစာရင်းထဲက ပထမ ( ၂ဝ ) စာရင်းကို ကူးယူထုတ်ပြန်ထားပြီး စာဖတ်သူအနေနဲ့ ကိုယ့်စိတ်ကြိုက်ကိုယ် အရေးကြီးသလို အနေအထားပြောင်းလဲစဉ်းစားပါလို့ အကြံပေးထားပါတယ်။ အဆိုပါစာရင်းကို နောက်ကနေ စီစဉ်ပြသရရင် ..
.
.
20.. ဘယ်လ်ဂျီယံ - Belgium
.
သားသမီးကျောင်းထားရန်၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဘာသာစကားအသစ်သင်ယူဖို့ ဘယ်လ်ဂျီယံနိုင်ငံ ကို အဆင့်မြင့်မြင့်တစ်ခုမှာ သတ်မှတ်ထားပါတယ်။ တိုင်းပြည်ရဲ့ အထွေထွေနေထိုင်မှုအတွေ့အကြုံ နဲ့ စီးပွားရေးကဏ္ဍတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် အားကစား နဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရမယ့်အစားအစာတွေမှာတော့ အားနည်းပါတယ်။ သို့သော်လည်း သင်ဟာ ဘီယာ၊ ချော့ကလက် နဲ့ ဝါဖယ်မုန့် - Waffles ကြိုက်ရင်တော့ အပြစ်မဆိုသာပါဘူး။
.
.
.
19.. မလေးရှား - Malaysia
.
စွန့်စားမှုကြိုက်တဲ့ပြည်ပနေထိုင်သူများဟာ မလေးရှားနိုင်ငံကို နှစ်သက်ကြတာ တွေ့ရတယ်။ “ စိမ်ခေါ်မှုအသစ် ” တွေကြောင့် ဒီနိုင်ငံကိုပြောင်းရွှေ့နေထိုင်ချင်တယ်လို့ ( ၄၉% ) သော န်ိုင်ငံခြားသားတွေက HSBC ကို ပြောပြကြတယ်။
.
သူတို့ဟာ ဒေသဘာသာစကားကို နှစ်သက်တယ်။ နေရာအနှံ့ ခရီးတွေထပ်ခါထပ်ခါ ထွက်ချင်တယ်။ မလေးရှားရဲ့ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုကို လေ့လာချင်ကြတယ်။
.
မလေးရှားမှာ ဈေးသက်သာပြီး အဆင့်မြင့်တဲ့ သက်တောင့်သက်သာနေထိုင်နိုင်မှုတွေရှိတယ်။ လူတွေ အဓိကသွားချင်တာက ဒေသလူသုံးကုန်စုံဆိုင်တွေနဲ့ ဈေးကြီးတွေပါပဲ။
.
အမှန်က ဒီတိုင်းပြည်ဟာ စီးပွားရေးအရ အလယ်အလတ်တန်းစားအဆင့်သာရှိပါတယ်။ သို့သော်လည်း ပညာရေးကောင်းတယ် .. ဒါပေမယ့် ဈေးကတော့ ရှယ်ပဲ။ ကလေးသူငယ်ပျိုးထောင်စောင့်ရောက်ရေးက သိပ်အကောင်းကြီးထဲမှာ မပါပါဘူး။
.
.
.
18.. ဂျပန် - Japan
.
ရပ်တန့်နေတဲ့ ပြည်တွင်းစီးပွားရေးကြောင့် အဆင့်ခပ်မြင့်မြင့်မချိတ်ပေမယ့် ပြိုက်ဖက်မရှိတဲ့ နီပွန်ကျန်းမာရေးစောင့်ရှောက်ရေး၊ လွယ်ကူစွာရွေးချယ်နိုင်သော ခရီးသွားလာမှု နဲ့ ဒေသန္တရယဉ်ကျေးမှုတွေနဲ့ ခပ်တည်းတည်းလေး ထိန်းထားနိုင်ပါတယ်။ ဂျပန်ရဲ့အရသာရှိတဲ့အစားအသောက်များ နဲ့ ကျန်းမာရေးနဲ့ညီညွတ်စေမှုတို့ဟာ ဘယ်သူ့ကိုမှ မထိခိုက်စေပါဘူး။ ဒါ့အပြင် သူ့ရဲ့ Diet Food နဲ့ ဒေသအစားအစာများဟာ ထိပ်တန်းမှာ ပျံဝဲနေပါတယ်။
.
ကျေးဇူးတင်ရမှာက ဂျပန်ရဲ့ အဆင့်မြင့်မြင့် တန်ဖိုးနည်း ပညာရေးစံနစ်ပါ။ ဒီကဏ္ဍမှာ ဂျပန်ဟာ ထိပ်ဆုံးမှာ ရပ်တည်နေတယ်။
.
ဂျပန်ရောက်ပြည်ပနိုင်ငံသားတစ်ယောက်က “ ဒီမှာ ဂျပန်လူမျိုးတွေက အင်မတန်ဖော်ရွေကြတယ်။ အချင်းချင်းကူညီကြတယ်။ ဒါတောင် အင်္ဂလိပ်စကားက သိပ်တတ်တာမဟုတ်ဖူးနော် .. ကျွန်တော့ကို အမြဲကြိုဆိုနေတယ်လို့ ခံစားရတယ် ” လို့ ပြောပြပါတယ်။
.
.
.
17.. ရုရှား - Russia
.
ရုရှားမှာနေရင် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်စရာရှိတယ်။ သူ့မှာ ဖျော်ဖြေရေးအများကြီးရှိသလို အလုပ်နဲ့ဘဝမျှခြေ ကောင်းမွန်တယ်။ အဓိက ထိပ်ဆုံးကပါဝင်နေတာက ပေါင်းသင်းဆက်ဆံရေး - Social Life ပါ။ ချက်ချင်း သူငယ်ချင်းရလိမ့်မယ် ( ပထမဦးစားပေးပေါ့ )။ နောက်ထပ် အပေါင်းအသင်းတွေ အများကြီး ရဦးမယ်။ သူရဲ့ နီနီရဲရဲအသားစိမ်းတွေနဲ့ အစားအသောက်တွေနာမည်ကြီးသလောက် Healthy Diet မှာတော့ အဆင်က ( ၃ဝ ) မှာပဲရှိနေတာ စိတ်မချစရာပါ။
.
ပြောင်းရွှေ့နေထိုင်လာသူ လူသစ်တွေဟာ အလယ်အလတ်ဝင်ငွေရှိကြပြီး လက်ထဲရှိငွေဟာ အသုံးစားရိတ်တွေနှုတ်ပြီး အသားတင်ကျန်ငွေပါ။ ကလေးသူငယ်စောင့်ရှောက်ရေး နဲ့ ပညာရေးက ကောင်းမွန်လှသလို ဈေးကြီးတဲ့အဆင့်ထဲမှာ ပါဝင်နေတယ်။
.
ရေ၊ မီး စတဲ့ သာမန် လူထုအခြေခံအဆောက်အဦတွေမှာ ပြသနာတွေရှိတတ်ပြီး နာမည်ဆိုးနဲ့ကျော်ကြားတာ ရှရှားနိုင်ငံပါ။ တစ်ကယ်လို့ အမေရိကန်နိုင်ငံသားတစ်ယောက် ပြောင်းလာနေမယ်ဆိုရင် အစိုးရနဲ့သော်၎င်း မီဒီယာသတင်းဋ္ဌာနတွေနဲ့သော်၎င်း မူမတူလို့ မကြာခဏ အမြင်မတူမှုတွေ ရှိလာနိုင်ပါတယ်။
.
.
.
16.. ဗီယက်နမ် - Vietnam
.
စီးပွားရေးမှာ အမြင့်ဆုံးသတ်မှတ်ခံရတဲ့ ဗီယက်နမ်ဟာ အသားတင်ဝင်ငွေရရှိမှုကြောင့် နိုင်ငံဂုဏ်ရောင်ကို လင်းလက်တောက်ပြောင်စေပါတယ်။ ဒါဟာ ဒုတိယအဆင့်မှာရှိပြီး ကုန်ကျစားရိတ်သက်သာတယ်။ လူထုသွားလာရေး နဲ့ ဖျော်ဖြေရေးစံနစ်တွေက အဖိုးနှုန်းချိုသာတယ်။ သွားလာဆက်သွယ်ရေးယန္တရား ပြေလည်ကောင်းမွန်တဲ့အတွက် ပြည်တွင်းခရီးသွားလာမှု လွယ်ကူစေပါတယ်။
.
ပြောစမှတ်ပြုကြတာ အစားအသောက်ပါ။ ( ၈၇% ) သော ဗီယက်နမ်သို့ပြောင်းရွှေ့နေထိုင်သူတွေနဲ့ အကြိုက်စံနှုန်းကို ကမ္ဘာအရပ်ရပ်ကကြိုက်နှစ်သက်မှု ( ၇၂% ) နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ Diet Food မှာ အဆင့် ( ၆ ) ဖြစ်နေပေမယ့် ဒေသန္တရအစားအသောက်က အဆင့် ( ၃ ) မှာပါ။ ဗီယက်နမ်ဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အဆင့် ( ၄ ) ဖြစ်ပြီး မိတ်ဖွဲ့ခြင်းအတတ်ပညာမှာတော့ ထိပ်ဆုံးကနေ ဗိုလ်စွဲပါတယ်။
.
ဒီနိုင်ငံမှာလည်း သူ့ပြသနာနဲ့သူ ရှိပါတယ်။ ဘယ်လိုပဲပြောပြော ဒီတိုင်းပြည်ဟာ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ကလေးသူငယ်ဘဝတိုးတက်ရေးမှာတော့ ဟိုးအောက်ဆုံးက ကြမ်းပြင်နားမှာပဲ ရှိနေတာ သတိထားရမှာပါ။
.
.
.
15.. အာရပ်စော်ဘွားများနိုင်ငံ - United Arab Emirates
.
အသက်ငယ်ငယ် အဆင့်မြင့်ပညာတတ် လူငယ်လေးတွေကို ယူအေအီးနိုင်ငံက လခကောင်းကောင်းပေးပြီး ငှားရမ်းနေဆဲ ဖြစ်ပါတယ်။ ချမ်းသာတဲ့တိုင်းပြည်ဖြစ်တာနဲ့အညီ ကောင်းမွန်တဲ့အလုပ်အကိုင်ပတ်ဝန်းကျင် နဲ့ သန့်ပြန့်တဲ့နေရာထိုင်ခင်းမျိုးတွေပေးရုံမက ကလေးသူငယ်တွေကို ပျိုးထောင်ဖို့ ရွေးချယ်စရာနည်းလမ်းများစွာ ချထားပေးပါတယ်။ ကမ္ဘာမှာအကောင်းဆုံးဟော်တယ်တွေဆိုတာ ယူအေအီးမှာရှိကြသလို နာမည်ကြီးရှော့ပင်းမောတွေလည်း များမှများပါ။
.
တစ်ခြားတစ်ဖက်မှာ အနောက်ကမ္ဘာနဲ့ကွဲပြားတဲ့ ယဉ်ကျေးမှုက ရှိနေပြန်ပါတယ်။ အစ္စလမ်းမစ်ရိုးရာ နဲ့ စံပြခံယူချက်များဟာ တိုင်းပြည်ကို ကွန်ဆာဗေးတစ်အတွေးအခေါ်ဖက်ကို ပိုမိုတွန်းပို့သကဲ့သို့ ရှိပါတယ်။ ဒီထဲကတစ်ခုက လူအများရှေ့မှာ ပေါ်ပေါ်ထင်ထင်နေထိုင်အရေးဆိုခြင်း - Public Conduct တစ်ခု လူပြောသူပြော များပါတယ်။
.
ဘာသာစကားအခက်အခဲက လူများစွာကို အကျိုးသက်ရောက်စေသလို လူမှုပေါင်းသင်းဆက်ဆံရေးမှာ ပြေလည်မှု ရှာမတွေ့ကြပါဘူး။ ဒါပေမယ့် ဒီမြေဆီလွှာပေါ်မှာ လူတွေကြိတ်ကြိတ်တိုးဖြစ်နေတာ စဉ်းစားစရာပါ။
.
.
.
14.. အိုမန် - Oman
.
ရေနံကြွယ်ဝနိုင်ငံများကြားမှာ ညှပ်နေတဲ့ အိုမန်နိုင်ငံဟာ အိမ်နီးနားချင်းတွေထက်စာရင် အလယ်အလတ်ရေနံထုတ်လုပ်သူအဆင့်ပါ။ ဒါပေမယ့် သူဟာ ထွက်သမျှရေနံကို ကောင်းကောင်းအသုံးချတယ်။ တိုင်းသူပြည်သားတွေကို အဲဒီငွေတွေနဲ့ ပြန်လည်ထူထောင်ပေးတယ်။
.
စီးပွားရေးတောင့်တင်းတယ်။ ပြည်ပနိုင်ငံသားတွေ လာရောက်နေထိုင်လိုကြတယ်။ ပြည်တွင်းစီးပွားရေးဖြည့်စွမ်းနိုင်မှုမှာ အဆင့် ( ၄ ) သတ်မှတ်ခံရပြီး နေထိုင်သူတွေ စိတ်ကျေနပ်မှု ရရှိကြတယ်။
.
ပြည်ပနိုင်ငံသားသမီးပျိုးထောင်မှုအဆင့်မှာ နိမ့်ပါးလွန်းလှပြီး အခြားကဏ္ဍအသီးသီးမှာ ထွေထွေထူးထူးပြောပြစရာမရှိပဲ အလယ်အလတ် နဲ့ အောက်ခြေအဆင့်အတန်းမှာပဲ ရှိနေတဲ့ အိုမန် ပါ။
.
.
.
13.. ကထား - Qatar
.
နေရာချထားရေး၊ ဖျော်ဖြေရေး၊ ဒေသစီးပွားရေးလူသုံးကုန်ဆိုင်များ၊ ဈေးများ နဲ့ မိတ်ဆွေသင်္ဂဟဖွဲ့နိုင်မှုတို့မှာ နိမ့်ပါးတဲ့အဆင့်မှာရှိနေသော်ငြားလည်း စီးပွားရေးအထွဋ်အထိပ်ရောက် ကထားနိုင်ငံဖြစ်ပါတယ်။
.
နိုင်ငံဘတ်ဂျက်ကြွယ်ဝချမ်းသာမှုကြောင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေတဲ့ ကထားနိုင်ငံဟာ အသွင်ကူးပြောင်းရေးတိုင်းပြည်တစ်ခုပါ။ အိမ်ဖော်ထားခွင့်ရှိခြင်း နဲ့ ကြယ် ( ၅ ) ပွင့် အဆင့်မြင့်ဟော်တယ်တွေကြောင့် နိုင်ငံသားတွေ ကျေနပ်ဂုဏ်ယူကြသလို အခြေခံအဆောက်အဦလိုအပ်ချက်တွေများပြားပြီး ဆင်းရဲချမ်းသာကွာဟမှုကွက်လပ် ကြီးမားပါတယ်။
.
ကထားနိုင်ငံဟာ HSBC ရဲ့ပြည်ပနိုင်ငံသားသမီးပျိုးထောင်မှုမှာ အဆင့် ( ၂၁ ) ချိတ်ပြီး The Telegraph သတင်းစားကြီးကတော့ ကထားနိုင်ငံရဲ့ကလေးတွေဟာ အိုးမကွာအိမ်မကွာ အဆင့်မြင့်ကျောင်းတွေက ပညာတွေကို သင်ယူပြီးမြောက်တယ်လို့ ဆိုထားပါတယ်။
.
မှတ်ချက်။ ………. ။ ကာတာနိုင်ငံကို အသံထွက်အမှန်အရ “ ကထား ” ဟု ပြောင်းလဲသုံးစွဲရေးသားပါသည်။ ( ဆောင်းပါးရှင် )
.
.
.
12.. ဩစတေးလျ - Australia
.
ဩစတေးလျဟာ သူ့နိုင်ငံထဲရောက်လာပြီးတဲ့န်ိုင်ငံခြားသားကို ပြန်ထွက်မသွားချင်လောက်အောင် အရည်အသွေးကောင်းမွန်တဲ့လူနေမှုစံနစ်ကို ဖြည့်စွမ်းပေးတယ်လို့ HSBC က သုံးသပ်ပါတယ်။
.
ယဉ်ကျေးမှုသွတ်သွင်းခြင်း၊ အစားအသောက်၊ ဖျော်ဖြေရေး၊ ရာသီဥတု နဲ့ လက်တွေ့လုပ်ဆောင်နိုင်မှုတို့မှာ တိုင်းပြည်ကြီးအဆင့်နဲ့ဆို နိမ့်ပါးတယ်လို့ သုံးသပ်ရပါတယ်။ လူထုသွားလာမှုအကြပ်အတည်း နဲ့ ကလေးသူငယ်စောင့်ရှောက်မှုအရည်အသွေးတွေကြောင့် ဩစတေးလျဟာ လှမလိုလိုနဲ့ ကျသွားရတာပါ။
.
.
.
11.. ကနေဒါ - Canada
.
ယဉ်ကျေးမှုအသစ်ကို တွင်းတွင်းပပတိုးဝင်ချင်သူ နိုင်ငံခြားသားများအတွက်က ကနေဒါဟာ အကောင်းဆုံး ရေခံမြေခံ တစ်ခုပါ။ တမဟုတ်ချင်း ကနေဒီယမ်တွေလို အသွင်ပြောင်းနေထိုင်နိုင်ကြတဲ့ နိုင်ငံခြားသား ( ၇၆% ) က ဒီနိုင်ငံမှာ မိတ်ဆွေဖွဲ့ရတာ လွယ်ကူတယ်လို့ ရင်ဖွင့်ကြပါတယ်။
.
အိမ်ငှား၊ အိမ်ဝယ်၊ ဘဝအဆင့်အတန်း နဲ့ ပတ်ဝန်းကျင်ဂေဟစံနစ်တွေဟာ အမြင့်ဆုံးအဆင့်မှာ ရှိပါတယ်။
.
နည်းနည်းအပြောခံရတဲ့ အလုပ် နဲ့ ဘဝ၊ ဘဝ နဲ့ လူမှုဆက်ဆံရေးမညီမျှမှုတွေ ရှိတော့ရှိတယ် .. ဒါပမယ့် .. ပါးပါးလေးပါ။ ဒါပေမယ့် ကလေးတွေ အဆင့်မြင့်ကျောင်းတက်ပြီး တန်းမီတဲ့ကျန်းမာရေးစောင့်ရှေုာက်မှုတွေကို ရနိုင်သေးတာမို့ အားလပ်ချိန်တွေမှာ စိတ်ဖြေသာကြပါတယ်။
.
“ ကနေဒါ ဟာ ယဉ်ကျေးမှုပေါင်းစုံတဲ့တိုင်းပြည်တစ်ခုဖြစ်တယ်။ ပွင့်လင်းတယ် .. လွတ်လပ်တယ်။ လက်ခံလွယ်တယ်။ သူတစ်ပါးကို သည်းခံပေးတတ်တယ်။ ဒါပေမယ့် ကိုယ်ရေးကိုယ်တာကိုတော့ မပေါက်ကြားစေရဘူး ” လို့ ပြောင်းရွှေ့နေထိုင်သူ နိုင်ငံခြားသားတစ်ယောက်က HSBC ကို မှတ်ချက်ပေးထားပါတယ်။
.
.
.
10.. ဟောင်ကောင် - Hong Kong
.
မကြာသေးခင်က သပိတ်မှောက် ဆန္ဒပြမှုကို ထည့်မတွက်ဘူးဆိုရင် ဟောင်ကောင်ဟာ ကိုယ်ပိုင်ငွေကြေး နဲ့ ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းပြီး မိခင်တရုတ်ပြည်မကြီးကနေ ခွဲထွက်နိုင်တဲ့ သီးသန့် လွတ်လပ်တဲ့နိုင်ငံတစ်ခု လို ဖြစ်နေပါတယ်။ သွားရောက်အခြေချသူတွေဟာ လခကောင်းကောင်းရဖို့နဲ့ အခြေခံကျတဲ့ လုပ်ခလစာတွေကို မက်မောကြတယ်။
.
ဒီထက်ပိုသိသာစေတာက ဧည့်သည်တွေဟာ လူမှုအငွေ့အသက် နဲ့ ဒေသတစ်လွှားကို ခရီးသွား လည်ပတ်ချင်ကြတယ်။
.
ဟောင်ကောင်ရောက်ရင် အမေ့အိမ်ထက် ပိုမိုကျဉ်းမြောင်းတဲ့နေရာမှာ နေရမယ်ဆိုတာ ပြောင်းရွှေ့နေထိုင်သူတွေ ကျင့်သားရနေကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ဈေးခပ်ကြီးကြီးတိုက်ခန်းလေးကျဉ်းလေးတွေ သေးငယ်လွန်းသလောက် ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံး မြို့ပြသရုပ်ကို အပီအပြင် လှစ်ဟပြနေတာ ဟောင်ကောင်ကျွန်းနိုင်ငံ ပါ။
.
ကြည့်ရတာ ပြည်ပလုပ်သားတွေဟာ လျော့ကျနိမ့်ပါးတဲ့ အလုပ်နဲ့ဘဝမျှခြေကို စတေးခံပြီး ဟောင်ကောင်မှာ အသေအလုပ်လုပ်နေကြပုံပါပဲ။
.
.
koko2yeye@gmail.com
.
.
“ ျပည္ပထြက္ေနထုိင္ဖို႕အေကာင္းဆံုးေဒသ ( ၂ဝ ) အပိုင္း ၁။ ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇြန္လ ( ၂၅ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၄ဝ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။

No comments:
Post a Comment