Friday, October 10, 2014

တစ်ခေတ်ဆန်းလာမည့် Tesla Model D

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
Tesla မော်တော်ကားကုမ္ပဏီဟာ ကားမော်ဒယ်အသစ် Tesla D ကို အောက်တိုဘာလ ( ၉ ) ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။ အပြင်ပန်းကြည့်လိုက်ရင်တော့ ယခင်ရောင်းပန်းလှ Model S နဲ့ အမြင်တူနေမှာဖြစ်ပြီး D Model က မော်တာ ( ၂ ) လုံး နဲ့ မောင်းနှင်ပြီး အံ့မခန်းအမြန်နှုန်းနဲ့ မောင်းနှင်တယ်လို့ ညွှန်းဆိုထားပါတယ်။ Model S ကားအကြောင်းသိဖူးထားသူအတွက် အမြင်မထူးနိုင်လှပေမယ့် D Model ဟာ ပါဝါကြီးတဲ့ ( ၄) ဘီးမောင်း All Wheel Drive ဖြစ်ပါတယ်။
.
ထခုန်ဖို့ ဂီယာကြီးဟာ အလွန်အားကောင်းပြီး အမြန်မောင်းတဲ့ ဂီယာဟာလည်း အလွန်ခြေပေါ့တယ်လို့ ရှင်းပြပါတယ်။ ဒီလို အသွင်နှုန်း အမြန်နှုန်းတွေ မြင့်လာပေမယ့် ဂီယာဘောက်အရွယ်အစားကိုတော့ ဆိုဒ်ကြီးမထားပါဘူး။ ဒီလောက်တင်မကသေးပါဘူး .. အသစ်ထွင်လိုက်တဲ့ အော်တိုယာဉ်မောင်းစံနစ် - Autopilot မှာ ကား Speed ကို ချိန်ပေးတဲ့ Cruise Control ကို အဆင့်မြင့်ထားတဲ့ စံနစ်သစ်တစ်ခု ထည့်ထားပါတယ်။

.
.
.
.
Autopilot စံနစ်သုံးမယ်ဆိုရင် ကားဟာ လမ်းဘေးက သတ်မှတ်မိုင်နှုန်း ဆိုင်းဘုဒ်တွေကို အလိုအလျောက်ဖတ်သွားမှာဖြစ်သလို အကွေ့လမ်းတွေကို ယာဉ်မောင်းဟာ လက်လွှတ်ပြီးကွေ့နိုင်မှာဖြစ်တယ်။ လမ်းပေါ်မှာဆွဲထားတဲ့ အဖြူလမ်းကြောင်းကိုထောက်လှမ်းပြီး အလိုအလျောက်မောင်းနှင်ရုံမက လမ်းပြင်နေတဲ့ အဆီးအတားမျိုးတွေရင်လည်း ကားထဲက ဆင်ဆာ က သိနေပါတယ်။ Google Driverless Car လို မောင်းသူမပါတဲ့ပုံစံတော့ မဟုတ်ပါ။
.
ကားရှေ့မှာ သေးငယ်တဲ့အနှောင့်အယှက် ဖြစ်ဖြစ်၊ လမ်းကူးသူ ကလေးအရွယ်၊ ခွေးအရွယ်ပဲဖြစ်ဖြစ် သိနိုင်စွမ်းပြီး ကွန်ပျူတာ ရေဒါအမြင်က ( ၃၆ဝ ) ဒီဂရီထောက်လှမ်းတွက်ချက်နေမှာဖြစ်လို့ လိုအပ်သလို ဘရိတ်အုပ်ပြီး ကားကို အရှိန်လျှော့ ရပ်တန့်စေမှာဖြစ်တယ်။

.
.
.
.
CEO Elon Musk ဟာ ကားပြပွဲမှာ ဂျာနယ်လစ်တွေကို ကားပေါ်တင်ပြီး သတင်းယူနိုင်ဖို့စီစဉ်ပေးခဲ့တယ်။ အီတလီိမိတ် လမ်ဘိုဂီးနီ နဲ့ ပြင်သစ်မိတ် ဘူဂါးတီ တို့ စံချိန်ကိုချိုးပြီး မိုင် ( ၆ဝ ) အရှိန်ကို ( ၃.၂ ) စက္ကန့်အတွင်း ခုန်ထစေမှာဖြစ်တယ်။ ( ၃၈ ) စက္ကန့်အကြာ သရုပ်ပြမောင်းနှင်သူက Autopilot ဖွင့်လိုက်တဲ့အချိန် D ကားရဲ့စွမ်းဆောင်ရည်ကို တွေ့လိုက်ရတဲ့ ဂျာနယ်လစ်တွေ အသက်ရှူမှားသွားခဲ့ကြတယ်။
.
ခေတ်လူငယ် လူကြီးမရွေးကြိုက်နှစ်သက်တဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး လူလုံးဝမပါတဲ့ ကားမျိုးမဟုတ်ပါ။ ကိုယ့်အိမ်ရဲ့ ကားဂိုဒေါင်ထဲကို အလိုအလျောက် ပါကင်ထိုးစေချင်ရင် ရသလို အလိုအလျောက်အိမ်ရှေ့မောင်းထွက်လာဖို့ စေခိုင်းလို့လည်း ရပါတယ်။ ဒီအချိန်မှာ ကားတံခါးဖွင့်လိုက်တာနဲ့ ကိုယ်ကြိုက်တဲ့ မြူးစစ် တေးသံသာများနဲ့ အသင့်စောင့်ကြိုနေမယ့် လောင်စာဆီမသုံး ဘက်ထရီကား Tesla D ဖြစ်ပါတယ်။
.
koko2yeye@gmail.com
.
Ref: Business Insider, Photo: Verge

No comments:

Post a Comment