Wednesday, October 8, 2014

တရုတ်က ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိက ကို ကျော်တက်သွား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
စိတ်မရှိပါနဲ့ အမေရိကားရေ .. အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ - IMF ရဲ့ စာရင်းအရ တရုတ်နိုင်ငံဟာ စီးပွားရေးအတောင့်တင်းဆုံးနေရာကို ရသွားပါပြီ။ အခြေခံမူအားဖြင့် IMF က ပီသုံးလုံး - PPP ( Purchasing Power Parity ) ပေါ်မှာ မူတည်ပြီးတွက်ချက်ပါတယ်။
.
အဓိကဖြစ်စဉ်ကတော့ရှင်းပါတယ်။ ကုန်ဈေးနှုန်းတွေဟာ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံမတူနိုင်ပါဘူး။ ရှန်ဟိုင်းမှာ ပေးရတဲ့ ရှပ်အကျီတစ်ထည်ဈေးဟာ ဆန်ဖရန်စစ္စကိုထက် သက်သာတာသေချာပါတယ်။ ရှန်ဟိုင်းသားတစ်ယောက်ရဲ့ ဝင်ငွေဟာ အမေရိကန်တစ်ယောက်ရှာနိုင်တာထက်နည်းပေမယ့် ငွေလဲလှယ်နှုန်းပေါ် တင်ပြီး နှိုင်းယှဉ်လိုက်တဲ့အခါ စီးပွားရေးအဆင်ပြေလို့ ပိုသုံးစွဲလာနှိုင်တာကို တွေ့နိုင်ပါတယ်။
.
လူတစ်ဦးချင်းဝင်ငွေ - GDP နဲ့ သုံးစွဲနိုင်မှုအင်အား - PPP တို့ ပြောင်းလဲမှု ဂရပ်အရ IMF က ဒီလို အကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၄ စာရင်းမှာ တရုတ်နိုင်ငံဟာ GDP ( ၁၇.၆၃၂ ) ထရီလျံဒေါ်လာပေါ်မှာ သုံးစွဲမှု ( ၁၆.၄၈ ) ရာခိုင်နှုန်းရှိခဲ့ပြီး အမေရိကန်နိုင်ငံက GDP ( ၁၇.၄၁၆ ) ထရီလျံဒေါ်လာပေါ်မှာ သုံးစွဲမှု ( ၁၆.၂၈ ) ရာခိုင်နှုန်းသာရှိခဲ့ရာက ဒီလို ဇာတ်ကြောပြောင်းလာတာဖြစ်ပါတယ်။
.
တစ်ချိန်မှာဖြစ်လာမယ်လို့ တွက်ချက်ထားခဲ့ကြလို့ ဒီသတင်းဟာ အမေရိကန်အတွက် ရင်နာစရာသတင်းတော့ မဟုတ်ပါဘူး။ အစစ အရာရာ ကျောသွားနိုင်ဖို့ နောက်ကဏ္ဍတစ်ခုကျန်ပါသေးတယ်။ ငွေကြေးခိုင်မာမှု ဈေးကွက်မှာ တရုတ်နိုင်ငံဟာ အမေရိကားရဲ့ နောက်ကနေ ( ၆.၅ ) ထရီလျံ လျော့နည်းနေသေးတာမို့လို့ ဒီအခြေအနေဟာ ရုတ်တရက်ကြီး ကျော်တက်သွားဖို့ လွယ်တဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။
.
.

Ref: Business Insider

No comments:

Post a Comment