![]() |
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး
)
|
.
.
ဖောင်းပွပွ အာလူးကြော်ထုပ်တွေကို
ဖောက်စားဖူးပါသလား? အိတ်ကိုဖွင့်လိုက်တဲ့အခါ လေပါဝင်မှု ဘယ်လောက်ရှိတယ် ထင်ပါသလဲ?
ဒီအဖြေတွေကိုပေးဖို့ တောင်ကိုးရီးယား ကောလိပ်ကျောင်းသား ( ၂ ) ယောက်က
ကြိုးစားထားပါတယ်။
.
.
ကျောင်းသားတွေဟာ မဖောက်ရသေးတဲ့ အာလူးကြော်အထုတ်
( ၁၆ဝ ) ကို သူတို့ ( ၂ ) ယောက်ကို သယ်ဆောင်နိုင်လောက်တဲ့ ဖောင်အရွယ်အစားအထိ ဖန်တီးပြီး
အချင်း ( ဝ.၈ ) မိုင် ရှိတဲ့ ဟန်မြစ်ကို ဖြတ်ကူးပြခဲ့တယ်။ ဟုတ်လည်းဟုတ်ပါတယ် ..
လေထုတ်တွေကို ဖြန့်ကျက်ပြီး ကူရှင်သဖွယ် အသွင်ပြောင်းထားတဲ့ အာလူးကြော်ထုတ်တွေဟာ
လူ ( ၂ ) ယောက် အလေးချိန်ကို အသာလေး မ,ထားပြီး မြစ်တစ်ဖက်ကမ်းကို
ပို့ပေးနိုင်ခဲ့တယ်။
.
.
ဒါကို ကြည့်ခြင်းအားဖြင့် အဆိုပါ
အကြော်ထုတ်တွေမှာ အစားအသောက်က ၃ ပုံ ၁ ပုံ သာ ပါဝင်ပြီး ဖောင်းကြွရုပ်လှဖို့ လေ က
၃ ပုံ ၂ ပုံ ပါဝင်တာ သက်သေပြနိုင်ခဲ့လို့ Gizmodo အင်တာနက် စာမျက်နှာမှာရေးပါတယ်။
.
.
ပိုစိတ်ဝင်စားစရာကောင်းတာက
ပွင့်လင်းမြင်သာတဲ့ သတင်းလွတ်လပ်ခွင့်ရတိုင်းပြည်တွေရဲ့ ထုံးစံအတိုင်း
စာမျက်နှာအောက်က မှတ်ချက်များဖြစ်ပါတယ်။ ဒီအထဲက အနည်းအကျဉ်းကို ဖော်ပြရရင်
တစ်ယောက်က အဲဒီအထုတ်တွေထဲမှာပါတာ သာမန်လေမဟုတ်ဘူး … နိုက်ထရိုဂျင်ဓါတ်တွေ
ဖြစ်ပါတယ်။ နိုက်ထရိုဂျင် ရဲ့ ဂုဏ်သတ္တိအရ အထုတ်ကို ဖောင်းစေရုံမက အထဲကအကြော်တွေကို
ပျင်းတွဲမသွားပဲ စားတဲ့အခါ ကြွပ်ရွနေအောင် လုပ်ပေးပါတယ်။ အသင့်စားအရွက်သုပ် Salad လို
ဗူးတွေမှာလည်း ဒီဓါတ်ငွေ့ပါဝင်တယ်လို့ comment ပေးပါတယ်။
.
.
နောက်တစ်ဦးဝင်ဆွေးနွေးတာက ဒီလိုလေဖောင်းရတာဟာ
စားသုံးသူဆီကို အကြော်တွေ မကျိုးမပဲ့စေဖို့ သုံးတဲ့ နည်းစံနစ်ဖြစ်တယ် .. ဒါမျိုးမှ
ဖောက်မစားချင်ရင် တစ်ထုတ်လုံးကြေမွနေတဲ့ အာလူးကြော်တွေ၊ ပဲကြီးလှော်လို ထုတ်ထားတဲ့
အကြေထုတ်တွေ ဝယ်စားပေါ့ ဆိုပြီး ပြန်ချေထားပါတယ်။
.
.
ဒီနေရာမှာ စီးပွားရေးသမား နဲ့
စားသုံးသူတို့ အလွမ်းသင့်အဆင်ပြေနေပေမယ့် မိဘပြည်သူတွေ မတရား မခံစားရလေအောင်
သက်သေပြလိုတဲ့ တောင်ကိုးရီးယား ကောလိပ်ကျောင်းသားတို့ရဲ့ စွန့်စားမှု နဲ့ သတ္တိကို
တွေ့မြင်လိုက်ရပါတယ်။
.
.



No comments:
Post a Comment