Wednesday, August 6, 2014

တပည့်နဲ့အတူပြေး တပည့်နဲ့အတူလိုက်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
“ ကျွန်တော် က Harlem ရပ်ကွက်မှာ ( ၄ ) တန်း ကလေးတွေကို စာသင်တယ် ”
.
“ ကျောင်းဆရာ တစ်ယောက်ရဲ့ အကြီးမားဆုံး ရုန်းကန်မှု က ဘာဖြစ်မလဲ ”
.
“ ကလေးတွေကို စိတ်ပူတယ် ”
.
“ ဘာကြောင့် စိတ်ပူတာလဲ ”
.
.
“ ကလေးတွေ အားလုံးကိုတော့ မဟုတ်ပါဘူး။ ကောလိပ်ကျောင်းတက်ဖို့ စိတ်ကူးမရှိတဲ့ ကျောင်းသားတစ်ယောက်အတွက်ပါ။ များသောအားဖြင့် သူတို့ရဲ့အိမ်တွေက သူတို့ကို ဘာဖြစ်စေချင်တယ်ဆိုတာမျိုး မရှိဘူး။ တော်ရိ လျော်ရိ လူအုပ်ကြီးထဲက မိမိကိုယ်ကို မ, ထုတ် ဆွဲတင်သွားနိုင်ဖို့ဆိုတာ ကြိုးစားမှရတဲ့ အလုပ်မျိုးပါ ”
.
.
“ ပြီးခဲ့တဲ့တစ်လောက မှ ကျောင်းသားဟောင်းလေးတစ်ယောက်ဆီကို ထရမ်းပက် ကပွဲ ပြိုင်ပွဲ အတွက် လေ့ကျင့်ပေးပြီးသွားတာ။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာတော့ သူ့ကို ဟော်ကီ သင်ပေးလေ့ရှိတယ်။ သူက မနက် ( ၄ ) နာရီ ကနေ ( ၆ ) နာရီအထိ ကျွန်တော် နဲ့ လေ့ကျင့်တယ်လေ။ ထရမ်းပက် လေ့ကျင့်တာကျတော့ ( ၈ ) နာရီ ကနေ ( ၁ဝ ) နာရီအထိပေါ့။ သူ ဒါတွေ ကောင်းကောင်းလုပ်သွားရင် အထက်တန်းကျောင်းကောင်းတစ်ခု ကို ဝင်နိုင်မှာပါ။ လုပ်သင့်လုပ်ထိုက်တာတွေကတော့ တစ်ကယ်လုပ်ရမှာပဲ။  ဒါကြောင့်ပြောတာ  .. ကိုယ်ဘာဖြစ်ချင်လဲ မသိတဲ့ ယဉ်ကျေးမှု ရှိသူတစ်ယောက်ဟာ ဘာပဲလုပ်လုပ် အခက်အခဲတွေအများကြီးပဲ  ”
.

Ref: April 11, 2014 Post : Humans of New York

No comments:

Post a Comment