Monday, August 11, 2014

အောင်မြင်မှုနဲ့အတူ ပျောက်ဆုံးခဲ့ရခြင်း


.
---- ကျွန်တော့မိဘနှစ်ပါးလုံး အရမ်းအောင်မြင်ကြတယ်။ ဘယ်လိုအောင်မြင်အောင်လုပ်ရမယ်ဆိုတာသင်ကြားရင်း ကျွန်တော်ကြီးပြင်းခဲ့တယ်။ ဒါပေမယ့် ပျော်ရွှင်အောင် ဘယ်လိုနေရမယ်ဆိုတာတော့ မပါဘူး။ ဥပမာ - ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကောလိပ်မှာ အတူတူရိုက်ခဲ့တဲ့ ဓါတ်ပုံတောင်မရှိဘူးဆိုတာ ကျွန်တော် မှတ်မိနေတယ်။
.
.
မေး ။          ။ ဒါဆို ကောလိပ်ကျောင်းသားဘဝ နဲ့ ဘာဓါတ်ပုံမှ မရိုက်ခဲ့ရဘူးပေါ့?
.
.
---- အဓိက ဒါကို ဆိုလိုချင်တာမဟုတ်ဘူး။ ပျော်ရမယ့်အချိန်တွေဆိုတာ အများကြီးပါ။ ဒါပေမယ့် ကျွန်တော် ပျော်ရကောင်းမှန်း မသိခဲ့ဘူး။ အသည်းအသန်ကြိုးစားဖို့ပဲ အလုပ်ရှုတ်နေခဲ့တယ်။ အောင်မြင်မှုကိုရဖို့ တစ်ခါမှ မရပ်နားခဲ့လို့ ပျော်ရွှင်မှုတွေကို တန်ဖိုးထား မခံစားနိုင်ခဲ့လို့ နှမြောတာ။
.

Ref: March 3, 2014 Post : Humans of New York

No comments:

Post a Comment