Sunday, August 24, 2014

စိတ်အရှုတ်ဆုံးအရာ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
မေး ။          ။ ကျောင်းဆရာတစ်ယောက်ရဲ့ စိတ်အရှုပ်ရဆုံးအရာဟာ ဘာလဲ?
.
.
---- အခု ကျွန်တော်သင်ပေးနေတာတွေဟာ သူတို့ဘဝနဲ့ ဘယ်လောက်အထိသက်ဆိုင်တယ်ဆိုတာကို ကျောင်းသားတွေကို ရှင်းပြဖို့ တော်တော့ကို ခက်ခဲလာတယ်။
.
----- အောင်မြင်မှုကမ္ဘာကို ရောက်အောင်သွားရတဲ့လမ်းဟာ ရှုတ်ထွေးပွေလီတယ်ဆိုတာ သူတို့သိတယ်။
.
---- သို့သော်လည်း အလွယ်တကူ ရှာဖွေရနိုင်တဲ့ လူမှုကွန်ယက်တွေကြောင့် “ စာ ” ကို တစ်စိုက်မတ်မတ်သင်ဖို့ သိပ်အရေးမကြီးတော့သလို ဖြစ်သွားစေတယ်။ အကြောင်းအရာတစ်ခုကို မှတ်မိအောင် အလွတ်ကျက်ဖို့ မလိုတော့ဘူးလို့ တစ်ဖြည်းဖြည်း ထင်လာကြတယ်။
.
---- အကြောင်းကတော့ သတင်းအချက်အလက်တွေက ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် နဲ့ ချက်ချင်းရနိုင်ကြတယ်လေ။
--

Ref: November 4, 2013 Post : Humans of New York

No comments:

Post a Comment