![]() |
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
|
.
.
မေး ။
။ ဘဝအတွက် ဝမ်းအနည်းရဆုံးအချိန်လို့ဆိုရင် ဘာဖြစ်မလဲ?
.
.
ကျွန်တော် ( ၉ ) တန်းကျောင်းသားဘဝတုန်းကပေါ့။ တစ်ညမှာ
အမေဟာ သူ့ရဲ့ခေါင်းကိုသူ နာနာတစ်ချက်ရိုက်ပြီး စကားပြောတယ်။
.
“ မင်းက ကောလိပ်ဆက်မတက်ဘူးဆိုတော့ အခု ဒီကျောင်းပြီးရင်
ဘာလုပ်စားမလဲဆိုတာ စဉ်းစားထားရင် ပိုကောင်းမယ် ထင်တယ် ”
.
ဒီရိုက်ချက်က ပိသာလေး နဲ့ ကောက်ပေါက်လိုက်သလို ကျွန်တော့ကို
ထိတယ်ဗျာ။ မှတ်မိသေးတယ် .. ညဘက်ကြီး ကျွန်တော်တစ်ယောက်ထဲ လမ်းအဝေးကြီးလျှောက်ခဲ့တာလေ။
တစ်ကယ်တမ်းက ရှိတဲ့အသိဥာဏ်ကို ထုတ်ယူအသုံးမချနိုင်လို့ ကျွန်တော် အတန်းထဲမှာ စာတော်တော်ညံ့တယ်။
အမေ့စကားက တစ်ခွန်းဆိုတစ်ခွန်း ကျွန်တော့ရင်ကို ဆွဲခါ ဆုတ်ယူ လိုက်နိုင်တယ်။
.
.
အဲဒီညမှာပဲ မခံချင်စိတ်နဲ့ ကျွန်တော့်စာတွေ၊ ပုစ္ဆာတွေကို
တစ်ထိုင်တည်း အကုန်ရှင်းပစ်လိုက်ရာကစ, ပြန်ပြီးတော့ အခြေအနေကောင်းလာခဲ့တယ်။ နောက်ဆုံးမှာ
အကောင်းဆုံးကောလိပ်ကို တက်နိုင်ပြီး နိုင်ငံရေးသိပ္ပံ - Political Science နဲ့ ဘွဲ့ရခဲ့တယ်။
အခုပဲကြည့်လေ .. ပထမဦးဆုံးခေါ်တဲ့ အလုပ်အင်တာဗျူးက ပြန်လာတာ။
.
Ref: August 8, 2013 Post: Humans of New York
--

No comments:
Post a Comment