Forbes မဂ္ဂဇင်း ရဲ့ ၂ဝ၁၃ အချမ်းသာဆုံးအမေရိကန် ( ၁ဝ ) ဦးစာရင်းမှာထိပ်ဆုံးမှာ ပိုင်ဆိုင်မှု ဒေါ်လာ ၇၂ ဘီလီယံနဲ့
ချန်ပီယံဟောင်းကြီး မိုက်ခရိုဆော့ဖ် ဝင်းဒိုးကုမ္ပဏီက ဘေလ်ဂိတ် ဖြစ်ပါတယ် ။
ဒုတိယနေရာမှာ ဘေလ်ဂိတ် နဲ့ ပထမနေရာ မကြာခဏ လုနေရတဲ့
အသက် ( ၈၃ ) နှစ်ရှိ ရင်းနှီးမြှုပ်နှံမှုသူဌေးကြီး ဝါရင်းဘပ်ဖက် ဖြစ်နေပါတယ် ၊ သူ့ပိုင်ဆိုင်မှုက
၅၈.၅ ဘီလီယံပါ ။
သူ့သူငယ်ချင်း စတိဗ်ဂျော့ ကွယ်လွန်ပြီးကတည်းက Apple ကုမ္ပဏီ ဟာနောက်ကျသွားပါပြီလို့ပြောတဲ့
အော်ရီကယ်-Oracle ဆော့ဝဲလ် သူဌေး လာရီအယ်လီဆန် က ၄၁ ဘီလီယံနဲ့ တတိယ နေရာမှာ ဖော်ပြခံရပါတယ်
။
နံပါတ် ၄ နဲ့
၅ ကို အသီးသီးဆွတ်ခူးသူတွေကတော့ ကိုယ်ပိုင်ငွေ ၃၆ ဘီလီယံစီနဲ့ ကော့ခ်ျစက်မှုလုပ်ငန်းကုမ္ပဏီ
ပိုင်ရှင် ချားကော့ခ်ျ နဲ့ ဒေးဗစ်ကော့ခ်ျ တို့ ညီအစ်ကို ၂ ဦးတွဲဖြစ်နေုပြန်ပါတယ် ။
သူဌေးဘွဲ့အမှတ်
၆ ကနေ ၉ အထိနေရာ ၄ ခု ကို လွှမ်းမိုးထားသူတွေကတော့ အမျိုးအင်အားတောင့်တင်းတဲ့ ကမ္ဘာ့အကြီးဆုံးစတိုးဆိုင်ကုမ္ပဏီလုပ်ငန်းစုကြီး
ဝေါလ်မတ် ပိုင်ရှင် ၄ ဦးပါ ၊ သူတို့ဟာ ဝေါလ်မတ်စတော့ရှယ်ယာ တော်တော်များများကို
ပိုင်ဆိုင်ကြပြီး ၄ ယောက်ပေါင်းလိုက်ရင် ၁၃၆ ဘီလီယံတောင်ချမ်းသာကြပါတယ် ၊ သူတို့အုပ်စုကိုတော့
ဝေါ်တန်သူဌေးမိသားစုလို့ လူသိများပါတယ်ခင်မျ ။
နောက်ဆုံးတန်း
နံပါတ် ၁ဝ ကနေ ၃၁ ဘီလီယံ နဲ့ စာရင်းဝင်လာသူကတော့ နယူးယောက်မြို့တော်ဝန် အသက် ( ၇၁ ) နှစ်ရှိ မိုက်ကယ်ဘလွန်းဘတ် ဖြစ်ပြီး
ကမ္ဘာပေါ်မှာအချမ်းသာဆုံးမြို့တော်ဝန် လို့ သတ်မှတ်ခံရပါတယ် ။
No comments:
Post a Comment