Sunday, November 23, 2014

ပေါ်စီဒုံ က ရေအောက်ကိုဘယ်လိုထောက်လှမ်းတာလဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အမြင့်စားနည်းပညာသုံး P-8 Poseidon အမျိုးအစားလေယာဉ်ဟာ ယူအက်စ်ရေတပ်မှာ ထည့်သွင်းသုံးစွဲလာတာ ( ၁ ) နှစ်ကျော်ရှိနေပါပြီ။ ဘိုးအင်း ၇၃၇ ရဲ့ စွမ်းဆောင်ရည်အားလုံးကို အသွင်တူယူတည်ဆောက်ထားတာဖြစ်ပြီး အတွင်းအခန်းဖွဲ့ - Layout သာ ကွာခြားပါတယ်။ P-8 Poseidon က ရန်သူရဲ့ရေငုပ်သဘောင်္၊ တိုက်သဘောင်္ နဲ့ အခြားလေယာဉ်များကို ထောက်လှမ်းတဲ့နေရာမှာ အစွမ်းထက်လှတယ်။
.
လေယာဉ်အမြှီးပိုင်းမှာ အခန်းဖွဲ့တပ်ဆင်ထားတဲ့ သံလိုက်စက်ကွင်းထောက်လှမ်းထူးခြားကိရိယာ -Magnet Anomaly Detector (MAD) တပ်ဆင်ထားရှိတယ်။ ရေငုပ်သဘောင်္လို၊ စစ်သဘောင်္လို ကြီးမားတဲ့ သတ္ထုကိုယ်ထည်လှုပ်ရှားမှုကြောင့် ကမ္ဘာမြေပြင်ပေါ်မှာ ရေလှိုင်းသံလိုက်စက်ကွင်းပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့အခါ MAD က အမိအရ ထောက်လှမ်းနိုင်ပါတယ်။

Saturday, November 22, 2014

မင်နီပါကယောက် နဲ့ အယ်ရီယာရီ တို့ရဲ့ပွဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မကာအိုနိုင်ငံမှာ နာရီပိုင်းအတွင်းထိုးသတ်တော့မယ့် မင်နီပါကယောက် နဲ့ အယ်ရီယာရီ တို့ရဲ့ပွဲအတွက် ဖိလစ်ပီးနိုးတွေ ရင်ခုန်နေကြပုံက ဒီလိုပါ။
.
ဖ ( ၁ ) ၂၈ နှစ် ။ အိမ်မှာ Pay-Per-View ကြည့်ဖို့ HBO Cable လိုတယ်။ ဒေါ်လာ ( ၇ဝ ) ဆိုတော့ တစ်ယောက်တည်းကြည့်ရင် သိပ်မစားသာဘူး။ ပြီးတော့ ပျင်းစရာလည်းကောင်းတယ်။ ဒီတော့ ယောက်ဖရယ်၊ ယောက္ခမရယ်ဝိုင်းစိုက်ကြပြီး ယောက္ခမအိမ်မှာ ဧည့်သည်သွားလုပ်မယ်။ ကလေးလည်းမပျင်းဘူး။ မိန်းမလည်း စကားပြောဖော်ရ။ ငါတို့လည်း ကြိုက်သလောက်အော် .. ဘယ်လောက်အဆင်ပြေသလဲ။
.
ဖ ( ၂ ) ၃၂ နှစ် ။ ကျွန်တော့်အိမ်လိုက်ကြည့်မလို့လား။ ကျွန်တော်လည်း ဧည့်သည်လုပ်မလို့။ အခုထိ ပေါင်းကြည့်ဖို့ သူငယ်ချင်းအိမ်ရှာနေတုန်းပဲ။ နေရာသိရင် ဖုန်းဆက်လိုက်မယ်လေ။
.
ဖ ( ၃ ) Supervisor ။ ပေးကြည့်မယ်။ ဒေါ်လာ ( ၇ဝ ) ပေးကြည့်မယ်။ ကိုယ့်အမျိုးသားမို့ အားပေးရမယ်။ မင်းတို့ရော မကြည့်ကြဘူးလား။
.
ဖ ( ၄ ) အဖိုးအို ။ ဖိလစ်ပီးနိုးအိမ်မှာ ဒီလိုပွဲကြည့်ဖို့ ပါတီကို သွားပူးပေါင်းမယ်ဆိုရင် အစားအသောက်များများယူသွားရမယ်။ ကြည့်ပါလား ငါတို့ဗိုက်တွေ ( ဗိုက်ရွှဲကြီးကိုလက်နဲ့ပုတ်ပြရင်း )။ ပြီးတော့ ဘီယာလည်းသောက်တတ်ရမယ်။ မင်းလို မသောက်တတ်သူနဲ့ဆို အလုပ်မဖြစ်ပါဘူးကွာ။
.
မေးခွန်း ။        ။ ကျွန်တော်တို့ ရွှေမြန်မာတွေရဲ့ “ ကချင်လက်ဝှေ့သမား အောင်လအန်ဆိုင်း ” ရဲ့ အမျိုးသားဂုဏ်ဆောင်ပွဲဆိုရင် မျိုးချစ်စိတ်နဲ့ အလုပ်ပျက်အကိုင်ပျက် အားပေးကြမှာလား?
.
ကျေးဇူးတင်စွာဖြင့်
-
 ကိုညီညီ ( တောင်ကြီး )
.
Website: http://mp8.ph/


Monday, November 17, 2014

Apple က Samsung ကို အနိုင်ပေးလိုက်သလား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
( ၂ဝ၁၆ ) ခုနှစ်အရောက်မှာ Apple ရဲ့ iPhone နဲ့ iPad တွေထဲမှာထည့်သွင်းတဲ့ ချစ်ပ် တွေကို Samsung က ဒိုင်ခံထုတ်လုပ်ခွင့်ရတော့မှာပါ။ ဒါဟာ ဆမ်ဆောင်းနဲ့ Apple တို့ရဲ့ သိပ်မကြာသေးခင်နှစ်များက ခွာပြဲဇာတ်လမ်းနောက်ပိုင်းမှာ ပြန်ပေါင်းထုတ်လာနိုင်တဲ့ ဆမ်ဆောင်းရဲ့ မဟာအောင်မြင်မှုကြီးပါ။
.
ဒီနှစ်မှာ Apple က နဂို ဆမ်ဆောင်းထံက မှာယူတဲ့ ပစ္စည်းတွေကို TSMC ထိုင်ဝမ်လျှပ်တစ်ပိုင်းကုမ္ပဏီထံ ပြောင်းလဲအပ်နှံခဲ့တယ်။ ဒီအလှည့်အပြောင်းကြောင့် ဆမ်ဆောင်းရဲ့ စီးပွားရေးကို အကြီးမားဆုံးထိခိုက်မှုဖြစ်ခဲ့ပြီး Apple မှာယူတဲ့ အော်ဒါအနည်းငယ်ကိုပဲ ထုတ်လုပ်ခွင့်ရခဲ့တယ်။
.
အကျိုးဆက်အနေနဲ့ ( ၂ဝ၁၄ ) တတိယနှစ်ကုန်ပိုင်းမှာ ဆမ်ဆောင်းရဲ့ အမြတ်ရာခိုင်နှုန်းဟာ မကြုံစဖူး ( ၅ဝ% ) ထိုးကျသွားခဲ့တယ်။ ဒါကို ဆမ်ဆောင်းဟာ အရောင်းအေးလာတဲ့ စမတ်ဖုန်းဈေးကွက်ကို အပြစ်ပုံချထားပြီး သူ့ရဲ့ချစ်ပ်ထုတ်ကုန်တွေဟာလည်း ဈေးကွက်မှာ အငြင်းပယ်ခံရလာတာကြောင့်ဖြစ်တယ်။

Friday, November 14, 2014

ခံဖူးမှသိတဲ့ အလံရှူးကုမ္ပဏီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဖောက်သည်အများစုရဲ့ငွေနဲ့ အရင်းအနှီးပြုထားတဲ့ “ နေ့ပြန်တိုးငွေစု ” အင်တာနက်စာမျက်နှာတစ်ခုဟာ ယခုနှစ်စောစောပိုင်းမှာ နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့တယ်။ ဘလွန်းဘတ်သတင်းဋ္ဌာနရဲ့ ကိန်းဂဏန်းအရ ဒေါ်လာသန်း ( ၁ဝဝဝ ) ကျော် ပါသွားတယ်လို့ ပြောကြတယ်။ အခုဖြစ်တာက Secureinvestment.com အင်တာနက်ဝက်ဘ်ဆိုဒ်ဖြစ်ပြီး မေလတုန်းက အမှောင်ကျသွားတဲ့ Forex.com ထက် အနည်းငယ်နာမည်ပိုကြီးပါတယ်။
.
Secure Investment ရဲ့ အဆိုအရ နိုင်ငံပေါင်း ( ၁၄ဝ ) က ရင်းနှီးမြှုပ်နှံသူ ( ၁ဝဝဝဝဝ ) ကျော်ရှိပြီး နေ့စဉ်လည်ပတ်ငွေ ဒေါ်လာသန်း ( ၄၈ဝဝ ) ရှိပါသတဲ့။ ရင်းနှီးမြှုပ်နှံကုမ္ပဏီနာမည်ခံထားပြီး အမှန်က လူတွေမက်လောက်အောင် နေ့ပြန်တိုးပေးစားတဲ့နှုန်းက တော်တော်အဆွယ်ကောင်းလို့ လူတွေ ချက်ကောင်းမိသွားကြတယ်။ သူ့ရဲ့လှုပ်ရှားမှုကိန်းဂဏန်းတွေကို အချိန်ပြည့်တင်ထားပြီး တစ်ရက်ကို ( ၁ဝဝ ) ကို ငွေတိုး ( ၁ ) ဒေါ်လာပေးတယ်လို့ ကြော်ငြာတယ်။ တစ်ကယ်လို့ နေ့ပြန်တိုး ထုတ်မစားဘူးဆိုရင် တစ်နှစ်စာရင်းထုတ်တဲ့အခါ ရင်းနှီးငွေရဲ့ ( ၂၅ဝ % ) ပြန်ရမယ်လို့ အာမခံထားတယ်။
.
အများစံအဖြစ်ထားတဲ့ Standard & Poor အညွှန်းကိန်းမှာ အမြတ်ဝေစုခွဲဝေပေးတဲ့ရှင်းတမ်း တင်ပြဖို့ပျက်ကွက်ရာကနေ ပထမအက်ကြောင်းစခဲ့တယ်။ ဒီအထိတော့ လူတွေ သတိမထားမိသေးဘူး။ အမြတ်ငွေကို နေ့တိုက်မထုတ်ပဲ ဆက်ရင်းမယ်ဆိုရင် တိုးရင်းပေါင်းကို အဆီတဝင်းဝင်း မက်လောက်အောင်ပေးထားလို့ ငွေတွေ ဒီလောက်များများ စုမိလိမ်လည်သွားနိုင်တာလို့ ကျွမ်းကျင်သူများက သုံးသပ်ကြတယ်။

Sunday, November 9, 2014

( ၁၃ ) နှစ်သား Braigo Printer ထပ်ဆင့်တီထွင်သူ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လူငယ်လေးတစ်ယောက်ဟာ မျက်မမြင်တွေ စာဘယ်လိုဖတ်သလဲဆိုတာ စတင်စိတ်ဝင်စားမိတဲ့အချိန် သူ့ဘဝ အသွင်ဘယ်လိုပြောင်းသွားလိမ့်မယ်ဆိုတာတော့ သတိထားမိခဲ့ဟန်မတူပါဘူး။ တစ်ခြား ( ၇ ) တန်းကျောင်းသားတွေလိုပဲ သူ့မိဘတွေကိုမေးကြည့်တယ်။ ဖခင်က မအားတဲ့အခါ “ မင်းသိချင်ရင် ဂူးဂဲလ် မှာ ရှာကြည့် - Go Google it ” လို့ တစ်ခွန်းတည်း ပြောခဲ့တယ်။
.
သူငယ်လေးဟာ အင်တာနက်ပေါ်မှာရှာရင်း မျက်မမြင်ပရင်တာ တစ်လုံးကို ဒေါ်လာ ( ၂ဝဝဝ ) ကျော် ဈေးရှိနေတာတွေ့ရတော့ တော်တော်အံ့သြသွားတယ်။ တစ်လက်စထဲ မျက်မမြင်စာရေးစံနစ် - Braille ကိုလေ့လာခွင့်ရခဲ့ပြီး အမြင်အာရုံချွတ်ယွင်းသူတွေအတွက် အထူးစီမံထားတဲ့ Tactile Writing System အကြောင်း အသေးစိတ်အာရုံစိုက်မိသွားတယ်။
.
သူ့နာမည်က ရှပ်ဟန်ဘနာဂျီး - Shubham Banerjee လို့ခေါ်ပြီး အသက် ( ၁၃ ) နှစ်သာ ရှိပါသေးတယ်။ ရှပ်ဟန် ဟာ သူငယ်ငယ်တုန်းကလက်ဆောင်ရထားတဲ့ လက်ဂို - Lego အရုပ်ဆက်တုံးလေးတွေကို ပြေးသတိရမိပြီး Lego Mindstorms EV3 ထဲကပါတဲ့ ပစ္စည်းအပိုင်းအစလေးတွေနဲ့ ကွန်ပျူတာထိန်းချုပ်ပုံနှိပ်စက် တစ်ခုကို စတင် ပုံဖော်တပ်ဆင်ပါတဲ့အခါ စက်ကလေးက ကောင်းမွန်စွာအလုပ်လုပ်ပါတယ်။

Airbnb CEO ရဲ့ အလုပ်ခန့်ပုံ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
Airbnb ကုမ္ပဏီဟာ ခရီးသွားလုပ်ငန်း နဲ့ အိမ်ငှား၊ တည်းခိုခန်းငှား လုပ်ငန်းလုပ်ကိုင်တဲ့ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ( ၁၉၂ ) နိုင်ငံက အိမ်ပိုင်ရှင်ပေါင်းများစွာနဲ့ အချိတ်အဆက်ရှိပြီး သူ့ဝဘ်ဆိုဒ်မှာ အခန်းလွတ် စာရင်းတင်ထားသူ ထောင်ပေါင်းများစွာ ရှိတယ်။ နဂိုမူလ ကွေကာအုပ် - Cereal လုပ်ရောင်းရင်းကနေ ဒီဇိုင်နာ ( ၂ ) ဦး ထပ်တိုးလာလို့ တည်ထောင်သူ ဘရိုင်ယန်ချက်စကီး - Brian Chesky က တည်းခိုခန်းခ မတတ်နိုင်တဲ့အခါ အခန်းလွတ်လိုက်ရှာရင်း ဒီကုမ္ပဏီရဲ့ စိတ်ကူးကို အုတ်မြစ်ချခဲ့တယ်လို့ ဆိုပါတယ်။
.
ကုမ္ပဏီကြီးတွေမှာ အလုပ်ရဖို့ဆိုရင် ဦးဆောင်မှုအရည်အသွေးပါတဲ့ ကိုယ်ပိုင်အရည်အချင်းရှိရမယ်ဖြစ်သလို နည်းပညာ ကို မျက်ခြေမပြတ်ဖို့လည်း လိုအပ်လှပါတယ်။ ဒါပေမယ့် Airbnb မှာ အလုပ်ဝင်နိုင်ဖို့တော့ အိပ်မက် မက်တတ်ရမယ် ပြီးတော့ အကြီးကြီး စဉ်းစားတတ်ရမယ် လို့ သတင်းကြီးတယ်။

Monday, November 3, 2014

မယ်လင်ဒါဂိတ် ပြောတဲ့ ဝါရင်းဘားဖက် အကြောင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
မယ်လင်ဒါဂိတ် က ပြောတယ်။
.
သူမ နဲ့ ဘီလ်ဂိတ် တို့ ဝါရင်းဘားဖက် ကို တွေ့တဲ့အခါ သူဟာ တွေ့ဖူးသမျှထဲမှာ အရည်အချင်းရှိတဲ့ အဆင့်အမြင့်ဆုံး မိတ်ဆွေကောင်းလို့ သိလိုက်တယ်။ ဒီအချက်ကြောင့်ပဲ ကျွန်မရဲ့ သူငယ်ချင်းတွေကို လက်တို့ပေးနိုင်ရင် သိပ်ကောင်းမှာပဲ လို့ စဉ်းစားမိတယ်။
.
ဝါရင်း ဟာ သူငယ်ချင်းတွေကို အထူးအခြားကြီး လုပ်ပေးတာ မဟုတ်ပါဘူး။ သူလက်ရှိစဉ်းစားနေတဲ့ ဆောင်းပါး ဒါမှမဟုတ် အဲဒီအချိန်မှာ ဖတ်နေတဲ့ “ စာအုပ် ” တစ်ခုခုကို ပို့ပေးတာလောက်ကိုပဲ လုပ်ပေးတာပါ။ ဒီနည်းကောင်းလေးက ကျွန်မသူငယ်ချင်းတွေကို ပိုပြီးသတိရစေပါတယ်။
.
.
One of the things I was most impressed about when Bill and I met Warren Buffett very early on was he introduced us to his friends. And Warren has the most high quality set of friends you could meet, and these are friends that he has had over his lifetime. And it really got me thinking, "wow, I better cultivate my friends." .
.
Warren does little things with his friends, like he will send you an article of something he is thinking about, reading about. That was a way to help me think about my friends. .
.
 ( စာချစ်သူများရဲ့ သူငယ်ချင်းများကို သတိရစေချင်လို့ မတတ်တစ်ခေါက် နဲ့ ဘာသာပြန်ထားတာပါ )
.
Ref: Business Insider

Sunday, November 2, 2014

ဒီ့ထက်ပိုရှုပ်သေး

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
" ကျွန်မက ပြင်သစ်သွေး တစ်ဝက်၊ ဆီနီဂေါသွေး တစ်ဝက်လေ "
.
" ဒါပေမယ့် ကျွန်မက လန်ဒန်က ပြောင်းလာနေတာ "
.
" အခုက အီတလီ မီလန်ကနေ လာတာ "
.
" အင်း .. တစ်ကယ်ပြောရရင် ဒီထက်တောင် ပိုရှုပ်သေး "
.
Ref: December 2, 2012 Post: Humans of New York

Samsung က Galaxy A5 နဲ့ Galaxy A3 ဖုန်းသစ် ( ၂ ) မျိုး ကြေငြာ


ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မကြာမီက အသစ်ကြေငြာသွားတဲ့ Galaxy Alpha ဖုန်း နဲ့ ခပ်ဆင်ဆင် ဖုန်းအသစ် ( ၂ ) မျိုးကို ကို Samsung က မိတ်ဆက်လိုက်ပါတယ်။ သတ္တုကိုယ်ထည်အပြည့်ဖုန်း ဖြစ်ပြီး Galaxy A5 က ပိုကောင်းမွန်ပေမယ့် Galaxy A3 က အရည်အသွေး အားနည်းပါတယ်။
.
လူငယ်ဈေးကွက်ကို ပစ်မှတ်ထားတဲ့ Galaxy ဖုန်း ( ၂ ) မျိုးဟာ Selfies ဓါတ်ပုံ နဲ့ လူမှုကွန်ယက်တွေအတွက် အကောင်းဆုံး ဖြစ်တယ်လို့ ကြော်ငြာပါတယ်။ 5-Megapixel ပါ အတွင်းကင်မရာ ပါဝင်ပြီး သာမန်ဖုန်းတွေထက် Selfies ရိုက်ချက်ပိုကောင်းရုံမက နာမည်ကြီး iPhone 6 နဲ့ Galaxy S5 ထက်တောင် သာလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။
.
.


.
.
အရှေ့ကင်မရာ Resolution တွေက Galaxy A5 မှာ 13-Megapixel ရှိပြီး Galaxy A3 မှာ 8-Megapixel ပဲ ပါဝင်ပါတယ်။ ဘာပဲပြောပြော ဒီဖုန်း အုပ်စုဟာ ပန်းသီးထုတ် iPhone နဲ့ ဆင်တူတာတော့ အမှန်ပါပဲ။ အသေးစိတ်ကို နောက်ပိုင်းနည်းပညာ ဂျာနယ်တွေမှာ စောင့်ဖတ်နိုင်ပါကြောင်း ..
.
 ( မှတ်ချက် ။          ။ ဆီလီကွန်နည်းပညာကုမ္ပဏီ ပန်းသီးကို မရအရ ယှဉ်ပြိုင်နေဆဲ ဆမ်ဆောင်းရဲ့ အမြတ်ရာခိုင်နှုန်း နဲ့ စတော့ရှယ်ယာများဟာ ကျဆင်းမြဲ ကျဆင်းလျက် ရှိနေပါတယ် )
.
.

Ref: Business Insider

အလုပ်လုပ်ချင်ဆုံး ကုမ္ပဏီ ( ၁ဝဝ )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )


ဆောင်းပါးရေးစရာမလိုတော့ပါ။ ပုံမှာတင် ရှင်းလင်းစွာကြည့်နိုင်ပါတယ်။ LinkedIn စီးပွားရေးလူမှုစာမျက်နှာက ကောက်ထားတဲ့စာရင်းပါ။ လူတွေ အလုပ်သွားလုပ်ချင်ဆုံး ဒီကုမ္ပဏီ ( ၁ဝဝ ) မှာ အလုပ်ရဖို့ ပညာတော်ဖို့ နဲ့ အတွေ့အကြုံများဖို့ လိုမယ်နော...
.
Ref: Business Insider