Sunday, June 22, 2014

မိန်းကလေးငယ်မှ ဖခင်အတွက် Google ကို စာရေးခွင့်တိုင်

သတင်းပေးပို့သူ  - ကိုညီညီ ( တောင်ကြီး )


              မိန်းကလေးငယ်တစ်ဦးက သူမ ဖခင်၏ အလုပ်ရှင်ထံမှ အလုပ်နားခွင့် ( ၁ ) ရက် အတွက် စာရေး၍ ကူညီရန် ဆုံးဖြတ်ခဲ့သည် ။ ၄င်းအလုပ်ရှင်မှာ ဧရာမအင်တာနက်ရှာဖွေထိပ်သီး Google ဖြစ်နေသည် ။ Crayon ဖယောင်းခဲတံဖြင့် သူမရေးသောစာမှာ အောက်ပါအတိုင်းဖြစ်သည် ။
“ ချစ်ခင်ရပါသော ဂူးဂဲလ်လုပ်သားများရှင့် - သမီးဒယ်ဒီအလုပ်တက်တဲ့အချိန်မှာ ခွင့်တစ်ရက်ပေးဖို့ သေချာအောင် ကူညီပေးပါရှင် ။ ဗုဒ္ဓဟူးနေ့ကို ခွင့်ပေးပါ ။ ဘာဖြစ်လို့လဲဆိုတော့ ဒယ်ဒီက စနေနေ့တစ်ရက်ထဲ နားရက်ရလို့ပါ ။
မှ - ကေသီ
P.S အဲဒီနေ့က ဒယ်ဒီ့မွေးနေ့

P.S.S အခုက သိတိုင်းအတိုင်း နွေရာသီလေ “




             ကေသီ သို့ ပေးပို့သော ပြန်စာတွင် သူမ ဖခင်၏ အလုပ်ရှင် လူကြီးဖြစ်သော Google ၏ အကြီးတန်းဒီဇိုင်းမန်နေဂျာ ဒယ်နီယယ်ရှစ်လပ်ကော့ဖ် က သူမရဲ့ဖခင်သည် အလုပ်အင်မတန်ကြိုးစားသည့်အတွက် အပိုဆုအဖြစ် အားလပ်ရက် တစ်ပတ် ပေးလိုက်ကြောင်းပါရှိသည် ။ ဟုတ်ပါသည် ၊ ကျောင်းပိတ်ရက်နွေရာသီ ဖြစ်ပါသည် ။ Google မှာ ပြောရေးဆိုခွင့်ရှိသူကို စုံစမ်းကြည့်ရာ ဤအဖြစ်အပျက်မှာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည် ။

koko2yeye@gmail.com

Ref: http://www.businessinsider.com/little-girl-google-letter-2014-6

" မိန်းကလေးငယ်မှ ဖခင်အတွက် Google ကို စာရေးခွင့်တိုင်" သတင်းတိုလေးသည် ၂ဝ၁၄ ဂျူလိုင်လ ( ၅ ) ရက်နေ့ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၁ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည် ။